Ayeyarwady Musics Channel

Ayeyarwady Musics Channel Entertainment &Musics &Sharing

နိုင်ငံစုတ်ပြတ်လာတာနဲ့အမျှ မိဘနဲ့ သားသမီးတွေ ဝေးလာကြတယ် ချစ်သူတွေခွဲခွာကြရတယ်တစ်ချို့ကယုံကြည်ချက်အတွက်ထာဝရနှုတ်ဆက်ထွက်ခွ...
07/11/2024

နိုင်ငံစုတ်ပြတ်လာတာနဲ့အမျှ
မိဘနဲ့ သားသမီးတွေ ဝေးလာကြတယ်
ချစ်သူတွေခွဲခွာကြရတယ်
တစ်ချို့ကယုံကြည်ချက်အတွက်
ထာဝရနှုတ်ဆက်ထွက်ခွာသွားကြတယ်

၆ ပေခန်းလေးထဲမှာ
အသက် မဝတဝရှူရင်း
အလိုမကျမှုတွေကို
ဝီစကီပျင်းပျင်းနဲ့ မျှောချရတယ်
သတိရစိတ်ကို ဖယ်ထားရတယ်
အထီးကျန်ခြင်းကို ဥပေက္ခာပြုရတယ်

စိတ်ဓါတ်ကျခွင့်မရှိဘူး
အရှုံးပေးခွင့်မရှိဘူး
ကျွန်တော်ကို ချစ်တဲ့သူတွေအတွက်
ကျွန်တော်ကို မှီခိုနေရသူတွေအတွက်
မနက်ဖြန်ကို ကျွန်တော်ခေါင်းနဲ့တိုက်မယ်

22/09/2024

မက်မက်မောမော ဖြစ်ခဲ့ရသမျှတွေ
အကုန် လွှတ်ချ ပြီးတဲ့နောက်
အရာရာဟာ မခက်ခဲတော့ဘူး
ပေါ့ပါးသွားတာလား အဓိပ္ပာယ်မဲ့သွားတာလား
မသဲကွဲပေမယ့်
ဘာကိုမှ မဖမ်းဆုပ်နိုင်မှန်း သိတဲ့အခါ
လွှတ်ချခြင်းကသာ တစ်ခုတည်းသော
ရွေးချယ်စရာပဲ မဟုတ်ဘူးလား
သေချာတာကတော့ တစ်ကယ်ပင်ပန်းခဲ့ပါတယ်

# - Lionel Sn -

02/09/2024

ခေတ်ဆိုးစနစ်ဆိုးတွေကြားမှာ
အနာဂတ်ဆိုတာမသေချာလို့
ပစ္စုပ္ပန်မှာကိုယ့်ဘက်ပိုယိမ်းပါ

14/08/2024

နွေရေ စီးကရက်တွေကို စီးကရက်မထင်တော့တာပဲ။ အရက်တွေကို အရက်လို့မထင်တော့တာပဲ။ ညညဆို မူးပစ်ချင်တယ်။ မနက်လင်းရင် ယာခင်းထဲမှာ တစ်ခုခု ခူးစွတ်နေမယ်ဆိုတဲ့စိတ်နဲ့ အိပ်ပစ်ချင်တယ်။ ကိုယ်နေတဲ့အခန်းကလေ သိပ်ကျဉ်းတာပဲ။ ပျော်စရာတွေကိုထည့်ထားဖို့မဆန့်ဘူး။ ဒါ အရမ်းကို ဝမ်းနည်းစရာပါ။

#ပုံပြင်ထဲကရာသီဥတု

အရွယ်ရောက်လာတဲ့အခါ အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။မွေးရပ်မြေရဲ့ ရင်းနှီးပြီးသား...
21/07/2024

အရွယ်ရောက်လာတဲ့အခါ
အိမ်ဆိုတာ အားလပ်ရက်တွေမှာ ငါတို့အတွက်
ခဏပြန်လည်စရာ နေရာတစ်ခုသာဖြစ်ခဲ့တယ်။
မွေးရပ်မြေရဲ့ ရင်းနှီးပြီးသားလမ်းတွေ၊
အမေချက်ကျွေးတဲ့ အကောင်းဆုံးဟင်းလျာတွေ၊
အဖွားရဲ့ ပွေ့ဖက်မှု၊
ငယ်သူငယ်ချင်းတွေရဲ့နွေးထွေးမှု၊
အဖေ့ရဲ့ အပြုံး ... အရာရာဟာလွမ်းစရာပဲ...။
နေရင်း ထိုင်ရင်း ငါတို့မှာ ဒီမွေးရပ်မြေရဲ့
ဧည့်သည်တစ်ယောက်ဖြစ်သွားခဲ့ရတယ်။
မိသားစုရဲ့ ရယ်မောဆူညံသံတွေဟာ
ငါတို့နဲ့ တဖြေးဖြေးဝေးကွာလာခဲ့တယ်။
နှစ်ဆယ်ကျော်နောက်ပိုင်း နှစ်တွေမှာ
ရှင်သန်နေထိုင်ရတာဟာ
အရာရာကို စွန့်ခွာလိုက်ရသလိုပါပဲ။
ဒါပေမဲ့ ငါတို့ရဲ့ နှလုံးသားတွေကတော့
ချစ်ရတဲ့သူတွေရဲ့ အနားမှာသာ
အမြဲတမ်းတဝဲလည်လည်ဖြစ်နေခဲ့တာ။

Dear Romanceဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းနဲ့အစကနေ ပြန်ချစ်ချင်တယ်KBZPayDear Romance2024-06-07 20:00:00သီချင်းထဲက စတော်ဘယ်ရီ...
06/07/2024

Dear Romance

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မင်းနဲ့အစကနေ ပြန်ချစ်ချင်တယ်
KBZPay
Dear Romance
2024-06-07 20:00:00
သီချင်းထဲက စတော်ဘယ်ရီနဲ့စီးကရက်လိုမျိုး ခံစားချက်များလား..?
အချစ်ဆိုတာမျိုးက စတော်ဘယ်ရီသီးလေးလိုပဲ ချိုချိုချဉ်ချဉ်အရသာပေးစွမ်းတဲ့ပြင် ချစ်စရာလည်းကောင်းတယ်လေ။ တစ်ခါတလေကျတော့လည်း စီးကရက်တစ်တောင့်နဲ့တူပြန်ရော။ ထူးဆန်းတာက "ဆေးလိပ်သောက်ခြင်းသည် ကျန်းမားရေးကိုဆိုးရွာစွာထိခိုက်စေသည်" ဆိုတဲ့စာသားထင်းထင်းကြီးကို မြင်တာတောင်မှ မက်မက်မောမောစွဲစွဲလန်းလန်းကို သောက်မိနေကြတာမဟုတ်လား။

ကိုယ့်ကိုတနုံ့နုံ့နဲ့ နာကျင်စေခဲ့တဲ့ဒီအချစ်ကို မစွန့်လွှတ်နိုင်ဘဲ နာကျင်မှုပေါင်းများစွာကို ဆုလာဘ်တစ်ခုလို့ခံယူထားကြတဲ့သူတွေဟာ ဒီကမ္ဘာလောကကြီးထဲမှာတင် လက်ချိုးမရေနိုင်အောင်အများကြီးရှိနေတယ်လေ။

Dear Romance Min Nae1.jpg
အချစ်နှင့် ပဋိပက္ခများ
ဘဝတစ်ခုကို လူနှစ်ယောက်အတူတူတည်ဆောက်တော့မယ်ဆိုရင် ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ စကားများတာ၊ ကတောက်ကဆတွေ ကြုံကိုကြုံရမှာ။ လူတစ်ကိုယ်စိတ်တစ်မျိုးတဲ့၊ ပုံစံမတူ၊ စိတ်ခံစားချက်တွေမတိုက်ဆိုင်တာက ချစ်သူရည်းစားဆက်ဆံရေးတွေမှာ အမြဲလိုလိုမြင်ရလေ့ရှိတဲ့အသေးစားပြဿနာတစ်ခုပေါ့။

အခြေအနေတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ သမီးရည်းစားဆက်ဆံရေးမှာ ယောက်ျားလေးသော်လည်းကောင်း၊ မိန်းကလေးသော်လည်းကောင်း တစ်ဖက်ဖက်က အလျှော့ပေးဖို့လိုပါတယ်။ ဒီနေရာမှာလည်း မိန်းကလေးအများစုက သူတိုမှားရင်တောင် မတောင်းပန်တတ်ကြ၊ အလျှော့မပေးတတ်ကြပါဘူး။ ဒီစာကိုဖတ်နေတဲ့သူက မိန်ကလေးဆိုရင်တော့ ဒီလုပ်ရပ်ဟာအမှားကြီးမှားနေတယ်ဆိုတာ ကြိုတင်သတိပေးပါရစေ။ ကိုယ့်ဘက်ကအမှားဖြစ်သွားရင် သေချာပေါက်တစ်ဖက်လူကို ရှင်းပြ၊ပြောပြပြီး ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုကို ဖော်ဆောင်ဖို့ လိုကိုလိုပါတယ်။

Photo - Pinterest

ဒါဟာမိန်းကလေးရဲ့သဘာဝမလို့ နားလည်ပေးစေချင်တယ်
ယောက်ျားလေးတွေကလည်း မိန်းကလေးသဘာဝကိုနားလည်နိုင်ဖို့ကြိုးစားရပါမယ်။ ဒါကခက်ခဲမှာပါ။ ဘာလို့လဲဆိုတော့ မိန်းကလေးတွေရဲ့စိတ်က အရမ်းကိုနားလည်ရခက်တဲ့အထဲမှာပါပါတယ်။ တစ်ခါတလေမှာတောင် ကိုယ့်ကိုယ်ကိုနားမလည်နိုင်လောက်တဲ့အထိ အမျိုးသမီးတွေဟာ တစ်ဖက်လူကို စိတ်ရှုပ်စေတတ်ပါတယ်နော်။ ယောက်ျားလေးတွေကိုအကြံပြုချင်တာကတော့ အလျှော့ပေးသင့်တဲ့ကိစ္စတွေကိုရင်တော့ ချစ်သူလေးကိုအလိုလိုက်ပေးပါ။ နားလည်ပေးလို့ရတဲ့ ဆိုးသွမ်းမှုလေးတွေကိုဆိုရင်တော့ လက်ခံပေးလိုက်ပေါ့နော်။ ချစ်သူကောင်မလေးတွေဆိုးရင်တေင် ချစ်စရာကောင်းပြီး ဆိုးပုံဆိုးနည်းမှန်တယ်မလား?😍

ပြင်ဆင်ခွင့်လေးရစေချင်
အချစ်တွေအသစ်တဖန်ပေါက်ဖွားလာဖို့၊ ဘယ်လောက်ပဲ ပဋိပက္ခတွေပဲဖြစ်ဖြစ် ပြန်လည်အဆင်ပြေနိုင်စေဖို့အတွက်ဆိုရင် ဒီအချက်တွေကို ချစ်သူနှစ်ဦးလုံးကနားလည်နိုင်ဖို့ လိုပါတယ်။ အပေါ်ကပြောပြသွားတဲ့အချက်တွေကို မလုပ်တဲ့အပြင် အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုတွေ ဘာမှမရှိဘူးဆိုရင်တော့ ပူနွေးပြီး ချိုမြိန်တဲ့အချစ်တွေဟာ အေးစက်စက်ရေခဲတုံးတစ်တုံးလိုပြောင်းလဲသွားပါလိမ့်မယ်။

ညှိမရတဲ့ပြဿနာတွေ၊ အခြေအနေတွေက အဆိုးဆုံးအချိန်အထိတွန်းပို့ခဲ့ရင်တောင် ပြန်ပြင်ဆင်ဖို့ အချိန်မှီသေးတယ်လေ။ တကယ်မေတ္တာသက်ဝင်သူတွေဟာ ဘယ်လောက်ပဲနာကျင်ရပါစေ နှစ်ဦးနှစ်ဖက်မှာ ချစ်ရိပ်ချစ်ငွေ့တွေ ကျန်ရှိနေသေးရင် သေချာပေါက်ပြန်လည်ပေါင်းစပ်နိုင်မှာ အသေအချာပါပဲ။

နောက်တစ်ခါပြန်ချစ်ကြရင် အရင်လိုပဲအဆင်ပြေနိုင်ပါဦးမလား။
ချစ်ခြင်းမေတ္တာတွေသာ မပြောင်းမလဲတည်ရှိနေသေးရင်၊ ကတိစကားတွေကို အရင်လိုမျိုး တန်ဖိုးထားနေသေးရင်၊ ဖြစ်ခဲ့သမျှကို ခွင့်လွှတ်နိုင်ရင် နှစ်ဖက်လုံးကသာ အရာရာကို တစ် ကပြန်စဖို့ လိုလိုလားလားရှိနေခဲ့ရင် သေချာပေါက် ပြန်ချစ်လို့ရတယ်ဆိုတာ အသေအချာပါပဲ။ အကြောင်းပြချက်တွေဘာမှမလိုအပ်ပါဘူး၊ မစွန့်လွှတ်နိုင်လို့ နောက်တစ်ကြိမ် ပြန်ချစ်ကြတာပဲ။ ချစ်ခြင်းမေတ္တာတွေရှိတဲ့အရပ်က အမြဲအေးချမ်းပါတယ်။
မပူလောင်ရတဲ့ချစ်ခြင်းတွေကိုသာပေးပါ။
မနာကျင်ရတဲ့ရပ်ဝန်းကိုပဲ ရွေးချယ်ပါ။
ယုံကြည်မှုတွေသာအပြန်အလှန်ရှိပေးမယ်ဆိုရင်တော့ ဒီချစ်ခြင်းတွေကို ဘေးလူကပဲဝင်ဖြတ်ဖြတ်၊ ကံကြမ္မာကပဲတားဆီးထားပါစေ အစစအရာရာဟာ ပန်းခင်းလမ်းကို ဖြတ်ကျော်ရသလို သာယာချောမွေ့ နေပြီး အရာရာတိုင်းဟာ လှပနေမယ်ဆိုတာသက်သေထူလို့ရပါတယ်။

Dear-Romance-Min-Nae2.jpg
သိပ်ချစ်တယ်
ဝဋ်ကြွေးကြောင့်ဆုံရတယ်ဆိုရင်တောင် အလှပဆုံးဝဋ်ကြွေးအဖြစ် ခံယူပါ့မယ်။ ရေစက်ကြောင့် ခဏတာကြုံကြိုက်တယ်ဆိုရင် ဘဝရဲ့အကောင်းဆုံးလက်ဆောင်အဖြစ် တန်ဖိုးထားပါ့မယ်။ အချိန်ကြောင့် အချင်းချင်းဝင်တိုက်မိရင် ဒီအခိုက်အတန့်လေးကို အမြဲရင်ထဲသိမ်းထားပါ့မယ်။

ကံကြမ္မာကသာ ဒီလက်တွဲဖော်နှစ်ယောက်ကို သက်ဆုံးတိုင်ပေါင်းသင်းနိုင်အောင် အစကတည်းကအမိန့်ထုတ်ပြီးသားဆိုရင်တော့ ထုတ်ပြန်ချက်အတိုင်း အမိန့်နာခံဖို့ အသင့်ပါပဲ။

စချစ်မိကတည်းက နှလုံးသားတစ်စုံဟာ အကျဉ်းကျခဲ့ပြီးပါပြီ၊ စကားတွေများပြီး ရန်တွေဖြစ်ခဲ့တဲ့ အချိန်ကာလအတွင်းမှာလည်း မင်းကိုပဲစိတ်ထဲရှိခဲ့တယ်၊ ဝေးနေရင်တောင် မင်းကိုစိတ်ပူဖို့ကလွဲလို့ ဘာမှမသိခဲ့ဘူး။ အရာရာပြောင်းလဲခဲ့ရင်တောင် မင်းကိုချစ်တဲ့စိတ်ကဘယ်တော့မှမပြောင်းမလဲတည်ရှိနေပါတယ်။

ချစ်လားလို့မေးရင်တော့ ချစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်ချစ်လဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိဘူး။ ဘာလို့လဲဆိုတော့ မင်းအပေါ်ထားတဲ့အချစ်တွေက ကိုယ်တိုင်တောင်ရေတွက်လို့မရတဲ့အထိ မင်းလေးကိုမြတ်နိုးမိနေလို့ပါပဲ။

Crd//

03/07/2024

Dear Romance

မပိုင်ဆိုင်ရလည်း ချစ်နေဆဲပါပဲ
ကိုယ်ချစ်တဲ့သူကို ဘယ်သူကများ မပိုင်ဆိုင်ဘဲနေချင်ပါ့မလဲ ...။ ဒါပေမယ့် အခြေအနေတွေ ပေးမလာတဲ့အခါ စွန့်လွှတ်လိုက်ဖို့ကိုသာ ကိုယ် ရွေးချယ်လိုက်ပါတယ်။
အရင်က ကိုယ့်ချစ်သူပျော်ရဖို့ စွန့်လွှတ်ပေးလိုက်တယ်ဆိုတာကို သိပ်သူရဲဘောကြောင်တဲ့စကားလို့ ကိုယ်ထင်ခဲ့တာ …. ချစ်တယ်ဆို ၊ အတူတူရှိနေဖို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကြိုးစားရမှာပေါ့၊ တခြားသူနဲ့ ပျော်ဖို့ လက်လွှတ်ပေးရမယ့်အစား ကိုယ်က ပိုကြိုးစားပြီး ကိုယ့်ချစ်သူပျော်အောင်ထားရမှာပေါ့ ဆိုပြီးတော့လေ ၊ ဒါပေမယ့် ဒီအတွေးက ကိစ္စရပ်တိုင်းမှာ မှန်မနေဘူးဆိုတာ တကယ် နှဖူးတွေ့ဒူးတွေ့ကြုံလာရမှ ကိုယ်သိလာခဲ့ရတယ်။ မင်းက ကိုယ့်ကို ကြိုးစားခွင့်တောင်မပေးခဲ့ဘူးလေ ။

Dear Romance True Love1.jpg
ကိုယ့်ရဲ့ စံပယ်တင်မှဲ့လေး၊ ကိုယ့်ရဲ့ ဆံရှည်မလေး ၊ ကိုယ့်ရဲ့ ဂျုလိုင်မိုးဖွဲလေး ၊ စတွေ့ခဲ့တဲ့ ဂျူလိုင်လမှာပဲ ကိုယ်တို့တွေ ခွဲခွါခဲ့ရပြီ ၊ မင်းကတော့ ပျော်နေမလား မသိပေမယ့် ကိုယ်ကတော့ အမှတ်တရတွေအားလုံးကို ရင်ထဲသိမ်းပြီး နေ့ညမပြတ် လွမ်းနေဆဲပါ။

တစ်နေ့ပေါ့ … တစ်နေ့နေ့တော့ မနက်နိုးလာလည်း မင်းကိုမလွမ်းဖြစ်တော့တဲ့ တစ်နေ့တော့ ရောက်လာဦးမှာပါ။ မင်းလည်းမင်းအချစ်သစ်နဲ့မင်းပျော်နေသလို ကိုယ်လည်း ကိုယ့်ဘဝနဲ့ကို ပျော်မယ့် တစ်နေ့နေ့တော့ ရောက်လာဦးမယ်ထင်ပါရဲ့ ။ ဒါပေမယ့် အခုတော့ ကိုယ်သိပ်ကြိုက်မိတဲ့ "W. H. Auden" ရဲ့ ကဗျာလေးထဲကလိုပေါ့ …

Dear Romance True Love2.jpg
"If equal affection cannot be,

ချစ်ခြင်းတရားတွေသာ မတူညီနိုင်ခဲ့ဘူးဆိုရင် …

Let the more loving one be me.

ပိုချစ်ရတဲ့သူက ကိုယ်ပဲ ဖြစ်ပါစေ "

ရယူခြင်းမဟုတ်တဲ့ အချစ်နဲ့ပဲ ကိုယ်ဆက်ချစ်နေပါ့မယ် ။ ပျော်ပါစေ ကလေးရေ …။

Crd//

30/06/2024

ငါဟာ လူကောင်းမဟုတ်ဘူး
လုပ်ရပ်တိုင်းဟာ
အကောင်းချည်မဟုတ်တာမို့
မကောင်းနိုင်ဘူး
ဝဋ်ကြွေးဆိုတာ
ဘယ်ကောင်မှပြေးမလွတ်ဘူး
ကောင်းတာတွေပဲ ဖြစ်နေခဲ့ရင်
လောကဓံက ဘယ်တရားလိမ့်မလဲ..?

လုပ်ချင်ရာတွေလည်း
မချင့်ချိန်ခဲ့ဘူးလေ
ဖြစ်ချင်ရာတွေမဖြစ်ရင်
နောင်တမရပါဘူး
သက်ရောက်မှုတိုင်းမှာ
တန်ပြန်သက်ရောက်ပါတယ်။

19/04/2024

စမ်းချောင်းလေးတစ်ခုလို မအေးမြနိုင်ရင်လည်း
မိုးစက်ကလေးအဖြစ် အေးမြနိုင်ဖို့ပဲ ဆန္ဒရှိပါတယ်...။

ရာသီတွေပြောင်းလဲခဲ့ရင်တောင်
စိတ်တွေအရောင်မပြောင်းခဲ့ချင်ဘူး...
အထိအရှတွေများတဲ့ကမ္ဘာမှာ
နှလုံးသားတွေမပွန်းပဲ့အောင်ဂရုစိုက်ရတယ်...။

ဟန်ဆောင်ပန်ဆောင်မနေတတ်တဲ့သူမို့
အပြုံးတုတွေကင်းပါတယ်...
မေတ္တာအတုတွေလည်းဝေးပါတယ်...
ပန်းခင်းကြီးတစ်ခင်းမဟုတ်ခဲ့တောင်
ပန်းတစ်ပွင့်စာလောက်တော့ ကြည်လင်ပျော်ရွှင်အောင်ဖန်တီးပေးတတ်ပါတယ်...။

မိုးစက်မိုးပေါက်လေးအသွင် အေးမြစေပြီး
ပန်းတစ်ပွင့်လို ကြည်လင်စေချင်တဲ့လူသားပါ...
နှလုံးသားရဲ့ရနံ့စစ်စစ်လေး မွှေးပျံစေဖို့သာရည်ရွယ်ရှင်သန်သွားချင်တာ...။

21/02/2024

တကယ်တော့
လမ်းက ပျက်နေတာကြာလှပါပြီ
လူအချို့က ကန်းနေလို့သာ
အခုမှ လမ်းပျောက်တယ်ထင်ကြတာ... ။

Address

Yangon
10211

Alerts

Be the first to know and let us send you an email when Ayeyarwady Musics Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share