Guaranty Natural Fertilizer

Call Directions Contact the establishment

Guaranty Natural Fertilizer Natural Fertilizer (သဘာ၀ မြေသြဇာ)
"မြေဆီလွှာတွေ မပျက်စီးစေဖို့ ... သဘာဝမြေသြဇာကို သုံးကြစို့"

 # ရုပ်မြင်သံကြားဇာတ်လမ်းတွဲ စာညွှန်း # “ဘဝထဲကကျူး” ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Channel K ရုပ်မြင်သံကြားလိုင်းကနေ “ဘဝထဲကကျ...
21/09/2026

# ရုပ်မြင်သံကြားဇာတ်လမ်းတွဲ စာညွှန်း
# “ဘဝထဲကကျူး” ရုပ်မြင်သံကြားဇာတ်လမ်းတွဲ

Channel K ရုပ်မြင်သံကြားလိုင်းကနေ “ဘဝထဲကကျူး” ရုပ်မြင်သံကြားဇာတ်လမ်းတွဲကို စက်တင်ဘာလ (၂၆) ရက်နေ့က စတင်ပြီး အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
“ဘဝထဲကကျူး” ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို အလင်္ကာက ရေးသားရေး ညွန်းထားပြီး ဒါရိုက်တာ ရာဝင်အိုး က ရှမ်းလေးရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန်ယူ ပုံဖော် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဘယ်အလုပ်မဆိုအလုပ်ကြိုးစားလုပ်တတ်ပြီး မိန်းမဖြစ်သူ လှစိန်ကို ထိရင်မခံတတ်တဲ့ ကျော်ကြီးအဖြစ် ဝေဠုကျော် က ပါဝင်ထားပြီးတော့ ဘယ်အရာမှမကြောက် ပြောရဲဆိုရဲတဲ့ ကျော်ကြီးရဲ့မိန်းမ လှစိန် အဖြစ်ရေကြည်ချမ်းမြ ကို မြင်ရမှာ ဖြစ်ပါတယ်။ ကျော်ကြီး၊ လှစိန်တို့ အပြင် ပြတ်သားလွန်းတဲ့စိတ်ဓာတ်ရှိသူ တောက်ထွန်း၊ မဟုတ်ရင်မခံတတ်လက်ရဲဇက်ရဲနိုင်သူ တောက်ထွန်း မိန်းမ မြကြည် အဖြစ် စုလှိုင်နှင်း တို့ကိုလည်း မြင်ရမှာ ဖြစ်ပါတယ်။ ဘဝရဲ့ကြမ်းတမ်းမှုတွေကိုအံကြိတ်ပြီး အချင်းချင်းရိုင်းပင်းကူညီ ရှင်သန်နေကြတဲ့ လူတွေရဲ့ဘဝကို ပညာပေးတင်ဆက်ထားတဲ့ “ဘဝထဲကကျူး”ဆိုတဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်” လို့ ဒါရိုက်တာ ရာဝင်အိုးက ပြောပါတယ်။
“ဘဝထဲကကျူး” ရုပ်သံဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် အကယ်ဒမီ ဝေဠုကျော်၊ မင်းသားကြီး၊ စုလှိုင်နှင်း၊ ရေ ကြည်ချမ်းမြ၊ ဆောင်းသစ်သစ်၊ စစ်နိုင်သီဟဦး၊ မေရတနာ၊ ညိုမီ၊ ထိုက်ထိုက်၊ ဝေဦး နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားကာ Channel K ရုပ်မြင်သံကြားလိုင်းကနေ စက်တင်ဘာလ (၂၆) ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ည (ရး၀၀) နာရီ အချိန်တိုင်းမှာ ထုတ်လွှင့်တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။

 # အနုပညာာပြတင်း #  “ အဲရစ်နှင့် နဖူးစာ(၅)စောင် ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးNightfarer Production က စီစဉ်ထုတ်လုပ်မ...
20/09/2026

# အနုပညာာပြတင်း
# “ အဲရစ်နှင့် နဖူးစာ(၅)စောင် ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး

Nightfarer Production က စီစဉ်ထုတ်လုပ်မယ့် “ အဲရစ်နှင့် နဖူးစာ(၅)စောင် ”ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေး အခမ်း အနားကိုတော့ ရန်ကုန်မြို့က အိမ်တော်ရာစေတီတော်ကြီးမှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ အဲရစ်နှင့် နဖူးစာ(၅)စောင် ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ညဏ်ထင်က ရေးသားရေး ညွှန်းထားပြီး ဒါရိုက်တာ ညဏ်ထင် ကပင် Nightfarer Production အတွက် တာဝန်ယူပုံဖော်ရိုက်ကူး တင်ဆက်သွားမှာပဲ ဖြစ်ပါတယ်။
Nightfarer Production မှ စီစဉ်ထုတ်လုပ်မယ့် “ အဲရစ်နှင့် နဖူးစာ(၅)စောင် ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေအဖြစ် သရုပ်ဆောင် နေထွဋ် ၊ ဟင်နရီစံ ၊ သိန်းလင်းစိုး ၊ ရဲလှိုင် ၊ ဝီလျှံထွန်း ၊ မင်းမြတ်စိုးစံ ၊ အောင်ဇေယျမင်းထင် ၊ ပန်းရောင်ခြယ် ၊ ဖုန်းသီရိကျော် ၊ ကိုကိုး နှင့် သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။

 # ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း  # နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီး SUNDAY Film Production  က ရိုက်ကူးထုတ်လုပ်မယ့် နေမ...
20/09/2026

# ရုပ်ရှင်ဇာတ်ကားကြီး စာညွှန်း
# နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီး

SUNDAY Film Production က ရိုက်ကူးထုတ်လုပ်မယ့် နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် အောက်တိုဘာလထဲမှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။
နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ ဖရော်ဆန် ရဲ့ လုံးချင်း ဝတ္ထုကို မိုးမိုးစောဝင်း က ဇာတ်ညွှန်းရေးညွှန်းထားကာ ဒါရိုက်တာ အကယ်ဒမီ မီးပွားက SUNDAY Film Production အတွက် တာဝန်ယူ ပုံဖော် ရိုက်ကူးပေးထားတာပဲ ဖြစ်ပါ တယ်။
ဒီဇာတ်ကားမှာတော့ အထည်ချုပ်စက်ရုံက အလုပ်သမလေးတွေရဲ့ ဘဝအမောတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အထည် ချုပ်စက်ရုံမှာ သောကပေါင်းစုံနဲ့ ဘဝလမ်းမဆုံးအောင် ရုန်းကန် နေရရှာတဲ့ ဘဝပေါင်းများစွာထဲက ရေဆန်ခရီးကို ဆန်တက်နေ သူတွေ၊ ရေဆန်ခရီးမှာ လက်ပန်းကျပြီး ရေစုန်မှာမျှောသွားသူတွေရဲ့ ဘဝတွေကို မြင်ရမှာပဲ ဖြစ်ပါတယ်။ ပြေလည်လာရင် ဘဝ ဟောင်းကို မေ့ချင်တဲ့ မိထူး နဲ့ လောကဓံမှာ ကံမကောင်းပေမယ့် အမြဲတမ်းအဖြူထည်လို ရှင်သန်တဲ့ ၊ လူတကာကို ကူညီ တတ်တဲ့ နှလုံးသားပိုင်ရှင် မကျော့ တို့ နှစ်ဦးကို မဝါ ၊ မမချို ၊ မေမိုး ၊ ညိုမင်းနိုင် ၊ ဦးအောင်သင်း ၊ ဒေါ်ချောမေ ၊ စောရန်ပိုင် ၊ သန့်စင်ထွန်း ၊ ကြယ်စင်ထွန်း ၊ ကိုမင်းဉာဏ် ၊ မမြင့်သန်း စတဲ့ ဇာတ်ကောင်တွေ ခြံရံပြီး ရေဆန်လမ်းကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ဖြတ် ကျော်နေကြတဲ့ အမျိုးသမီး ( ၅ ) ဦးအကြောင်းကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
SUNDAY Film Production က ရိုက်ကူးထုတ်လုပ်တဲ့ နေမမြင်အင်ပါယာ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ သရုပ်ဆောင်တွေ အဖြစ် အကယ်ဒမီ အေးချမ်းမောင် ၊ ဗညားဘုန်းပြည့် ၊ နေ့သစ်အေးအောင် ၊ ရဲလွင်ဦး၊ အကယ်ဒမီ အေးမြတ်သူ ၊ မြတ်သူသူ ၊ သံသာညီ ၊ ယွန်းမီမီသိမ့် ၊ စိုးမိုးကြည် ၊ ဆုထက်ကုဋေ ၊ မေသက်ကျော်၊ ကလေးသရုပ်ဆောင် သားချော ၊ ကောင်းကင်ကိုကို ၊ ရတီနွေဦး နဲ့ အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ထားကြောင်းလည်း သိရပါတယ်။

 # အနုပညာပြတင်း # “ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲ ကန် တော့ပွဲပေး Aung Myin Thu (Koe Kha Yine) Film Production က ရ...
19/09/2026

# အနုပညာပြတင်း
# “ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲ ကန် တော့ပွဲပေး

Aung Myin Thu (Koe Kha Yine) Film Production က ရိုက်ကူးထုတ်လုပ်မယ့်် “ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲ ကန် တော့ပွဲပေး အခမ်းအနားကိုတော့ ရန်ကုန်မြို့က ရွှေဘုန်းပွင့်စေတီကြီး မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
“ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကို ဒါရိုက်တော ဇော်ထွန်း က ရေးသားရေးညွှန်းထားပြီး ဒါရိုက်တာ ဇော်ထွန်းကပင် Aung Myin Thu (Koe Kha Yine) Film Production အတွက် တာဝန်ယူပုံဖော် ရိုက်ကူးပေးသွား မှာပဲ ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ ဇာတ်ကားတွေ တော်တော်များများ ရိုက်ဖြစ်ခဲ့ပေမယ့် တချို့ကလည်း ကျွန်တော့်ကို အသစ်လို့ပဲထင်နေ တယ်။ တကယ် ဗီဒီယိုခေတ်ဆိုတော့ သိပ်မသိတာလည်း ရှိကြပါတယ်။ ခုကတော့ ဇာတ်ကားတွေ မရိုက်ဖြစ်တာ ရှစ်နှစ်ရှိခဲ့ပေ မယ့် သီချင်းတွေတော့ လိုက်ဆိုဖြစ်တယ်။ ကျွန်တော် သီချင်းဆိုချိန်မှာလည်း နယ်မြို့အရပ်ရပ်က အားပေးကြတယ်။ ကျွန်တော် Comeback အနေနဲ့ပြန်လာချိန်မှာ ကျောက်ဆည်ဆင်ရဲ့ ထူးခြားမှုတွေ ချပြချင်တာကြောင့် ရိုက်ဖြစ်တာပါ ” လို့ သရုပ်ဆောင် ‌စစ်သွေး က ပြောပါတယ်။
“ငါတို့သမိုင်း မရိုင်းစေရ” ဇာတ်လမ်းတွဲမှာ ရုပ်ဆောင်တွေအဖြစ် စစ်သွေး၊ ကျော်ဝင်းထွဋ်၊ မိုးပြည့်ပြည့်မောင်၊ ဟေမာန်အောင် အောင်၊ အကယ်ဒမီ ခင်စိုးပိုင်၊ ဇော်ထွန်း၊ ဇော်ရှိန်း၊ ဆွိ၊ သင်္ချာစိုးအောင်၊ သားပေါက်၊ ကရင်လေး၊ မိုးစက်ကိုကို၊ သန့်ထင်၊ လေပြည်၊၊ အောင်ငြိမ်းချမ်း၊ ဇေခေတ်၊ နွေဦးသခင်၊ ဂျူးဒါလီထက်၊ နှင်းဇာခြည်ဖြိုး၊ သံသာရွှေရည်နှင့် သရုပ်ဆောင်များစွာပါ မှာပဲ ဖြစ်ပါတယ်။

 # အနုပညာပြတင်း # "ပဉ္စမမြောက်သွေး" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး APP SHOW & WEZAYA PRODUCTION တို့မှ စီစဉ်ရိုက်ကူးတဲ့ "ပဉ္စ...
19/09/2026

# အနုပညာပြတင်း
# "ပဉ္စမမြောက်သွေး" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေး

APP SHOW & WEZAYA PRODUCTION တို့မှ စီစဉ်ရိုက်ကူးတဲ့ "ပဉ္စမမြောက်သွေး" ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးကိုတော့ ရန်ကုန်မြို့က ဆူးလေ စေတီတော်ကြီးမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
"ပဉ္စမမြောက်သွေး" အမည်ရှိ ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို ဟေမာန်ဟိဏ်း က ရေးသားရေးဖွဲ့ထားပြီး ဟေမာန်ဟိဏ်းနဲ့ မင်းမူပိုင် STORY FARM တို့က ဇာတ်ညွှန်းရေးညွှန်းထားကာ တွဲဖက်ဒါရိုက်တာဇော်G နဲ့ ဒါရိုက်တာ ညိုမင်းလွင်တို့က တာဝန်ယူ ပုံဖော်ရိုက်ကူးသွားကြမှာ ဖြစ်ပါတယ်
APP SHOW & WEZAYA PRODUCTION တို့က စီစဉ်ရိုက်ကူးမယ့် "ပဉ္စမမြောက်သွေး" ဇာတ်လမ်းတွဲမှာတော့ ဇော်ရှိုင်းထက် ၊ ကျော့ကျော့ ၊ ရန်ကျော် ၊ အေးထက်မြတ်‌အောင်နှင့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

19/09/2026

🌏 ရာသီချိန်ခါ သတင်းလွှာ (12.9.2026- 18.9.2026)
🍀 စိုက်ပျိုးရေးအကျိုးပြု အပတ်စဉ် မိုးလေဝသ သတင်းစဉ်

🌫️ အနောက်တောင်မုတ်သုံလေ ဆုတ်ခွာ

ယခု ရက်သတ္တပတ်အတွင်းမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကနေ ဆုတ်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။

🌪️ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ အနောက်တောင်မုတ်သုံလေဟာ အားအသင့်မှ အားကောင်းနေပါတယ်။

⛈️ မိုးအားအကောင်းဆုံးနဲ့ လေဖိအားနည်းရပ်ဝန်းမှသည် မုန်တိုင်းအဆင့် ရောက်လာနိုင်လား

မိုးအားအကောင်းဆုံးဖြစ်နေပြီး လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဆင့် ကူးပြောင်းနိုင်တာကြောင့် တော်သလင်းလဆန်းပိုင်းမှာ မိုးဆက်လက် အားကောင်းနေမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက် နံနက် ၇ နာရီတွင် METEOBLUE ၏ အဓိက model များဖြစ်သော - ECMWF AIFS, ICON, NEMS နှင့် NOAA GFS model များမှ ကပ္ပလီပင်လယ်အတွင်း အထက်လေပွေလှိုင်း (UACC) or လေဖိအားနည်းရပ်ဝန်း(LPA) စတင်ဖြစ်ပေါ်နိုင်ကြောင်း သတင်းအချက်အလက်တွေအပေါ် အခြေခံပြီး ဦးဝင်းနိုင်က ဖော်ပြပေးထားပါတယ်။ လက်ရှိကြိုတင်ခန့်မှန်းချက်များအရ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်နိုင်ခြေမရှိ၊ အနောက်ဘက်(အိန္ဒိယနိုင်ငံကမ်းခြေဘက်သို့) ဆက်လက်ရွေ့လျားနိုင်ကြောင်း ၎င်းက ခန့်မှန်းပေးထားပါတယ်။ မုန်တိုင်းငယ်အဆင့်ကနေ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ရောက်ရှိလာနိုင်ခြေ ရှိ မရှိနဲ့ မြန်မာနိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းဒေသတွေနဲ့ နီးကပ်နေတဲ့အတွက် စက်တင်ဘာ ၂၂ ရက်က စတင်ပြီး စောင့်ကြည့်လေလာပြီး သတိပြုရမယ်လို့ ဦးဝင်းနိုင်ကလည်း သုံးသပ်တင်ပြထားပါတယ်။

🌨️ မိုးအားနည်းနည်း နေရာကျဲကျဲ မိုးရွာနိုင်တဲ့ မြောက်ပိုင်းဒေသ

ယခု ရက်သတ္တပတ်မှာတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ ကျန် တိုင်းနဲ့ပြည်နယ် အားလုံးမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်တယ်လို့ မိုး/ဇလက စိုက်ပျိုးရေးမိုးလေဝသ သတင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။

🌊 မိုးသက်လေပြင်းနဲ့ လှိုင်းကြီးနိုင်တဲ့ မြစ်ဝကျွန်းပေါ်နဲ့ ကမ်းရိုးတန်းဒေသ

မုတ်သုံအားကောင်းနေတာနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေထုမငြိမ်သက်မှုများ ဖြစ်ပေါ်နိုင်ခြင်းကြောင့် စက်တင်ဘာ ၂၂ ရက်အတွင်းမှာ နေရာစိပ်စိပ်နဲ့ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ကာ နေရာကွက်ပြီး မိုးကြီးနိုင်တဲ့အပြင် မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်ပါတယ်။ မိုးသက်လေပြင်းများ ကျရောက်စဥ် ရေပြင်/မြေပြင် လေဟာ တစ်နာရီကို မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်တယ်လို့ မိုးကြီးနိုင်တဲ့ သတိပေးချက်အနေနဲ့ မိုး/ဇလက ထုတ်ပြန်ထားပါတယ်။

☀️ အမြင့်ဆုံးအပူချိန်

အမြင့်ဆုံးအပူချိန် ခန့်မှန်းချက်အနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာ ၈၇ ဒီဂရီဖာရင်ဟိုက်မှ ၉၈ ဒီဂရီဖာရင်ဟိုက်အတွင်း၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ၇၅ ဒီဂရီဖာရင်ဟိုက်မှ ၈၆ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

☁️ အနိမ့်ဆုံးအပူချိန် ခန့်မှန်းချက်

အနိမ့်ဆုံး အပူချိန် ခန့်မှန်းချက်မှာ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ ၅၆ ဒီဂရီဖာရင်ဟိုက်မှ ၆၈ ဒီဂရီဖာရင်ဟိုက်ကြား၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ၆၉ ဒီဂရီဖာရင်ဟိုက်မှ ၇၉ ဒီဂရီဖာရင်ဟိုက်ကြား ရှိနိုင်ပါတယ်။

💰 ယခင်တစ်ပတ် ဈေးတန်းမှာ ဆက်လက်တည်ရှိနေတဲ့ ရွှေ

ကမ္ဘာ့ရွှေဈေးဟာ ယခုတစ်ပတ်မှာ ၄၃၇၀ ဒေါ်လာ ခန့်ဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်မှာတော့ အသင်း ရည်ညွှန်းဈေး မဟုတ်တဲ့ ရွှေတစ်ကျပ်သားရဲ့ ပြင်ပ ပေါက်ဈေးဟာ စနစ်သစ်ဈေးမှာ သိန်း ၁၀၀ အောက်မှာ ဆက်လက် ရှိနေပြီး (၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်) ဖြစ်ပါတယ်။ စနစ်ဟောင်းဈေးကတော့ ၁၀၁ သိန်း (၁ ကျပ်သား = ၁၆.၆၀၆ ဂရမ်) ဖြစ်ပါတယ်။ ဒေါ်လာ ပြင်ပပေါက်ဈေးကတော့ ၄၃၉၀ ခန့် ဖြစ်ပါတယ်။

⛽️ ယခင်တစ်ပတ်ဈေးနဲ့ အပြောင်းအလဲမရှိတဲ့ စက်သုံးဆီ

စက်တင်ဘာလ ၁၉ ရက် ရန်ကုန်မြို့ စက်သုံးဆီဆိုင်တွေရဲ့ လက်လီအရောင်းဈေးကွက်မှာ 92 တစ်လီတာဈေးနှုန်းဟာ ၃၈၂၅ ကျပ်၊ 95 တစ်လီတာ ၃၉၅၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၄၁၅၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၅၀၅၀ ကျပ်ဖြစ်ပါတယ်။ အရင်တစ်ပတ်က ဈေးအတိုင်းပဲ ဖြစ်ပါတယ်။

Source: Win Naing (မိုးလေဝသ)
: မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
မြေဆီလွှာမပျက်စီးစေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
မြေဆီလွှာ ပြန်လည်ကောင်းမွန်စေဖို့ သဘာဝမြေသြဇာကို သုံးကြပါစို့
အရောင်းကိုယ်စားလှယ်များကို ဖိတ်ခေါ်အပ်ပါတယ်၊

#ဂရန်တီသဘာဝမြေသြဇာ (အော်ဂဲနစ်မြေသြဇာ) FB Page မှာ စုံစမ်းနိုင်ပါတယ်၊





 # အနုပညာပြတင်း # "ဆက်ချစ်ပါရစေ"  ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲMRTV-4 နှင့် SHWE NADI တို့  ပူးပေါင်းရိုက်ကူးထုတ်...
15/09/2026

# အနုပညာပြတင်း
# "ဆက်ချစ်ပါရစေ" ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲ

MRTV-4 နှင့် SHWE NADI တို့ ပူးပေါင်းရိုက်ကူးထုတ်လုပ်မယ့် ဆက်ချစ်ပါရစေ ရုပ်မြင်သံကြားဇာတ်လမ်းတွဲ ကန်တော့ပွဲ အခမ်းအနားကို ရန်ကုန်မြို့က ကျိုက္ကဆံစေတီ တော်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။
ဆက်ချစ်ပါရစေ ရုပ်မြင်သံကြားဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းကို ချစ်စုခင် ကရေသားရေးညွှန်းထားပြီး ဒါရိုက်တာ ရဲနောင်နဲ့ လက်ထောက်ဒါရိုက်တ ဝင့်ဥမ္မာကျော်တို့က MRTV-4 နှင့် SHWE NADI ရုပ်ရှင်ထုတ်လုပ်ရေးတို့ အတွက် တာဝန်ယူ ပုံဖော် ရိုက်ကူး ပေးသွား မှာပဲဖြစ်ပါတယ်။
“ဆက်ချစ်ပါရစေ” ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာမာန” ရုပ်မြင်သံကြားဇတ်လမ်းတွဲမှာ အတွဲညီခဲ့ကြတဲ့ အောင်မင်းခန့် နဲ့ နေခြည်ရွှန်းလက်တို့ရဲ့ အပေးအယူမျှမျှသရုပ်ဆောင်ချက်တွေကို ထပ်မံမြင်တွေ့ကြရမှာ ဖြစ်ပါတယ်။
ဆက်ချစ်ပါရစေ ရုပ်မြင်သံကြားဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်တွေအဖြစ် အောင်မင်းခန့်၊ ဗညားဘုန်းပြည့်၊ ရဲလွင်ဦး၊ အဲ ဗရက်စ်မိုး၊ နေခြည်ရွှန်းလက်၊ မွန်ဒေဝီ၊ မှူးသခင်ကို နှင့် အခြားအနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်သွားကြမှာပဲ ဖြစ်ပါ တယ်။

14/09/2026

# သတ္တမြောက် အချစ်နတ်သမီး ဇာတ်သိမ်း
# "The Seventh Venus of Love"
# "The Seventh Venus of Love"
# Illustrated Audio Cinematic style Ai video
# Myanmar Ai Story
# All AI Workflow
# Myanmar AI Art
# Digital Story telling
# Guaranty Natural Fertilizer

ကိုတင်ထွန်းက ဦးထွန်းလူဆီ ရောက်ပြီး အချိန်အတော်ကြာတော့ မိတ်ဆွေဟောင်းတွေက ပြန်ဆက်သွယ်လာပြီး ရွှေထည်တချို့ကို ပုံဖျက်ပေးဖို့ အပ်နှံကြတယ်။ သူက အဲဒီရွှေတွေကို အရည်ကျိုပြီး အလယ်ဗဟိုမှာ ထည့်မြှုပ်နိုင်မယ့် အူတိုင်တစ်ခုအဖြစ် ပြုလုပ်ထားတယ်။ အဲဒီအူတိုင်ကို အချစ်နတ်သမီး ကြွေရုပ်တုရဲ့ ကိုယ်ထည်အတွင်း ထည့်ပြီး အပြင်ဘက်ကို ကြွေသားနဲ့ အလုံးစုံဖုံးအုပ်ကာ မီး ဖုတ်ခဲ့ပါတယ်။ အပြင်ကကြည့်ရင် သာမန်ကြွေရုပ်တုတစ်ရုပ်ပဲ မြင်ရပေမယ့် အတွင်းမှာတော့ ရွှေကို ဖုံးကွယ်ထားတာပါ။ နောက် တော့ မိတ်ဆွေက အချိန်မီ လာမယူနိုင်သေးဘူးလို့ ပြောလာတဲ့အတွက် အဲဒီရုပ်တုတစ်ရုပ်တည်း ထူးခြားမနေစေဖို့ ပုံစံတူ အချစ်နတ်သမီးရုပ်တု ခြောက်ရုပ်ကို ထပ်ပြီး ထုလုပ်ထားခဲ့ပါတယ်။ ဒါကြောင့် စုစုပေါင်း ခုနစ်ရုပ် ဖြစ်လာတာပါလို့ ဝန်ခံပါတော့တယ်။

 # ရုပ်ရှင်ဇာတ်ကားကြီးစာညွှန်း # "အတ္တကမ်းပါး"  ရုပ်ရှင်ဇာတ်ကားကြီးမြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက  စီစဉ်ရိုက်ကူးတဲ့"...
14/09/2026

# ရုပ်ရှင်ဇာတ်ကားကြီးစာညွှန်း
# "အတ္တကမ်းပါး" ရုပ်ရှင်ဇာတ်ကားကြီး

မြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့"အတ္တကမ်းပါး" ရုပ်ရှင်ဇာတ်ကားကြီးကတော့ လာမယ့် စက်တင်ဘာ (၁၈) ရက်နေ့မှာ ရုံတွေပေါ် တက်လာတော့မှာ ဖြစ်ပါတယ်။
"အတ္တကမ်းပါး" ရုပ်ရှင်ဇာတ်ကားကြီးဟာ စာရေးဆရာမ ပုဏ္ဏမီ ရဲ့ အောင်မြင်ခဲ့တဲ့ လုံးချင်းဝတ္ထုကို ညမွှေးပန်းနဲ့ ငွေစင်သွန်း တို့က ဇာတ်ညွှန်းရေးညွှန်းကာ ဒါရိုက်တာ ဟိန်းစိုးက မြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးအတွက် တာဝန် ယူ ပုံဖော်ရိုက်ကူးထား တာပဲ ဖြစ်ပါတယ်။
အမုန်းတွေနဲ့ တည်ဆောက်ထားတဲ့ ကမ်းပါးထက်မှာ ဘယ်သူတွေ ကျရှုံးပြီး ဘယ်သူတွေ အနိုင်ရသွားမလဲ။ အတ္တတွေ ပိုပြီး နက်ရှိုင်းလေလေ ပြိုကျပျက်စီးရတဲ့ ကမ်းပါးတွေကလည်း ပိုမိုနက်ရှိုင်းလေလေပါပဲ ဆိုတဲ့ မက်ဆေ့ကို ဒီဇာတ်ကားကြီးမှာ မြင်ရမှာပါ။
မြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ရိုက်ကူးတဲ့ အတ္တကမ်းပါး ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်တွေအဖြစ် ရှင်မွေလ ၊ အကယ်ဒမီ ခိုင်နှင်းဝေ ၊ အကယ်ဒမီမေမြင့်မိုရ် ၊ ဝေလာရီ ၊ သုန္ဒြေဦး ၊ ဇော်ဝင်းနိုင် ၊ သက်ဦးကို ၊ ဝင်းမင်းသန်း ၊ ကလေးသရုပ်ဆောင် သွန်းပြည့်သဒ္ဒါစံ နဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြောင်း သိရပါတယ်။

 # ဇာတ်လမ်းတွဲ စာညွှန်း # “နွယ်ပေမဲ့ မရစ်တွယ်”  ဇာတ်လမ်းတွဲ Showlike Application ရဲ့ မူပိုင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “နွယ်ပေမ...
13/09/2026

# ဇာတ်လမ်းတွဲ စာညွှန်း
# “နွယ်ပေမဲ့ မရစ်တွယ်” ဇာတ်လမ်းတွဲ

Showlike Application ရဲ့ မူပိုင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “နွယ်ပေမဲ့ မရစ်တွယ်” ဇာတ်လမ်းတွဲကို Showlike Application ကနေ မကြာမီ ထုတ်လွှင့်တင်ဆက်သွားမှာ ဖြစ်ပါတယ်။
“နွယ်ပေမဲ့ မရစ်တွယ်” ဇာတ်လမ်းတွဲရဲ့ ဝတ္ထုဇာတ်လမ်းကို တီနို ကရေးသားရေးဖွဲ့ထားပြီး Eric Linn က ဇာတ်ညွှန်းရေးညွှန်းထားကာ ဒါရိုက်တာ ရဲနောင်က တာဝန်ယူ ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဘဝရဲ့ အဓိပ္ပါယ်ကို ကိုယ်တိုင်မသိဘဲတူညီနေတဲ့ နေ့ရက်တွေကိုသာ ငြီးငွေ့ဖွယ် ဖြတ်သန်းနေတဲ့အခြေခံလူတန်းစား မိန်းက လေးတစ်ဦး။ သူမရဲ့ ဘဝထဲကို အလင်းရောင်တွေ ယူဆောင်လာပေးမယ့် သူဌေးသားလေးနဲ့ မတော်တဆ တွေ့ဆုံခဲ့တဲ့အခါ ကံကြမ္မာက သူတို့နှစ်ယောက်ကို တကယ်ပဲ ဆုံစည်းပေးခဲ့တာလား၊ ဒါမှမဟုတ် နာကျင်မှုတွေဆီ ခေါ်ဆောင်သွားဖို့လား ဆိုတာကိုတော့ မကြာခင် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတော့မယ့် “နွယ်ပေမဲ့ မရစ်တွယ်” မီနီစီရီးမှာ အဖြေထုတ်ကြပါစို့လား။
Showlike Application ရဲ့ မူပိုင်ဇာတ်လမ်းတွဲ ဖြစ်တဲ့ “နွယ်ပေမဲ့ မရစ်တွယ်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအဖြစ် ရှိန်း တင်ထူး၊ ဆုထက်၊ ထူးပုလဲရတနာ၊ အင်ကြင်ဖူး၊ ဂွမ်းပုံကြီး၊ အိမ့်ကြာဖြူ၊ ဇင်မျိုးနှင့် သရုပ်ဆောင်ပေါင်းစွာ ပါဝင်ထားကြောင်း သိရပါတယ်။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 11:30

Telephone

+9595112150

Website

Alerts

Be the first to know and let us send you an email when Guaranty Natural Fertilizer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Guaranty Natural Fertilizer:

Shortcuts

Share