Blankfaceart

Directions Website Contact the establishment

Blankfaceart Myanmar Modern & Contemporary Art

"12 ASEAN Artists" ဆိုတာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကအမျိုးသားပန်းချီပြတိုက် (National Art Gallery) မှာ ကျင်းပခဲ့တဲ...
05/06/2026

"12 ASEAN Artists" ဆိုတာ
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့က
အမျိုးသားပန်းချီပြတိုက် (National Art Gallery) မှာ ကျင်းပခဲ့တဲ့ ပန်းချီပြပွဲတစ်ခု ဖြစ်ပါတယ်။

အာဆီယံနိုင်ငံများမှ
လက်ရွေးစင် ပန်းချီဆရာ ၁၂ ယောက်ကို
ရွေးချယ်ပြသခဲ့တာပါ။
မြန်မာနိုင်ငံက ဆရာ M.P.P. Yei Myint ရွေးချယ်ခံခဲ့ရပြီး ကျန် ၁၁ ယောက်ကတော့ -
ထိုင်းနိုင်ငံမှ - Thawan Duchanee, Montien Boonma
စင်ကာပူနိုင်ငံမှ - Georgette Chen, Jimmy Ong
မလေးရှားနိုင်ငံမှ - Latiff Mohidin, Jalani Abu Hassan
အင်ဒိုနီးရှားနိုင်ငံမှ - Affandi, Heri Dono
ဗီယက်နမ်နိုင်ငံမှ - Bui Xuan Phai
ဖိလစ်ပိုင်နိုင်ငံမှ - Anita Magsaysay-Ho, Elmer Borlongan
အဆိုပါ ပန်းချီဆရာ ၁၂ ယောက်ကို
ဘယ်လို/ဘာကြောင့် ရွေးချယ်ရသလဲဆိုတာကို Curator note မှာ ရေးသားဖော်ပြထားပါတယ်။
သူတို့ဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကောင်းဆုံး လက်ရာရှင်တွေ မဟုတ်ခဲ့ရင်တောင်မှ
သူတို့နိုင်ငံတွေရဲ့
ပန်းချီရေစီးကြောင်းအကြောင်း
ဆွေးနွေးပြောဆိုတဲ့အခါ
ချန်လှပ်ထားလို့ မရတဲ့
ပုဂ္ဂိုလ်များလို့ မှတ်ချက်ပြုထားပါတယ်။
တကယ်လည်း
အဆိုပါ ၁၂ ယောက်လုံးဟာ
သူ့နည်းသူ့ဟန်နဲ့ ထူးခြားမှုရှိပြီး
သက်ဆိုင်ရာနိုင်ငံတွေရဲ့
ပန်းချီလောကအတွက် အရေးပါသူများ ဖြစ်ကြပါတယ်။
အထူးသဖြင့် Affandi, Montien Boonma, Thawan Duchanee, Anita Magsaysay-Ho, Georgette Chen နဲ့ Latiff Mohidin တို့ဟာ အရှေ့တောင်အာရှအဆင့်သာမက ကမ္ဘာ့အဆင့်အထိ
အောင်မြင်နေကြတဲ့
အနုပညာရှင်ကြီးများ ဖြစ်ကြပါတယ်။
အဆိုပါ ထင်ရှားတဲ့ အနုပညာရှင်များနဲ့
တန်းတူထားကာ ပြပွဲအတူတူ ကျင်းပခွင့်ရခဲ့တဲ့ ဆရာ M.P.P. Yei Myint အတွက်လည်း
ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
သက်ဆိုင်ရာ ပန်းချီဆရာကြီးများရဲ့ လက်ရာများကိုလည်း လေ့လာကြည့်ရှုပေးကြပါဦး။

နှစ်ဆန်းတစ်ရက်နေ့ကနေစတင်ပြီးမိသားစုများအေးချမ်းကြပါစေMyat Kyawt
17/04/2026

နှစ်ဆန်းတစ်ရက်နေ့ကနေစတင်ပြီး
မိသားစုများ
အေးချမ်းကြပါစေ

Myat Kyawt

ပျော်ရွှင်ချမ်းမြေ့ဖွယ်သင်္ကြန်အချိန်အခါများကိုပိုင်ဆိုင်နိုင်ကြပါစေArtist - Maung Maung Thike
15/04/2026

ပျော်ရွှင်ချမ်းမြေ့ဖွယ်
သင်္ကြန်အချိန်အခါများကို
ပိုင်ဆိုင်နိုင်ကြပါစေ

Artist - Maung Maung Thike

❤️🥰❤️https://www.facebook.com/share/p/1azqAHAHA6/?mibextid=wwXIfr
14/03/2026

❤️🥰❤️
https://www.facebook.com/share/p/1azqAHAHA6/?mibextid=wwXIfr

✅မြန်မာပန်းချီကျော် ၁၀၁ ဦး
✅ဒေါက်တာ ဖေဉာဏ်
❤️မှာယူနိုင်ပါပြီ
✅တန်ဖိုး ၃၅၀၀၀ ကျပ်

ပန်းချီအနုပညာကြောင်း
စာအုပ်တွေရှားပါးတဲ့ကာလမှာ
ထွက်လာတဲ့ စာအုပ်ကြီးဖြစ်တာကြောင့်
ဝမ်းသာအားရကြိုဆို အားပေးရမှာပါ။

ပါဝင်တဲ့ ပန်းချီကျော် ၁၀၁ ဦးစာရင်း (မာတိကာ)ကို
ကွန်မန့်မှာ ကြည့်နိုင်ပါတယ်။

စက္ကဖြူချော၊ စာမျက်နှာ ၃၈၀ ကျော်
တစ်အုပ်လုံး ရောင်စုံပုံနှိပ်ထားတာကြောင့်
တန်ဖိုး ၃၅၀၀၀ ဟာ
သက်သာတယ်လို့တောင် ဆိုနိုင်ပါတယ်။

ဒါ့အပြင် စန္ဒကူးမြိုင် ပန်းချီပြခန်းမှာ
စုဆောင်းထားတဲ့
ရှေးဟောင်း ပန်းချီကားများကိုလည်း
ထည့်သွင်းဖော်ပြထားပါသေးတယ်။
ကိုယ်ပိုင်ရှေးဟောင်းပန်းချီကားများကို
အများပြည််သူ သိရှိအောင်
ထည့်ပေးတာ ကောင်းမွန်လှပါတယ်။
ဒါပေမယ့် ပန်းချီကားလေးတွေမှာ
ရေးဆွဲသူအမည်နဲ့ ပုံအရည်အသွေးပိုကောင်းမွန်ရင်တော့
အတိုင်းထက် အလွန်ပါပဲ။

ပန်းချီဆိုင်ရာ စာအုပ်များကို
ပြုစုရေးသားသူများနဲ့
ထုတ်ဝေသူများကို အထူးကျေးဇူးတင်ပါတယ်။

👍ယခုပေ့ချ်သို့ အမည်၊ ဖုန်း ၊ လိပ်စာများ ပေးပို့မှာယူနိုင်ပါတယ်။

👍ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက
☎️09250091913
☎️09254192489
☎️09972293371 တို့ကို နေ့စဉ်
မနက်ကိုးနာရီမှညနေ ငါးနာရီအတွင်း
(တနင်္ဂနွေမပါ) မှာယူနိုင်ပါတယ်။

အရှေ့တောင်အာရှရဲ့ စျေးအကြီးဆုံး ပန်းချီကားအရှေ့တောင်အာရှ ပန်းချီလောကမှာ လက်ရှိအချိန်ထိ စျေးအမြင့်ဆုံးစံချိန်တင်ထားတဲ့ သက...
12/03/2026

အရှေ့တောင်အာရှရဲ့ စျေးအကြီးဆုံး ပန်းချီကား

အရှေ့တောင်အာရှ ပန်းချီလောကမှာ လက်ရှိအချိန်ထိ စျေးအမြင့်ဆုံးစံချိန်တင်ထားတဲ့
သက်ရှိပန်းချီဆရာ ကတော့
ဖိလစ်ပိုင်နိုင်ငံသား
Ronald Ventura (ရော်နယ် ဗင်တူရာ) ပါပဲ။

အမေရိကန်ဒေါ်လာ ၄.၇ သန်းကျော်နဲ့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း Hong Kong ၊ Christie’s လေလံပွဲမှာ လေလံအောင်ပါတယ်။

ထူးခြားချက်ကတော့ဒီပန်းချီကားဟာ
မူလခန့်မှန်းစျေးထက်
အဆပေါင်း ၂၀ နီးပါး
ပိုမိုရရှိခဲ့တာကြောင့်
အရှေ့တောင်အာရှရဲ့
Contemporary Art (ခေတ်ပြိုင်အနုပညာ) လောကကို တစ်ကမ္ဘာလုံးက
အံ့အားသင့်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဒီအရင်က
စံချိန်ဟောင်းကလည်း Ronald Ventura
ရဲ့ "Greyhound" (ဒေါ်လာ ၁.၁ သန်း) ပါပဲ။
အရှေ့တောင်အာရှ
Art Market မှာ
အင်ဒို၊ ဗီယက်နမ်တို့နဲ့အတူ
ဖိလစ်ပိုင်ဟာလည်း
ထိပ်ဆုံးကနေဦးဆောင်ထားပါတယ်။

စင်ကာပူကတော့
အရှေ့တောင်အာရှ
Art Market ရဲ့
ဗဟိုချက် နိုင်ငံတစ်ခုဖြစ်အောင်
Art Fair များစွာ
Activity များစွာတို့နဲ့
လှုပ်ရှားနေပါတယ်။

https://www.facebook.com/share/p/16yGvmEJRK/?mibextid=wwXIfr
11/03/2026

https://www.facebook.com/share/p/16yGvmEJRK/?mibextid=wwXIfr

ရွှေအသစ်ဒစ်ဂျစ်တယ်စာမျက်နှာရဲ့ “ရွှေသုတကဏ္ဍ”အတွက် ဒီနေ့ (၁၀.၃.၂ဝ၂၆) မှာတော့ ဆရာ ဆန်နီညိမ်း ရေးသားပြီး အမှတ် ၅၇၀၊ စက်တင်ဘာလ ၂ဝဝ၉ အလင်း တန်းဂျာနယ်မှာ ဖော်ပြခဲ့တဲ့ “ပါဖောင်းမင့်အနုပညာ(Performance Art)” ဆောင်းပါးကို ဆက်လက် ဖော်ပြလိုက်ပါတယ်။
◽

▪️ပါဖောင်းမင့်အနုပညာ
(Performance Art)
▪️ဆန်နီညိမ်း

ယခင်အပတ်မှအဆက်...

အယ်လန်ကပ်ပရိုး
Allan Kapraw
(b 1927- d 2006)

Happening ဆိုတာ ပါဖောင်းမင့်ပဲ ဖြစ်ပါတယ်။ အဖြစ်အပျက်တစ်ခုကို အနုပညာတစ်ရပ်အဖြစ် ဆိုလိုတာ ဖြစ်ပါတယ်။ ဟက်ပင်းနင်းက နေရာတိုင်းမှာ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ အကြိမ်ကြိမ် ဖြစ်ပေါ်စေသလို ရှင်းလင်းပြောကြားချက် မပါဘဲနဲ့ တင်ဆက်တတ်ကြသလို ကြည့်ရှုသူ ပရိသတ်အနေနဲ့လည်း ပါဝင်လုပ်ဆောင်ရ တာလည်း ရှိတတ်ပါသေးတယ်။
ဟက်ပင်းနင်းရဲ့ အဓိကသော့ချက်ကတော့ သေသေချာချာ စီမံလုပ်ဆောင် တာဖြစ်သလို တစ်ခါတစ်ရံမှာတော့ အနုပညာရှင်အနေနဲ့ ရုတ်တရက်ပေါ်လာတဲ့ အကြံဉာဏ်နဲ့ တင်ဆက်လိုက်တာမျိုးလည်း ပြုမူလေ့ရှိပါတယ်။
Happening ကို အမေရိကန် အနုပညာရှင် အယ်လန်ကပ်ပရိုး (Allan Kaprow) က ၁၉၅၇ ခုနှစ်က စတင်ပြောကြားခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကပ်ပရိုး က ၁၉၅၉ ခုနှစ်က 18 Happening in 6 Parts ကို တင်ဆက်ခဲ့ပါတယ်။
သူ့ရဲ့တင်ပြမှုမှာ ၁၉၅၂ ခုနှစ်က ကပ်ပရိုးရဲ့ ဆရာတစ်ဦးဖြစ်တဲ့ ဘလက်မောင်တိန်ကောလိပ်က ဂျွန်ကေ့ချ်ရဲ့တင်ဆက်မှု (Theater Piece No.1) နဲ့လည်း တူပါတယ်။ ကေ့ချ်က လှေကားပေါ်မှာရပ်ပြီး စာဖတ်ပြပြီး ချားလ်အိုလ်ဆန်က တခြား လှေကားတစ်ခုပေါ်မှာရပ်ပြီး စာဖတ်ပြပါတယ်။ ရောဘတ်ရိုချင်ဘတ်ဒ်က သူ့ရဲ့ပန်းချီ ကားတွေကို ပြရင်းရေးဆွဲနေပါတယ်။ ဒေးဗစ်တူဒိုးက စန္ဒရားတစ်လုံးကို တီးနေပြီး ခေတ်ပေါ်အက အနုပညာရှင် မာ့စ်ကမ်းနင်းဟန်က သူ့ရဲ့အကကို တင်ဆက်နေပါတယ်။ ကေ့ချ်က ဒီတင်ဆက်မှုကို တစ်ပြိုင်နက်ပြုလုပ်ပြသခဲ့ပါတယ်။
အယ်လန်ကပ်ပရိုးက 18 Happening in 6 Parts ကို နယူးယောက် ရူဘင်း ဂယ်လာရီ (Reuben Gallery) ၁၉၅၉ ခုနှစ်ရဲ့ ဆောင်းဦးရာသီမှာ တင်ဆက်ခဲ့ပါတယ်။ ပရိသတ်တွေ ကိုယ်တိုင်ပါဝင်စေနိုင်ခဲ့တဲ့ အစောဆုံး ပါဖောင်းမင့်ပွဲလည်းဖြစ်ခဲ့သလို ကြည့် သူရဲ့ အခန်းကဏ္ဍကို ချဲ့ထွင်စေခဲ့တဲ့ ပါဖောင်းမင့်လည်း ဖြစ်ပါတယ်။
ကပ်ပရိုးက သူ့ရဲ့ဖိတ်စာထဲမှာ “ခင်ဗျားကိုယ်တိုင် ဒီအဖြစ်အပျက် အနုပညာ (happening) ရဲ့ အပိုင်းတစ်ခုဖြစ်လာလိမ့်မယ်။ တစ်ပြိုင်နက်တည်းမှာပဲ ခင်ဗျားဟာ ဒီအဖြစ်အပျက် အနုပညာတွေကို တွေ့ကြုံခံစားရမှာဖြစ်တယ်” လို့ ဖော်ပြခဲ့ပါတယ်။
ဖိတ်ကြားခြင်းခံရတဲ့သူတွေကို ပလတ်စတစ်အိတ်ထဲမှာ ထည့်ထားတဲ့ စက္ကူစအချို့၊ ဓာတ်ပုံ၊ သစ်သား၊ ဆေး၊ ဖြတ်ညှပ်ထားတဲ့ ရုပ်ပုံကားချပ်များကို ထည့်သွင်းပေးပြီး ဖိတ်ကြားခံရသူများကို “ဒီအနုပညာရပ်အနေနဲ့လည်း ဘာမှန်းမသိရတဲ့ မျှော်မှန်းချက်နဲ့ ဝိုးတဝါးစိတ်ကူးတချို့သာ ရှိနေပါတယ်။ အဲဒီမှာ အခန်းသုံးခန်းရှိပြီး တစ်ခန်းနဲ့တစ်ခန်း အရွယ်အစားမတူသလို ခံစားမှုလည်း မတူနိုင်ပါ။ အချို့ ဧည့်သည်များအနေနဲ့ သရုပ်ဆောင်ရတာမျိုးလည်း ရှိနိုင်ပါတယ်” လို့ ရည်ညွှန်း ထားပါတယ်။
ရူဘင်းဂယ်လာရီရဲ့ ဒုတိယထပ်မှာတော့ ပလတ်စတစ်နဲ့ ကာရံထားတဲ့ အခန်းသုံးခန်းကို ပြုလုပ်ထားပါတယ်။ အခန်းတွေထဲမှာ ခင်းကျင်းထားတဲ့ ထိုင်ခုံတွေက စက်ဝိုင်းပုံနဲ့ လေးထောင့်ပုံကို မျက်နှာမူရာအရပ် မတူအောင် ခင်းကျင်းထားပါတယ်။ ကာရံထားတဲ့ အခန်းတွင်းမှာ ရောင်စုံမီးများ ထွန်းထားပြီး တတိယအခန်းကတော့ ထိန်းချုပ်ခန်းအဖြစ်ထား ရှိပါတယ်။ ဒီအခန်းကနေ ပါဖောင်းမင့်အနုပညာရှင်များက အဝင်အထွက် ပြုလုပ်ကြပါတယ်။
ပထမနဲ့ ဒုတိယအခန်း နှစ်ခန်းမှာလည်း ပတ်ဝန်းကျင်ကို ထင်ဟပ်စေတဲ့ ကြည့်မှန်ကြီးများကို ထောင်ထားပါတယ်။ ဒီပါဖောင်းမင့်မှာ ပါဝင်ကြမယ့်သူတွေကို အစီအစဉ် အသေးစိတ်တွေနဲ့ ကတ်ပြားသုံးပြားကို ပေးအပ်ထားပါတယ်။
ပါဖောင်းမင့်မှာ အပိုင်း ၆ ပိုင်း ပါရှိပြီး တစ်ပိုင်းစီမှာ အဖြစ်အပျက် ၃ ခုစီ ပါဝင်ပါတယ်။ ဒီ ၃ ခုဟာ တစ်ပြိုင်နက်တည်း ဖြစ်ပျက်နေပါတယ်။ အပိုင်းတစ်ပိုင်းရဲ့ အစနဲ့အဆုံးမှာ ဘဲလ်တစ်ချက်တီးပါတယ်။ အပိုင်းအားလုံး ပြီးဆုံးချိန်မှာတော့ ဘဲလ်နှစ်ချက်တီးတာကို ကြားကြရမှာပါ။
ပါဖောင်းမင့်မှာ ပါဝင်သူများ အနေနဲ့ အစီအစဉ်အားလုံးကို အထူးဂရုစိုက်ပြီး လုပ်ဆောင်ဖို့ရာ သတိပေးထားပါတယ်။
အပိုင်း ၁ နဲ့ ၂ ပြီးချိန်မှာ ဒုတိယအခန်းမှာ ထိုင်နေရမှာ ဖြစ် ပါတယ်။ အပိုင်း ၃ နဲ့ ၄ အတွက် ပထမအခန်းကို ပြောင်းပြီး ထိုင်ရမှာ ဖြစ်ပါတယ်။ ဒါကို အချက်ပေး ဘဲလ်တီး တိုင်း ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
အဖြစ်အပျက်တစ်ခုနဲ့ တစ်ခု အကြား အနားပေးချိန်မှာ ၂ မိနစ် ဖြစ်ပြီး အပိုင်း တစ်ခုနဲ့ တစ်ခုအကြား မှာတော့ ၁၅ မိနစ် နှစ်ကြိမ် သီးခြား အနားပေးသွားမှာ ဖြစ်ပါ တယ်။
အပိုင်းတစ်ပိုင်းအပြီးမှာ လက် ခုပ် မတီးပါနဲ့၊ အပိုင်း ၆ ပိုင်းစလုံး ပြီးမှသာ လက်ခုပ်တီးလိုက တီးနိုင်ပါတယ်လို့ ညွှန်ကြားထားပါတယ်။
ဒီအစဉ်အစဉ်မှာ ပါဝင်သူများအနေနဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အချက်ပေး ဘဲလ်တီးချိန်မှာ မိမိယူရမယ့် ခုံပေါ်မှာ နေရာယူရမှာဖြစ်ပါ တယ်။ သရုပ်ဆောင်ပါဝင်သူများအနေနဲ့ မိမိတို့ ပြုလုပ်ရမယ့် သရုပ်ဆောင်မှုတွေကို တိတိကျကျ လိုက်နာလုပ်ဆောင်စေပါတယ်။ ဘဲလ်နှစ်ချက် တီးချိန်မှာ တင်ဆက်မှု အားလုံး ပြီးဆုံးခဲ့ပါတယ်။
အယ်လန်ကပ်ပရိုးက သူ့ရဲ့ တင်ဆက်မှုကို တိတိကျကျ ရှိနေစေဖို့ရာ နှစ်ပတ်တိတိ ဇာတ်တိုက်ခဲ့ပါတယ်။
ပါဖောင်းမင့်တစ်ခုလုံးရဲ့ လှုပ်ရှားမှုနဲ့ အခန်းစဉ်တို့ရဲ့ အချိန်နဲ့နေရာ (ဟင်းလင်းပြင်) (Time and Space) ကို ကပ်ပရိုးက တိတိပပ ထိန်းချုပ် လုပ်ကိုင်ခဲ့ပါတယ်။
ဒီနေရာမှာ အထူးသတိပြုရမှာကတော့ (time and space) ကို အသုံးပြုရာမှာ အချိန် (time) ကိုလည်း တိတိကျကျ ရှိစေပြီး နေရာ (space) ကိုလည်း လိုအပ်သလို အသုံးပြုခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဒါတွေကို ခိုင်ခိုင်မာမာ ဖြစ် စေဖို့ ရက်ပေါင်းများစွာ ဇာတ်တိုက်ပြီးမှ တင်ဆက်ခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ ဖန်တီးတင်ဆက်တဲ့ အနုပညာရှင်တွေနဲ့ ကြည့်ရှုသူ ပရိသတ်ကို တစ်သားတည်းဖြစ်စေဖို့ တွဲဖက် ပြခဲ့ပါတယ်။
ကပ်ပရိုးရဲ့ တင်ဆက်မှုက များ စွာအောင်မြင်မှု ရခဲ့ပါတယ်။ တခြား အနုပညာရှင် များကလည်း သူတို့နည်း သူတို့ဟန်နဲ့ တင်ဆက်ပြသခဲ့ကြပါသေးတယ်။


◾
ဆန်နီညိမ်း
အမှတ် ၅၇၀၊ စက်တင်ဘာလ၊ ၂၀၀၉
အလင်းတန်းဂျာနယ်

(ဆက်လက်ဖော်ပြပါမည်)

M.P.P Yei Myint
22/12/2025

M.P.P Yei Myint

Address

Lanmadaw
Yangon
11

Alerts

Be the first to know and let us send you an email when Blankfaceart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Blankfaceart:

Shortcuts

Share

Category