Yati Magazine

စာဖတ် ပရိသတ်များ အတွက် သုတ၊ ရသ၊ အနုပညာ၊ ကျန်းမာရေး၊ အလှအပ စတဲ့ ကဏ္ဍများ စုံလင်စွာ ပါရှိတဲ့ "ရတီ" စာပေနှင့် အနုပညာ မဂ္ဂဇင်း ကို http://yatimagazine.com/ တွင်လည်း ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။

အနုပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ စိန်နန်းတော် (၁၃) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲစိန်နန်းတော် စိန်ရွှေရ...
05/09/2023

အနုပညာရှင်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တဲ့ စိန်နန်းတော် (၁၃) ဆိုင်မြောက် ဆိုင်သစ်ဖွင့်ပွဲ

စိန်နန်းတော် စိန်ရွှေရတနာဆိုင် ရဲ့ သာကေတ ဆိုင်သစ်ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂) ရက်နေ့မှ (၃) ရက်နေ့ အထိ ရန်ကုန်၊ Capital Mall (သာကေတ) မှာ နိုင်ငံကျော် အနုပညာရှင်များစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စက်တင်ဘာလ (၃) ရက်နေ့ မှာတော့ အဆိုတော် လွှမ်းပိုင်၊ တိုင်ရွန်၊ အေးချမ်းမောင်၊ မိုးယုစံ၊ ဝိုင်းစုခိုင်သိန်း၊ ထက်ထက်ထွန်း တို့က ပရိသတ်များနဲ့ အတူ တွေ့ဆုံခဲ့ကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့သလို သီချင်းများဖြင့်လည်း ဖျော်ဖြေတင်ဆက် ခဲ့ကြပါတယ်။

ကိုရီးယားကြယ်နှစ်ပွင့်နှင့် စင်္ကာပူတွင်ဆုံနိုင်ခွင့်တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်ကြသော Song Hye-kyo နှင့် Cha Eun-wo...
05/09/2023

ကိုရီးယားကြယ်နှစ်ပွင့်နှင့် စင်္ကာပူတွင်ဆုံနိုင်ခွင့်

တောင်ကိုရီးယားသရုပ်ဆောင်များဖြစ်ကြသော Song Hye-kyo နှင့် Cha Eun-woo တို့သည် စက်တင်ဘာ ၅ ရက်တွင် စင်ကာပူ၌ ရောက်ရှိမည်ဖြစ်သည်။

၄င်းတို့သည် သည် ION Orchard ရှိ ပြင်သစ်ကျောက်မျက်ရတနာ Chaumet ၏ pop-up ဆိုင်ဖွင့်ပွဲသို့ တက်ရောက်မည်ဖြစ်သည်။

အင်္ဂါနေ့ (စက်တင်ဘာ 5) တွင် ညနေ ၃ နာရီမှစတင်၍ ION Orchard ရှိ atrium တွင် ၄င်းတို့နှင့်ဓာတ်ပုံများကို အတူရိုက်ခွင့်ရမည်ဖြစ်သည်။

Source: CNA

အာရှအမျိုးသမီးများခေတ်ယနေ့ သြဂုတ် ၃၀တွင် ကျင်းပသည့် ၂၀၂၃ အာရှအမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဘော်လီဘောအ...
30/08/2023

အာရှအမျိုးသမီးများခေတ်

ယနေ့ သြဂုတ် ၃၀တွင် ကျင်းပသည့် ၂၀၂၃ အာရှအမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ထိုင်းအမျိုးသမီးဘော်လီဘောအသင်းက သြစတြေးလျအသင်းကို ၂၅-၁၄၊ ၂၅-၁၆၊ ၂၅-၂၂ ဖြင့် ယှဉ်ပြိုင်အနိုင်ကစားခဲ့သည်။

ပြိုင်ပွဲကို လက်ရှိတွင် ထိုင်းနိုင်ငံ၊ Nakhon Ratchasima တွင် ၂၀၂၃ ခုနှစ် သြဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၆ ရက်အထိ ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲ၏ထိပ်တန်းသုံးသင်းသည် 2025 FIVB ဘော်လီဘောအမျိုးသမီးကမ္ဘာ့ချန်ပီယံ AVC ကိုယ်စားလှယ်အဖြစ် အရည်အချင်းပြည့်မီကြသူများဖြစ်သည်။

ဓာတ်ပုံများ - Todsaporn Lohkhunceam
SOURCE- Khaosod

29/08/2023

ရှယ်ယာတွေခွဲထွက်ပြီး စီးပွား​ရေးလုပ်သွားဖို့ရှိတယ် ...

"သားဖြစ်သူ နေရဲ နဲ့ ဇာတ်ကားအတူတူရိုက်သွားဖို့ရှိတယ်။ စီးပွားရေးနဲ့ပတ်သက်လို့ လက်ရှိမှာ ရှယ်ယာတွေအကုန်ထွက်ထားပါပြီ။ မိသားစုနဲ့သေချာ တိုင်ပင်ပြီး စီးပွား​ရေးပြန်လုပ်ဖို့ ရှိပါတယ်" ခင်လှိုင်

#ခင်လှိုင်

29/08/2023

မမြဲတဲ့ Six pack ရော မြဲတဲ့ ဗိုက်ပူ‌ရော လက်ခံတဲ့ ချိုမာ...

Six pack ဆိုတာ တစ်နေ့နေ့တစ်ချိန်ချိန် သူ Gym မသွားနိုင်တော့ရင် ဗိုက်ကပူလာမှာဆိုတော့ မမြဲတဲ့အရာတွေပေါ့။ ဒါပေမယ့်လည်း ခဏလေးကိုင်လိုက်ရလည်း အဆင်ပြေပါတယ် ဗိုက်
ပူလာရင်လည်း ခေါင်းအုံး‌လေးလို မှီပြီးအိပ်လိုက်မယ်။ အရင်ကတော့ ကိုကိုမှကိုကို အခုတော့ မောင်လေးလည်းချစ်မယ် ဦးလေးလည်းရတယ်။ ယောင်္ကျားယူပြီး ယောင်္ကျားလုပ်စားထိုင်စားချင်စိတ်ရှိလို့ သူတို့အလုပ်မရှိရင် အဆင်မပြေဘူး - ချိုမာ

#ချိုမာ

29/08/2023

ထက်အောင်ရှိုင်းက မေမြင့်မိုရ်ရဲ့ပရိသတ်ပါ...

"မေမြင့်မိုရ်က ပါးပါး​လေးနဲ့ရယ်​အောင်လုပ်တတ်တယ်။ သရုပ်​ဆောင်တာ အရမ်းမိုက်​တယ်။ သူ့ကို icecream သီချင်းမှာကတည်းက ကြိုက်ခဲ့ရတယ်။ ကျွန်​တော်က သူ့ပရိသတ်ပါ" ထက်​အောင်ရှိုင်း

"Comedy ရိုက်ရတာ စိတ်လွတ်လပ်ပြီး​ အရမ်းပျော်ဖို့​ကောင်းတယ်။ပျော်​ပျော်ရွှင်ရွှင်​လေးနဲ့ ပြီးသွားခဲ့တယ်။ သူငယ်ချင်းထက်​အောင်ရှိုင်းနဲ့ ဒီကားမှာ အမှတ်တရ​တွေအများကြီးပါ" မေမြင့်မိုရ်

#ထက်​အောင်ရှိုင်း #မေမြင့်မိုရ်

29/08/2023

ပန်းရောင်ဘာဘီကောင်လေးဝတ်စုံနဲ့ ကျွန်‌တော့်ကို ပရိသတ်တွေက ချစ်ကြတယ် . . .

Fashion အမြင်မှာ တခါတလေ မထော်မနန်းဖြစ်သွားတာက တက်ရတဲ့ပွဲအ‌ပေါ်မူတည်လို့ နားလည်ပေးကြပါ။ ကျွန်တော်လည်း ဆင်ခြင်ပါမယ်။ အဲ့ပန်း‌ရောင် ဝတ်စုံနဲ့ ပတ်သက်ပြီး Troll ကြတယ်ဆို‌ပေမယ့် သူတို့ မန့်ထားတာလေးတွေက ချစ်စရာကောင်းပါတယ်။ ကျွန်တော် ဘာပဲလုပ်လုပ် ပရိသတ်တွေက ချစ်ကြလို့ အားနာနေပြီ။ ခုချိန်ထိကို အဲ့ဝတ်စုံက အရှိန်မသေချင်သေးဘူး။ Post တွေအောက်မှာ တက်တက်လာတုန်း - ဟိန်းသူအောင်

#ဟိန်းသူအောင်

28/08/2023

ဧငြိမ်းဖြူ နဲ့ မပေါင်းဖက်ရရင်တောင် ရဲရင့်အောင်က တစ်သက်လုံးချစ်ရမယ့်သားပါပဲ ဒါရိုက်တာ သီတာလင်း...

“သူတို့နှစ်ယောက်အခုဖြစ်နေတာ ပြင်းထန်နေပြီ။ကိုယ်လည်းဘာမှ မပြောနိုင်တော့ဘူး။ရဲရင့်အောင်ဖြေတဲ့အထဲမှာ ၂သောင်းခွဲပဲရှိလို့ ပစ်သွားတယ်ဆိုတာ တစ်ခွန်းမှမပါဘူး။ဒီတော့ ရဲရင့်အောင်မှာလည်း အပြစ်မရှိဘူး။သူတို့နှစ်ဦးမဆုံစည်းခဲ့ရင်တောင် ရဲရင့်အောင် က တစ်သက်လုံးချစ်ရမယ့်သားတစ်ယောက်ပါပဲ။”

#ဒါရိုက်တာ သီတာလင်း

28/08/2023

သုန္ဒြေဦးကို မျက်ရည်ကျအောင်လုပ်ခဲ့တဲ့ ဒေါက်တာခင်စံပယ်...

“တစ်သက်လုံးတစ်ခါမှ မလုပ်ဖူးဘူး။မျက်နှာ တစ်ခုလုံးကို ယုံယုံကြည်ကြည် လုပ်ပေးဖို့ ပြောတုန်းကလည်း မျက်ရည်ကျခဲ့ရသေးတယ်။အရမ်းလည်းကြောက်ခဲ့တယ်။”သုန္ဒြေဦး

“ငါမှ နင့်ကို မချစ်တော့တာ ဆိုတဲ့ မိန်းမတစ်ယောက်ကို ခံစားရအောင်ပြောတဲ့စကားတစ်ခွန်းကြောင့်ပြုပြင်ပြောင်းလဲပေးခဲ့တာပါ။စိန်ခေါ်မှုတစ်ခုပါပဲ။၃နာရီအတွင်း အစောကို ပြောင်းလဲပေးရတာပါ။”ဒေါက်တာခင်စံပယ်

28/08/2023

ကချင်လို့ နဂါးပူးပြရာက မြန်မာတစ်နိုင်ငံလုံး နဂါးတွေဖြစ်ကုန်တော့မယ် . . .

မီဒီယာတွေလာမှ နဂါးတွေပူးပူးပြီး ကပြတာ သိပ်တော့မကြိုက်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး နဂါးတွေဖြစ်ကုန်တော့မလား မသိဘူး။ တကယ့်ပွဲ‌တွေမှာ နတ်ချော့လို့ ကတာကပါ။ ဆိုင်းသံ ဗုံသံကြားရင် လူတိုင်းက ကချင်ကြတယ်။ သောက်ထားတာမျိုးလည်းပါတော့ ရောကလိုက်တာလည်း ဖြစ်နိုင်တာပေါ့နော်။ ကလပ်မှာ ကတာနဲ့ လူတောထဲမှာ ကတာ ဒါပဲကွာတာပါ။ လူတောထဲကတော့ လူမြင်ပြီး မီဒီယာရှေ့ကတော့ မီဒီယာသိတာပေါ့ - ချန်းလုံ

#ချန်းလုံ

28/08/2023

အသက်ကြီးမှ စိုးမြတ်သူဇာ ဆံပင်အရောင်ဆိုးလို့ ပြောလိုက်တဲ့ ရန်အောင်...

“သူ့ကို ကျော့ကျော့ရှင်းရှင်းသွယ်သွယ်လှလှလေးလို့မြင်တာလေ။အရင်ကဆံပင်လည်းအရှည်ကြီး ဆံလုံးတွေလည်းအကြီးကြီးလေ။အခုဆံပင်အရောင်ဆိုးတော့ လုပ်သင့်လုပ်ထိုက်တာတော့လုပ် ကိုယ်မထိခိုက်စေနဲ့လို့ပြောသေးတယ်။အသက်ကြီးနေပြီလို့တော့ပြောလိုက်သေးတယ်။”

#ရန်အောင်

28/08/2023

ပရိသတ်ရှိလို့ ရပ်တည်နေတဲ့ ညီထွဋ်ခေါင် . . .

ကျွန်တော်လုပ်နေတဲ့ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်တတ်ပြီး ကျန်တာဘာမှမလုပ်တာကြောင့် အနိမ့် အမြင့် အတက် အကျတွေအများကြီးကြုံပြီး ဒုက္ခတွေရောက်ခဲ့တယ်။ ဘယ်လောက်ဒုက္ခရောက်ခဲ့ပါစေ မစွန့်လွှတ်ဘဲ ပေတေပြီး ဒီအနုပညာအလုပ်ကိုဆက်လုပ်ခဲ့တယ်။ ပရိသတ်အားကြောင့်သာ ဒီနေ့ဒီချိန်ထိ ညီထွဋ်ခေါင်ဆိုပြီး ရပ်တည်နေနိုင်တာပါ - ညီထွဋ်ခေါင်

#ညီထွဋ်ခေါင်

Address

35th Street, Kyauktada Township
Yangon
11182

Alerts

Be the first to know and let us send you an email when Yati Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share