The Japan Foundation, Yangon

Call Directions Website Contact the establishment

The Japan Foundation, Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Japan Foundation, Yangon, Cultural Center, No. 70 Nat Mauk Lane (1), Bahan Township, Yangon.

We promote international cultural exchange and support Japanese-language teachers, learners and Japanese studies researchers to cultivate the friendship between Japan and Myanmar.

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက်...
25/09/2026

အားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်နိုင်ငံသို့သွားရောက်ကြမည့်သူများအတွက် ကွက်တိအထောက်အကူပြုမည့် ဂျပန်ယဥ်ကျေးမှုအစီအစဥ် “Hakken! ဂျပန်နိုင်ငံ နေ့စဥ်နေထိုင်မှုဘဝအတွက်ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်လေးကို လစဥ်ပြုလုပ်ပေးနေပါတယ်။ ဒီအစီအစဥ်လေးမှာဆိုရင် ဂျပန်နိုင်ငံမှာနေထိုင်စဥ်အတွင်း သိထားလျှင်အထောက်အကူဖြစ်နိုင်မည့် နေ့စဥ်နေထိုင်မှုဘဝနှင့်ပတ်သက်တဲ့ ယဥ်ကျေးမှုတွေကို ပျော်ပျော်ရွှင်ရွှင်လေ့လာနိုင်မှာဖြစ်ပါတယ်။
(၆)ကြိမ်မြောက်ခေါင်းစဥ်လေးကတော့ “နေမကောင်းဖြစ်ခဲ့သော်...”ဖြစ်ပြီး၊ အောက်တိုဘာလ (၁)ရက်နေ့ (ကြာသပတေးနေ့)၊ နံနက် (10:00~11:30)အထိ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ(JFYG)မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
နိုင်ငံခြားမှာနေထိုင်တဲ့အခါ နာမကျန်းဖြစ်တာမျိုးတွေလည်းရှိနိုင်တာမလို့ ဂျပန်မှာနေမကောင်းဖြစ်တဲ့အခါ ဘယ်လိုလုပ်ကြမလဲ? ဂျပန်နိုင်ငံကိုရောက်ပြီးမှ အခက်မတွေ့ရလေအောင် အတူတူပျော်ပျော်ရွှင်ရွှင်လေ့လာကြည့်ကြရအောင်။

ဂျပန်ဘာသာ၊ မြန်မာဘာသာဖြင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ဂျပန်ဘာသာစကားမှာ ယုံကြည်မှုသိပ်မရှိသူများလည်း ပါဝင်နိုင်တာမလို့ အားလုံးဆက်ဆက် ပါဝင်ပေးကြပါဦးနော်။

■နေ့ရက် နှင့် အချိန်:၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့ (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် နံနက် (10:00~11:30) အထိ

■နေရာ:ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)
အမှတ်(၇၀)၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
■အနီးဆုံးဘတ်စ်ကားမှတ်တိုင် - ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။
■ကားနံပါတ် - ၄၃၊ ၆၄၊ ၈၀။
■ပါဝင်ကြေး:အခမဲ့။
■ပါဝင်နိုင်သူများ:မြန်မာလူမျိုးဂျပန်ဘာသာစကားလေ့လာနေသူများအားလုံး (မည်သည့်levelမဆို ပါဝင်နိုင်ပါတယ်။)
■အသုံးပြုမည့်ဘာသာစကား:ဂျပန်ဘာသာစကား နှင့် မြန်မာဘာသာစကား။
■လျှောက်ထားရန်:အောက်ဖော်ပြပါ Microsoft Formမှတဆင့် လျှောက်လွှာတင်ပေးပါ။
https://forms.cloud.microsoft/pages/responsepage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMURVRzkzQ09MQkE4QkRQOUtLVE81VTBPUCQlQCNjPTEkJUAjdD1n&route=shorturl

■လျှောက်လွှာပိတ်ချိန်:၂၀၂၆ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့ (အင်္ဂါနေ့)၊ မြန်မာစံတော်ချိန် နေ့လည် ၁၂နာရီ။
■သတ်မှတ်ဦးရေ:၃၀ ဦး။
★ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ ဆက်သွယ်ရန်ဖုန်းနံပါတ်:01-430920・ 01-430921
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ page:https://www.facebook.com/JFYangon
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Telegram Channel:https://t.me/JFYangon
★ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်၏ Instagram Page:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

------------------------------------------------------------

みなさんこんにちは!
国際交流基金ヤンゴン日本文化センター(JFYG)では、日本へ行くみなさんにぴったりの日本文化紹介イベント 「はっけん!日本の生活文化」を定期開催しています。このイベントでは、日本で暮らす時に知っておくと役に立つ、生活に関する文化を楽しく学ぶことができます。
第6回のテーマは「病気になったら」で、10/1 (木) 朝10時からJFYGで行います!
海外での暮らしは体調を崩しやすいものですが、日本で病気になったらどうすればよいでしょうか?
日本へ行ってから困らないよう、一緒に楽しく勉強しましょう!
日本語・ミャンマー語での開催で日本語に自信のない人でも大丈夫なので、みなさんぜひご参加くださいね!

■実施日時: 2026年10月1日(木)10:00am-11:30am (ミャンマー時間)
■場所:The Japan Foundation, Yangon (対面)
No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar
■最寄りバス停:Byaing Yay Oe Zin Bus Stop 
■バス番号:43, 64, 80
■参加費:無料
■対象:ミャンマー人日本語学習者 (どのレベルでも参加できます!)
■使用言語:日本語・ミャンマー語
■参加申込:下記の Microsoft Forms よりお申込ください。
https://forms.cloud.microsoft/pages/responsepage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUMURVRzkzQ09MQkE4QkRQOUtLVE81VTBPUCQlQCNjPTEkJUAjdD1n&route=shorturl

■申込締切:2026年9月29日(火)12:00pm(ミャンマー時間)
■定員:30名

★ヤンゴン日本文化センター電話番号:01-430920・ 01-430921
★ヤンゴン日本文化センターFacebookページ:https://www.facebook.com/JFYangon
★ヤンゴン日本文化センターTelegramチャンネル:https://t.me/JFYangon
★ヤンゴン日本文化センターInstagramページ:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1





#国際交流基金

"၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့မှုပေးအပ်ခြင်းအစီအစဉ်များမှ  ဂျပန်ဘာသာသင်ကြားရေးပိုင်းဆိုင်ရာ  ထောက်ပံ့မှုအစီအစဉ်များနှင...
23/09/2026

"၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့မှုပေးအပ်ခြင်းအစီအစဉ်များမှ ဂျပန်ဘာသာသင်ကြားရေးပိုင်းဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်များနှင့်ပတ်သက်သည့် အသိပေးကြေညာခြင်း "

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှ နှစ်စဉ်ပြုလုပ်လျက်ရှိသောထောက်ပံ့မှုအစီအစဉ်များထဲမှ မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်ရှိ ပညာရှင်များ လျှောက်ထားနိုင်မည့် ထောက်ပံ့မှုအစီအစဉ်များ၏ အကြမ်းဖျင်းအချက်အလက်များကို အောက်ပါပုံများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (အင်္ဂါနေ့) ၏ မြန်မာစံတော်ချိန် ၁၀ နာရီခွဲတွင် လျှောက်လွှာဖောင်ပိတ်ပါမည်။

ပရိုဂရမ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဝက်ဘ်ဆိုဒ်တွင်လေ့လာနိုင်ပါသည်။ လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများကို ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဝက်ဘ်ဆိုဒ်တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။ (※ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ အီးမေးလ် သို့မဟုတ် စာရွက်စာတမ်းများပေးပို့လျှောက်ထားမှုများကို လက်ခံမည်မဟုတ်ပါ။)

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဝက်ဘ်ဆိုဒ် (ဂျပန်ဘာသား၊ အင်္ဂလိပ်ဘာသာ)  https://www.jpf.go.jp/e/program/list.html

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ ဝက်ဘ်ဆိုဒ် (မြန်မာဘာသာ)   https://yg.jpf.go.jp/my/%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%B6%E1%80%B7%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%A1%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1/

လျှောက်လွှာ လျှောက်ထားရန်ဝက်ဘ်ဆိုဒ်အသုံးပြုပုံကို အောက်ပါ ဗီဒီယိုများကို ကြည့်ရှုပေးပါရန်။

Grant Program Application ①How to create an account for the online application portal: https://youtu.be/8rtwnqsO-rE?si=CATZAm9_MzDQzB9c

Grant Program Application ②How to prepare your application documents: https://youtu.be/P5jzsQEGigM?si=oIDpQEqGU6Dt8OSr

Grant Program Application ③How to upload application documents: https://youtu.be/zm4F_f3d6pQ?si=c5z0n4E5X2LPPXu1

ဤပရိုဂရမ်နှင့်ပတ်သက်သည့်စုံစမ်းမေးမြန်းမှုများကို ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ ဆက်သွယ်နိုင်ပါသည်။
■ ဖုန်းနံပါတ် : ၀၁-၄၃၀၉၂၀/၁
■ အီးမေးလ်လိပ်စာ : [email protected]
■ စုံစမ်းမေးမြန်းနိုင်သည့်အချိန် : အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့ မနက် ၉နာရီမှ ညနေ ၅ နာရီ

【ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း】  ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလ...
23/09/2026

【ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးခြင်း】

ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးအတွက် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)မှ ကျင်းပပြုလုပ်သော ဆွေးနွေးပွဲနှင့် ဆယ်မီနာများတွင် အစဉ်အမြဲပါဝင်ပေးခြင်းအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

ယခုတစ်ကြိမ်မှာတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာတွင် ယခင်နှစ်အလားတူ “ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း” ကို ဖွင့်လှစ်မှာဖြစ်ပါတယ်။ အခြေခံအဆင့်သင်ကြားနည်းကို သင်ယူလေ့လာဖူးခြင်းမရှိသော စာသင်ကြားရေးသက်တမ်း နုနယ်သေးသည့် ဆရာများအတွက် အဓိကရည်ရွယ်သော သင်တန်းဖြစ်ပါတယ်။
ဤသင်တန်းမှာတော့ အခြေခံအဆင့်သင်ခန်းစာတွင် အရေးကြီးသည့် “သင်ခန်းစာကို မိတ်ဆက်ခြင်း” နှင့် “လေ့ကျင့်ခြင်း” တို့ရဲ့ သင်ကြားပုံကို ထဲထဲဝင်ဝင်လေ့လာပြီး မိမိတို့ရဲ့ စာသင်ခန်းတွင် ပြန်လည်အသုံးချနိုင်ရန် ရည်ရွယ်ထားပါတယ်။
・သင်တန်းအချိန်မှာ ဆရာကသာ တောက်လျှောက်ရှင်းပြနေမိပါသလား။
・ကျောင်းသားများမှ မိမိကိုယ်တိုင်စဉ်းစားပြီး ဂျပန်ဘာသာစကားကို ပြောနိုင်ပါသလား။
ကျောင်းသားများမှ “ဂျပန်စကားကို ဆက်လေ့လာချင်တယ်”၊ “ဂျပန်လို ပြောထွက်ချင်တယ်” လို့ ခံစားရစေဖို့ဆိုရင်တော့ အခြေခံကို စလေ့လာတဲ့ အချိန်ကတည်းက “သင်ယူခြင်းရဲ့ ပျော်ရွှင်မှု” နဲ့ "ဂျပန်လိုပြောခြင်းရဲ့ ပျော်ရွှင်မှု" ကို ခံစားရဖို့အရေးကြီးပါတယ်။ အဲဒီအတွက် သင်ခန်းစာကို မိတ်ဆက်ခြင်းနဲ့ လေ့ကျင့်ခြင်းကို စနစ်တကျတည်ဆောက်ဖို့ အရေးကြီးပါတယ်။
အခြေခံအဆင့်မှာကတည်းက ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ပေးနိုင်မယ့်အတန်းမျိုးကို ဖန်တီးဖို့ရန် အတူတူစဉ်းစားကြည့်ကြပါစို့လား။
စိတ်ပါဝင်စားတဲ့ ဂျပန်ဘာသာစကားသင်ကြားရေးဆရာများအားလုံးကို ဝင်ရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အားလုံးရဲ့ လျှောက်ထားမှုကို စောင့်မျှော်နေပါမယ်။

■သင်တန်းအမည်
ဂျပန်ဘာသာအခြေခံအဆင့် သင်ကြားရေးနည်းစနစ်သင်တန်း

■ခေါင်းစဉ်
ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ပေးမယ့် စာသင်ခန်း ~စာကြောင်းဖွဲ့စည်းပုံမိတ်ဆက်ခြင်းမှ လက်တွေ့လေ့ကျင့်ခန်းအထိ~

■ဦးတည်ချက်
၁) စာကြောင်းဖွဲ့စည်းပုံကို မိတ်ဆက်ခြင်းမှ လက်တွေ့လေ့ကျင့်ခန်းအထိ အခြေခံအဆင့်သင်ခန်းစာဖွဲ့စည်းပုံနှင့် သင်ကြားနည်းကို နားလည်သဘောပေါက်ရန်
၂) ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်ကို ပျိုးထောင်ရန် အခြေခံအဆင့်သင်ခန်းစာကို ရေးဆွဲခြင်းနှင့် လက်တွေ့အသုံးချနိုင်ရန်
၃) တွဲဖက်လေ့လာခြင်းမှတဆင့် အချင်းချင်း အပြန်အလှန်သင်ယူခြင်းဖြင့် အသစ်သောလေ့လာတွေ့ရှိချက်များကို ရရှိရန်
၄) ဂျပန်ဘာသာစကားသင်ကြားရေးဆရာအချင်းချင်း ရင်းနှီးကျွမ်းဝင်သည့် ကွန်ယက်တစ်ခုကိုတည်ဆောက်ရန်

■အကြောင်းအရာ
Session 1 ဖွင့်ပွဲ၊ Orientation၊ အတန်းကို လက်တွေ့တက်ရောက်ကြည့်ခြင်း၊ သင်ခန်းစာ၏အသွားအလာ
Session 2 သင်ခန်းစာမိတ်ဆက်ခြင်းတွင် ပြုလုပ်ရမည့် လုပ်ဆောင်ချက်များ၊ အခြေခံလေ့ကျင့်ခြင်း ၁
Session 3  အခြေခံလေ့ကျင့်ခြင်း ၂ 
Session 4 လက်တွေ့လေ့ကျင့်ခြင်း
Session 5 အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း
Session 6  အစမ်းသင်ကြားခြင်းအတွက် ပြင်ဆင်ခြင်း(Online)
Session 7 အစမ်းသင်ကြားခြင်း
Session 8 အစမ်းသင်ကြားခြင်း
Session 9  သင်တန်းတစ်ခုလုံး၏ အချုပ်၊ သင်တန်းဆင်းပွဲ၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ နှီးနှောဖလှယ်ခြင်းအစီအစဉ်

■အချိန်   
စုစုပေါင်း ၉ ကြိမ်၊

・၈ကြိမ် (အပြင်တန်း):အပတ်စဉ် စနေနေ့၊ နေ့လည် ၁:၀၀ မှ ၄:၀၀ (ကြားတွင် ၁၅မိနစ် နားချိန်ပါရှိသည်)

အောက်တိုဘာလ ၁၀ရက်၊ အောက်တိုဘာလ ၁၇ရက်၊ အောက်တိုဘာလ ၃၁ရက်၊ နိုဝင်ဘာလ ၇ရက်၊ နိုဝင်ဘာလ ၁၄ရက်၊ နိုဝင်ဘာလ ၂၈ရက်၊ ဒီဇင်ဘာလ ၁၂ရက်၊ ဒီဇင်ဘာလ ၁၉ရက်၊
・၁ ကြိမ် (Online):နေ့ရက်နှင့် အချိန်ကို သင်ကြားမည့်ဆရာများနှင့် ပြန်လည်ဆွေးနွေးသတ်မှတ်ပါမည်။

*အောက်တိုဘာလ ၂၄ရက် နှင့် ဒီဇင်ဘာလ ၅ရက်နေ့ အတန်းနားပါသည်။

■နေရာ
ဂျပန်ဖောင်းဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
https://maps.app.goo.gl/QwUwnFms7dwBZzGw8
အနီးဆုံးဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင်
ဘတ်စ်ကားနံပါတ်  :၄၃၊ ၆၄၊ ၈၀

■သင်တန်းကြေး
အခမဲ့

■ လျှောက်ထားရန် လိုအပ်ချက်များ
・JLPT N3အထက်ရှိပြီး ဂျပန်ဘာသာဖြင့် ပို့ချသော အတန်းကို နားလည်သဘောပေါက်နိုင်သူများ
・(၈)ကြိမ်လုံး ဂျပန်ဖောင်ဒေးရှင်းရန်ကုန်သို့ ကိုယ်တိုင်လာရောက်တက်ရောက်နိုင်သူများ
・Online ဖြင့် ပြုလုပ်သော အစမ်းသင်ကြားခြင်းအတွက် ၁ ကြိမ်ဆွေးနွေးခြင်း တက်ရောက်နိုင်သူများ
・ဂျပန်ဘာသာ အခြေခံအဆင့်သင်ကြားရေးနည်းစနစ်သင်တန်းကို တက်ရောက်ဖူးခြင်းမရှိသူများ
・မြန်မာလူမျိုးများအား ဂျပန်ဘာသာစကားသင်ကြားပေးနေသူများ
・သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားသင်ကြားရေးကို ဆက်လက်လုပ်ကိုင်မည့်သူများ

*ဦးရာသူစနစ်မဟုတ်ပါ။ လျှောက်လွှာဖောင်ပါအကြောင်းအရာများအား ထည့်သွင်းသုံးသပ်ပြီးမှ တက်ရောက်ခွင့်ရရှိသူများအား ရွေးချယ်မည်ဖြစ်ပါသည်။
* သင်ကြားရေးနည်းစနစ်သင်တန်းတွင် ယခင်က ပါဝင်တက်ရောက်ဖူးခြင်းမရှိသူများအား လျှောက်လွှာတင်သွင်းပြီးနောက်တွင် တာဝန်ခံမှ လျှောက်လွှာတွင်ရေးသားထားသော အကြောင်းအရာများနှင့်ပတ်သက်ပြီး ဂျပန်ဘာသာစကားကျွမ်းကျင်မှုနှင့် သင်တန်းအားတက်ရောက်လိုသည့် အကြောင်းပြချက်များကို ဖုန်းဖြင့်မေးမြန်းခြင်းများ ရှိပါမည်။

■သတ်မှတ်ဦးရေ
၁၆ ဦး

■ဖတ်စာအုပ်
ပို့ချသူမှ ပြင်ဆင်ထားသော စာရွက်စာတမ်းများ၊『国際交流基金 日本語教授法シリーズ9 初級を教える』

■သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate)
အောက်ဖော်ပြပါအချက်အလက်များကို လိုက်နာသူများအား သင်တန်းဆင်းလက်မှတ် ထုတ်ပေးပါမည်။
၁) သင်တန်း ၉ ကြိမ်အနက် ၈ ကြိမ်နှင့်အထက် တက်ရောက်ရန်
၂) သင်တန်းမှပေးအပ်သော assignment များနှင့် ကိုယ်တိုင်ပြန်လည်သုံးသပ်ချက်များအားလုံးကို မပျက်မကွက်တင်သွင်းရန်
၃) အစမ်းသင်ကြားခြင်းနှင့်ပတ်သက်၍ ၄ကြိမ် (session 5 -8) အားလုံးကို ပါဝင်ရန်

■ လျှောက်ထားရန်
အောက်ပါURLမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
https://forms.cloud.microsoft/r/QUZVY87HzJ?origin=lprLink

■ ဖောင်ပိတ်ရက် 
၂၀၂၆ခုနှစ် စက်တင်ဘာလ ၃၀ရက် (ဗုဒ္ဓဟူး) နေ့လည် ၁၂နာရီ

■တက်ရောက်ခွင့်ရရှိသူများအား ဆက်သွယ်မည့်ရက်
၂၀၂၆ ခုနှစ် အောက်တိုဘာလ ၅ရက် (တနင်္လာ) မနက် ၉ နာရီနောက်ပိုင်း

■ စုံစမ်းမေးမြန်းရန်  :
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ
Email [email protected]
ဖုန်း 09-891055553
တာဝန်ခံ KD Sunday Seng Htoi Khawn Taung
(တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် 9:30 မှ ညနေ 4:00အထိ ဆက်သွယ်စုံစမ်းနိုင်ပါသည်။)

လျှောက်ထားမှုများကို စောင့်မျှော်နေပါမည်။

*****************************************************

【日本語初級教授法コース開講のお知らせ】

日本語教師のみなさんへ

いつも国際交流基金ヤンゴン日本文化センター(JFYG)のセミナーや勉強会にご参加いただき、ありがとうございます。

このたび、JFYGでは、昨年度に続き「日本語初級教授法コース」を開講します。対象は、初級教授法を体系的に学んだ経験がない先生です。

このコースでは、初級授業で大切な「導入」と「練習」の方法をしっかり身につけ、自分の授業で実践できるようになることを目指します。

・あなたは自分の授業の中で説明ばかりしていませんか。
・学習者は、自分で考えて日本語を話していますか。

学習者が「日本語を学び続けたい」「日本語で話したい」と思えるようになるためには、初級の段階で「学ぶ楽しさ」や「話す楽しさ」を感じてもらうことが大切です。そのためには、導入や練習の工夫が欠かせません。

初級の段階からコミュニケーション能力を育てる授業づくりを、一緒に考えてみませんか?

少しでも興味をお持ちの日本語教師のみなさん、ぜひこの機会にお申込みください。みなさんのご参加を心よりお待ちしております。

■コース
日本語初級教授法コース

■コーステーマ
コミュニケーション能力を育てる授業~文型導入から応用練習まで~

■目標
(1)文型導入から応用練習までの初級授業の構成と指導方法を理解する。
(2)コミュニケーション能力を育てる初級授業を設計・実践できるようになる。
(3)協働的な学びを通して、他者と学び合うことで新たな気づきを得る。
(4)日本語教師のネットワークを構築し、強化する。

■内容
第1回 開会、オリエンテーション、授業体験、授業の流れ
第2回 導入で行う活動、基本練習1
第3回 基本練習2 
第4回 応用練習
第5回 模擬授業準備
第6回 模擬授業準備(オンライン)
第7回 模擬授業
第8回 模擬授業
第9回 コース全体のまとめ、閉会、修了証授与、親睦会

■日時   
全9回

・8回(対面):土曜日、1:00pm~4:00pm(15分休憩を含む)
10月10日、10月17日、10月31日、11月7日、11月14日、11月28日、12月12日、12月19日
・1回(オンライン):日時は講師と調整します。

*10月24日、12月5日は休講です。

■場所
国際交流基金ヤンゴン日本文化センター(JFYG) 
The Japan Foundation, Yangon
No.70 Nat Mauk Lane (1), Bahan Township, Yangon
https://maps.app.goo.gl/QwUwnFms7dwBZzGw8
最寄りバス停:Byaing Yay Oe Zin Bus Stop
バス番号  :43, 64, 80

■受講料
無料

■受講条件
・JLPT N3以上の日本語力があり、日本語で行われる講義の内容を理解できること
・8回の対面授業(場所:JFYG)に参加できること
・オンラインで行う模擬授業の打ち合わせ(1回)に参加できること
・日本語の初級教授法を体系的に学習した経験がないこと
・現在、ミャンマー人に日本語を教えていること
・受講後もミャンマー国内で日本語教育に携わる予定があること

*先着順ではありません。申込書フォームの記載内容を基に選考を行います。
*教授法コースの受講経験がない方には、申込後、担当講師が電話で申込内容をもとに日本語力と学ぶ意欲を確認します。

■定員
16名

■教材
講師作成プリント、『国際交流基金 日本語教授法シリーズ9 初級を教える』

■修了証
以下の条件をすべて満たした方に修了証を授与します。
①9回中8回以上に出席すること
②課題やふり返りをすべて提出すること
③模擬授業に関する4回(第5~8回)すべてに参加すること

■申込方法
下記URLよりお申込みください。
https://forms.cloud.microsoft/r/QUZVY87HzJ?origin=lprLink

■申込締切 
2026年9月30日(水)12:00(正午)

■受講者発表
2026年10月5日(月)9:00~

■お問合せ
国際交流基金ヤンゴン日本文化センター(JFYG)
Eメール:[email protected]
電話番号:09-891055553
担当:KD Sunday Seng Htoi Khawn Taung
受付時間:月曜日~金曜日(9:30-16:00)

♪みなさんのお申込みをお待ちしております♪

★JFYG Facebookページ:https://www.facebook.com/JFYangon
★JFYG Telegramチャンネル:https://t.me/JFYangon
★JFYG Instagramページ:https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1






#国際交流基金
#ဂျပန်ဖောင်ဒေးရှင်း

ဂျပန်ဘာသာစကားလေ့လာနေသူများအားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ Sura Sura တဒို့ခုစာဖတ်ပွဲကို လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများထ...
22/09/2026

ဂျပန်ဘာသာစကားလေ့လာနေသူများအားလုံးပဲ မင်္ဂလာပါ။ ဒီနေ့မှာတော့ Sura Sura တဒို့ခုစာဖတ်ပွဲကို လာရောက်ဖတ်ရှုကြတဲ့ စာဖတ်သူများထံမှ Review အများဆုံးရထားတဲ့ စာအုပ်လေးများထဲမှ တစ်အုပ်ကို မိတ်ဆက်ပေးချင်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးရဲ့ အမည်ကတော့『富士山(ふじさん)』ဖူဂျီတောင်ဖြစ်ပါတယ်။

ဂျပန်နိုင်ငံလို့ပြောလိုက်တာနဲ့ အရင်ဆုံးဖူဂျီတောင်ကြီးကို ပြေးမြင်တဲ့သူများမယ်လို့ ထင်ပါတယ်။ ဒါဆို ဖူဂျီတောင်ဖြစ်ပေါ်လာပုံနဲ့ ဖူဂျီတောင်ရဲ့အမြင့်ပေ၊ တောင်တက်နည်း နဲ့ ကြာချိန်စတာတွေနဲ့ပတ်သက်ပြီးတော့ရော သိကြပါသလား?

ဒီစာအုပ်လေးထဲမှာတော့ ဖူဂျီတောင်ရဲ့သမိုင်းကြောင်းကို နားလည်လွယ်တဲ့စာသားလေးတွေ၊ ရုပ်ပုံလေးတွေနဲ့ ရှင်းပြပေးထားပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံအကြောင်းစိတ်ဝင်စားသူ၊ ဖူဂျီတောင်အကြောင်း ပိုမိုသိရှိလိုသူများအတွက် ဖတ်ကြည့်ဖို့ညွှန်းပေးချင်ပါတယ်။ ခုလိုပုံပြင်စာအုပ်အတိုလေးတွေကို တဒို့ခုအတွက် အထူးပြင်ဆင်ရေးသားထားပြီး N4levelစာအုပ်လေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ လွယ်လွယ်ကူကူဖတ်ရှုလို့ရတာမလို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာရဲ့ Sura Suraတဒို့ခုစာဖတ်ပွဲမှာ လာရောက်ဖတ်ရှုကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
*****************************************************

日本語学習者のみなさん、こんにちは!今回はすらすら多読に来ていただいた読者の皆さんから多くのレビューをいただいた本をご紹介いたします。

本の名前は『富士山(ふじさん)』です。
みなさんは「日本」と聞いて、何を思い浮かべますか?
まず富士山を思い浮かべる人が多いのではないでしょうか。

では、富士山がどのようにできてきたのか、高さはどのくらいなのか、登山の方法やかかる時間などについては、ご存じですか?
この本では、富士山の歴史について、分かりやすい文章と画像を使って紹介しています。

日本に興味がある方や、富士山についてもっと詳しく知りたい方におすすめの一冊です。N4レベルの本なので、気軽に楽しく読めます 。「すらすら多読」では、特別に書かれたこのようなショートストーリーをたくさん用意しています。みなさんもぜひすらすら多読に参加して本を読みに来てくださいね。




#国際交流基金

#すらすら多読

"ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း" ကျင်းပမည်ဖြစ်က...
22/09/2026

"ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း" ကျင်းပမည်ဖြစ်ကြောင်း အသိပေးချက်

ဂျပန်ဖောင်ဒေးရှင်း (JF) သည် ဂျပန်နိုင်ငံ၏ မန်ဂယဉ်ကျေးမှုနှင့် နိုင်ငံခြားယဉ်ကျေးမှုများကို သုတေသနပြုလုပ်ခြင်း၏ စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများကို အဓိကအကြောင်းအရာအဖြစ် ထားရှိသည့် " ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း" ကို Yangon Book Plaza နှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့နှင့်အတူ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။

ဂျပန်နိုင်ငံ၏ မန်ဂယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာဂီတကို သုတေသနပြုနေသည့် ဂျပန်လူမျိုး သုတေသနပညာရှင်များကို ဖိတ်ကြားပြီး၊ ၎င်းတို့၏ သက်ဆိုင်ရာ အထူးပြုဘာသာရပ်များအပြင် ယဉ်ကျေးမှုမှတစ်ဆင့် လူထုနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ယဉ်ကျေးမှုသုတေသနပြုလုပ်ခြင်း၏ စိတ်ဝင်စားဖွယ်ကောင်းပုံများကို ဟောပြောဆွေးနွေးသွားမည်ဖြစ်ပါသည်။ မည်သူမဆို အခမဲ့ လွတ်လပ်စွာ တက်ရောက်နိုင်သည့် ဆွေးနွေးပွဲဖြစ်သည့်အတွက် တက်ရောက်လိုသူများ အောက်ပါ Form မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

【ပွဲအစီအစဉ် အကျဉ်းချုပ်】
ပွဲအမည်။ ။ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- ဂျပန်မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း

ကျင်းပမည့်နေ့ရက်။ ။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက် (စနေနေ့)၊ ၂၇ ရက် (တနင်္ဂနွေနေ့)

အချိန်။ ။ ၁၃:၃၀နာရီ မှ ၁၆:၀၀ နာရီ

နေရာ။ ။ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) Book Plaza
https://maps.app.goo.gl/ijDDWd2aUNgNFZMZ9
စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့)@ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်‌ကျေးမှုစင်တာ
https://maps.app.goo.gl/JyXaAKbsKDxYfb4K9

ဦးစီးကျင်းပသူ။ ။ဂျပန်ဖောင်ဒေးရှင်း (JF)

ပူးပေါင်းကျင်းပသူ။ ။ Yangon Book Plaza၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဟောပြောမည့်သူများ။ ။ Prof. INOUE Sayuri (The University of Osaka) ၊ Assoc. Prof. OGAWA Tsuyoshi (Kyoto Seika University)

ဘာသာစကား ။ ။ မြန်မာဘာသာ၊ ဂျပန်ဘာသာ (အလှည့်ကျ ဘာသာပြန်ပေးသူ ရှိပါသည်။)

လက်ခံမည့်ဦးရေ။ ။ စက်တင်ဘာလ ၂၆ ရက် (စနေနေ့)တွင် ၁၀၀ ဦး
စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့)တွင် ၇၀ ဦး
※ဦးသူစနစ်ဖြင့် လက်ခံပါမည်။

တက်ရောက်ခ။ ။ အခမဲ့
ကြိုတင်စာရင်းပေးသွင်းရန်
https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOZbJyIDTZqVOlKNbBD6nZoxUNVMyNkNHOE9NUjdFRlNXU0wxSDc4Q1Y4Ni4u

※လူဦးရေ ပြည့်သည်နှင့် လက်ခံမှုကို ပိတ်ပါမည်။
(မှတ်ချက်။ ။ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ဟောပြောမည့် အကြောင်းအရာများတူညီပါသည်)

【ဆွေးနွေးပွဲတွင်ပါဝင်မည့် အကြောင်းအရာများ】
အပိုင်း (၁) "ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို သုတေသနပြုခြင်း - ဂီတမှတစ်ဆင့် ဆုံတွေ့ခဲ့ရသော လူများနှင့် ယဉ်ကျေးမှု" (Prof. INOUE Sayuri)

ဂျပန်လူမျိုးတစ်ယောက်ဖြစ်သည့် ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာ သုတေသနကို ဘာကြောင့် စတင်ခဲ့သလဲ။ သုတေသနပြုလုပ်ရင်းနှင့် ဆုံတွေ့ခဲ့ရသော လူမှုဆက်ဆံရေးများကို မိတ်ဆက်ပေးရင်း၊ လူနှင့်လူ အပြန်အလှန် ချိတ်ဆက်ရခြင်း၏ စိတ်ဝင်စားဖွယ်ကောင်းပုံများနှင့် ဂျပန်နှင့် မြန်မာနိုင်ငံ၏ လူငယ်မျိုးဆက်သစ်များ ယဉ်ကျေးမှုများကို အပြန်အလှန် သိရှိနားလည်ခြင်း၏ အဓိပ္ပာယ်ကို အတူတကွ စဉ်းစားတွေးခေါ်သွားမည် ဖြစ်ပါသည်။

အပိုင်း (၂) "ဂျပန်မန်ဂယဉ်ကျေးမှု (Manga၊ Anime၊ Game) ၏ ထူးခြားချက်များအကြောင်း" (Assoc. Prof. OGAWA Tsuyoshi)

ဂျပန်မန်ဂနှင့် အန်နီမေးရှင်း (Anime) တွေကို နှစ်သက်ပါသလား။ မိမိနှစ်သက်သည့် ဇာတ်ကောင်များအကြောင်းကို တွေးနေရုံနှင့်တင် စိတ်ချမ်းသာမှုကို ခံစားရစေမှာပါ။ ဒါဆိုရင် သူတို့ရဲ့ ဆွဲဆောင်မှုနှင့် ထူးခြားချက်များက ဘာတွေဖြစ်မလဲ။ သိထားပြီးသားလိုလိုနှင့် နက်ရှိုင်းလှတဲ့ မန်ဂယဉ်ကျေးမှုအကြောင်းကို ဟောပြောဆွေးနွေးသွားမှာ ဖြစ်ပါသည်။

【ဟောပြောမည့်သူများ၏ ကိုယ်ရေးအကျဉ်း】
Prof. INOUE Sayuri
Graduate School of Humanities, The University of Osaka, မှ ပါမောက္ခ (Division of Foreign Studies၊ မြန်မာစာအထူးပြု) ဖြစ်ပြီး မြန်မာစာပေနှင့် ဂီတကို အထူးပြု သုတေသနပြုသူ ဖြစ်သည်။ ရေးသားခဲ့သော စာအုပ်များထဲတွင် "The Formation of Genres in Burmese Classical Songs" စသည်တို့ ပါဝင်ပါသည်။

Assoc. Prof. OGAWA Tsuyoshi
Kyoto Seika University၊ Faculty of Manga၊ Character Design Course (ဇာတ်ကောင်ဒီဇိုင်းသင်တန်း) ၏ တွဲဖက်ပါမောက္ခ ဖြစ်ပါသည်။ Kyoto Seika University၊ အနုပညာသုတေသန ဘွဲ့လွန်သင်တန်း (မဟာဘွဲ့) ကို ပြီးမြောက်ခဲ့သည်။ Kyoto International Manga Museum (ကျိုတိုအပြည်ပြည်ဆိုင်ရာ မန်ဂပြတိုက်)တွင် သုတေသနအရာရှိ စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိ ရာထူးနေရာတွင် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ မန်ဂရေးဆွဲထုတ်လုပ်သည့် ဖြစ်စဉ်များကို အနီးကပ် လေ့လာနိုင်သည့် ပြပွဲများနှင့် ပွဲအစီအစဉ်များကို စိတ်ဝင်စားပြီး၊ ပြည်တွင်းပြည်ပ ပြပွဲများအပြင် ရုပ်ပုံရေးဆွဲနည်း အလုပ်ရုံဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကိုလည်း ပြုလုပ်လျက်ရှိပါသည်။

【စုံစမ်းမေးမြန်းရန်】
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)
အင်္ဂါနေ့မှသောကြာနေ့ မနက် ၉ နာရီမှ ၁၇ နာရီ
ဆက်သွယ်ရန်ဖုန်း။ ။ 01-430920/1
အီးမေးလ်။ ။[email protected]

★☆★☆★☆★☆★☆★☆★

「日本理解セミナー~マンガや音楽を通じた日緬文化交流~」開催のお知らせ

国際交流基金(JF)では、日本のマンガ文化や外国文化を研究する魅力をテーマにした「日本理解セミナー~マンガや音楽を通じた日緬文化交流~」をYangon Book Plaza及びミャンマー元日本留学生協会(MAJA)と共催で、2026年9月26日及び27日に開催することになりました。日本のマンガ文化やミャンマーの伝統音楽を研究している日本人研究者をお招きし、それぞれの専門分野に加えて、文化を通じた人々との交流や文化研究の面白さについて語っていただきます。無料でどなたでも気軽にご参加いただけるセミナーです。参加を希望される方は、以下のフォームから事前にお申込みいただくようお願いいたします。


【イベント概要】
イベント名:「日本理解セミナー~マンガや音楽を通じた日緬文化交流~」

日にち:2026年9月26日(土)、27日(日)

時間:13:30~16:00

会場:Yangon Book Plaza(26日)、国際交流基金ヤンゴン日本文化センター(27日)
https://maps.app.goo.gl/ijDDWd2aUNgNFZMZ9
https://maps.app.goo.gl/JyXaAKbsKDxYfb4K9

主催:国際交流基金(JF)

共催:Yangon Book Plaza、ミャンマー元日本留学生協会(MAJA)

講師:井上さゆり氏(大阪大学)、小川剛氏(京都精華大学)

言語:ミャンマー語、日本語(逐次通訳あり)

定員:100名(26日)、70名(27日) ※先着順

参加費:無料

事前登録フォーム:https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOZbJyIDTZqVOlKNbBD6nZoxUNVMyNkNHOE9NUjdFRlNXU0wxSDc4Q1Y4Ni4u

※定員に達し次第、締め切ります。
※26日と27日の講演内容は同じです。


【セミナー内容】
第1部 「日本からミャンマーを研究する――音楽を通して出会った人々と文化」(井上さゆり氏)
日本人である私がなぜミャンマー研究を始めたのか。研究を通じて出会った人々との交流を紹介しながら、人と人がつながることの面白さや、日本とミャンマーの若い世代が互いの文化を知ることの意味について考えます。

第2部 「日本のマンガ文化(Manga・Anime・Game)の特徴について」 (小川剛氏)
日本のマンガやアニメは好きですか?好きなキャラクターの事を考えているだけ
で幸せな気持ちになりますよね。では、その魅力や特徴は何でしょうか?知って
いるようで奥深い、マンガ文化についてお話しします。


【講師略歴】
井上さゆり:大阪大学大学院人文学研究科教授(外国語学部ビルマ語専攻)。ミャンマー文学・音楽を専門とする。著書にThe Formation of Genres in Burmese Classical Songsなど。

小川剛:京都精華大学 マンガ学部マンガ学科キャラクターデザインコース 准教授。京都精華大学芸術研究科博士前期課程修了。京都国際マンガミュージアム研究員等を経て現職。マンガの制作過程に迫る展覧会やイベントに関心があり国内外での展覧会の他、作画ワークショップ、レクチャーなどを行う。

【お問い合わせ先】
国際交流基金ヤンゴン日本文化センター
営業時間:火~金曜日 9:00~17:00
電話番号:01-430920/1
メール:[email protected]

"၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့မှုပေးအပ်ခြင်းအစီအစဉ်များမှ ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ရေးဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်များ...
21/09/2026

"၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ထောက်ပံ့မှုပေးအပ်ခြင်းအစီအစဉ်များမှ ယဉ်ကျေးမှုနှင့် အနုပညာဖလှယ်ရေးဆိုင်ရာ ထောက်ပံ့မှုအစီအစဉ်များနှင့်ပတ်သက်သည့် အသိပေးကြေညာခြင်း "

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ်မှ နှစ်စဉ်ပြုလုပ်လျက်ရှိသောထောက်ပံ့မှုအစီအစဉ်များထဲမှ မြန်မာနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာနယ်ပယ်ရှိ ပညာရှင်များ လျှောက်ထားနိုင်မည့် ထောက်ပံ့မှုအစီအစဉ်များ၏ အကြမ်းဖျင်းအချက်အလက်များကို အောက်ပါပုံများတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ (အင်္ဂါနေ့) ၏ မြန်မာစံတော်ချိန် ၁၀ နာရီခွဲတွင် လျှောက်လွှာဖောင်ပိတ်ပါမည်။
ပရိုဂရမ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဝက်ဘ်ဆိုဒ်တွင်လေ့လာနိုင်ပါသည်။

လျှောက်ထားရာတွင်လိုအပ်သည့် စာရွက်စာတမ်းများကို ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဝက်ဘ်ဆိုဒ်တွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။
(※ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ အီးမေးလ် သို့မဟုတ် စာရွက်စာတမ်းများပေးပို့လျှောက်ထားမှုများကို လက်ခံမည်မဟုတ်ပါ။)

ဂျပန်ဖောင်ဒေးရှင်းရုံးချုပ် ဝက်ဘ်ဆိုဒ် (ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ)  https://www.jpf.go.jp/e/program/list.html

ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ ဝက်ဘ်ဆိုဒ် (မြန်မာဘာသာ)   https://yg.jpf.go.jp/my/%E1%80%91%E1%80%B1%E1%80%AC%E1%80%80%E1%80%BA%E1%80%95%E1%80%B6%E1%80%B7%E1%80%80%E1%80%BC%E1%80%B1%E1%80%B8%E1%80%95%E1%80%B1%E1%80%B8%E1%80%A1%E1%80%95%E1%80%BA%E1%80%9E%E1%80%B1%E1%80%AC-%E1%80%A1/

လျှောက်လွှာ လျှောက်ထားရန်ဝက်ဘ်ဆိုဒ်အသုံးပြုပုံကို အောက်ပါ ဗီဒီယိုများကို ကြည့်ရှုပေးပါရန်။
▪︎ Grant Program Application ①How to create an account for the online application portal: https://youtu.be/8rtwnqsO-rE?si=CATZAm9_MzDQzB9c

▪︎ Grant Program Application ②How to prepare your application documents: https://youtu.be/P5jzsQEGigM?si=oIDpQEqGU6Dt8OSr

▪︎ Grant Program Application ③How to upload application documents: https://youtu.be/zm4F_f3d6pQ?si=c5z0n4E5X2LPPXu1

ဤပရိုဂရမ်နှင့်ပတ်သက်သည့်စုံစမ်းမေးမြန်းမှုများကို ဂျပန်ဖောင်‌ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာသို့ ဆက်သွယ်နိုင်ပါသည်။
■ ဖုန်းနံပါတ် : ၀၁-၄၃၀၉၂၀/၁
■ အီးမေးလ်လိပ်စာ : [email protected]
■ စုံစမ်းမေးမြန်းနိုင်သည့်အချိန် : အပတ်စဉ် အင်္ဂါနေ့မှ သောကြာနေ့ မနက် ၉နာရီမှ ညနေ ၅ နာရီ

【စက်တင်ဘာလအတွက်  Sura Suraတဒို့ခုစာဖတ်ပွဲ】  ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ...
19/09/2026

【စက်တင်ဘာလအတွက် Sura Suraတဒို့ခုစာဖတ်ပွဲ】

ဂျပန်ဘာသာစကား သင်ယူလေ့လာနေကြသော ကျောင်းသား၊ ကျောင်းသူများအားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင် လစဥ် နောက်ဆုံးအပတ်သောကြာနေ့တိုင်း「Sura Sura တဒို့ခုပွဲ」ကို ကျင်းပလျက်ရှိပါတယ်။「တဒို့ခု」ဆိုသည်မှာ လွယ်ကူရိုးရှင်းသော ဂျပန်ဘာသာဖြင့်ရေးထားသားသည့် စာအုပ်များကို ပျော်ပျော်ရွှင်ရွှင်နှင့် အများအပြားဖတ်ရှုသည့် လေ့လာနည်းတစ်ခုပဲ ဖြစ်ပါတယ်။ စာမေးပွဲအတွက် လေ့ကျင့်သည့် Readingအတန်းချိန်နှင့်မတူဘဲ တဒို့ခုမှာဆိုရင် မိမိတို့နှစ်သက်တဲ့စာအုပ်ကို လွတ်လပ်စွာ ဖတ်ရှုနိုင်ပါတယ်။ N5 levelမှ N1 Levelအထိ မည်သူမဆို ပါဝင်ဖတ်ရှုနိုင်ပါတယ်။ ပါဝင်သူများကို 「တဒို့ခုစာဖတ်ကဒ်」ပြုလုပ်ပေးမှာ ဖြစ်ပြီး စာဖတ်ကဒ်တွင် တံဆိပ်တုံး၃ခုပြည့်တိုင်း တစ်ကြိမ်စီလက်ဆောင်ပစ္စည်းလေးတွေကို ထုတ်ယူနိုင်ပါတယ်။ 🎁 ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာမှာ ဂျပန်ဘာသာစာအုပ်များကို အများအပြားဖတ်ရှုနိုင်ရန် အသင့်ပြင်ဆင်ပြီး စောင့်မျှော်လျှက်ရှိပါတယ်။ အတူတူ ပျော်ပျော်ရွှင်ရွှင် ဂျပန်ဘာသာစကားကို လေ့လာကြည့်ကြရအောင်!

အောက်ပါLinkမှတဆင့် ပထမအကြိမ် မှ ပဥ္စမအကြိမ်မြောက်အထိ ကျင်းပခဲ့သော တဒို့ခုရဲ့ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/share/v/16etkeorVu/

ကျင်းပမည့်နေ့ရက် နှင့် အချိန် : ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ၊ ၂၅ရက်နေ့ (သောကြာနေ့) နံနက် ၁၀:၀၀ မှ ၁၁:၃၀အထိ
ကျင်းပမည့်နေရာ : ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)
အမှတ်(၇၀) ၊ နတ်မောက်လမ်းသွယ်(၁)လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
အနီးဆုံးဘတ်စ်ကားမှတ်တိုင် - ဗျိုင်း‌ရေအိုးစင်မှတ်တိုင်။
ကားနံပါတ် - ၄၃၊ ၆၄၊ ၈၀။
ပါဝင်ကြေး : အခမဲ့။
လျှောက်ထားနိုင်သည့်သူများ : ဂျပန်ဘာသာစကားလေ့လာသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများ။
လျှောက်ထားရမည့်ပုံစံ : အောက်ဖော်ပြပါ Microsoft Form မှတဆင့် လျှောက်ထားပေးပါ။
https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNFBWWTRVNUdFMUFGVjVHQkc3N1FYQVhNNCQlQCN0PWcu

လျှောက်လွှာပိတ်ချိန် : ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ၊ ၂၃ရက်နေ့ (ဗုဒ္ဓဟူးနေ့) မြန်မာစံတော်ချိန် နေ့လည် (၁၂)နာရီ။

သတ်မှတ်ဦးရေ : ၃၀ဦး။
*လျှောက်ထားသူများပြားသောအချိန်မျိုးတွင် လျှောက်လွှာဖောင်ကို စော၍ ပိတ်ခြင်းမျိုးလည်းရှိနိုင်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

※ကျောင်းများသို့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်မှ လာရောက်ပြီး တဒို့ခုကျင်းပပေးသည့် “လာပြီလာပြီ”တဒို့ခုအားလျှောက်လွှာတင်လိုသောကျောင်းများအနေဖြင့် အောက်ပါလင့်ခ်မှတဆင့် ပါဝင်လျှောက်ထားပေးပါ။
https://www.facebook.com/share/p/1DLK9DxBSJ/


★ Japan Foundation Yangon၏ဆက်သွယ်နိုင်သည့်ဖုန်းနံပါတ်:01-430920・ 01-430921
★ Japan Foundation Yangon၏ Facebook Link:https://www.facebook.com/JFYangon
★ Japan Foundation Yangon၏ Telegram Channel Link:https://t.me/JFYangon
★ Japan Foundation Yangon၏ Instagram Link:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1
------------------------------------------------------------------------------------

【9月の「すらすら多読」のお知らせ】

ミャンマーに住む日本語学習者のみなさん、こんにちは。 
国際交流基金ヤンゴン日本文化センター(JFYG)では、毎月月末の金曜日に「すらすら多読」を行っています。「多読」とは簡単な日本語で書かれた本を楽しくたくさん読む勉強法です。読解の授業と違って、多読では自分の好きな本を自由に読みます。N5レベルからN1レベルまでだれでも参加できます。
 スタンプが3つ集まった人にはプレゼントがあります🎁初めて参加の人ももちろん大歓迎です。みんなで楽しく日本語で本を読みましょう。

今までの多読の様子は、こちらからご覧ください。
https://www.facebook.com/share/v/16etkeorVu/

■実施日時: 2026年9月25日(金)10:00~11:30AM
■場所:国際交流基金ヤンゴン日本文化センター(JFYG)
 No.70 Nat Mauk Lane (1), Bahan Township, Yangon, Myanmar
■最寄りバス停:Byaing Yay Oe Zin Bus Stop
■バス番号:43, 64, 80
■参加費:無料
■対象:日本語学習者

■参加申込:下記の Microsoft Forms よりお申込ください。
https://forms.cloud.microsoft/Pages/ResponsePage.aspx?id=oy_HkJxhhky73GK1b_fZOcWtO0v6BiJKvnO6c8nsHvxUNFBWWTRVNUdFMUFGVjVHQkc3N1FYQVhNNCQlQCN0PWcu

■申込締切:2026年9月23日(水)午後12時(ミャンマー時間)

■定員:30名
※申込者が多い場合、早めに締め切ることがございます。ご了承ください。

※JFYGスタッフが本とともに学校に伺い、学生さんたちに「多読」を体験していただく新イベント「ラビラビ多読」への参加をご希望の学校は、詳細を下記リンクよりご確認のうえ、お申し込みください。
https://www.facebook.com/share/p/1DLK9DxBSJ/


★JFYG 電話番号:01-430920・ 01-430921
★JFYG Facebookページ:https://www.facebook.com/JFYangon
★JFYG Telegramチャンネル:https://t.me/JFYangon
★JFYG Instagramページ:
https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1





#国際交流基金

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင်  စက်တင်ဘာလ၊ ၁၁ရက်နေ့ (သောကြာနေ့)မှာ “Hakk...
18/09/2026

အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဥ်ကျေးမှုစင်တာ (JFYG)တွင် စက်တင်ဘာလ၊ ၁၁ရက်နေ့ (သောကြာနေ့)မှာ “Hakken! ဂျပန်နိုင်ငံနေ့စဥ်နေထိုင်မှုဘဝအတွက် ယဥ်ကျေးမှုများ”ဆိုတဲ့ အစီအစဥ်အသစ်တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပဥ္စမအကြိမ်ကိုတော့ “ငလျင်၊ဆူနာမီဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး”ဆိုတဲ့ ခေါင်းစဥ်ဖြင့် အွန်လိုင်းမှတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲနေ့တွင် ငလျင်တို့၊ဆူနာမီတို့နဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းများ၊ အရေးပေါ်အိတ်ထဲ ဘာတွေထည့်ထားရမလဲဆိုတာကို စဥ်းစားကြည့်ကြခြင်း၊ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုလည်း မိတ်ဆက်ပြောပြပေးခဲ့ကာ အလွန်ပျော်ရွှင်စည်ကားတဲ့ အစီအစဥ်တစ်ခုဖြစ်ခဲ့ပါတယ်။ 🎉

(၆)ကြိမ်မြောက်ကိုတော့ JFYGမှာ ပြုလုပ်သွားမှာဖြစ်လို့ အားလုံးပဲထပ်မံပါဝင်ပေးကြပါဦးနော်။👌
------------------------------------------------------------------------------------

みなさんこんにちは!国際交流基金ヤンゴン日本文化センター (JFYG) は9/11 (金) に「はっけん!日本の生活文化」の第5回「地震・津波の防災」をオンラインで実施しました。当日は地震・津波に関するクイズや防災リュックの中身を考える活動、防災情報の紹介を行い、大変盛り上がりました🎉
第6回はJFYGにて対面で実施予定です。皆様のご参加をお待ちしております👌

📚JFYG၏ ယခုလအတွက် အကြံပြုသောစာအုပ်📚  အားလုံးပဲ မင်္ဂလာပါ။ ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ(JFYG)တွင် ဂျပန်န...
18/09/2026

📚JFYG၏ ယခုလအတွက် အကြံပြုသောစာအုပ်📚

အားလုံးပဲ မင်္ဂလာပါ။
ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှု
စင်တာ(JFYG)တွင် ဂျပန်နှင့် ဂျပန်ယဉ်ကျေးမှု၊ ဂျပန်ဘာသာစကားနှင့် ပတ်သက်သော စာအုပ်တွေကို
များစွာထားရှိပေးထားတယ်ဆိုတာကို သိကြပါသလား။

ဒီလိုစာအုပ်တွေကို ပေါ့ပေါ့ပါးပါးနဲ့ လာရောက်ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြီး “JFYG၏ ယခုလအတွက် အကြံပြုသောစာအုပ်” အစီအစဉ်ဖြင့် လစဉ်မိတ်ဆက်ပေးလျက် ရှိပါတယ်။

*****************
ယခုလ မိတ်ဆက်ပေးချင်တဲ့ စာအုပ်ကတော့

■စာအုပ်အမည်:『「再話」を取り入れた日本語授業 初中級からの読解 読んで理解したことが伝えられるようになるために』"ပြန်လည်ပြောခြင်း" ကို ထည့်သွင်းထားသော ဂျပန်ဘာသာသင်ခန်းစာ အခြေခံအလယ်အဆင့်ကစတင်သော စာဖတ်ခြင်း၊ ဖတ်ပြီးနားလည်တာကို ပြန်ပြောပြနိုင်ရန်အတွက်”

■ရေးသားပြုစုသူ:OGAWARA Yoshiro, KITANI Naoyuki

■ပုံနှိပ်တိုက်:BONJINSHA

「再話」ဆိုတဲ့ စကားလုံးကို ကြားဖူးပါသလား။
「再話ဆိုတာ ဘာလဲ」လို့စဉ်းစားမိတဲ့သူတွေလည်း များမယ်လို့ထင်ပါတယ်။

မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ ကြည့်ရှုခဲ့တဲ့ ရုပ်ရှင်တွေ၊ ဖတ်ရှုခဲ့တဲ့ မန်းဂအ‌ကြောင်းအရာတွေကို မိမိရဲ့စကားလုံးနဲ့ သူငယ်ချင်း၊ မိသားစုတွေကို ပြန်ပြောပြဖူးပါသလား။

အဲဒီလိုပြန်ပြောပြတာက 「再話」ပါပဲ။

「再話」ဆိုတာကတော့ စာပိုဒ်တွေနဲ့ ပုံပြင်တွေကို ဖတ်ပြီးတဲ့နောက် မှတ်စုကိုပြန်မကြည့်ဘဲ အကြောင်းအရာကို မိမိရဲ့ ကိုယ်ပိုင်စကားလုံးတွေနဲ့ အခြားသူတွေကို ပြန်ပြောပြတဲ့ activity ကို ဆိုလိုပါတယ်။

ဒါဆိုရင် ဘာကြောင့် 「再話」ကို ဂျပန်ဘာသာစကားသင်ခန်းစာမှာ ထည့်သွင်းရတာပါလိမ့်။

"ကျောင်းသားက ဖတ်လိုက်တဲ့စာပိုဒ်ကို တကယ်ပဲနားလည်ရဲ့လား"

ဒီလိုမေးခွန်းထုတ်မိတာမျိုးရော ရှိခဲ့ဖူးပါသလား။

「再話」မှာဆိုရင်တော့ ကျောင်းသားက ဖတ်ပြီးနားလည်လိုက်တဲ့အတိုင်း ကိုယ့်ရဲ့စကားလုံးနဲ့ ပြောလိုက်ခြင်းအားဖြင့် ဘယ်လောက်အတိုင်းအတာအထိ နားလည်လိုက်သလဲဆိုတာကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် 「再話」က ဖတ်ပြီးနားလည်လိုက်တာကို အခြားသူကို ပြန်ပြောပြရတဲ့ activity ဖြစ်တာမို့လို့ အဖတ်စွမ်းရည်နဲ့ စကားပြောစွမ်းရည်ကို တစ်ပြိုင်ထဲ ပျိုးထောင်နိုင်တဲ့နည်းလမ်းဆိုရင်လည်း မမှားပါဘူး။

📌 ဒီလိုတွေးမိတဲ့ ဆရာ၊ ဆရာမတို့ကို အဓိကညွှန်းပေးချင်ပါတယ်။ ပုံမှန်နဲ့ အနည်းငယ်ကွဲထွက်တဲ့ အဖတ်သင်ခန်းစာကို သင်ကြည့်ချင်တယ် ကျောင်းသားများကိုယ်တိုင်က တက်ကြွစွာ ပါဝင်တဲ့ အဖတ်သင်ခန်းစာမျိုးကို သင်ချင်တယ် အဖတ်စွမ်းရည် သာမကဘဲ "တစ်ဖက်သားနားလည်အောင် ပြောပြခြင်း" activity ကိုပါ ထည့်သွင်းချင်တယ်

「再話」ကိုထည့်သွင်းထားတဲ့ သင်ခန်းစာအကြောင်းကို ပိုပြီးအသေးစိတ်သိချင်တယ်ဆိုတဲ့ ဆရာ၊ ဆရာမတို့အနေနဲ့ ဒီစာအုပ်လေးကို ဖတ်ကြည့်ကြဖို့ အကြံပေးချင်ပါတယ်။ စာအုပ်ကိုတော့ ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ရဲ့ ဒုတိယထပ်မှာရှိတဲ့ စာဖတ်ခန်းမှာ ထားရှိပေးထားပါတယ်။

စာအုပ်နဲ့ပတ်သက်ပြီး မေးမြန်းလိုတာလေးတွေရှိရင်လည်း ဂျပန်ဖောင်းဒေးရှင်းမှာရှိတဲ့ ဆရာ၊ ဆရာမတွေကို အားမနာတမ်း မေးမြန်းလို့ရပါတယ်။

♪အားလုံး လာရောက်ဖတ်ရှုဖို့ကို စောင့်မျှော်နေပါမယ်♪

🏢 ဂျပန်ဖောင်ဒေးရှင်းရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)
(အမှတ် ၇၀၊ နတ်မောက်လမ်းသွယ် (၁)၊ ဗဟန်းမြို့နယ်၊ ရန်ကုန်)

☎ 01-430920, 01-430921
📍 အနီးဆုံး ဘတ်စ်ကားမှတ်တိုင်:ဗျိုင်းရေအိုးစင်မှတ်တိုင် 
ဘတ်စ်ကားနံပါတ်:43, 64, 80  
⏰စင်တာဖွင့်ချိန်:9:30~03:30
📅စင်တာပိတ်ရက်များ:အပတ်စဉ် တနင်္ဂနွေနေ့၊ တနင်္လာနေ့နှင့် အစိုးရရုံးပိတ်ရက်များ
Google map - https://maps.app.goo.gl/JavvABqhGfUJVBaV7

★JFYG Facebookページ:https://www.facebook.com/JFYangon
★JFYG Telegramチャンネル:https://t.me/JFYangon
★JFYG Instagramページ:https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

*****************************************************

📚JFYG今月のおすすめの本📚

みなさん、ミンガラーバー!

国際交流基金ヤンゴン日本文化センター(JFYG)には、日本や日本文化、日本語に関する本がたくさんあることをご存じですか?

これらの本をもっと気軽に手に取っていただきたく、「JFYG今月のおすすめの本」と題して、定期的にご紹介しています。

今月紹介する本は、

📖 タイトル:『「再話」を取り入れた日本語授業 初中級からの読解 読んで理解したことが伝えられるようになるために』

✍️ 著者:小河原義朗・木谷直之

🏢 出版社:凡人社

「再話」という言葉を聞いたことがありますか?

「再話って何?」と思った方も多いのではないでしょうか。

みなさんは、日常生活の中で、見た映画や読んだ漫画の内容を、自分の言葉で友だちや家族に伝えたことはありませんか?

それが、まさに「再話」です。

「再話」とは、文章やストーリーを読んだあと、何も見ないで、その内容を自分の言葉で他の人に話す活動です。

では、なぜ「再話」を日本語の授業に取り入れるのでしょうか。

「学習者は、文章を本当に理解できているのかな?」

そんな疑問を持ったことはありませんか?

「再話」なら、学習者が読んで理解したことを自分の言葉で話すことで、どの程度理解できているのかを確認することができます。

さらに、「再話」は、読んでわかったことを他の人に伝える活動なので、読む力と話す力を同時に伸ばすことにもつながります。

📌 こんな先生におすすめです!
・いつもと少し違う読解授業をしてみたい先生
・学習者が積極的に参加する読解授業をしたい先生
・「読む」だけでなく、「伝える」活動も取り入れたい先生

「再話」を取り入れた読解授業について詳しく知りたいと思った日本語教師のみなさん、ぜひこの本を手に取ってみませんか? 本書はいつもJFYG 2階に置いてあります。

☺本についての質問などがありましたら、どうぞお気軽にJFYG日本語専門家にお声かけください。

♪みなさんのご来館をお待ちしています♪

🏢 国際交流基金ヤンゴン日本文化センター(No -70, Nat Mauk Lane (1), Bahan Township, Yangon)

☎ 01-430920, 01-430921

📍最寄りバス停:Byaing Yay Oe Zin Bus Stop 
バス番号:43, 64, 80  

⏰開館時間:9:30~15:30

📅閉館日:毎週日曜日、月曜日、公休日

Google map - https://maps.app.goo.gl/JavvABqhGfUJVBaV7

★JFYG Facebookページ:https://www.facebook.com/JFYangon
★JFYG Telegramチャンネル:https://t.me/JFYangon
★JFYG Instagramページ:https://www.instagram.com/jf_yangon?igsh=Zmx6c3Zibnp6OHY1

Address

No. 70 Nat Mauk Lane (1), Bahan Township
Yangon

Opening Hours

Tuesday 09:30 - 15:30
Wednesday 09:30 - 15:30
Thursday 09:30 - 15:30
Friday 09:30 - 15:30
Saturday 09:30 - 15:30

Telephone

+959893118255

Alerts

Be the first to know and let us send you an email when The Japan Foundation, Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to The Japan Foundation, Yangon:

Shortcuts

Share