28/12/2024
စာရှည်ကြီး ရေးပါရစေ 📝
🎈NK ဆိုင်လေးကို စခဲ့တာ ၂၀၁၈ အောက်တိုဘာလမှာ မြောက်ဒဂုံက food court တခုမှာ ဆိုင်ခန်းကျဉ်လေးအနေနဲ့ပါ။
🎈 ၆ လလောက်အကြာမှာတော့ ယခုလက်ရှိနေရာဖြစ်တဲ့ မြောက်ဥက္ကလာ ခေမာသီလမ်းပေါ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ဖွင့်ချင်းတုန်းက ယခု လက်ရှိဆိုင်အကျယ်အဝန်းရဲ့ တဝက်ပဲ ရှိတာပါ။ Budget ဆိုင်လေးအဖြစ် ရည်ရွယ်ခဲ့တာရော… ကိုယ့် budget အနေအထားအရရော အားလုံး ချိန်ဆရတဲ့ အခြေအနေမှာ ဆိုင်ခန်းကို တခြမ်းလေးနဲ့ စဖွင့်ခဲ့ပါတယ်။ စဖွင့်တဲ့နေ့မှာတင် ဆိုင်ဖွင့်ချိန် မနက် ၉နာရီကျော်ကတည်းက ရောင်းရတာဟာ ပိတ်ချိန်ထိ လူမပြတ်လို့ ဆိုင်က ဝန်ထမ်းလေးတွေရော ပိုင်ရှင်တွေပါ အဲနေ့ နေ့လည်စာ သေချာ မစားလိုက်ရတဲ့ အထိပါပဲ။ နောက်ရက်တွေမှာလည်း ပိုလို့တောင် တိုးပြီး လူကျလာခဲ့ပါတယ်။ လူပြည့်နေလို့ ထိုင်စောင့်နေကြတဲ့ customer တွေကို… မစောင့်နိုင်လို့ လှည့်ပြန်သွားတဲ့ customer တွေ အားလုံးကို အားနာခဲ့ရတာပေါ့။
🎈ဒီလိုနဲ့ တလအကြာမှာ ဆိုင်ထပ်ချဲ့ဖို့ ဆုံးဖြတ်ပြီး ဘေးကပ်ရပ် တခြမ်းလေးကို ထပ်ငှါးပြီး ဆိုင်ကို တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ၂ ဆ ကျယ်သွားတာမို့ အခန်းပိုကျယ်သွားသလို လူကလည်း ၂ ဆ ပိုကျလာပါတယ်။ ပျော်လည်း ပျော်ရ… ပင်လည်း အတော်ပင်ပန်းခဲ့ရတဲ့ နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ လူကျသလောက် ပြဿနာလေးတွေကလည်း အနည်းနဲ့ အများ ရှိခဲ့တာပေါ့။ customer complaints တွေ… ဝန်ထမ်းအခက်အခဲတွေ… kitchen ထဲ အခက်အခဲတွေ အစုံပါပဲ။
🎈အားလုံးကို one step at a time နဲ့ ဖြေရှင်းကျော်ဖြတ်လာရင်း တနှစ်ဆိုတဲ့ အချိန်တောင် ဘယ်လိုကုန်သွားမှန်း မသိခဲ့ပါဘူး။ အပေါ်က ပြောခဲ့တဲ့ ပြဿနာတွေဟာ ကိုဗစ်နဲ့ ကိုစစ်ကို ကြုံတွေရတဲ့ အခါ ဘာမှ မဟုတ်တော့သလိုပဲ။ အက်မင်တို့က စာအုပ်ကြီးသမားတွေမို့ ကိုဗစ်မှာလည်း တရားဝင်ဆိုင်တွေ ပိတ်ဖို့ကြေငြာတဲ့ အချိန် တွေမှာ အတိအကျ လိုက်နာပြီး ဆိုင်ပိတ်ထားခဲ့ပြီး ဖွင့်ဖို့ ကြေငြာတဲ့ အချိန်တွေမှပဲ ပြန်ဖွင့်ခဲ့ပါတယ်။ ရောဂါဘယကပ်တွေရဲ့ သဘောတရားအတိုင်း အလွန်ဆုံး ၂ နှစ်လောက်ဆို အားလုံး နေသားတကျပြန်ဖြစ်သွားမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ အားတင်းထားရင်း ကိုစစ်ကို ရင်ဆိုင်ရပြန်တယ်။ ဆိုင်ပိတ်ထားရပေမယ့် အလိုလိုတက်လာတဲ့ ကုန်ကျစားရိတ်တွေ … လစာအထိုက်အလျောက်ပေးထားပေမယ့် ပြန်ဖွင့်တဲ့အချိန် ပျောက်သွားကြတဲ့ လူအင်အားတွေ… တိုးမြင့်လာတဲ့ ကုန်စျေးနှုန်းတွေထဲ ကိုရီးယားကုန်ကြမ်းစျေးနှုန်းတက်ချက်က အမလေး တရတဲ့ အထိပါပဲ။ အားလုံးကို ဒုက္ခသုပ်ခတွေ တပွေ့တပိုက်နဲ့ ဖြတ်ကျော်လာခဲ့ရတာ ဒီနေ့ အထိပါပဲ။ ဖြတ်ကျော်လာခဲ့ရတယ်ဆိုတာထက် ပြေးနေတဲ့ လူအုပ်ကြီးကြားထဲ လဲကျမသွားရဲလို့ အလိုက်သင့် လိုက်ပြေးနေရတဲ့ ခံစားချက်ကြီးပါ 😔
🎈ဟိုးဆိုင်စဖွင့်ခဲ့တဲ့ ၂၀၁၈ ကနေ ခုထိ ၆နှစ်ကျော်ကာလအကြာမှာတော့ မောပန်းအားကုန်လာတဲ့ အနေအထားဖြစ်တာမို့ NK ဆိုင်ကလေး ခဏနားရပါတော့မယ် 😔 ဒီကာလတလျှောက် အားပေးလာတဲ့ တဦးတယောက်ချင်းစီရဲ့ အားပေးမှုနဲ့ ၆ နှစ်ကျော်ကာလကို ရပ်တည်နိုင်ခဲ့တာမို့ customer တဦးတယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ရပါတယ် 🙏🏻 တနေ့အားလုံးနဲ့ ပြန်ဆုံနိုင်ဖို့လည်း မျှော်လင့်မိနေတုန်းပါပဲ 😔
🎈NK ရဲ့ နောက်ဆုံးဖွင့်ရက်အဖြစ် ၂၀၂၄ ဒီဇင်ဘာ ၃၁ ကို သတ်မှတ်ထားတာမို့ ဒီကျန်သေးတဲ့ ၄ ရက်တာမှာ နောက်ဆုံး အနေနဲ့ အားပေးနိုင်ပါတယ်ခင်ဗျာ 🙏🏻
🎈Hope to see you all again ✨