TOON

TOON Memories to the cartoons

ကျောင်းကိုအပြန်လမ်းမှာ အခုလိုမျိုးတွေလဲ ကြုံရသေးတယ်ဗျို့ ကျောင်းကိုပြန်မရောက်‌သေးဘူး 😅... #003
01/08/2025

ကျောင်းကိုအပြန်လမ်းမှာ အခုလိုမျိုးတွေလဲ ကြုံရသေးတယ်ဗျို့
ကျောင်းကိုပြန်မရောက်‌သေးဘူး 😅...
#003

ဆွမ်းခံကြွထွက်သွားတာတစ်ပတ်ကြာသွားတယ် အခုတော့ ပြန်လာနေပါပြီခင်ဗျာ 😁...   #002
25/07/2025

ဆွမ်းခံကြွထွက်သွားတာတစ်ပတ်ကြာသွားတယ် အခုတော့ ပြန်လာနေပါပြီခင်ဗျာ 😁...
#002

Hello... စိတ်ကြည်နူးစရာမြင်ကွင်းလေးတစ်ခုအတွက် ဖြစ်ပေါ်လာတဲ့ အတွေးလေးတစ်ခုကို ရေးသားကြည့်သောအခါ...   #001
18/07/2025

Hello... စိတ်ကြည်နူးစရာမြင်ကွင်းလေးတစ်ခုအတွက် ဖြစ်ပေါ်လာတဲ့ အတွေးလေးတစ်ခုကို ရေးသားကြည့်သောအခါ...
#001

We are back with our childhood memories.we can't get back to our childhood but we can still illustrate it with our hands...
29/03/2024

We are back with our childhood memories.
we can't get back to our childhood but we can still illustrate it with our hands and passion.


ဘောလုံးကွင်းမှာ အေးအေးဆေးဆေး ဘောလုံးကန်ဖို့ဆိုတာက ငယ်ဘဝက အိမ်မက်တစ်ခုပါ။ နေရာကွက်လပ်ပြောင်ပြောင်ရှင်းရှင်းလေးတွေ့ရင်ကို ...
26/01/2024

ဘောလုံးကွင်းမှာ အေးအေးဆေးဆေး ဘောလုံးကန်ဖို့ဆိုတာက ငယ်ဘဝက အိမ်မက်တစ်ခုပါ။ နေရာကွက်လပ်ပြောင်ပြောင်ရှင်းရှင်းလေးတွေ့ရင်ကို အရင်ဆုံး တွေးမိတာက ဘောလုံးကစားဖို့ပဲ...။ဘောလုံးဆိုလည်း ပါမယ့်သူတွေစုပြီးဝယ်ထားတဲ့ နှစ်ထပ်ဘောလုံးလေးနဲ့ပေါ့။ နှစ်ထပ်ဘောလုံးဆိုတာကတော့ ကန်ရတာတောင့်တောင့်တင်းတင်းဖြစ်အောင် ကော်ဘောလုံး ၂လုံးကိုထပ်ထားတာပဲ။ နိုင်တဲ့အသင်းက ကမ္ဘာ့ဖလား ရသလိုပဲ ဘောလုံးယူပြီး အိမ်ပြန်ကြတာပေါ့။ ကိုယ်တွေကတော့ ဘောလုံးပဲ ကန်ကြတာဆိုတော့ ဘောလုံးနဲ့ကစားနည်းတွေထဲက အမှတ်တရ အဖြစ်ဆုံးအခိုက်အတန့်လေးတွေ ရှိသေးရင် ပြောပြခဲ့ကြပါဦးနော်...

ဒီတစ်ပတ်တော့ ငယ်ငယ်က ကပ်တိုးလေးမုန့်ခိုးစားတဲ့အမှတ်တရလေးတွေအကြောင်းပြောကြရအောင်ဗျာငယ်ငယ်ကရော အခုချိန်ထိရော မုန့်ခိုးမကြိ...
19/01/2024

ဒီတစ်ပတ်တော့ ငယ်ငယ်က ကပ်တိုးလေးမုန့်ခိုးစားတဲ့အမှတ်တရလေးတွေအကြောင်းပြောကြရအောင်ဗျာ
ငယ်ငယ်ကရော အခုချိန်ထိရော မုန့်ခိုးမကြိတ်ဖူးတဲ့သူ မရှိလောက်ဘူးထင်တယ်။ ပေါ်တင်စားရတာထက် အဲ့လိုကပ်တိုးလေး ကြိတ်ရတာကိုက အရသာပိုရှိကြတယ်မလား..?
ကိုယ်တွေကတော့ အရှေ့ကဆရာမသင်နေချိန် ထမင်းချိုင့်လေးဖွင့်ပြီး ကြိတ်ရတာကိုက အရသာရှိသောပဲ...
ချိုင့်သံ ဇွန်းသံမကြားအောင်လည်း သတိကထားရသေးတယ်...(ကြားသွားရင်လည်းတီးခံရပြီတာမှတ်)
တခြားမုန့်ခိုးစားဖူးတဲ့ ပျော်စရာ အမှတ်တရလေးတွေသေးရင် comment မှာပြောပြသွားကြပါဦးခင်ဗျာ...


ဟယ်လို ဟယ်လို .....ကျွန်တော်တို့ TOON ရဲ့ " Memories to the cartoons " ဆိုတဲ့ဆောင်ပုဒ် အတိုင်း အရင့်အရင်တုန်းက ရင်ထဲစွဲက...
16/01/2024

ဟယ်လို ဟယ်လို .....

ကျွန်တော်တို့ TOON ရဲ့ " Memories to the cartoons " ဆိုတဲ့ဆောင်ပုဒ် အတိုင်း အရင့်အရင်တုန်းက ရင်ထဲစွဲကျန်ခဲ့တဲ့ memories လေးတွေကို cartoons လေးတွေအဖြစ် ပြန်လည် အသက်သွင်းသွားမှာပါ။ စာမဲ့ပုံလေးတွေကတစ်လှည့်၊ Comic ဇာတ်လမ်းတိုလေးတွေကတစ်လှည့် အလှည့်ကျလေးအစီစဉ်တကျ သောကြာနေ့တိုင်း တင်ဆက်ပေးသွားမှာ ဖြစ်လို့ အမှတ်တရလေးတွေကို ကာတွန်း လေးတွေအဖြစ် ပြန်လည်ခံစားချင်ရင်တော့ TOON page လေးကို like လုပ်ရင်း စောင့်မျော်အားပေးကြပါဦးနော်။


ငယ်ငယ်တုန်းက အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျောင်းနောက်ကျဖူးတယ်ဟုတ်?ဘယ်တစ်ခုက ကိုယ့်အတွက် အမှတ်တရ အဖြစ်ဆုံးလဲ?ကိုယ်တွေကတေ...
12/01/2024

ငယ်ငယ်တုန်းက အကြောင်းပြချက်အမျိုးမျိုးနဲ့ ကျောင်းနောက်ကျဖူးတယ်ဟုတ်?
ဘယ်တစ်ခုက ကိုယ့်အတွက် အမှတ်တရ အဖြစ်ဆုံးလဲ?
ကိုယ်တွေကတော့ ဖိုက်တာမိုလို့ နောက်ကျချင်လို့ နောက်ကျတဲ့အဖွဲ့ကပဲ 😎။
တခြားကျောင်းနောက်ကျတဲ့ အမှတ်တရ အကြောင်းအရာလေးတွေရှိရင်လည်း ပြောပြခဲ့ဦးနော်...

ပြာသိုလဆန်း ၁ရက်နေ့ဟာ ကရင်လူမျိုးများရဲ့ ကရင်သက္ကရာဇ် ၂၇၆၂ခုနှစ်မှ ၂၇၆၃ ကိုကူးပြောင်းတဲ့ နှစ်သစ်ကူးရက်ဖြစ်ပါတယ် ။ ဖားစည်...
11/01/2024

ပြာသိုလဆန်း ၁ရက်နေ့ဟာ ကရင်လူမျိုးများရဲ့ ကရင်သက္ကရာဇ် ၂၇၆၂ခုနှစ်မှ ၂၇၆၃ ကိုကူးပြောင်းတဲ့ နှစ်သစ်ကူးရက်ဖြစ်ပါတယ် ။ ဖားစည်သံများနဲ့ အတူ ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးအခါသမယကို Toon မှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။


ဇန်နဝါရီ ၄ရက်နေ့ဟာဆိုရင် မြန်မာတစ်မျိုးသားလုံးမမေ့အပ်တဲ့ လွတ်လပ်ရေးနေ့ပဲဖြစ်ပါတယ်။ ၁၉၄၈ မှ ယနေ့အထိ (၇၆)နှစ်တိုင် တည်တံခဲ...
04/01/2024

ဇန်နဝါရီ ၄ရက်နေ့ဟာဆိုရင် မြန်မာတစ်မျိုးသားလုံးမမေ့အပ်တဲ့ လွတ်လပ်ရေးနေ့ပဲဖြစ်ပါတယ်။ ၁၉၄၈ မှ ယနေ့အထိ (၇၆)နှစ်တိုင် တည်တံခဲ့တဲ့ လွတ်လပ်ရေးနေ့ကို Toon မှဂုဏ်ပြုရင်းလွတ်လပ်ရေးနေ့ မှာကျင်းပလေ့ရှိတဲ့ ချစ်စရာ အားကစားပွဲပြိုင်ပွဲလေးတွေကို သရုပ်ဖော်တင်ပြလိုက်ပါတယ်နော်။ လွတ်လပ်ရေးနေ့ပြိုင်ပွဲလေးတွေနဲ့ ပတ်သတ်ပြီး ငယ်ငယ်ကအမှတ်တရလေးတွေနဲ့အောက်က ကစားနည်းတွေထဲမှာ မပါလိုက်တဲ့ကစားနည်းတွေရှိရင် comment မှာအမှတ်တရအလွမ်းပြေ မန့်သွားကြပါအုံးနော်။ဒီpostလေးကတကယ်လဲအမှတ်တရဖြစ် ငယ်ငယ်ကအချိန်တွေကိုသတိရရင်တော့ like and share လေးနဲ့ကူညီကြပါအုံးခင်ဗျ😍😍😍




တချို့က အတိတ်လို့ခေါ်ကြတယ်၊ တချို့ကျတော့ အမှတ်တရတွေလို့ခေါ်ကြတယ်။ဒါတွေဟာ လူတိုင်းရဲ့ ခေါင်းထဲမှာ စွဲကျန်ခဲ့တဲ့အရာလေးတွေပ...
01/01/2024

တချို့က အတိတ်လို့ခေါ်ကြတယ်၊ တချို့ကျတော့ အမှတ်တရတွေလို့ခေါ်ကြတယ်။ဒါတွေဟာ လူတိုင်းရဲ့ ခေါင်းထဲမှာ စွဲကျန်ခဲ့တဲ့အရာလေးတွေပါပဲ။ ဒီအရာလေး‌ေတွက တစ်ခါတလေမှာ ကောင်းတဲ့အရာလေးတွေအဖြစ်ရှိသလို တချို့အရာလေးတွေကြတော့လည်း ဝမ်းနည်းစရာကောင်းနေပြန်ရော။ အဲ့လို အမှတ်တရလေးတွေကပဲ ငယ်ဘဝကို သတိရစေသလို ပြန်မရနိုင်တော့တဲ့ တချို့အချိန်လေးတွေကို တစ်ခေါက်လောက်ပြန်ခံစားနိုင်ပါတယ်။ အမှတ်တရကောင်းလေးတွေကို ပြန်လည် ထုတ်ဖော်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီpage လေးကနေ အမှတ်တရလေးတွေကို ပုံလေးတွေ အနေနဲ့ ထုတ်ဖော်ြပသပေးသွားမှာဖြစ်ပါတယ်။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အားလုံးက ပြန်မရနိုင်တော့တဲ့ အမှတ်တရလေးတွေပါပဲ.....
" Memories to the catoons "

Address

Yangon
11211

Telephone

+959425820519

Website

Alerts

Be the first to know and let us send you an email when TOON posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to TOON:

Share

Category