စိတ်

Directions

စိတ် လူတစ်ယောက်ကိုစိတ်ကပဲဆုံးဖြတ်ပေးတယ်

13/11/2025

ကျွန်မ ကိုယ်စိတ်ကိုမသိတော့ပါ
မာနကြီးတာလား
ကိုယ့်ကိုကိုယ် တန်ဖိုးထားလွန်းတာလား တဖက်သူကိုအရမ်းတွေးပေးနေတာလားဆိုတာ

မိသားစု သူငယ်ချင်း အချစ်ရေး
မိသားစုမှာလဲကိုယ့်ဘက်ကပြောချင်တာရှိရင်တောင်အဆင်မပြေမှာဆိုးလို့မပြောဖြစ်ဘူး
သူငယ်ချင်းတွေကိုလဲ ကိုယ့်ဘက်ကစကားပြောချင်ပေမယ့် သူတို့အဆင်မပြေမှာဆိုးလို့စမပြောဘူး
အချစ်ရေးမှာလဲပိုဆိုးပါတယ်
ကိုယ့်ဘက်ကချစ်မိပီဆိုအရမ်းချစ်တက်တဲ့သူပါ
ကိုယ်ဘာဖြစ်နေတာလဲ ပြောချင်တယ် သူဘာဖြစ်နေတာလဲသိချင်မိတယ် ကိုယ်ဘက်ကစကားတွေအများကြီးပြောချင်ရင်တောင်တဖက်သူကမပြောချင်ရင်ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်နဲ့မပို့ဖြစ်ပါ တဖက်သူကအရေးတယူပို့လာခဲ့ရင် ကျွန်မဘက်ကအတိုင်းမသိပျော်တယ်
ကိုယ့်ဘက်ကအရမ်းချစ်ပြရင် တန်ဖိုးထားမခံရမှာကြောက်မိသလို ကိုယ်ဟာမာနသေးသေးလေးတစ်ခုကို လက်ထဲမှာအမြဲဆုပ်ကိုင်ထားမိတယ်ထင်ပါရဲ့

ကျွန်မကိုကျွန်မ မသိတော့ပါ

#စိတ်

12/10/2025

မင်းရဲ့ အနာဂတ်က ဒီနေ့မင်းဘာလုပ်နေလဲဆိုတာအပေါ်မှာမူတည်တယ်တဲ့
ဟုတ်ပါတယ်
အနာဂတ်ကိုကြိုပီးမလုပ်နိုင်ပေမယ့်
အနာဂတ်မှာဖြစ်ချင်တာ လုပ်ချင်တာကိုဒီနေ့လုပ်လိုက်ပါ

ကိုယ်ရောက်နေတဲ့နေရာကနေပိုကောင်းအောင်လုပ်ပါ
လမ်းဘေးစျေးပဲရောင်းရောင်း ကုမ္ပဏီအကြီးကြီးမှာပဲလုပ်လုပ် ပိုကောင်းအောင်ဖန်တီးပါ ရှေ့ဆက်ပါ
ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာကို ကိုယ့်စိတ်ကိုမေးပါ

ဒီနေ့ကစပီးလုပ်လိုက်ပါ

#စိတ်

05/10/2025

2019 ကနေ 2025ကို
စိတ်ထဲမှာ ဒဏ်ရာတွေများကြတော့ သတိမမူပဲ
အချိန်တိုတွင်းရောက်လာတယ်လို့ခံစားရတယ်
ဒါပေမယ့်

အခုချိန်မှာတွေးမိတဲ့အရာက
ဒီလိုသာမဖြစ်ခဲ့ရင် ငါတော့ဘာလုပ်နေလောက်ပီ
ငါဖြစ်ချင်တာ​လေးနဲ့ထပ်တူကြပီးလုပ်နေလောက်ပီ
အိမ်နဲ့အဝေး နိုင်ငံရဲ့အဝေးကို ခွဲခွာပီး ရောက်နေမှာမဟုတ်ဘူးလို့

ဒီနှစ်တွေဟာ သတိမမူခဲ့ပေမယ့်
အရမ်းရှည်လျားနေခဲ့တယ်
ဖြစ်ချင်တဲ့အိမ်မက်တွေလဲ ပြောင်းလဲခဲ့ရတယ်
မိတ်ဆွေဟောင်းတွေလဲ လောကကိုနှုတ်ဆက်သွားကြတယ် ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုလုပ်နေကြရတယ်

တရားလည်းရသလို နှမြောတသတဲ့စိတ်ကလေးလည်းကျန်နေသေးတယ် ကမ္ဘာကြီးလဲနေပြန်ကောင်းစေချင်ပီ
နိုင်ငံလေးကိုလည်း စစ်တွေဝေး၍ပန်းတွေဝေစေချင်ပီ

#စိတ်

29/09/2025

အိမ်ကိုလွမ်းတဲ့ညတွေလဲရှိတယ်
အဆင်မပြေတာတွေရှိရင် အိမ်ကိုပဲပြန်ချင်တယ်
အရိပ်သေးသေးလေးတစ်ခုရှိတယ်
နေရာတစ်နေရာစာ ကိုယ့်အတွက်ရှိတယ်
အမေချက်တဲ့ဟင်းတွေရှိတယ်
မခမ်းနားပေမယ့်
ဒီလောက်ဆို ကိုယ့်အတွက်လုံလောက်ပြီမလား
တချို့ညတွေမှာ အိမ်ပြန်ချင်တယ်။

#စိတ်

29/09/2025

ရှိပြီးမှ မရှိတော့တာထက်စာရင်
အစတည်းကမရှိတာက ပိုကောင်းပါတယ်

လူဆိုတာအကျင့်ပါတက်တယ်မဟုတ်လား
နွေးထွေးမှုတွေကအစ ချစ်ခြင်းမေတ္တာအဆုံး
ခဏလေးပဲရမှာဆိုရင်တော့
အစတည်းက မရတာကမှ ပိုကောင်းသေးတယ်။

#စိတ်

27/09/2025

အရာရာတိုင်းက ကိုယ့်စိတ်ရဲ့လုပ်ဆောင်ချက်ကနေဖြစ်ပေါ်လာတာပါ

ကိုယ်ကဘယ်လိုလူနဲ့တွေ့ဆုံချင်လဲ သူများကိုမသတ်မှတ်နဲ့ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်ပါ

ကိုယ်ဟာစိတ်ထားကောင်းနေရင် စိတ်ထားကောင်းသူနဲ့ဆုံတွေ့ကြရတယ်

ကိုယ်ဟာကူညီတက်သူဆိုရင် ကူညီပေးတက်တဲ့သူနဲ့ဆုံတွေ့ရတယ်

တခါတလေ မကောင်းတဲ့သူနဲ့တွေ့တာလဲရှိမယ် အဲ့ကျသူ့လိုလိုက်ပီးမကောင်းတဲ့သူမဖြစ်စေနဲ့

ကိုယ့်ကိုကိုယ် ထိန်းချုပ်ပီးကောင်းအောင်နေလိုက်ပါ ကောင်းတဲ့သူတွေနဲ့တွေ့ဆုံရမှာပါ

အရာအားလုံးစိတ်ကပဲဉီး​ဆောင်တာပါ

#စိတ်

25/09/2025

စိတ်
ကိုယ်ကတော့ လူတိုင်းကိုကိုယ့်စိတ်နဲ့ပဲ ဆက်ဆံတယ်
ဘယ်လိုကိုယ့်စိတ်နဲ့ဆက်ဆံတာလဲဆိုတော့

ကိုယ်တောင်မှဒါမျိုးလုပ်ရင်မကြိုက်တာ သူ့အပေါ်လဲဒါမျိုးသွားမလုပ်ဘူး

ကိုယ့်ကိုဟန်ဆောင်ပီးပြောတာမကြိုက်ရင်သူများကိုလဲဟန်ဆောင်းပီးမပြောတက်ဘူး

ကိုယ့်ကိုနောက်ကွယ်မှာအပြစ်ပြောတာမကြိုက်ရင် သူများကိုလဲနောက်ကွယ်မှာအပြစ်မပြောဘူး

ကိုယ့်ကိုအထင်သေးတာမကြိုက်ရင် သူများကိုလဲအထင်မသေးဘူး

တကယ်တော့လူတစ်ယောက်ကို သူ့ပြုမှုပုံကြည့်ပီးနားထောင်ပီး စိတ်ကပေါ်ပါတယ်

ကိုယ်ကမကောင်းပဲနဲ့တော့သူများကကိုယ့်ကိုမကောင်းတာမပြစ်မတင်ပါနဲ့

အရင်ဆုံးကိုယ့်ကိုကိုယ်ကောင်းအောင်လုပ်လိုက်ပါ

#စိတ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when စိတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share