Shwe Mogok

Shwe Mogok ဆရာများကို ဂါဝရပြုလျှက်ပါ

31/07/2024

တယောက်လောက်ဖြစ်ဖြစ်အရင်အနှီလိုသ‌ေလာက်ထုတ်ပေးမယ်ငါညီမင်းစမ်းပြီပြန်လုပ်ကြည့်ပါလာအတူတူအလုပ်တွဲလုပ်ရအောင်ဆိုပြီလာပြောပေးရင်သိပ်ကောင်းမှာဘဲ

29/07/2024
🪐🌌မိုးကုတ် ပတ္တမြား ဘာကြောင့် တန်ဖိုးကြီးတာလဲ။ဘယ်လိုတူးဖေါ်ကြရတာ လဲ။♦️မိုးကုတ်သူ/သား တွေရဲ့ အသက် ချွေး သွေး တွေဘယ်အတိုင်...
29/07/2024

🪐🌌မိုးကုတ် ပတ္တမြား ဘာကြောင့် တန်ဖိုးကြီးတာလဲ။
ဘယ်လိုတူးဖေါ်ကြရတာ လဲ။

♦️မိုးကုတ်သူ/သား တွေရဲ့ အသက် ချွေး သွေး တွေ
ဘယ်အတိုင်းတာ ထိပေးစပ်ထားရ တာလဲ။

♦️မိုးကုတ်ပတ္တမြား ဆိုတာ မိုးကုတ်သူ/သားတွေရဲ့
နှလုံးသွေးစက်တွေပါ။

ဒါကြောင့် တန်ဖိုးထားကြပါ မြတ်နိုး ကြပါ။♦️🌌

♦️♦️မိုးကုတ်မြို့မှ ကျောက်တွင်း ဗဟုသုတများ♦️♦️
=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*=*

မိုးကုတ်မြို့မှာအများစုသိကြသလောက်တော့ ကျောက်တွင်းတွေကနေ ကျောက်တွေ ထွက်တယ်ပေါ့။ တကယ်တော့ အဲ့ဒီအလှဆင်ဖို့သက်သက် အသုံး၀င်တဲ့ ကျောက် လေးတွေဟာ မိုးကုတ်သူ မိုးကုတ်သား တွေရဲ့ အသက်၊ သွေး၊ ချွေး အကုန်လုံး ပါတယ်။
ဒီကျောက်ကိုရဖို့ တစ်ချို့လူတွေ အသက်နဲ့ရင်းရတယ်၊ တစ်ချို့ချွေးနဲ့ သွေးနဲ့ ရင်းကြရတယ်။

ကျောက်ရဖို့ ဇွဲ၊ လုံ့လ၊ ဝီရိယ အားကုတ်ထုတ်စိုက်ရတယ်။ “သေရင် မြေကြီး၊ ရှင်ရင်ရွှေထီး” ဆိုတာ မိုးကုတ်ကကျောက်တူးတဲ့လူတွေကိုများပြော သလား လို့ တစ်ခါတစ်လေလည်း တွေးတော့တွေးမိပါတယ်။
ယင်ကောင်လေးတွေ မှန်ပြတင်းပေါက်ကို ထိုးဖောက်ဖို့ကြိုးစားတာမျိုးကိုပေါ့။
မိရိုးဖလာအသက်မွေးမှု လုပ်ငန်းလည်းဖြစ်၊ ကံကောင်းရင် အမြတ်အစွန်းလည်းများများရတာမို့ လောဘ ဇောလေးကပ်ပြီး လုပ်ကြရတာပါဗျာ။

မိုးကုတ်မြို့မှာ အထင်ရှားဆုံးဖြစ်တဲ့ ကျောက်မျက်တွေကတော့ ပတ္တမြား၊ နီလာ၊ ဥသာဖယား၊ နီလာဖြူ၊ ပြောင်ခေါင်းစိမ်း၊ ထတ္တရာ၊ ဂေါ်မိတ်၊ ကြောင်၊ မှန်မီးပေါက်၊ စလင်း များအပြင် အခြား ကျောက်အမျိုးအစား (၃၀)ကျော်ခန့်ထွက်ရှိပါတယ်။ ဒီကျောက်တွေက အကြမ်းဖျဉ်းအားဖြင့်တော့ မြေကြီးထဲမှာရှိတယ် လို့ပြောလို့ရပါတယ်။

အဲ့ဒီမြေကြီး ထဲက သက်တမ်းရင့် ပျက်ပြုန်းမြေဆီလွှာဖြစ်တဲ့ (ဗြုံး)မြေလွှာထဲမှာရှိပါတယ်။ ဗြုံး ဟာဆိုရင် အလွှာ(၂)လွှာရှိပါတယ်။ မြေပြင်ကနေ ပေ(၁၀၀)အတွင်း ရှိတဲ့ ဗြုံးလွှာကို ခါးဗြုံး၊ ပေ(၁၀၀)နဲ့အောက်မှာ ထပ်တွေ့တဲ့ ဗြုံးလွှာကတော့ အောက်ဗြုံးတို့ ဖြစ်ကြ ပါတယ်။ ဒီဗြုံးမြေလွှာတွေအပြင် သက်တမ်းရင့် စကျင်ကျောက်ခဲတွေထဲကလည်း ကျောက်တွေရရှိနိုင်ပါတယ်။

ကျောက်တွင်းလို့ခြုံပြီး ခေါ်ပေမယ့် နည်း(၅)နည်းနဲ့ ကျောက်ကို ရှာကြပါတယ် -
(၁) လေးပေတွင်း
(၂) အင်းဗြဲ
(၃) မျောတွင်း
(၄) ခဲတွင်း (ဂဲတွင်း)
(၅) လူးတွင်း (လှိုဏ်ဂူတွင်း)
တစ်ခုချင်းကျွန်တော်ပြောပြပါ့မယ်။

(၁) လေးပေတွင်း
===========

လေးပေပါတ်လည် တွင်းတူးပြီး အောက်တည့်တည့်ကို ထိုး ဖောက်သွားရတယ်။
ဒါကတော့ရှင်းပါတယ် အိမ်သာတွင်းတူးသလိုပေါ့ ဟဲဟဲ။ တူးလို့ပေ(၂၀)ကျော်ပြီဆိုတာနဲ့ ပါတ်ပါတ်လည်နံရံ တွေကို တိုင်တွေခံ သစ်တွေနဲ့ အခိုင်အမာလုပ်ကြရပါတယ်။

အဲ့ဒီထက်နက်နေလို့မှောင်သွားရင် ဖယောင်းတိုင် တွေနဲ့ဆက်လုပ်ကြရတယ်။ တစ်ချို့က ဘက်ထ္တရီမီး၊ ဓါတ်မီးတွေနဲ့ပေါ့။ အဲ့ဒီထက် နက်လာပြီဆိုရင် စက်သီးတွေဆင်ရပြီး တူးပြီးသာမြေတွေကို အပေါ်တင်ဖို့ပါ၊ အဲဒါအပြင် ရေတွေထွက်လာလို့ ခပ်ထုတ်ရတယ်။

မိုးရွာပြီဆိုသေရောပဲ။ တွင်းဆို ခဏခဏရေမြုပ်သွားတယ်။ အဲ့ဒီထက်ဆိုးတာက ဘာလဲဆိုတော့ လေပြတ်တာပဲ။ လေပြတ်သွားရင် သိသာပါတယ်။
ထွန်းထားတဲ့ဖယောင်းတိုင်မီးငြိမ်း သွားတော့ တာပါပဲဗျာ။ အောက်စီဂျင်မှမရှိတော့တာကိုး။

ဒါဆိုရင်တော့ အပေါ်ကို အသဲအသန် ပြေးတက်ပေတော့။ အဲ့ဒီလိုလေပြတ်တဲ့ပြသာနာကို အပေါ်ကလူက ဖားဖိုလေးနဲ့ ခြေနင်းလေးလုပ်ထားတယ်၊ ပြီးရင် လေပိုက်ချထားပေးတယ်။ ဒါဆိုအောက်ထဲမှာ လေရသွားပြီလေ။ နည်းနည်းအဆင်ပြေတဲ့လူကြတော့ မော်တာလေးနဲ့ လေစက် ကိုတွဲထားလိုက်တယ်။

မီးအတွက်လည်း မီးစက်မောင်းထားပေးတယ်။
အဲ့ဒီအပြင် ဘာအခက်အခဲရှိသေးလဲဆိုတော့ တူးနေတဲ့ အောက်က ကျောက်ခဲအကြီးကြီး တွေခံနေပြန်ရော။
ရှိတာမှ လေးပေပါတ်လည် ဘယ်လိုလုပ်အပေါ်တင်လို့ ရမလဲ။

ဒါကြောင့် စို့(သံချောင်းလုံး)တွေနဲ့ အဲ့ဒီကျောက်ကိုထွင်းပြီး ယမ်းထည့်ပြီးဝါယာ ကြိုးနဲ့ချိတ်၊ အပေါ်အကုန်တက်ပြီး ယမ်းခွဲကြရတယ်။ တစ်လုံးနဲ့မရရင် သုံးလေးလုံးလောက် တစ်ဆက်တည်းခွဲရတယ်။ ပြီးမှ ယမ်းငွေတွေကို လေနဲ့ မှုတ် ထုတ်ပြီးရင် ဂဲတွေအရမ်းကြီးရင် တူနဲ့ထုခွဲပြီး အပေါ်ကိုစက်သီးနဲ့ တင်ကြရတယ်။

ကဲဗြုံးလွှာရောက်လို့ ဗြုံးတွေ့ ကြပြီဆိုရင် တွင်းရဲ့ပါတ်လည်ကို ချဲ့လိုက်တယ်။ပြီးရင် အဲ့ဒီအခါမှာ ဒေါင်လိုက်လှိုက်စားတာဖြစ်တဲ့အတွက် အမိုးတွေ၊ ကြမ်းပြင်တွေကို သစ်၊ဝါးတွေနဲ့ ခိုင်ခံ့အောင် ထောက်ခံထားရတယ်။
ပေ(၂၀) (၃၀) လောက်တော့ အများအားဖြင့် လှိုက်တူးကြတယ်။

အဲ့ဒီအပြင်တော့ဆက်ပြီးတူးတာ သိပ်မတွေ့ ရဘူးဘာလို့လဲဆိုတော့ ပြိုကျမှာကြောက်လို့ပေါ့။
ဒီလောက် သစ်တွေ၊ ဝါးတွေနဲ့ ထောက်ထားတာတောင် ပြိုကျတယ်။ မြေဖိအား တစ်အား များလာလို့ တွင်းတွေ ပိညှပ်သွားတယ်။ အပေါ်တင်တဲ့ ခဲလုံး(ဂဲလုံး)တွေ စက်သီးပေါ်ကပြုတ်ကျတယ်။ နည်းပေါင်းစုံနဲ့ အမျိုးမျိုးသေကြရပါတယ်။

ကျောက်များခွဲသော ယမ်းမိုင်း
ဆက်ပြီး ပြောပါ့မယ် ဗြုံးမြေလွှာတွေရပြီဆိုရင် အပေါ်ကို စက်သီးနဲ့တင် လိုသ လောက်အကုန်ရပြီ ဆိုရင်တော့ ဗြုံးမြေကြီးကိုဆေးကြပါတယ်။

ဆေးတဲ့ နည်းမှာလည်း (၃)နည်းရှိတယ်။
ရေခွက်လို ဇကာပါတ်ပါတ်လည်နဲ့ ခွက်ကြီးထဲ ကိုထည့်ပြီး အားပြင်းတဲ့ နော်ဇယ်ပိုက်ကြီးတွေနဲ့ထိုးပြီးဆေးကြတယ် မြေတွေကုန် သွားရင် ကျန်တာကတော့ ဂဲတွေအပါအ၀င် ကျောက်တွေပေါ့။

အဲ့ဒီထဲမှာမှ ဂဲအကြီးတွေကိုရွှေးထုတ်ပြီး ကျန်တာကို ဇကာအဝိုင်းလေးထဲထည့်ပြီး လှည့်ဆေး ရပါတယ်။
ကျောက်က ပုံမှန်ဂဲတွေထွက် အလေးချိန်ပိုစီးတာမို့ ရေထဲမှာ ဇကာကို လှည့်လိုက်တဲ့အခါ အလည်ခေါင်မှာလာစုပါတယ်။

အေးဆေးယူလိုက်ယုံ ဟဲဟဲ ပါရင်ပြောတာပေါ့လေ။
နောက်တစ်နည်းကတော့ ရေကန်တစ်ခုနဲ့ မြောင်းတစ်ခုလုပ်ထားတယ်။ မြောင်းရဲ့ အစွန်မှာ ဇလုတ်လေး(ရေခွက်အား မြေကြီးတွင်မြုတ်ထားသကဲ့သို့) လုပ်ထား ရပါတယ်။ ဘာနဲ့တူလဲဆိုတော့ ဆေးတံလိုမျိုးပေါ့။
ရေကန်ထဲမှာ ဗြုံးတွေကိုထည့် ပြီးတော့ ရေဆေးချလိုက်တယ် ရေထွက်မြောင်းကနေ ရေတွေဂဲတွေအကုန်လုံး ပါသွားတာပေါ့။

ကျောက်တွေဆိုတာလေးတယ်လေ ဒါကြောင့် ဇလုတ်ထဲ ရောက်တဲ့ အခါမှာ ကျောက်တွေက ပြန်မထွက်နိုင်ပဲ မြေကြီးနဲ့ ပေါ့တဲ့အရာတွေသာ ပြန်ထွက် သွားတယ် ကျောက်တွေကကျန်ခဲ့တာပေါ့။ အဲ့ဒီကျန်ခဲ့တဲ့ကျောက်တွေကို ဝိုင်းဇကာနဲ့ ဆေးချလိုက်တယ်။

ထုံးစံအတိုင်းပေါ့ လှည့်လိုက်ရင်အလည်မှာ လာစုတယ်။ ကဲ ကျောက်ရပြီဗျာ
အမျိုးမျိုးစိတ်ကူးယဉ်ရတာပေါ့ဗျာ
ကားစီး အိမ်ထောင်ပြု မြေဝယ်စုံလို့ပေါ့။

(၂) အင်းဗြဲ
========

ဒါကလည်း အထူးအဆန်းကြီးမဟုတ်လှပါဘူး။ ပြောရရင်တော့ သူဌေးလုပ်ငန်းကြီး ပေါ့ဗျာ။
ဘာလို့လဲဆိုတော့ စက်ကိရိယာ အင်အား၊ လူအင်အား၊ ငွေအင်အား၊ အများကြီးသုံးပြီး လုပ်ကိုင်ရပါတယ်။
ဒယ်အိုးကြီး တစ်လုံးကိုမြင်ကြည့်လိုက်ပါ။
အင်းဗြဲဆိုတာအဲ့ဒါပဲ။

တူးချင်တဲ့နေရာက မြေကြီး တွေကို စက်ကြီးတွေနဲ့တူးပြီးဘေးကိုတင်တယ် ကြာလာတော့ ရေအင်းကြီး ဖြစ်သွားရောဗျာ။ ဗြုံးလွှာကိုမရောက်မချင်းတူးတယ်။
တစ်ချို့ဆိုရင် တော်တော် ကြီးကိုနက်ကြတယ်။
ဗြုံးလွှာကိုတွေ့တော့လဲ တစ်ကြောလုံး တူးတင်ပြီး ဗြုံးဆေးတော့တာပေါ့ ရတာလည်းများပါတယ်။

ဒါပေမယ့် ကျွန်တော်သာဆိုရင် ကတော့အဲ့ဒီ အင်းဗြဲမလုပ်ဘူး။ အကုန်အကျအရမ်းများတယ် ငွေတွေကို မြေကြီးထဲတူးပြီးမြုပ်နေသလိုပဲ။
ကံကိုအဲ့ဒီလောက်မယုံဘူး။
မိုးကုတ်မြို့ အ၀င်က အင်းဗြဲကျောက်လုပ်ကွက်ပါ

(၃) မျောတွင်း။
=========

ဒါကတော့ တောင်ကမ်းပါးရံ တွေကို ရေနဲ့တိုက်ချတယ် အောက်မှာရေသွားမြောင်းအကြီးကြီးတွေ လုပ်ထားကြတယ်။

အဲ့ဒီမြောင်း အကြီးကြီးတွေက ဗြုံးဆေးတဲ့ ရေကန်(ရေမှုံကန်) တွေဆိုကို ဆက်ထားတယ် အဲ့ဒီတော့မရှင်းဘူးလား ဗြုံးလွှာထဲကကျောက်ပါပါ၊ ရိုးရိုးမြေကြီးထဲကပါပါ အကုန်ရတယ်ရှင်းရော။
သူကတော့ ငွေအင်အားသုံးရတာ သိပ်မများပါဘူး။
ဒီလိုရေနဲ့ ထိုးပြီးကျောက်ကိုရှာရတာပေါ့။

(၄) ဂဲတွင်း
======

စိတ်၀င်စားစရာကောင်းမယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့သိထားကြတာ မြေကြီးထဲက ကျောက်ထွက် တယ်ပေါ့။
ဒါပေမယ့် စကျင်ကျောက်သားတွေထဲမှာ သက်တမ်းရင့် အရည် အသွေးလှလှနဲ့ ကျောက်တွေအများကြီး တွေ့နိုင်တယ်ဆို ယုံနိုင်မလားဗျာ။

၁၉၉၆ခုနှစ် လောက်မှာ ဟိုနားတစ်စ ဒီနားတစ်စနဲ့ စကျင်လိုကျောက်ခဲ ထဲကနေပြီးတော့ ကျောက်တွေစတွေ့လာကြပါပြီ အဲ့ဒီနောက်ပိုင်းမှာတော့ စကျင်ဂဲသား(အကြည်) တွေကို ရှာဖွေပြီး ထုခွဲကြတော့ တယ်။
ဒါမှလည်း အထဲကကျောက်ရှိရင်တွေ့မှာကိုး ၁၉၉၉ လောက်မှာ ဂဲကျောက်ဟာ ဘယ်လောက်အထိအောင် ခောတ်စားသလဲဆိုရင် အိမ်တိုင်းအိမ်တိုင်းရဲ့ မြေသားကြမ်းပြင်တွေမှာ ဖြူဖြူဖွေးဖွေးနဲ့ စကျင်ဂဲအမှုန်များ ခင်းထားတဲ့ ကြမ်းပြင်အဖြစ်ရောက်ရှိသွားပါတယ်။

ယခုမိုးကုတ်မြို့ကိုရောက်မယ်ဆိုလဲ အဲ့ဒီအချိန်လောက်က လက်ရာတွေမြင်တွေ့ရဦးမှာပါဗျာ။ အောက်ကပုံပါသလိုပေါ့လေ။ နောက်ပိုင်း စကျင်တောင်ကြီးများကို မျက်စပစ်လာကြပါပြီ ကျောက်မျက် ဖက်စပ်လုပ်ငန်းတွေဟာ ကျောက်ဂဲတွင်းတွေကို ၁၉၉၉ ခုနှစ်လောက်မှာပဲ စတင်ဇောက်ချလုပ်ကိုင်ပါတော့တယ်။

ငွေအား၊ လူအားနဲ့ လုပ်ကိုင်ကြတာမို့ တစ်ချို့ကျောက်တောင် ကြီးတွေဆို (၆)လလောက်နဲ့ မြေမှုန့်ဖြူဖြူတွေ ဖြစ်သွားကြတဲ့အထိပါပဲဗျာ။
အောက်မှာပါသလို အနေအထားမျိုးနဲ့ ကျောက်နီ(ပတ္တမြား)များကို တွေ့ရှိ နိုင်ပါတယ်။

ဂဲတွင်းမှ ထွက်ရှိသော ကျောက်များမှာ မြေတွင်းမှ ထွက်ရှိသော ကျောက်များထက် အများသောအားဖြင့် အရည်အသွေး ပိုမိုကောင်းမွန် တာကို ကျွန်တော်လက်တွေ့ကျကျ လေ့လာသိရှိခဲ့ရပါတယ် -

ခဲတွင်း(ဂဲတွင်း)ထဲမှာ အထင်ရှားဆုံးကတော့ ကျောက်ပြသာဒ်ဘုရားတောင် ပါပဲ(ကန်တော့ ကန်တော့ ဘုရား) ပြစ်မှားသလိုများဖြစ်နေရင်။
ကျောက်သား အတော်များများထဲမှာကို အဖိုးတန်ကျောက်တွေ ငေါလော ထွက်ပြီး မြင်နေရလို့ ဘုရားဂေါပကအဖွဲ့က အင်္ဂတေနဲ့လိုက်ပြီး ပိတ်ထားရတဲ့အထိပါပဲ။

(၅) လူးတွင်း (လှိုဏ်ဂူတွင်း)
==================

လှိုဏ်ဂူတွင်းဆိုတော့ နားလည်ဖို့လွယ်တာ ပေါ့ဗျာသဘာဝကျောက်လှိုဏ်ဂူကြီး တွေထဲကို၀င် ပြီးတော့ မီးလေးထွန်းသွား ပြီးလို့အနက်ထဲရောက်ပြီဆိုရင် တွေ့တဲ့မြေကြီးကဗြုံးပဲဗျာ ။

အိတ်နဲ့ထည့်ပြီး ကောက်ထမ်းလာခဲ့ အပြင်ရောက်မှဆေးလိုက် ပြီးပြီ တစ်ချို့လှိုဏ်ဂူတွေဆိုရင် လှိုဏ်ခေါင်းတွေအများကြီးရှိတယ်။ လမ်းကို သင်္ဘောဆေးနဲ့မှတ်သွား ရတယ်။ ဒါမှမဟုတ်ရင်တော့ အပြန်လမ်းမမှတ်မိနိုင်ပါဘူး။ ပြန်လမ်းမရှိပေါ့။

အထင်ရှားဆုံးသော လှိုဏ်ဂူဆိုရင်တော့ အလံတစ်ရာလူး ပါပဲ။ မျက်စိ တစ်ဆုံးနက်ပြီးအခုအချိန်အထိ လှိုဏ်ဘယ်နှစ်ပေါက်ရှိလဲ။ လမ်းဘယ်အထိပေါက်သလဲဆိုတာကိုဘယ်သူမှပြောနိုင်သူမရှိသေးပါဘူး။

ဗဟုသုမျှဝေပါသည်။
ကျန်းမာချမ်းသာကြပါစေ။
#မူရင်postမှပြန်လည်ကူယူတင်ပြသည်။
Photos Credit

မောက်အကြောင်း ကျောက်စိမ်းလောကမှာ မောက်နဲ့ပတ်သတ်၍ ရှုပ်ထွေးနေတာတွေအများကြီးရှိပါတယ်ရှင့်  မောက်ဆိုတာနှင့်အကုန်အတူတူပဲဟုထင...
27/04/2024

မောက်အကြောင်း

ကျောက်စိမ်းလောကမှာ မောက်နဲ့ပတ်သတ်၍ ရှုပ်ထွေးနေတာတွေအများကြီးရှိပါတယ်ရှင့် မောက်ဆိုတာနှင့်အကုန်အတူတူပဲဟုထင်နေကြတယ် အမှန်တကယ်တော့ မောက်အခေါ်အဝေါ်အယူအဆများ များစွာရှိပါတယ်
ထိုအရာများမှာ
1=မြေကြောမောက်ကပ်အလွှာများ(မောက်ကပ်ကြော )
က။မြေမောက်၊သဲမောက်၊ဘိလပ်မြေကဲ့သို့ကျစ်လစ်မာကြောစွာဖွဲ့စည်းတဲ့မောက်အမာအမျိုးအစားဖြစ်ပါတယ် ထိုပုံစံအတိုင်းပဲမြေမောက် မောက်ပျော့လာတတ်ပါတယ် ကျစ်လစ်မှုအားနည်း၍မြေကြောကဖွယ်မယ် ပျော့မယ်။
ခ။ခဲမောက်ဗြုန်းမောက်၊ ထိုမောက်အမျိုးအစားထဲတွင် ခဲသေးလေးများစွာပါဝင်စုဖွဲ့နေ၍ အပျော့ အမာ မြေဆီလွှာနှစ်မျိုးလာတတ်ပါတယ်ရှင့် မှော်ထဲအခေါ်အရ ခဲကြီးများမပါ ခဲသေးလေးများစွာပါဝင်စုဖွဲ့မှုကြောင့် ဗြုန်းဆန်သောမောက်ဗြုန်းမောက်လို့ခေါ်ကြပါတယ် ထိုဗြုန်းမောက်ထဲတွင် ကျောက်စိမ်းမတွေ့ရှိသလောက်ရှားပါးတယ် ဗြုန်းအလွှာထဲမှာကျောက်စိမ်းတွေ့ရှိနှုန်း အခြားအလွှာများထက်အလွန်သိသာပါတယ်ရှင့် ဗြုန်းအလွှာအားကျောက်ကျဲသောအလွှာအဖြစ်သတ်မှတ်ကြပါတယ်
ဂ။ကျောက်မောက် ခဲမောက် ၊ ထိုအလွှာကိုကျောက်စိမ်းအထွက်နှုန်းကောင်းသော မောက်ကပ်ကြောအဖြစ် သတ်မှတ် ကြပါတယ် ထိုအလွှာထဲ၌ ခဲကြီးခဲသေးများနှင့်အတူ ကျောက်စိမ်းများအတူတွေ့ရှိနိုင်ပါတယ် ကျောက်စိပ်သောအကြောအဖြစ်သတ်မှတ်ပါတယ် မောက်ကပ်ကြောအပျော့ အမာနှစ်မျိုးလာတတ်ပါတယ်
ပလွန်နဲ့ ကျီးကန်း မောက်ခြောက် တောင်ဆန် မှော်တိမ်းများ အတွေ့များတဲ့အကြောဖြစ်ပါတယ်ရှင့် ထိုအကြောမှထွက်ရှိလာသော ကျောက်စိမ်းရိုင်းများတွင်လည်း ကျောက်ချော်တွင်မက မောက်များကပ်ငြိခြင်း ဖုံးအုပ်ခြင်းများ ပါရှိတယ် အလွယ်ပြောရရင်မောက်ကပ်ကျောက် ချော်လုံမောက်လုံကျောက်တွေပါရှင့် ကျောက်စိမ်း ရေမဆေးကျောက်၌ မောက်ပျော့ကပ်ခြင်း မောက်မာကပ်ခြင်းနှစ်မျိုးတွင် မောက်မာကပ်ခြင်းကပိုပြီးမျိုးတန်းရင့်နိုင်ချေများတယ်လို့ဆိုရပြီး မောက်ပျော့ကပ်တဲ့ကျောက်တွေက အသားဖွယ်ခြင်း အသားနုခြင်း မျိုးတန်းမရသောကျောက်တွေဖြစ်တတ်ပါတယ်
ဃ။မောက်ဖာ ၊ထိုမြေကြောကတော့ ခဲသေးခဲကြီးမတွေ့ရပဲ မြေကြောအထူအလွှာအဖြစ်လာတတ်ပြီး ငိုးပင်းကြီးမှော် ငိုးပင်းလေးမှော် (ဆန်ခါနှင့်လုံးခင်းကြား)တို့တွင်မြေမှန်ကြော ရေခွံချောင်းကြော ရေစပ်ကုန်းစပ်ကြော(မုံထုခွံကြော) တို့၏အကြောအောက်၌ မောက်ဖာအထူကြီးတွေ့ရပြီး ထိုမောက်ဖာအထူကြီးကုန်သွားတဲ့အခါ ကုန်းခွံကြောဖြစ်သော ကုဋေဝါကြော ခွံဖြူကြော အမဲကြောများ ထပ်တွေ့ရပြန်ပါတယ်ရှင့် အဲ့မှော်ကတော့ထူးထူးခြားခြားအခြားမှော်နှင့်မတူ မောက်ဖာနှစ်ထပ်လို့ပြောနိုင်တယ် ကျောက်စိမ်းထွက်ကြောအများစုသည် အောက်ဆုံးအလွှာ၌ တည်ရှိသောအကြောကိုမောက်ဖာဟုခေါ်ကြပါသည်။

ဒါတွေကတော့မောက်နဲ့ဆိုင်သောမြေကြောမောက်အကြောင်းပြောတာပါ

မြေကြောနှင့်ဆက်စပ်ပြီးကျောက်စိမ်း၌ကပ်သောမောက်ပုံစံကိုပြန်ခွဲရလွယ်ပါတယ် ကျောက်စိမ်း၌ကပ်ငြိသောမောက်သည် ခဲမောက် မြေမောက် ပုံစံများနှင့် မောက်ကပ်ပုံအများအနည်းနှင့်တကွ မောက်ပျော့မောက်မာခွဲရပါတယ်

မောက်ခြောက်။ ။ ကျောက်စိမ်းကဲ့သို့ အထိုင်ထောင့်အနားများတည်ရှိတတ်ပြီး ကျောက်စိမ်းကဲ့သို့ ချော်ကပ် မောက်ကပ်မယ် ကျောက်စိမ်းထက်မသိမသာလေးသာဝိတ်ပေါ့မယ် ကျောက်စိမ်းယမ်းနှင့်မတူ ယမ်းချောင်း ယမ်းပြား ယမ်းဖက်များမတှေ့ရပဲ ယမ်းလုံးယမ်းညက်ပုံစံ ဆင်တူပြီးယမ်းအရောင်ညစ်မယ် ခွံအရောင်ညစ်မယ်ကျောက်စိမ်းကဲ့သို့ယမ်းမဖွေး မီးမပေါက်ပါ မောက်ခြောက်ဆိုသည်ကကျောက်စိမ်းမဟုတ်ပါ အဝယ်မှားအရောင်းမှားဖြစ်တတ်ပါတယ် (မောက်ခြောက် သို့မဟုတ် မေါက်တုံး) ထိုကဲ့သို့မောက်စိမ်းတုံးလာတတ်ပါတယ် ယမ်းအရောင်မှာ အပြာညစ်ရောင်ဘက်ကိုသွားတယ် ယမ်းမဖွေးပါ မီးရေးရေးလေးသာပေါက်တယ် ထိုကျောက်လည်း ကျောက်စိမ်းမဟုတ်ပါ မောက်ခြောက်တုံးကအခွံကြောကပိုသိသာစွာခြောက်သွေ့နေပါတယ် ကျောက်စိမ်းအခွံခြောက်ပုံနှင့်မတူပါ

ကျောက်စိမ်းဟုတ်သောမောက်သားများအကြောင်း

ကျောက်စိမ်း၏အသားများ၌မောက်သား(အသားမှိုင်း)ဆိုတာ လာပါတယ်
မောက်သားအများစုကအညံ့သားတွေပါပဲ
မောက်ကြည်သားတစ်ခုသာ နည်းနည်းကောင်းတယ်လို့ပြောရမယ် ကျောက်စိမ်းမောက်သားများနှင့်ပတ်သတ်သောအရာများမှာ
1=မောက်ဖြူသား(အသားမှိုင်း)ကျောက်သားပျော့မယ် ကျောက်သားကြည်လင်မှုမရှိ အမှိုင်းဓာတ်ပါမယ် အသားပုံစံကမကြည်လင်ပဲအဖြူနောက်ပုံစံ

2=မောက်စိမ်းသား(အသားမှိုင်း)အစိမ်းရိပ်ရောင်အနည်းငယ်သာပါ၍ အစိမ်းညစ်ရောင် အသားမကြည်လင်ပဲ အသားနုအသားမှိုင်း

3=မောက်ကြည်သား(အဖြူခံအစိမ်းခံများလာတတ်ပြီး ကျောက်သား၌အနောက်ရိပ်စွဲဝင်နေပြီး ကျောက်သားကြည်မယ် အသားရောင် ကျောက်သားရောင်လာတတ်ပါတယ်

ကျောက်တစ်လုံးမှာ မောက်သားဖြစ်မယ်
မောက်ကွက်မယ်ဆိုရင် (အသားခံရိပ်၍ အသားခံမှိုင်းတာများပါတယ်)
မောက်ကြည်သားဆိုလျှင်လဲ ကျောက်သားအရအသုံးပြုလို့ရပေမဲ့ အသားခံရိပ်တတ်ပါတယ်
မောက်ကွက်တယ်ဆိုတာ အရည်အသားကို
ဒုက္ခပေးတဲ့အရာတစ်ခုပါ
တချို့အရည်ပါရင်တောင် မောက်ကွက်တဲ့ကျောက်မှာ အရည်ပါနေရင်လဲ
အရည်မှာပါ အသားခံရိပ်ခြင်းဒုက္ခပေးတတ်တယ် (အပွင့်ဆရာတွေကိုပိုသိပါမယ်)

ငချိတ်ထဲကအရည်
မောက်ထဲကအရည်
အသားခံရိပ်ခြင်းမကင်းတတ်ကြပါ
အများစုပါတတ်တယ်

ကျောက်တစ်လုံး၌
မောက်ကြောထိုးခြင်း
မောက်ကွက်ခြင်း
မောက်ရိပ်သန်းခြင်းက
အကောင်းထက် အဆိုးဘက်ကိုဦးလှည့်တတ်ပါတယ်။

Credit


#

27/04/2024
...Hello ဘယ်သူရှိလည်ဗျ။             ။        ။ကျွန်တော်ကျောက်အလုပ်ကိုမလုပ်တော့ပါ။(1)ကျောက်ကိုစစ်ချက်ထုတ်ချင်ရင်ပြောပါ။(၂...
27/04/2024

...Hello ဘယ်သူရှိလည်ဗျ။
။ ။
ကျွန်တော်ကျောက်အလုပ်ကိုမလုပ်တော့ပါ။

(1)ကျောက်ကိုစစ်ချက်ထုတ်ချင်ရင်ပြောပါ။
(၂)ကျောက်အကြောင်မသိတာရှိရင်မေးပါ။
(၃)ကျောက်ဖြတ်ချင်တယ်ဆိုပြောပါ။
(၄)အကူအညီတောင်လို့ရပါတယ်။
စေတနာအရမ်ပါရင်မုန့်ဖိုးပေးလို့လည်ရတယ်နော်။🤭🤭
ကျွန်တော်ဆရာ‌ေတာ့မဟုတ်ပါစေတနာတော့ပါတယ်။
အကူအညီလိုရင်စာသာပို့လိုက်ပိုက်ဆံတော့လာမချေးနဲ့။😜😜

03/03/2024

လူယုံဆိုတာကလူတစ်ယောက်ရဲ့ယုံကြည်မှု့ကိုရထားတဲ့လူ
ယုံကြည်မှု့ကိုအလွဲသုံးစားလုပ်ရင်နောက်ထပ်ယုံကြည်မှု့ဆိုတာရလာမှာမဟုတ်တော့ဘူကိုယ့်လူ

23/01/2024

မနက်မိုးလင်းအိပ်ယာနိုးတာနဲ့မင်ဂလာဖြစ်တယ်

 #ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်  ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်
18/01/2024

#ဆရာများမှခွင့်ပြုပေးပါရန်ခွင့်တောင်းအပ်တယ်
ူရင်းpostမှပြန်လည်မျှဝေပေးချင်ဖြစ်သည်

ကျွန်တော်သည် တကယ်တော့ဆရာတယောက်မဟုတ်ပါဘူကျောက်ကိုဝါသနာပါလို့ လေ့လာနေတဲ့ ပညာသင်တယောက်ပါကျွန်တော့မယ် အရင်အနှီမရှိပါဘူ အကူအည...
18/01/2024

ကျွန်တော်သည် တကယ်တော့ဆရာတယောက်မဟုတ်ပါဘူ
ကျောက်ကိုဝါသနာပါလို့ လေ့လာနေတဲ့ ပညာသင်တယောက်ပါ
ကျွန်တော့မယ် အရင်အနှီမရှိပါဘူ အကူအညီပေးမဲ့သူလည်မရှိဘူ
အားပေးမဲ့သူလည်မရှိပါဘူ ကျွန်တော့ဖုန်းတစ်လုံးဘဲရှိတာပါ
လိုင်းပေါ်ကလေ့လာတယ် page တစ်ခုထောင်p ပြန်လည်မျှဝေပေးတယ် liveတွေကြည့်တယ် မသိတာရှိရင်လူအစုံလိုက်မေးတယ် ကျွန်တော့ကိုယံုယံုကြည်ကြည်လာမေးတဲ့သူတွေကိုလည်တတ်သလောက်ပြန်‌ေပြာပြပေပြီ ကျွန်တော်မသိရင်ကျွန်တော်ဆရာတွေစည်ကျွန်တော်ကိုယ်တိုင်သွားမေးပေးpပြန်ပြောပြတာပါ။
ကျွန်တော်ရဲ့အတွေးထဲမယ် ချစ်ရတဲ့သူရယ် , မိဘရယ် , ကျောက်အကြောင်တွေရယ် , ဘယ်သူ့ကိုအကူအညီပေးpဘယ်သူ့စည်ကယုံကြည်မှု့ပြန်ရမလည်ဘဲမျှော်လင့်ချက်ရှိတာပါ ကျောက်ကိုတကယ်ဝါသနာပါpလေ့လာနေတဲ့သူဆိုသူငယ်ချင်းအဖြစ်နဲ့ဖွဲ့ပြီ‌ေကျာက်ပညာကိုအပြန်အလှန်မျှဝေပေးပြီ အယုံအကြည်ဆုံနဲ့တယောက်အကူညီလိုရင်တယောက်ကပြန်ကူညီပေးမဲ့သူ ညီအကိုလိုဆရာတပည့်လို့သူငယ်ချင်းတွေလိုခင်ချင်ပါတယ်
အေးအတူပူအမျှအတူလက်တွဲချင်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when Shwe Mogok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Shwe Mogok:

Share

Category