23/09/2026
စာနာခြင်းဆီသို့: ဘဝအတွေ့အကြုံများမှတစ်ဆင့်
“Towards Empathy” ခရီးစဉ်အတွင်း ပါဝင်သူများသည် စာနာခြင်းကို ခေါင်းစဉ်တစ်ခုတည်းအဖြစ်မဟုတ်ဘဲ ကိုယ်ပိုင်အတွေ့အကြုံများ၊ လူမှုဆက်ဆံရေးများ၊ အမှတ်လက္ခဏာများနှင့် ပိုင်ဆိုင်မှုခံစားချက်များမှတစ်ဆင့် ရှာဖွေစူးစမ်းခဲ့ကြပါသည်။ တစ်ဖွဲ့လျှင် ပါဝင်ဆွေးနွေးသူ ၆ ယောက်မှ ၁၂ ယောက်အထိ ပါဝင်သည့် အဖွဲ့ပေါင်း (၁၂) ဖွဲ့ ရှိခဲ့ပြီး အဖွဲ့အသီးသီးသည် မတူညီသော အကြောင်းအရာများကို ဗဟိုပြု၍ ဆွေးနွေးမှုများ၊ မျှဝေမှုများနှင့် ဖန်တီးမှုများကို ပြုလုပ်ခဲ့ကြပါသည်။ ထိုဖြစ်စဉ်များမှ ပေါ်ပေါက်လာသော အတွေးအမြင်များနှင့် လေ့လာတွေ့ရှိချက်များကို ဆက်လက်မျှဝေပေးသွားမည်ဖြစ်ပါသည်။ ယခုတစ်ခေါက်တွင် “ဘဝအတွေ့အကြုံများမှတစ်ဆင့် (Empathy Through Lived Experiences)” စကားဝိုင်းအဖွဲ့၏ အတွေးအမြင်အချို့ကို မျှဝေလိုပါသည်။
ကျွန်ုပ်တို့၏ ဘဝအတွေ့အကြုံများသည် အခြားသူများကို နားလည်နိုင်စွမ်းအပေါ် မည်သို့ သက်ရောက်ပါသနည်း။ ကိုယ်တိုင်ကြုံတွေ့ခဲ့သော ဇာတ်လမ်းများမှ စာနာခြင်း၊ ကုစားခြင်းနှင့် လူသားချင်းဆက်နွယ်မှုများအကြောင်း မည်သို့ သင်ယူနိုင်ပါသနည်း။
အနုပညာ၊ ဖန်တီးမှုဆိုင်ရာ လုပ်ငန်းများ၊ လူထုအခြေပြုလုပ်ငန်းများ၊ ပညာရေးနှင့် မီဒီယာနယ်ပယ်များမှ ပါဝင်သူများ စုစည်းထားသော ဤစကားဝိုင်းအဖွဲ့သည် ကိုယ်ပိုင်ဘဝအတွေ့အကြုံများ၊ ဆက်ဆံရေးများနှင့် ဘဝသင်ခန်းစာများမှတစ်ဆင့် စာနာခြင်းကို လေ့လာခဲ့ကြပါသည်။ ဆွေးနွေးမှုများအတွင်း ပါဝင်သူများသည် မိမိတို့၏ ဘဝကို ပုံဖော်ပေးခဲ့သော အမှတ်ရဖွယ်ဖြစ်ရပ်များ၊ အခက်အခဲများ၊ မိတ်ဆွေဖြစ်မှုများ၊ မိသားစု၏ လွှမ်းမိုးမှုများနှင့် ကိုယ်တိုင်လေ့လာသင်ယူခဲ့ရသော အတွေ့အကြုံများကို မျှဝေခဲ့ကြပါသည်။
စကားဝိုင်းများမှတစ်ဆင့် စာနာခြင်းသည် ကိုယ်တွေ့ဘဝအတွေ့အကြုံများမှ မကြာခဏ ပေါ်ပေါက်လာကြောင်းကို ဆင်ခြင်ခဲ့ကြပါသည်။ ကိုယ်ပိုင်ကြီးထွားမှု၊ အားနည်းထိခိုက်လွယ်ခဲ့သည့် အခိုက်အတန့်များ၊ အဓိပ္ပာယ်ရှိသော တွေ့ဆုံမှုများနှင့် ဘဝအပြောင်းအလဲများအကြောင်း မျှဝေရင်း အချင်းချင်းထံမှ သင်ယူနိုင်ပုံနှင့် ဆက်နွယ်မှုများအတွင်း ခွန်အားရှာဖွေနိုင်ပုံတို့ကို လေ့လာခဲ့ကြသည်။
ထို့အပြင် အမှတ်လက္ခဏာ၊ ပိုင်ဆိုင်မှုခံစားချက်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ဘဝအကူးအပြောင်းများ၊ ဆုံးရှုံးမှုများနှင့် ကုစားခြင်းတို့အပေါ် အမြင်များကိုလည်း ဖလှယ်ခဲ့ကြပါသည်။ အဖြေတစ်ခုတည်းကို ရှာဖွေခြင်းထက် မတူညီသော အတွေ့အကြုံများနှင့် ရှုထောင့်များကို လေးစားစွာ နားထောင်ရန် နေရာတစ်ခုကို အတူတကွ ဖန်တီးခဲ့ကြသည်။
ဤဖြစ်စဉ်အတွင်း စာနာခြင်းသည် အခြားသူ၏ ခံစားချက်ကို နားလည်ပေးခြင်းသာမက နားထောင်ခြင်း၊ ပြန်လည်ဆင်ခြင်ခြင်းနှင့် မတူညီသော အတွေ့အကြုံများအတွက် နေရာဖွင့်ပေးခြင်းတို့နှင့်လည်း သက်ဆိုင်ကြောင်း ပိုမိုထင်ရှားလာခဲ့ပါသည်။ ထိုသို့သော ကိုယ်ပိုင်ဇာတ်လမ်းများသည် လူသားချင်း နားလည်မှုနှင့် ပိုမိုလေးနက်သော ဆက်နွယ်မှုများဆီသို့ ချိတ်ဆက်ပေးသည့် တံတားတစ်စင်းအဖြစ် ဖြစ်လာခဲ့ပါသည်။
___________________________
Towards Empathy: Empathy Through Lived Experiences
Throughout the Towards Empathy journey, participants explored empathy not as a single concept, but through the lenses of personal experiences, social relationships, identity, and a sense of belonging. The project brought together 12 focus group discussions, each comprising between 6 and 12 participants. Every group focused on a distinct theme, engaging in dialogue, shared reflection, and creative exploration. Over the coming period, we will be sharing some of the perspectives, insights, and discoveries that emerged through these collective processes. The following offers a glimpse into one of these dialogue groups, “Empathy Through Lived Experiences.”
How do our life experiences shape the way we understand others? What can personal stories reveal about empathy, healing, growth, and human connection?
Bringing together participants from diverse backgrounds in the arts, creative practice, community work, education, and media, this dialogue group explored empathy through the stories, relationships, and experiences that have shaped their lives. Through a series of conversations, participants reflected on defining moments, personal challenges, supportive friendships, family influences, and the lessons they have carried with them over time.
The discussions highlighted how empathy often emerges from lived experience. By sharing memories of personal growth, moments of vulnerability, meaningful encounters, and unexpected turning points, participants explored the ways people learn from one another and find strength through connection. Many reflected on the importance of supportive communities and how encouragement, understanding, and acceptance can profoundly influence a person's journey.
The group also engaged in conversations about identity, belonging, cultural traditions, life transitions, loss, and healing. Rather than seeking clear answers, participants created a space where different perspectives and experiences could be shared openly and respectfully. Through listening to one another’s stories, they discovered common threads across diverse lives and backgrounds.
As the dialogue evolved, empathy came to be understood not only as the ability to understand another person's feelings, but also as a practice of listening, reflecting, and making space for different experiences. In this way, personal stories became a bridge to deeper understanding and more meaningful human connections.