The Lantern House

Directions

The Lantern House The more that you read, the more things you will know....

ဒီတပတ် Super Sunday ရဲ့အစီအစဉ်ဆရာ ဒေါက်တာခင်မောင်ညိုရဲ့ "ဒီလိုလူတွေနဲ့ " Memoirစာအုပ်သစ် လက်မှတ်ရေးထိုးခြင်းအမှတ်တရပွဲလေ...
01/10/2026

ဒီတပတ် Super Sunday ရဲ့အစီအစဉ်

ဆရာ ဒေါက်တာခင်မောင်ညိုရဲ့
"ဒီလိုလူတွေနဲ့ " Memoir
စာအုပ်သစ် လက်မှတ်ရေးထိုးခြင်း
အမှတ်တရပွဲလေးကို တနင်္ဂနွေနေ့
နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ကျင်းပ
မှာ ဖြစ်လို့ ဆရာ့ပရိသတ်များနဲ့ စာပေ
ချစ်သူများ အားလုံးကို ဖိတ်ပါတယ်ရှင်

The Lantern House@classic art area
W1-16, The Secretariat YGN.
Gate 6, Bo Aung Kyaw Rd.

4.10.2026 (Sunday)
1:00 pm to 3:00 pm

❤️📚 Super Sunday ကို The Lantern House မှာ ဖြတ်သန်းကြရအောင်…မနက်ဖြန် တနင်္ဂနွေနေ့မှာ The Lantern House စာအုပ်ဆိုင်မှာ ဆရ...
26/09/2026

❤️📚 Super Sunday ကို The Lantern House မှာ ဖြတ်သန်းကြရအောင်…

မနက်ဖြန် တနင်္ဂနွေနေ့မှာ The Lantern House စာအုပ်ဆိုင်မှာ ဆရာမ သန်းမြင့်အောင် ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ထုတ်ဝေထားတဲ့
“မေတ္တာတရားအိမ်မှသည်… နေမဝင် အနုပညာဆည်းဆာ” စာအုပ်လေးကို အမှတ်တရ လက်မှတ်ရေးထိုး ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒီစာအုပ်လေးရဲ့ ထူးခြားမှုက စာမျက်နှာတွေအတွင်းက အနုပညာနဲ့ မေတ္တာတရားတွေကို ဖတ်ရှုခံစားရုံသာမက၊ စာအုပ်ရောင်းရငွေအားလုံးနဲ့ စာအုပ်မူပိုင်ခွင့်မှ ရရှိတဲ့ အကျိုးခံစားခွင့်တွေကိုပါ “အနုပညာဆည်းဆာရိပ်” ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေအဖြစ် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ❤️

ဒါကြောင့် ယခုစာအုပ်တစ်အုပ် ဝယ်ယူခြင်းဟာ ကိုယ်တိုင်ဖတ်ရှုဖို့ စာအုပ်တစ်အုပ်ရရှိခြင်းအပြင် ကောင်းမွန်တဲ့ အကြောင်းအရာတစ်ခုမှာ ကိုယ်တိုင်ပါဝင်လှူဒါန်းခြင်းလည်း ဖြစ်ပါတယ်။

ပြီးတော့ မနက်ဖြန်ရဲ့ Super Sunday အထူးအစီအစဉ်အနေနဲ့ စာအုပ်ဝယ်ယူသူတိုင်းကို
Bo Aung Kyaw Lounge
(ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်၊ ဝန်ကြီးများရုံးရှေ့တည့်တည့်) မှာ
မနက် ၉ နာရီမှစပြီး မုန့်ဟင်းခါးဘူဖေး အခမဲ့ စားသုံးခွင့်လည်း ရရှိမှာပါ။ 🍜❤️

စာအုပ်လေးတစ်အုပ် ဝယ်ရင်း အလှူတစ်ခုမှာ ပါဝင်ကြမယ်။
မနက်စာလေးလည်း အတူတူစားကြမယ်။
မိတ်ဆွေတွေနဲ့လည်း တွေ့ကြမယ်။

တနင်္ဂနွေနေ့တစ်နေ့ကို စာအုပ်နဲ့စပြီး မေတ္တာနဲ့ ဖြတ်သန်းဖို့
The Lantern House ကို လာခဲ့ကြပါနော်။ 🌿📚❤️

ဆရာမကြီးကတော့ ဒီနေ့ အုပ်ရေ ၁၀၀ လက်မှတ်ထိုးပါတယ် ❤️

Lantern House
Classic Art Area
မေတ္တာတရားမှသည် အနုပညာဆည်းဆာရိပ် သို့ 🫡

" မေတ္တာတရားအိမ်မှသည် နေမဝင်အနုပညာဆည်းဆာ " 🖋📖🖋📖🖋📖🖋📖🖋📖စာပေလောကနှင့် အများအကျိုးပြု ပရဟိတမိခင်အဖြစ် လေးစားချစ်ခင်ကြသော ဆရာ...
22/09/2026

" မေတ္တာတရားအိမ်မှသည်
နေမဝင်အနုပညာဆည်းဆာ "
🖋📖🖋📖🖋📖🖋📖🖋📖

စာပေလောကနှင့် အများအကျိုးပြု ပရဟိတ
မိခင်အဖြစ် လေးစားချစ်ခင်ကြသော ဆရာမ
သန်းမြင့်အောင်ရဲ့ (၇၃)နှစ်ပြည့် မွေးနေ့အမှတ်
တရအဖြစ် ...

“မေတ္တာတရားအိမ်မှသည် နေမဝင် အနုပညာဆည်းဆာ” အမည်ရ အနုပညာ မှတ်တမ်းဆောင်းပါးစာအုပ်ကို လာမယ့် စက်တင်ဘာ
၂၇ ရက် တနင်္ဂနွေနေ့မှာ စတင်ဖြန့်ချိထုတ်ဝေ
မှာ ဖြစ်ပါတယ်ရှင် 💙

ဒီစာအုပ်မှာ ဆရာမသန်းမြင့်အောင်နှင့်အတူ
စာပေ၊ အနုပညာကို ချစ်မြတ်နိုးသူများ၏
မေတ္တာနှင့် ခွန်အား ပေါင်းစပ်ကာ တည်ထောင်
ခဲ့သော “အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်
သာ" အကြောင်းကို ဆရာမက မှတ်တမ်းအနေ
နဲ့ ရေးသားထားပါတယ်၊ သက်ကြီးအနုပညာရှင်
ကြီးများရဲ့ ဘဝဆည်းဆာချိန်ကို ပြုစု စောင့်
ရှောက်ပေးရင်း ကြုံရတတ်တဲ့ အတွေ့အကြုံ
အခက်အခဲတွေနဲ့ မမေ့နိုင်စရာ အမှတ်တရတွေ
ကို ရင်ဖွင့်ရေးသားထားပါတယ် 💛

ဒီစာအုပ်ဟာ အမှတ်တရဖြစ်စေတဲ့ ဆောင်းပါး
တွေ စုစည်းထားတဲ့ စာအုပ်တစ်အုပ်သာမကဘဲ
မေတ္တာတရား၊ အနုပညာနဲ့ လူသားအချင်းချင်း
ထားရှိတဲ့ စေတနာ တန်ဖိုးထားမှုတွေကို မှတ်တမ်းတင်ထားတဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်🤍

ဒီပွဲရဲ့ အဓိပ္ပာယ်ရှိတဲ့ အဓိကအချက်ကတော့ ...

စာအုပ်ရောင်းရငွေ အားလုံးကို ဆရာမ သန်းမြင့်အောင်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် “ အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ " သို့
လှူဒါန်းသွားမှာ ဖြစ်ပါတယ် 🙏

ဒါ့အပြင် “မေတ္တာတရားအိမ်မှသည် နေမဝင် အနုပညာဆည်းဆာ” စာအုပ်ရဲ့ မူပိုင်ခွင့်ကိုလည်း “အနုပညာဆည်းဆာရိပ်ဘိုးဘွားရိပ်သာ" အတွက် ရည်ရွယ်လှူဒါန်းမှာ ဖြစ်ပါတယ်🙏

စာအုပ်တစ်အုပ်ဟာ စာဖတ်သူအတွက် အမှတ်
တရတစ်ခု ဖြစ်လာနိုင်သလို ဒီစာအုပ်ကတော့
စာဖတ်ခြင်းနဲ့အတူ ဘဝရဲ့ဆည်းဆာချိန်ကို ဖြတ် သန်းနေသူတွေအတွက် မေတ္တာတစ်စိတ်တစ်ပိုင်း
ကိုပါ မျှဝေနိုင်မယ့် စာအုပ် ဖြစ်လာမှာပါ🩷

ဆရာမ သန်းမြင့်အောင်ရဲ့ ၇၃ နှစ်ပြည့် မွေးနေ့ကို မွေးနေ့ပွဲတစ်ခုအဖြစ် သာမက
စာပေကပေးတဲ့ မေတ္တာတရား
အနုပညာက ချန်ထားတဲ့ အမွေအနှစ်
လူသားအချင်းချင်း မျှဝေကြတဲ့ စေတနာတို့ ဆုံ
စည်းရာ အမှတ်တရ နေ့လေးတစ်နေ့အဖြစ် အတူ တကွ မျှဝေကြရအောင်🩵

စာအုပ်တစ်အုပ် ဝယ်ယူခြင်းကနေ စာပေကို
ချစ်ခြင်းနဲ့အတူ မေတ္တာတရားကိုလည်း မျှဝေ
နိုင်ပါတယ် ❤️📚

၂၇.၉.၂၀၂၆ (တနင်္ဂနွေနေ့)
နေ့လယ် ၁နာရီမှ ၃နာရီ အထိ
The Lantern House@ classic art area
W1-16 , The Secretariat YGN.
Gate 6. Bo Aung Kyaw Rd.

စာအုပ်လေးနဲ့အတူ စာပေ၊ အနုပညာနဲ့ မေတ္တာ
တရားကို အတူတကွ မျှဝေကြပါစို့ 🌿📖❤️

ဒီတပတ် TLH  မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ရေဆန်လေဆန် ရေဘေးအလှူပွဲရဲ့စည်းစည်းလုံးလုံး တက်တက်ကြွကြွ ပုံရိပ်များ
13/09/2026

ဒီတပတ် TLH မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့
ရေဆန်လေဆန် ရေဘေးအလှူပွဲရဲ့စည်း
စည်းလုံးလုံး တက်တက်ကြွကြွ ပုံရိပ်များ

ရေဆန်လေဆန်ရေဘေးအလှူပြပွဲရေဘေးအလှူအတွက် ပန်းချီကားများ၀ယ်ယူ လှူဒါန်းနိုင်သလို  အချစ်တော် ကာတွန်းဇာတ်ကောင်လေးတွေရဲ့ ဖန်တီး...
10/09/2026

ရေဆန်လေဆန်
ရေဘေးအလှူပြပွဲ

ရေဘေးအလှူအတွက် ပန်းချီကားများ
၀ယ်ယူ လှူဒါန်းနိုင်သလို အချစ်တော်
ကာတွန်းဇာတ်ကောင်လေးတွေရဲ့ ဖန်
တီးသူ ဆရာများရဲ့ လက်ရာတွေကို
လည်း အားပေးနိုင်မှာမလို့ ကောင်းမှု
ပြုရင်း ပန်းချီကားစုရင်း ကာတွန်းကမ္ဘာ
ကြီးမှာ တွေ့ဆုံကြရအောင်နော်👌

12.9.26 Saturday & 13.9.26 Sunday
9:00 am to 5:00 pm

The Lantern House@classic art area
W1-16, The Secretariat YGN.
Gate 6. Bo Aung Kyaw Rd.

စာရေးဆရာ ဒါရိုက်တာ ဦးအောင်စိုးဦး(ဥပဒေပညာရှင်) သည် ယနေ့  (8.9.26) ည ၇:၂၅ နာရီတွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် The...
08/09/2026

စာရေးဆရာ ဒါရိုက်တာ ဦးအောင်စိုးဦး
(ဥပဒေပညာရှင်) သည် ယနေ့ (8.9.26)
ည ၇:၂၅ နာရီတွင် ကွယ်လွန်သွားကြောင်း
သိရှိရသည့်အတွက် The Lantern House
Family မှ အထူးပင် ၀မ်းနည်းရပါသည်🥺

ဆရာ မြင့်ရာမြတ်ရာဘုံဘ၀မှာ အနုပညာ
ဖြင့် အေးချမ်းပါစေ 🙏
နှုတ်ဆက်ပါတယ် ဆရာ🥺

06/09/2026
ဆရာ မောင်စိန်၀င်း(ပုတီးကုန်း) ရဲ့အရိန္ဒမာသိပါသည် စာအုပ်နှင့်ဆရာမောင်စိန်၀င်း(ပုတီးကုန်း) ယာယီနှင်းစက် ဆရာလွင်ကိုကိုထက်ချ...
29/08/2026

ဆရာ မောင်စိန်၀င်း(ပုတီးကုန်း) ရဲ့
အရိန္ဒမာသိပါသည် စာအုပ်နှင့်

ဆရာမောင်စိန်၀င်း(ပုတီးကုန်း)
ယာယီနှင်းစက်
ဆရာလွင်ကိုကိုထက်
ချန်ရစ်ရက်ခဲ့မှာစိုး ၀တ္ထုနှစ်ပုဒ် စုစည်းမှု စာအုပ်
အမှတ်တရ လက်မှတ်ရေးထိုးခြင်း အစီအစဉ်ကို
(၃၀.၈.၂၀၂၆) တနင်္ဂနွေနေ့ နေ့လယ် - ၁နာရီ မှ ၃
နာရီအထိ ကျင်းပမှာဖြစ်လို့ စာဖတ်ပရိသတ်များ
နှင့် ဆရာ့ပရိသတ်များကို ဖိတ်ကြားပါရစေရှင်

30.8.2026 (Sunday)
1:00 pm to 3:00 pm
The Lantern House@classic art area
W1-16, The Secretariat YGN.
Gate 6. Bo Aung Kyaw Rd.

မြင်အပ်၊ မမြင်အပ် (အပိုင်း-၂၂)*************************** တာဝါ-၄ အဆောက်အအုံကြီး၏ ကျန်ထူးခြားချက်များမှာ အပြင်ဖက်မှကြည့်လ...
29/08/2026

မြင်အပ်၊ မမြင်အပ် (အပိုင်း-၂၂)
***************************
တာဝါ-၄ အဆောက်အအုံကြီး၏ ကျန်ထူးခြားချက်များမှာ အပြင်ဖက်မှကြည့်လျှင် အပေါ်ဆုံးထပ် ဝဲယာ၌ တြိဂံ ပုံသဏ္ဌာန် အမိုးချွန် ၂ ခုရှိသည်။ အဆိုပါ တြိဂံ တစ်ခုစီ၏ မျက်နှာစာ အလယ်တွင် ကနုတ်ပန်းများဖြင့် မွမ်းမံ ခြံရံ ပုံဖော်ထားသည့် အဝိုင်း တစ်ခုစီရှိသည်။ လက်ဝဲဖက်အဝိုင်းထဲတွင် အဆိုပါ အဆောက်အအုံကြီးအား စတင် ဆောက်လုပ်သည့် ခုနှစ် 1889 ဟုလည်းကောင်း၊ လက်ယာဖက် အဝိုင်းထဲတွင် ဆောက်လုပ်ပြီးစီးသည့် ခုနှစ် 1892 ဟုလည်းကောင်း ရေးထိုးထားသည်။

တာဝါ-၄ မြေညီထပ် ဆင်ဝင်ရှိ အလယ်ဆုံးအပေါက် တည့်တည့်မှ မတ်တပ်ရပ်ပြီး တောင်ဖက်နှင့် မြောက်ဖက်များသို့ ဉီးတည် ကြည့်မည် ဆိုပါက။ တောင်ဖက်တွင် ဘရွတ်ကင်းလမ်း(ယခု ဘိုကလေးဈေးလမ်း)၏ အလယ်ခေါင် တည့်တည့် ဖြစ်သည်။ ထိုမှ တဆင့် ဘရွတ်ကင်း ဆိပ်ခံတံတားရှိရာ ရန်ကုန်မြစ် ကမ်းနားအထိ အဖြောင့်အတိုင်း ဖြစ်သည်။

ဆင်ဝင်အောက်မှ မြောက်ဖက်အတိုင်း ရှေ့တူရှု ကြည့်ပါက ပါလီမန်ရုံးအလယ်ပေါက်တည့်တည့် ( တာဝါ-၄ ဆောက်လုပ်ပြီး ၁၀ နှစ်ကျော်မှကြာမှ ပါလီမန် ဆောက်လုပ်ခဲ့ခြင်းဖြစ်၍ ယင်းမတိုင်မီက) မြောက်ဖက်အခြမ်း အဆောက်အဉီများ၏ အလယ်တည့်တည့် ဆင်ဝင်၊ ထိုမှတဆင့် ဖရေဇာလမ်း(ယခု အနော်ရထာလမ်း) တဖက်ခြမ်းရှိ စိန်ပေါလ် ကျောင်းမုခ်ဉီး (ယခု အထက ၆ ဗိုလ်တထောင်) ထိုမှတဆင့် ကျောင်း၏ ပင်မဆောင် ဆင်ဝင် တည့်တည့် အား မြင်နေရသည်။

စိန်ပေါလ်ကျောင်း၏ ပင်မဆောင်ဆင်ဝင်တည့်တည့်မှ မြောက်ဖက်သို့ အဖြောင့်အတိုင်း ဆက်သွားလျှင် နာမည်ကျော် စိန့်မေရီ ခရစ်ယာန် ဘုရားရှစ်ခိုးကျောင်းသို့ ရောက်သည်။ စိန်ပေါလ်ကျောင်းအား ၁၈၈၆ ခုနှစ်တွင် ဆောက်လုပ်ပြီးစီး၍ ဝန်ကြီးများရုံးထက် ၆ နှစ်ခန့်စောသည့် ရှေးဟောင်း အဆောက်အအုံ တစ်ခုဖြစ်သည်။ ယခင်ကကျောင်း ဆင်ဝင်ရှေ့တွင် ‘နေ’ နာရီ တစ်လုံးရှိသည်။ ကျောင်း၏ ပင်မဆောင် မျက်နှာစာ ဝဲယာအစွန်တွင်မှ တောင်မြောက် တန်းထားသည့် အဆောက်အဉီ ၂ ခုဖြင့် ချိတ်ဆက်ထား၍ ယူပုံသဏ္ဌာန်ဖြစ်သည်။

ထို့ကြောင့် တာဝါ-၄ အလယ်တည့် (ကြောင်လိမ်လှေကား ၂ စင်းကြား)မှ တောင်ဖက် ဘရွတ်ကင်း လမ်းတလျှောက် ရန်ကုန်ဆိပ်ကမ်း အထိ လည်းကောင်း၊ မြောက်ဖက် စိန်ပေါလ်စာသင်ကျောင်း မှတဆင့် စိန်မေရီ ဘုရားရှစ်ခိုးကျောင်းအထိ လည်းကောင်း တိုးယိုပေါက် ကြည့်ရှုမြင်တွေ့ နိုင်စေရန် တည်ဆောက်ထားခြင်း ဖြစ်သည် ကို လေ့လာသိရှိရပါသည်။

စိန်ပေါလ်ကျောင်းသားဟောင်းတစ်ဉီး၏ ပြောပြချက်များအရလည်း ကျောင်းအဆောက်အအုံ ပတ်လည်တွင် မြေအောက်မြောင်းကြီးများသို့ ဆင်း၍ရသော သံကျွတ်ပြားကြီးများဖြင့် ပိတ်ထားသည့် Manhole ပေါက်ကြီးများ ရှိကြောင်း၊ စိန့်မေရီ ဘုရားကျောင်းနှင့် အနီးဆုံး အဆောင်၏ အခန်းကျဉ်းတွင်လည်း ကြမ်းခင်းအား သံဇကာ ဖြင့်ပိတ်ထားသည့် အပေါက်ရှိကြောင်း၊ ယခင်က စိန့်မေရီ ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများကွယ်လွန်က Bishop’s house မြေအောက် တွင်သာ မြုပ်နှံသင်္ဂြိုလ်လေ့ရှိကြကြောင်း သိရှိရသေးသည်။

ဆက်လက်၍ ဝန်ကြီးများရုံး တာဝါ-၄ နှင့် တာဝါ-၃ ကြား မြေညီထပ် ရှိဖြစ်စဉ်အချို့ကိုလည်း ၁၉၇၄ ခုနှစ်နောက်ပိုင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဆရာသမားတစ်ဉီးမှ ပြောပြသေးသည်။ အဆိုပါနေရာ မြေညီထပ်သည် ထိုစဉ်အခါက သတင်းတပ်ဖွဲ့ ရုံးခန်းများထားရှိသည်။

ထိုစဉ်က အလုပ်သမား အရေးအခင်း၊ ဉီးသန့် အရေးအခင်း စသည်တို့ ဖြစ်ပွားသော ကာလများဖြစ်၍ တပ်ဖွဲ့ဝင်များက ရုံးတွင် အသင့်စောင့်၍ ညအိပ်ကြရသည်။ လမ်းများကို ရှင်း လင်းသည့် တာဝန်မှာ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ တာဝန်ဖြစ်သော်လည်း ညအချိန်တွင် ရုံးရှိ အသင့် တာဝန်ကျများပါ ချောဆွဲလေ့ ရှိသည်။

အချို့က ညအိပ်တာဝန်ကျသော်လည်း ပုန်းနေသောသူ လွတ်သည်။ ထို့ကြောင့် ထိုဆရာသမားလည်း ကောင်းကောင်းမအိပ်ရသေး၍ လွယ်ကူစွာ ရှာမတွေ့နိုင်သည့် အခန်းတစ်ခုထဲတွင် ဝင်ပုန်း၍ ညအိပ်ရန်ပြင်သည်။ မီးပါ အမှောင်ချထား သည်။ ထိုစဉ် ၎င်းရှိ​​နေသော အခန်းတံခါးဖွင့်သံကြား၍ ထကြည့်ရာ မည်သူမျှ မတွေ့ချေ။ မအိပ်သေးဘဲ ထပ်မံစောင့်ကြည့် သည်။ ဖွင့်သွားသော တံခါးမှာ ပြန်ပိတ်သွားသည်။ ခဏ ကြာသော် ထပ်မံ ဖွင့်သည်။ ပိတ်သည်။ မည်သူကိုမျှ မတွေ့ရ။ မကြာခဏပြုလုပ်သည်။ ထိုအခါမှ ပုန်းနေသော ဆရာက “အေး အေး.. မင်းရှိတာ ငါသိပါပြီကွာ၊ ထပ်ပြီး ဖွင့်လိုက် ပိတ်လိုက်လုပ်ပြမနေတော့” ဟု ပြောမှ ရပ်သွားကြောင်း ပြန်ပြောပြသည်။

အဆိုပါ အဆောင် (မိမိတို့အခေါ် Building-C) တွင်ရှိသော ပရလောကသားမှာ စနောက်ရုံသာ ပြုလေ့ရှိသည်။ ဆိုးဆိုးဝါးဝါးမပြုလုပ်၊ ပုံမှန်ညအိပ်တာဝန်ကျများမှလည်း အလုပ်ပြီး၍ စာရေး စားပွဲများပေါ် တက်အိပ်လျှင် ခြေထောက်ကို လာဆွဲတတ်သည်။ မကြာခဏဖြစ်၍ ရိုးသွားကြပြီဟုပြောသည်။ စားပွဲပေါ်တက်မအိပ်ဘဲ အခြားနေရာတွင် အိပ်ပါက ခြေထောက်ကို မဆွဲ၊ ထို့ကြောင့် စားပွဲပေါ်တွင် တက်အိပ်သည်ကို မကြိုက်သော ပုဂ္ဂိုလ် ဖြစ်ပါလိမ့်မည်။
#ခင်မောင်သိန်း(ဗဟန်း)

 Lantern House မှာ Picachu နဲ့ ဓါတ်ပုံလာရိုက်လို့ ရတယ်နော်။
28/08/2026

Lantern House မှာ Picachu နဲ့ ဓါတ်ပုံလာရိုက်လို့ ရတယ်နော်။

Address

Classic Art Area @N1 North Wing, The Secretariat Yangon
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when The Lantern House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category