H u n g r y C h a w

H u n g r y C h a w If you do like videos, please Like, Comment and Share to your

Hungry Chaw is a food page run by a young woman who really like eating and cooking.Her only purpose is to promote amazing Myanmar Traditional Foods and some fusion food that she loves so much.

ကဲ foodie လေးတွေထဲက ကံထူးတဲ့သူ တစ်ယောက်ကိုရွေးပြီး စားစရာအစုံပါတဲ့ surprise gift box လေး လက်ဆောင်ပေးမှာပါ။ ❤️ကံစမ်းချင်တ...
12/11/2019

ကဲ foodie လေးတွေထဲက ကံထူးတဲ့သူ တစ်ယောက်ကိုရွေးပြီး စားစရာအစုံပါတဲ့ surprise gift box လေး လက်ဆောင်ပေးမှာပါ။ ❤️
ကံစမ်းချင်တယ်ဆိုရင်တော့ ဒီ ပိုစ့်လေးကို like and share လုပ်ပြီးတော့ screenshot ကို ဒီပိုစ့်အောက်မှာ မန့်ပေးပါနော်။ 😊
ဒီနေ့ည ၉နာရီမှာ မန့်ထားတဲ့ foodie လေးတွေထဲက တစ်ယောက်ကို မဲနှိုက်ပြီး ကံစမ်းပေးသွားမှာပါ။
အားလုံး ကံကောင်းကြပါစေနော်။ 😘🙏🎁

အားလုံးပဲ မင်္ဂလာပါရှင့် 😊ဒီနေ့က page လေး တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အပြင် တန်ဆောင်မုန်းလပြည့်နေ့လေးလဲဖြစ်တာကြောင့် အားလုံ...
11/11/2019

အားလုံးပဲ မင်္ဂလာပါရှင့် 😊
ဒီနေ့က page လေး တစ်နှစ်ပြည့်တဲ့နေ့ဖြစ်တဲ့အပြင် တန်ဆောင်မုန်းလပြည့်နေ့လေးလဲဖြစ်တာကြောင့် အားလုံးကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။🙏
ချောရဲ့ page လေး တစ်နှစ်ပြည့်အနေနဲ့ မနက်ဖြန်ကျရင် မဲဖောက်ပေးပါမယ်။🎉🎁
​တန်ဖိုးနည်းသည်များသည်သဘောမထားဘဲ ချော သဘောကျတာလေးတွေ ဖောက်ပေးမှာမလို့ မနက်ဖြန်ကျရင် page လေးကို တခေါက်ပြန်လာကြည့်ဖို့ မမေ့နဲ့နော်။ ❤️❤️❤️

Bubble tea တွေထဲမှာ Naked Dessert Cafe က Brown Sugar Boba milk tea ကိုအကြိုက်ဆုံးပဲ။🤤🥰❤️ချောက Bubble Tea အရမ်းကြိုက်တော့...
10/08/2019

Bubble tea တွေထဲမှာ Naked Dessert Cafe က Brown Sugar Boba milk tea ကိုအကြိုက်ဆုံးပဲ။
🤤🥰❤️
ချောက Bubble Tea အရမ်းကြိုက်တော့ ဆိုင်မျိုးစုံကbubble Tea တွေ မြည်းကြည့်ဖူးတယ်။ Review ရေးတာမဟုတ်ဘူး ကိုယ်အကြိုက်ဆုံး Bubble Tea လေးအကြောင်း လမ်းကြုံပြောပြတာ။
ဒီနေ့လဲ Yangon Convention Centre မှာကျင်းပတဲ့ Universities Mobile Esports Championship 2019 ပွဲမှာ ဝယ်သောက်ခဲ့ပါသေးတယ်။
ပွဲက မနက်ဖြန်တရက်ရှိသေးတယ်ဆိုတော့ Hunger လေးတို့ အဲ့ပွဲကိုရောက်ရင် မြည်းကြည့်ဖြစ်အောင် မြည်းကြည့်ခဲ့ကြပါနော်။ ❤️

မနေ့ကဖြစ်သည်ပေါ့နော်။ ❤️👩🏻‍🍳မနေ့က မှတ်မှတ်ရရအိမ်မှာ အဖေနဲ့အငယ်လေးနဲ့ ကိုယ်နဲ့ပဲရှိတော့ ဘာစားရမှန်းမသိတာနဲ့ ဈေးလဲမသွားချ...
04/08/2019

မနေ့ကဖြစ်သည်ပေါ့နော်။ ❤️👩🏻‍🍳
မနေ့က မှတ်မှတ်ရရအိမ်မှာ အဖေနဲ့အငယ်လေးနဲ့ ကိုယ်နဲ့ပဲရှိတော့ ဘာစားရမှန်းမသိတာနဲ့ ဈေးလဲမသွားချင်တော့လို့ အိမ်မှာ ရှိတာလေး မွှေနောက်ရင်း ချက်ဖြစ်တာလေးတွေကို ကြွားချင်လာလို့ပါ။ 😅
❤️ အသားတုဆားဘဲဥကြော်
❤️ တရုတ်ပိန်းဥနဲ့ဝက်အူချောင်းကြော်
❤️ ဂဏန်းဆီကြက်ဥထမင်းကြော်
ပုံထဲမှာမပါတာက အအီပြေ ပန်းသီးသုပ်လေး 🙂

ချောရဲ့ တပတ်လုံးပင်ပန်းခဲ့တဲ့ stress တွေကို ပြန်ဖြေတဲ့နည်းတွေထဲကတခုက ကိုယ်စားချင်တဲ့ဟင်းလေးတွေ အသစ်ထွင်ပြီးချက်ပြုတ်ရတာပါ။ ဘယ်လောက်ပင်ပန်းပါစေ ကိုယ်စားချင်တာလေးတွေ အိမ်ကမိသားစု စားချင်တာလေးတွေ ချက်ပေးနေရရင် အမြဲပျော်နေတာမလို့ ဒီတပတ်ကတော့ တကယ်ကို မထင်မှတ်ထားဘဲ အရမ်းစားကောင်းသွားတာက ကိုယ်ပထမဆုံးစမ်းသပ်အောင်မြင်သွားတဲ့ အသားတုဆားဘဲဥကြော်လေးဖြစ်သွားတယ်။ အရင်က ဆားဘဲဥအာလူးကြော်တွေ ခဏခဏ ဝယ်စားဖြစ်တယ်။ အခုတော့ ကိုယ်စားချင်တဲ့အရသာကို ကိုယ့်ဘာသာကြော်နိုင်သွားပြီဆိုတော့ အကုန်အကျ နဲနဲသက်သာသွားတာပေါ့နော်။ 😂
အခါတိုင်းလိုတော့ recipe မရေးပေးတော့ဘူး ဒါပေမဲ့
သိချင်ရင်တော့ အချိန်မရွေးလာမေးလို့ရပါတယ်ရှင့်။
Love u Hunger လေးတို့ ❤️

ဓညှင်းသီးနို့စိမ်းဆမ်းးး ❤️🤤(သားသတ်လွတ်ဟင်းလေးလဲဖြစ်တော့ ဝါတွင်းအတွက် ချက်စားစရာ ဟင်းတစ်ခွက်တိုးတာပေါ့) ဓညှင်းသီးကို အု...
20/07/2019

ဓညှင်းသီးနို့စိမ်းဆမ်းးး ❤️🤤
(သားသတ်လွတ်ဟင်းလေးလဲဖြစ်တော့ ဝါတွင်းအတွက် ချက်စားစရာ ဟင်းတစ်ခွက်တိုးတာပေါ့)

ဓညှင်းသီးကို အုန်းနို့နဲ့ စားရင် သွေးတိုးမှာစိုးတဲ့ ဓညှင်းသီးချစ်သူတို့အတွက် ချော စမ်းသပ်ပြီး ချက်ကြည့်ထားတဲ့ ဓညှင်းသီးနို့စိမ်းဆမ်း ပြုလုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (ကြာမြင့်ချိန်၁၀မိနစ်)
ဓညှင်းသီးပြုတ်ပြီးသား - (၁၅)လုံး
ဆား - အနဲငယ်
သကြား - ထမင်းစားဇွန်း (၁)ဇွန်း
နို့စိမ်းတစ်ဘူး - 380 g
ဆီ - ထမင်းစားဇွန်း (၈)ဇွန်း
ရေ - 0.1L (100g)

ချက်ပြုတ်နည်းအဆင့်ဆင့် 🍲
အဆင့်(၁) - ပြုတ်ပြီးသား ဓညှင်းသီးများကို တစ်ခြမ်းချင်းစီ သေချာလေးထုပါ။(ချောကငရုတ်ကျည်ပွေ့နဲ့ထုတာပေါ့နော်။)
အဆင့်(၂) - အိုးထဲကို ဆီထည့်ပါမယ်။ပူလာရင် ဓညှင်းသီးထုထားတဲ့အခြမ်းလေးတွေရယ် ပါဝင်ပစ္စည်းအားလုံးရယ်ကို ရောထည့်လိုက်ပြီး အဖုံးအုပ်တည်ပါ။
အဆင့်(၃) - ဆူပွက်လာပါက အဆက်မပြုတ်မွှေပေးပါ။ကပ်တတ်လို့ပါ။အုန်းနို့နဲ့ချက်ရင်တော့ အုန်းဆီလေးတွေထွက်ပြီးမွှေးလာတယ်။အခုက နို့စိမ်းနဲ့ချက်တာဆိုတော့ မတူး မကပ်အောင်တော့ သတိထားရပါတယ်။
အဆင့်(၄) - တစ်ချို့က အနှစ်စိုစိုလေးကြိုက်တယ်။တစ်ချို့က အနှစ်လိပ်တဲ့အထိထားပြီး စားရတာကြိုက်တယ်။ ဒါကြောင့် အပေါ့အငံမြည်းကြည့်ပြီး ကိုယ်ကြိုက်တဲ့ အနေအထားရောက်ရင် ဟင်းအိုးချပြီးသုံးဆောင်နိုင်ပါပြီရှင့်။

ကဲ ဒီတစ်ပတ်တော့ Hunger လေးတွေ မနက်ဖြန်ပိတ်ရက်မှာ အိမ်မှာ အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းလေးတစ်ခွက် ချက်စားကြည့်ဖို့ ချော အကြံပေးလိုက်ပါတယ်နော်။ ❤️❤️❤️

06/07/2019


ဒီတပတ်တော့ မာလာရှမ်းကောကို တမုန်းဆွဲထားပါတယ်။ ဈေးကအရမ်းတန်နေလို့ ဘတ်ဂျက်သမားတွေအတွက် တော်တော်လေးအဆင်ပြေပါတယ်။ ❤️

30/06/2019

ဧရာမပေါက်စီ နဲ့ ရှယ် ဝက်နံ ရိုးကြီး 🤤
တယောက်ထဲစားရတာ စိတ်တောင်မကောင်းဘူး။🤭

ကိုယ်က ဒီနေ့တော့ မနက်ကို အိမ်ကပ်နေလို့ အမေရေ မနက်စာကို Bacon နဲ့ Leek လေး ကြော်ရင်စားမလားဆိုတော့ အိမ်ကသူ့သားတွေက မနက်စာစ...
23/06/2019

ကိုယ်က ဒီနေ့တော့ မနက်ကို အိမ်ကပ်နေလို့ အမေရေ မနက်စာကို Bacon နဲ့ Leek လေး ကြော်ရင်စားမလားဆိုတော့ အိမ်ကသူ့သားတွေက မနက်စာစားလေ့မရှိဘူးတဲ့။🙄
ဒေါ်ချောဟင်းချက်ပြီး တစ်ယောက်ထဲ အားရပါးရစားလိုက်မယ်ဟဲ့ဆိုပြီး စားပွဲပေါ်လဲ ဟင်းပွဲချလိုက်ရော ထမင်းပန်းကန်ကိုယ်စီကိုင် ရောက်လာပြီး ဝိုင်းသမလိုက်ကြတာ ၅မိနစ်တောင်မခံဘူး။
ငါ့မောင်လေးတွေဗိုက်ဝတော့ ဒီအမကြီးက ငတ် အဲလေ မဟုတ်ပါဘူး ဗိုက်ဝပါတယ်လို့။ 😂❤️
ချက်နည်းရေးရမှာ ပျင်းနေလို့ လိုချင်တဲ့သူရှိမှ ရေးပေးတော့မယ်။ 😅

09/06/2019
26/05/2019



ဒီနေ့က တနင်္ဂနွေ နေ့ လေ ဘေးးးး ဘေးးးးးး 😂
အဲ ..... မှားလို့ ဒီနေ့က ပုံမှန်ဗီဒီယိုတင်နေကြ တနင်္ဂနွေ နေ့လေးပါ... ဟိဟိ
ဒီတစ်ပတ်တော့ အ မေပြင်ပေးထားတဲ့ ပျဉ်းမနားနန်းကြီးသုပ်ကို ဒေါ် ချောက နှမ်းဖြူးတာမဟုတ်ဘဲ နံနံပင်ဖြူးပြီး သုပ်ထားပါတယ်။ 😛
ကိုယ့်မြို့ ကိုယ့်ရွာက အစားအစာမလို့ အမွှန်းတင်ပြီးပြောတာမဟုတ်ပေမဲ့ ချောက ရန်ကုန်က နန်းကြီးသုပ်တွေကို လုံးဝမစားတတ်ပါဘူး။ နယ်က အခုလို ပဲပျစ်ရည်လေးနဲ့ သုပ်တဲ့ နန်းကြီးသုပ်ပဲ အရမ်းကြိုက်ပါတယ်။ ပဲပျစ်ရည်ထဲမှာ အရသာ အချိုအငံထည့်ပြီးကြိုထားတာမလို့ တခြားဘာမှ ထပ်ထည့်စရာမလိုပါဘူး။ အားလုံးပဲ အိမ်မှာသုပ်စားကြည့်ကြဦးနော်..... ❤

Hunger လေးတွေအားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ပိတ်ရက်လေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when H u n g r y C h a w posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share