07/11/2017
ငါ မင်းကို စောင့်ရှောက်ကာကွယ်ပေးချင်တယ်။
ဒါဟာ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ပြောတာ မဟုတ်ဘူး။
အားကြီးသူ၊ အားနွဲ့သူ ဆိုတဲ့ အတွေးလဲ ငါ့မှာမရှိဘူး။ ယောက်ျားမို့၊ မိန်းမမို့ လဲ ငါ့မှာမရှိဘူး။
ဒါ လူသားတစ်ယောက်က သူ့လိုပဲ စွမ်းရည်တန်းတူရှိတဲ့ လူသားတစ်ယောက်ကို ပြောတဲ့စကားပါ။
မင်းက တစ်လောကလုံးထက် သန်စွမ်းတယ်ဆိုရင်တောင် ငါ မင်းကို စိတ်ပူနေဦးမှာပဲ။
အဲဒီစိတ်ကို တခြားဘယ်လိုခေါ်မလဲ။ ငါ မပြောတတ်ဘူး။
#ပြာမှုန်သီ_ရီဝေဖွဲ့