17/04/2024
သတိရတယ် မပြောတော့ဘူး
ချစ်လိုသူရဲ့မျက်ရည်တစ်စဟာ
မိုးရေစက်တွေမှမဟုတ်ခဲ့ဘဲ
ခြွေခဲ့သည်မှန်သော်လည်း
မှားတဲ့ဘဝပဲကျန်ခဲ့တယ်။
လွမ်းတယ် မပြောတော့ဘူး
မဝေသင့်အရပ်မှာကြွေလွင့်ခဲ့ရသည်မို့
စိတ်ကိုသာသင်းသတ်
မတရားသက်သက်နဲ့ထားတဲ့ဘက်ပဲနေခဲ့လိုက်တယ်။
အဖြစ်ဖွေသိပါရဲ့
အပြစ်တွေဇာမချဲတော့ပါဘူး။
လွမ်းဇောနဲ့ အတိတ်ရောရာ
အရိပ်ကဗျာ ဖြစ်မည်စိုးသောကြောင့်
နေလိုက်ပါပြီ
စကားနှုတ်ဆိတ်
ရင်ရိပ်ဖျောက်လို့
အတိတ်နယ်ဝေး ဝေးဝေးမှာ။
ကဗျာနှင့်မတူသောကဗျာ