23/09/2021
ငါးရောဂါ လက္ခဏာများ နှင့် ကုသနည်းများ
အပိုင်း ၁
ငါးအတောင်၊အမြီးများ ပျက်ဆီးခြင်း
အရေပြားအနာဖြစ်ခြင်း
ဝမ်ဗိုက်ဖောင်းပွခြင်း
မျက်စိပြူးလာခြင်း
အတောင်၊ အမြီး၊ အရေပြားများ နီရဲလာခြင်း
စသည့် လက္ခဏာများဖြစ်ပေါ်လာခြင်းကို
ဘတ်တီးရီးယားနဲ့ဆိုင်သောရောဂါ
(Aeromonas, Pseudomonas)ရောဂါ
လို့သတ်မှတ်နိုင်ပါတယ်
ဘယ်လိုကုရမလဲ
ရေထဲဆေးထည့်ခြင်း
ငါးကိုသတ်သတ်ခွဲထုတ်ပြီး AIR PUMPဖြင့်ထားခြင်း multi kingဖြင့်ဆေးညွန်းအတိုင်းကုသနိုင်ပါတယ်
သက်ဆိုင်ရာရောဂါနဲ့ ပတ်သက်တဲ့ဆေးကို
ငါးပါးစပ်ထဲထည့်တိုက်ခြင်းဖြင့်လည်းကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
သန့်ရှင်းသောရေရရှိရန် filter စနစ်နဲ့ရေအရေအသွေးကောင်းအောင်လုပ်ခြင်း
ရောဂါ လက္ခဏာပြသည့်ငါးကို
ချက်ခြင်းသိခြင်းဖြင့် ကြိုတင်ကာကွယ်လို့ရပါတယ်
ငါးရောဂါ လက္ခဏာများ အပိုင်း ၂
(၁) ငါးကြေးခွံ(အရေပြား)SPOTS ကွက် နှင့်ပါးစပ်တို့တွင် ပုံမှန်လိုမဟုတ်ပဲ အရေပြား မှုန်ဝါးဝါးဖြစ်ခြင်း
စသည့် လက္ခဏာများဖြစ်ပေါ်လာခြင်းကို
ဘတ်တီးရီးယားနဲ့ဆိုင်သောရောဂါ
(Flavobacterium)ရောဂါ
လို့သတ်မှတ်နိုင်ပါတယ်
ဘယ်လိုကုရမလဲ
ရေထဲဆေးထည့်ခြင်း
ငါးကိုသတ်သတ်ခွဲထုတ်ပြီး spot king ဆေးဖြင့်ကုသနိုင်ပါတယ်
သက်ဆိုင်ရာရောဂါနဲ့ ပတ်သက်တဲ့ဆေးကို
ငါးပါးစပ်ထဲထည့်တိုက်ခြင်းဖြင့်လည်းကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
သန့်ရှင်းသောရေရရှိရန် filter စနစ်နဲ့ရေအရေအသွေးကောင်းအောင်လုပ်ခြင်း
ရောဂါ လက္ခဏာပြသည့်ငါးကို
ချက်ခြင်းသိခြင်းဖြင့် ကြိုတင်ကာကွယ်လို့ရပါတယ်
(၂) ငါးအရေပြားနှင့်တောင်ပံအနီး(ရေယက်)တွင် အဖုအထစ်ဖြစ်ခြင်း
ကို Carp Pox ရောဂါ လို့သတ်မှတ်နိုင်ပါတယ်
ဘယ်လိုကုရမလဲ
ငါးနဲ့ပတ်သက်တဲ့ ပိုးသတ်ဆေးလို့မျိုးကို
ဖြစ်နေတဲ့ အရေပြားမှာ လိမ်းပေးခြင်း
ရေထဲထည့်လို့ရမယ့် ဆေးစိမ်ခြင်း
ဥပမာ အားဖြင့် MALACHITE လိုမျိုးစိမ်လို့ရမယ့်ဆေးမျိုးပေါ့ head king ဆေးဖြင့်လည်းကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ဘတ်တီးရီးယားပိုးကို ဆန့်ကျင်နိုင်မယ့် အစာကို ကျွေးပါ
ငါးရောဂါ လက္ခဏာများ အပိုင်း ၃
(၁) ငါးကြေးခွံ(အရေပြား)(သို့) ငါးရေယက်တောင်ပံတွေမှာ အဖြူရောင် အစက်လေး
စသည့် လက္ခဏာများဖြစ်ပေါ်လာခြင်းကို
Virus နဲ့ဆိုင်သောရောဂါ
(Viral infection (Lymphocystis)ရောဂါ
လို့သတ်မှတ်နိုင်ပါတယ်
ဘယ်လိုကုသမလဲ
Head kingဆေး multi king ဖြင့် ကုသနိုင်ပါတယ်
ငါးကိုသတ်သတ်ခွဲထုတ်ပြီး
သက်ဆိုင်ရာရောဂါနဲ့ ပတ်သက်တဲ့ဆေးကို
ရေထဲထည့်စိမ်ခြင်းဖြင့်ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ဘတ်တီးရီးယားပိုးကို ဆန့်ကျင်နိုင်မယ့် အစာကို ကျွေးပါ
ငါးရောဂါ လက္ခဏာများ
ငါး၊ငါးဥတို့တွင် ရေညှိရေမှော်ကဲ့သို့ အမွေးအမျှင်များဖြစ်ခြင်း
အစားမစားခြင်း
ကို ရေမှို တက်ခြင်း Water Mold ဖြစ်ခြင်းလို့ပြောလို့ရပါတယ်
ဘယ်လိုကုရမလဲ
Methylene Blue, Acriflavine, Victoria Green
Malachite Green နဲ့ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ရေအပူချိန်ထိန်းညှိခြင်း၊ ရေကိုသန့်ရှင်းအောင်လုပ်ခြင်းဖြင့်
ကာကွယ်နိုင်ပါတယ်
ငါးရောဂါ လက္ခဏာများ အပိုင်း ၄
ပါးဟတ် လှုပ်ရှာမှု မြန်လာခြင်း
ရေယက် ကပ်လာခြင်း
ရေကန်အောက်မှာပဲ နေခြင်း
အရေပြားပေါ် အဖြူရောင်နှင့် မီးခိုးရောင် ရေညှိလိုပုံစံဖြစ်ခြင်း
ရောဂါအမျိုးအစား
Parasites (ကပ်ပါးရောဂါ)
(Costia, Chilodonella, Trichodina, Epistylus)
ဘယ်လိုကုရမလဲ
ရေထဲဆေးထည့်ခြင်း
Malachite Green, Acriflavine or copper sulfate ,ဒီမှာဆိုရင်တော့ magic King fluke king ဖြင့်ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ဝယ်လာတဲ့ငါးကို သေချာကြည့်ပါတစ်ချို့ငါးတွေမှာ အကောင်လေးတွေကပ်ပါလာတတ်ပါတယ်
ကျွန်တော့်အတွေ့အကြုံ
ဟိုတလောက ကျွန်တော် ရွှေငါး နှစ်ကောင်ထပ်ဝယ်ဖြစ်ခဲ့တယ် အဲထဲက တစ်ကောင်မှာ ကပ်ပါးကောင်တစ်ကောင် (အများအခေါ် ရေကြမ်းပိုး) ပါလာလို့ ဖယ်ထုတ်ခဲ့ရတယ်
ငါးရောဂါ လက္ခဏာများ အပိုင်း ၅
ငါးရောဂါ လက္ခဏာများ
ငါးအရေပြား၊ရေယက်မှာအဖြူ၊ အညိုဖြစ်ခြင်း
ကျောက်တုံးရှိရင် ကျောက်တုံးကို ပွတ်တိုက်နေခြင်း
ရောဂါအမျိုးအစား
Ich(White spot disease)
ဘယ်လိုကုရမလဲ
ရေထဲဆေးထည့်ခြင်း
Malachite Green, Acriflavine or copper sulfate ဖြင့်ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
အပိုင်း (၄) နဲ့တော်တော်များများ တူပါတယ်
ရောဂါ နာမည်ပဲကွာပါတယ်
ငါးရောဂါ လက္ခဏာများ
ငါးခေါင်းနှင့်အပေါ်ကျောခုံးပေါ် မှာအကွက်ဖြစ်ခြင်း
ရောဂါအမျိုးအစား
Hole-In-the-Head Disease
ဘယ်လိုကုရမလဲ
Metronidazole ပါဝင်တဲ့ အစာကျွေးခြင်း ဒီမှာဆိုရင်တော့ Head king လိမ်းပေးကြတယ်
(တချို့တွေဖူးတာကတော့vaseline လိမ်းဆေးလိမ်းပေးကြတယ်)
ငါးရောဂါ လက္ခဏာများ အပိုင်း ၆
ငါးရောဂါ လက္ခဏာများ
ငါးအရေပြား ရွှေညို ရောင် ဖြစ်ခြင်း
ရောဂါအမျိုးအစား
Velvet ရောဂါ
ဘယ်လိုကုရမလဲ
Copper Sulfate စိမ်ခြင်း
ဖြင့်ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ငါးရောဂါ လက္ခဏာများ
ပိုးကောင်များထွက်ခြင်း၊ ကြီးထွားမှုနှေးလာခြင်း၊ ငါးအလေးချိန်ကျဆင်းခြင်း
ရောဂါအမျိုးအစား
Camallanus ပိုး၊ Capillaria ပိုးကျရောဂါ
ဘယ်လိုကုရမလဲ
ငါးကန်ထဲ Levamisole
anti-parasite ဆေး magic king အသုံးပြုခြင်းဖြင့် ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ရေအရည်အသွေးကျဆင်းစေသော အစား အစာ live food (ဥပမာ)တချို့သူတွေ ပုဇွန်အစိမ်းကျွေးတာတို့ ပေါ့
ငါးရောဂါ လက္ခဏာများ အပိုင်း ၇
ငါးပါးဟပ်ရောင်ခြင်း၊အရေပြားပေါ်မှာ အချိအချွဲဖြစ်ခြင်း၊ ကျောက်တုံးပေါ်မှာ ပွတ်တိုက်နေခြင်း
ရောဂါအမျိုးအစား
Gill Flukes,Skin Flukes ရောဂါ
ဘယ်လိုကုရမလဲ
Praziquantel ကိုရေထဲထည့်ခြင်းဖြင့်လည်းကောင်း
(anti-parasite) ကပ်ပါးပိုးဆန့်ကျင်သော အစာ ကျွေးခြင်းဖြင့်လည်းကောင်း မြန်မာမှာဆို အများသိတဲ့
fluke King ဖြင့်လည်းကောင်း ကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ငါးရောဂါ လက္ခဏာများ
ငါးအရေပြားပေါ် သံကောင်ကဲ့သို့သော ပိုးကျရောက်ခြင်း
ရောဂါအမျိုးအစား
Anchor Worms ရောဂါ
ဘယ်လိုကုရမလဲ
အရေပြားမှာ ကပ်နေတဲ့ မြင်ရတဲ့ အကောင်တွေကို ဇာဂါနာ(မွေးညှပ်)နဲ့ ဖယ်ပစ်ပြီး
ရေထဲ Dimilin ထည့်ခြင်းဖြင့်လည်းကောင်း မြန်မာ မှာဆို magic king ဖြင့်လည်းကောင်းကုသနိုင်ပါတယ်
ဒီရောဂါတွေမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ငါးအသစ်ဝယ်ပြီး ထည့်တဲ့အခါ သူတို့ထဲကပါလာတဲ့ရေကို မထည့်ပါနဲ့
ရောဂါဖြစ်ပါက ကျန်းမာသောငါးနှင့်တွဲမထားပဲ သတ်သတ်ခွဲထားပါ
ငါးရောဂါ လက္ခဏာများ အပိုင်း ၈ နောက်ဆုံးပိုင်း
ငါးရောဂါ လက္ခဏာများ
ငါးပါးဟတ်အမြန်ခတ်ခြင်း၊ရေပေါ်တွင် အသက်လာရှူခြင်း
ရောဂါအမျိုးအစား
အောက်စီဂျင်ပြတ်ခြင်း
ဘယ်လိုကုရမလဲ
FILTER(ရေသန့်စက်)ဖွင့်ပေးခြင်း
ရေလှဲပေးခြင်းဖြင့် ကုသနိုင်ပါတယ်
ဒီလိုမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
FILTER(ရေသန့်စက်) ကို တနေကုန်ဖွင့်ထားပေးပါ (ရေသန့်စက် အနားပေးရန် နာရီဝက်(သို့) တစ်နာရီမှလွဲပြီး)
AIR PUMP ဖွင့်ထားပေးပါ (AIR PUMP စက် အနားပေးရန် နာရီဝက်(သို့) တစ်နာရီမှလွဲပြီး)
ရေသန့်စက်နားနေချိန် AIR PUMP ဖွင့်ထားပြီး AIR PUMP နားနေချိန် ရေသန့်စက်ဖွင့်ထားပါ
အဆင်ပြေသလို စက်ခံနိုင်ရည်ပေါ်မူတည်ပြီး အနားပေးချိန် ချင့်ချိန်ပြီး လုပ်နိုင်ပါတယ်
ငါးရောဂါ လက္ခဏာများ
ပါးဟတ်လျင်မြန်စွာ လုပ်ရှားခြင်း၊ပါးဟတ်ရောင်ခြင်း၊ငါးအရေပြားပြစ်ချွဲခြင်း၊ရေယက်ဘေးဘက်သို့ကပ်လာခြင်း၊
ရေကန်အောက်ခြေမှာပဲနေခြင်း၊ငါးများ အစုလိုက် လျင်မြန်စွာ သေဆုံးခြင်း၊
ရောဂါအမျိုးအစား
ရေအရေအသွေးကျဆင်းခြင်း
ဘယ်လိုကုရမလဲ
ရေထဲမှာရှိတဲ့ အမိုးနီးယား AMMONIA ကိုဖယ်ရှားပေးပါ အမိုးနီးယား တိုင်းတာတဲ့ ပစ္စည်းကို နီးစပ်ရာ အရောင်းဆိုင်
တွင် ရှာဖွေဝယ်ယူပြီးစစ်နိုင်ပါတယ်
ငါးကန်ထဲ ထည့်သည့်ဆားခတ်ပေးခြင်း(ဒီမှာတော့ တစ်ချို့ ဆားကြမ်းသုံးတယ်)
fungus king1 ကိုဆေးညွန်းအတိုင်းလည်းသုံးနိုင်ပါတယ်
ဒီလိုမဖြစ်ဖို့ ဘယ်လိုကာကွယ်ရမလဲ
ရေအရေအသွေး မကြာခဏစစ်ဆေးပေးခြင်း၊ FILTER ကို နှစ်ပတ်တကြိမ်သန့်ရှင်းပေးခြင်း
အလွယ်ဆုံးနည်းက ရေကို တစ်ပတ်တကြိမ် ကန်တဝက်လှဲပေးခြင်း ဖြင့်ကာကွယ်နိုင်ပါတယ်။
Crd