09/07/2018
2018 World Cup ဘယ်အသင်း ပိုင်ဆိုင်မလဲ
ကမ္ဘာ့ဖလားသည် ဥရောပ၌ လေးကြိမ်ဆက်တိုက် ဆက်ရှိရန် သေချာနေခဲ့ပါပြီ
ဆီမီး ဖိုင်နယ်ပွဲစဉ်တွေအဖြစ်
ဇွန်လ ၁၁ ရက်နေ့ မနက် ၁၂ နာရီခွဲမှာ ပြင်သစ် နှင့် ဘယ်ဂျီယံ
ဇွန်လ ၁၂ ရက်နေ့ မနက် ၁၂ နာရီခွဲမှာ ခရိုအေးရှား နှင့် အင်္ဂလန် တို့ထိပ်တိုက်တွေ့ဆုံ ယှဉ်ပြိုင်ရတော့မှာပါ
ပြင်သစ် နှင့် ဘယ်ဂျီယံ ထိပ်တိုက်တွေ့ဆုံမှုမှာတော့ 2 ကြိမ် မှာ 2 ကြိမ်လုံးကို ပြင်သစ်က နိုင်ထားပါတယ်။ ဘယ်ဂျီယံ က လက်ရှိ ကမ္ဘာ့ဖလားမှာ ရူံးပွဲ မရှိသေးတဲ့အသင်းပါ ရာနူန်းပြည့် နိုင်ပွဲနှင့်အတူ ရ ဂိုး 14 ဂိုး ပေးဂိုး 5 ဂိုး ရှိတဲ့အသင်းပါ။ ဂိုးမပေးခဲ့ရတဲ့ပွဲ 2 ပွဲရှိပါတယ်။ပြင်သစ်က လည်း လက်ရှိ ကမ္ဘာ့ဖလားမှာ ရူံးပွဲ မရှိသေးတဲ့အသင်းပါ ကျင်းမြောင်းတဲ့ အနိုင် ရလဒ် တွေနဲ့အတူ ရ ဂိုး 9 ဂိုး ပေးဂိုး 4 ဂိုး ရှိတဲ့အသင်းပါ။ ဂိုးမပေးခဲ့ရတဲ့ပွဲ 3 ပွဲရှိပါတယ်။
ခရိုအေးရှား နှင့် အင်္ဂလန် တို့ထိပ်တိုက်တွေ့ဆုံ မှုမှာတော့ ခရိုအေး၇ှား က လက်ရှိ ကမ္ဘာ့ဖလားမှာ ရူံးပွဲ မရှိသေးတဲ့အသင်း 16 သင်းအဆင့်ရူံးထွက် နဲ့ ကွာတားဖိုင်နယ် ပွဲစဉ်တွေကို Penalty အဆုံးအဖြတ်တွေနဲ့ တက်လာခဲ့တာပါ။
ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန် က ဆွီဒင်ကို ၂-၀ ဂိုးဖြင့် အနိုင်ရ ပြီး ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ပထ မဆုံး ပြန်လည်တက်ရောက်နိုင် ခဲ့တာပါ။ အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ၁၉၆၆၊ ၁၉၉၀ နှင့် ယခုနောက် ဆုံး ၂၀၁၈ တွင်သုံးကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်သည်။
ဆွီဒင်ကို ၂-၀ ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ဘယ်ဘက်လက်မ၌ ဒဏ် ရာရခဲ့ပြီးနောက် ခရိုအေးရှားနှင့်ပွဲအတွက် အင်္ဂလန်ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်၏ ကြံ့ခိုင်မှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေရပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တည်ကန်ဘောတွေကနေ အဓိက ဂိုးတွေ ရယူနေပြီး ခေါင်းတိုက်သွင်းဂိုး ၅ ဂိုး ရှိနေပါပြီ။ အကြိုဗိုလ်လုပွဲတွင် တွေ့ ဆုံမည့် အင်္ဂလန်၏တည်ကန် ဘောများကို စိုးရိမ်မိကြောင်း ခရို အေးရှားအသင်းခေါင်းဆောင် လူကာမိုဒရစ်က ဝန်ခံပြောကြား ထားပါတယ်။