EM Film Production

EM Film Production Em Productions Myanmar We creat You decide

We are delighted to share a historic moment of joy and celebration with everyone who loves Burmese films and cinema.The ...
15/07/2026

We are delighted to share a historic moment of joy and celebration with everyone who loves Burmese films and cinema.

The 𝗚𝗿𝗮𝗻𝗱 𝗣𝗿𝗶𝘅 𝗖𝗿𝘆𝘀𝘁𝗮𝗹 𝗚𝗹𝗼𝗯𝗲 at the 60th Karlovy Vary International Film Festival has been awarded to 𝐅𝐫𝐮𝐢𝐭 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 by Director Aung Phyoe. Heartfelt congratulations to Director Aung Phyoe, Producer Thu Thu Shein, Producer and Cinematographer Thaidhi, and the entire Fruit Gathering crew on this well-deserved achievement.

Our 𝗘𝗠 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻𝘀 team— Emily Swe as Editor, May Moe Thu as Assistant Producer, Wai Phyo Aung as Production Manager, and Hein Htet Zin as DIT—is incredibly proud to have had the opportunity to be part of this remarkable journey.

We wish the Fruit Gathering feature film continued success and even greater achievements in the future.

မြန်မာ့ရုပ်ရှင်နှင့် ရုပ်ရှင်အနုပညာကို ချစ်မြတ်နိုးကြသူအားလုံးနှင့်အတူ သမိုင်းဝင် ဝမ်းမြောက်ဂုဏ်ယူဖွယ် အခိုက်အတန့်လေးတစ်ခုကို မျှဝေလိုက်ပါတယ်။

အကြိမ် (၆၀) မြောက် Karlovy Vary International Film Festival တွင် ဂုဏ်သိက္ခာကြီးမားလှသော Grand Prix Crystal Globe ဆုကို ဆွတ်ခူးရရှိခဲ့သည့် သစ်သီးခူး ရုပ်ရှင်အတွက် အထူးပင် ဂုဏ်ပြုဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။

ဒါရိုက်တာ ကိုအောင်ဖြိုး၊ ထုတ်လုပ်သူများဖြစ်သည့် မသူသူရှိန် နှင့် ကိုသိဒ္ဓိ အပြင် ရုပ်ရှင်ဖြစ်မြောက်ရေးတွင် ပါဝင်ကြိုးပမ်းခဲ့ကြသော သစ်သီးခူးဝိုင်း‌တော်သား အားလုံး၏ ကြိုးစားအားထုတ်မှုအတွက်လည်း လေးစားဂုဏ်ယူမိပါတယ်။

EM Productions မှ မအမ်မလီဆွေ၊ မမေမိုးသူ၊ ကိုဝေဖြိုးအောင် နှင့် ကိုဟိန်းထက်ဇင် တို့အနေဖြင့်လည်း Editor, Assistant Producer, Production Manager နှင့် DIT အဖြစ် သစ်သီးခူး ရုပ်ရှင်ခရီးစဉ်တွင် တစ်စိတ်တစ်ပိုင်းပါဝင်ခွင့်ရခဲ့သည့်အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

သစ်သီးခူး ရုပ်ရှင် ရှေ့ဆက်၍ ယခုထက်မက အောင်မြင်မှုများစွာကို ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

09/04/2026

ကြည့်ရှုသူတွေပေါ့ပေါ့ပါးပါးခံစားရဖို့ နောက်ကွယ်မှာ လေးလေးနက်နက်ကြိုးစားဖြစ်တာလေးတွေပါ။

ပေါ့ပါးသွက်လက် နောက်ကွယ်က ဇာတ်ကွက် 𝗕𝗧𝗦 🎬!

𝗗𝗮𝗶𝗶𝗰𝗵𝗶 𝗟𝗶𝗳𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 𝘅 𝗘𝗠 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻

08/04/2026

အာကာသ concept ကို စစဉ်းစားကတည်းက တစ်ဖွဲ့လုံး စိတ်လှုပ်ရှားခဲ့ရတယ်
Costume အပိုင်းရော၊ နောက်ပြီး scene တစ်ခုလုံး သဘာဝကျနေဖို့ physical နဲ့ virtual elements တွေအကုန် တစ်သားတည်းဖြစ်အောင် ဖန်တီးဖို့ရော...စသဖြင့်ပေါ့ challenge တွေများခဲ့ပါတယ်
တကယ်ကတော့ Extended Reality ကို စမ်းချင်ခဲ့တာပေါ့

အာကာသထဲတကယ်ရောက်နေတယ်ဆိုတဲ့ ခံစားချက်ရနိုင်ဖို့ Interactive lighting ကို သေချာလေးဂရုစိုက်ခဲ့ကြတယ် တစ်ခုတည်းသော Physical object ဖြစ်တဲ့ ယာဉ်အတွင်းခန်းနံရံကိုလည်း pre-visualization အဆင့်မှာကတည်းက scale တွေသေချာတွက်ချက်ပြီး ဆောက်လုပ်ခဲ့ကြတယ်

Digital element တစ်ခုဖြစ်လာမယ့် story ရဲ့အသက် “Origami ကြိုးကြာလေး”က ရှိုင်းနဲ့ interact လုပ်ရမှာမို့ အကြည့်၊ အထိ တွေအတွက် သေချာ guideline ပေးပြီး အရာရာ တစ်သားတည်းဖြစ်စေဖို့ pre to post မှာ အားလုံး လုံးပမ်းခဲ့ကြပါတယ်

zero gravity ထဲမှာ လွင့်သွားတဲ့ Action scene အတွက်လည်း အကြိမ်ကြိမ် practice လုပ် ကြိုးစားသရုပ်ဆောင်ပေးသွားတဲ့ stunt double နဲ့အဖွဲ့သားများလည်း ကျေးဇူးတင်သလို စိတ်ရှည်ရှည်ထားပြီး ဒီအာကာသ scene ကို သရုပ်ဆောင်ပေးသွားတဲ့ SHINE ကိုလည်း ကျေးဇူးတင်ရပါတယ်
လနဲ့ချီကြိုတင်ပြီး costume အတွက် လုံးပန်းပေးခဲ့တဲ့ stylist နဲ့ prop master ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
Onset supervision ပေးဖို့ ဘန်ကောက် နဲ့ ဗီယက်နမ်ကနေ standby ရိုက်ကူးရေး၂ရက်လုံးနေပေးခဲ့ကြတဲ့ CGI team ကိုလည်း really appreciated ပါ

ကြည့်ရှုလိုက်ရတဲ့သူအတွက် ၁မိနစ်ကျော်၂မိနစ်ဆိုပေမယ့် အားထုတ်ရုန်းကန်ရတဲ့သူတွေအတွက်က အချိန်၊ ငွေအင်အား၊ လူအင်အားအများကြီးပေးဆပ်ခဲ့ကြတာမို့ We really appreciated that power of teamwork! ပါ

(ဘယ်လိုပဲကြိုးစားပါစေ အမှားယွင်းသေးသေးလေးတွေကတော့ ရှိနေနိုင်တာမို့ ဒီအဖွဲ့ရဲ့ စေတနာကို မြင်ပြီး မေတ္တာနဲ့ ကြည့်ရှုပေးကြပါလို့ပဲ ပြောပါရစေ)

ဒီ MV လေးနဲ့ အာကာသပေါ် mission နဲ့ရောက်နေတဲ့ ပညာရှင်တွေအတွက် celebrate လုပ်လိုက်ပါတယ်
၂၀၂၆ ရဲ့ တိုက်တိုက်ဆိုင်ဆိုင်အမှတ်တရလေးတစ်ခုဖြစ်သွားခဲ့တယ်

Director: Emily Swe
Production: Em Productions

Business Contact: 09785049942, 09771290505
Email: [email protected]

07/04/2026

𝗗𝗮𝗶𝗶𝗰𝗵𝗶 𝗟𝗶𝗳𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ရဲ့စောင့်ရှောက်မှုနဲ့အတူ စိတ်ကူးအိပ်မက်တွေနဲ့ပြည့်စုံတဲ့ကိုယ်ပိုင်ကမ္ဘာလေးကို စိတ်ကြိုက်ပုံဖော်နေတဲ့မိသားစုလေးအကြောင်း 𝑳𝑰𝑭𝑬 𝑹𝑬𝑰𝑴𝑨𝑮𝑰𝑵𝑬𝑫 သီချင်းဗီဒီယိုလေးတစ်ခု 𝗘𝗠 𝗣𝗿𝗼𝗱𝘂𝗰𝘁𝗶𝗼𝗻𝘀 ကနေဖန်တီးတင်ဆက်ပေးထားပါတယ်။
ဒီလို လှပတဲ့ စိတ်ကူးအိပ်မက်တွေကို အတူပုံဖော်ခွင့်ပေးတဲ့ 𝗗𝗮𝗶𝗶𝗰𝗵𝗶 𝗟𝗶𝗳𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿 ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။

Cast: Min Oo, Moe Hay Ko, Lu Hpring, Shine, Shwe Pachi Myo Man, Thurein Htet Aung
Production: Em Productions
Director: Emily Swe
Creative Producer: Tiffany May
Director of Photography: Ar Kar Toe
Art Director: Tin Myat Htet
Song Composer: Shine
Production Designer: Ma Toe
Storyboard Artist: Myint Myat Maung
Stylist: Su Yi Htet
Makeup & Hair: Jessica Han
Continuity Log: Aung Phyoe
Stunt Team: Ko Moe Z
Choreography: FYC Dance Studio
Assistant Director: Tinmoe Aung
Assistant Producer: Hein Htet Zin
Account Executive: Alex Yin
Shooting Manager: Ko Phyo
Location Manager: U Shay Gyi
Editor: Thant Si Thu Bo
Colorist: Money Chieng
CGI/VFX:Lwin Minn Soe, Phyo Zayar, Nyein Si Thu
3D Character & Animation: Shino
Post Coordinator (Bangkok): Wai Phyo Aung
Gaffer: Ko Toe
Camera: Akaya
Lighting: APS
BTS: Aung Pyae Sone Oo Aung Hsu
Catering: Ma Thidar

© 2026 Daiichi Life Myanmar. All rights reserved.

*Production Contact*
[email protected]
+959 771 290 505, +959 7850 49942

04/04/2026

အိပ်မက်တွေကို လွတ်လပ်ပေါ့ပါးစွာ ပုံဖော်နေတဲ့ ဒီမိသားစုလေးမှာ သူတို့ကိုကာကွယ်စောင့်ရှောက်ပေးနေတဲ့ guardian လေးရှိတယ်တဲ့
ဘယ်သူများလဲ?

𝙇𝙞𝙛𝙚 𝙍𝙚𝙞𝙢𝙖𝙜𝙞𝙣𝙚𝙙 Music Video လေး မကြာမီလာပါမယ်
စောင့်ကြည့်ပေးကြဦးနော်

Address

Tamwe Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when EM Film Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to EM Film Production:

Share