WeRecord Studios

WeRecord Studios Audio Post | Music | Voiceovers

05/11/2024

ရန်ကုန်တွင် နေထိုင်သော ကယား / ကရင်နီ အသံသရုပ်ဆောင်များ လိုအပ်နေပါသဖြင့် စိတ်ပါဝင်စားသူများ WeRecord page messenger မှဖြစ်စေ [email protected] ကိုဆက်သွယ်နိုင်ပါတယ်ရှင့်။

WeRecord (Thailand) မှာ လာသွင်းသွားတဲ့ ကိုးရီးယားက J-Tong ရဲ့သီချင်း အားပေးကြပါဦး
07/01/2024

WeRecord (Thailand) မှာ လာသွင်းသွားတဲ့ ကိုးရီးယားက J-Tong ရဲ့သီချင်း အားပေးကြပါဦး

#제이통 #갱신 Directed by Jeong Seong HaAssistant Director : Jetboi Director of Photography : Shin Yong WooEdited by Pinecone_labProduction Support : Oceans Produ...

01/03/2023

မြန်မာရုံးအတွက် အချိန်ပိုင်း အသံအင်ဂျင်နီယာတစ်ဦး အမြန်အလိုရှိပါတယ်

- ရက်ပိုင်း သို့ လတို တာဝန်ထမ်းဆောင်နိုင်သူ
- တာဝန်ယူစိတ်/တာဝန်ခံစိတ်ရှိသူ
- အသင်းအဖွဲ့နဲ့ လုပ်နိုင်သူ
- Fulltime ဖြစ်ဖို့အခွင့်အလမ်းရှိပါတယ်

ဘာတွေလုပ်ရမလဲ?
- နောက်ခံစကားပြော/သီချင်းအသံသွင်း ဖမ်းပေးရမည်
- အသံဖိုင်များ တည်းဖြတ် (edit/mix) ပေးရမည်
- Audio Post (film dialogue editing, surround mix) အခြေခံရှိရင် ပိုလို့ကောင်းပါတယ်
- အသံပညာကို ရူးသွပ်သူ 🙂

စိတ်ဝင်စားတယ်ဆိုရင် CV ကို ရက်လိုက်(သို့)လလိုက် မျှော်မှန်းလစာနဲ့တကွ [email protected] ကိုပို့ပေးပါ။

06/01/2023

အင်္ဂလိပ်လိုကော မြန်မာလိုကော ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ အတွေ့အကြုံရင့် နောက်ခံစကားပြောအသံပညာရှင်များ အရေးပေါ်ရှာနေပါတယ်။

အောက်ပါ အီးမေလ်းကို နှစ်ဘာသာပြောထားတဲ့အသံဖိုင်နဲ့ ဆက်သွယ်ရန်အချက်အလက်တွေနဲ့ ပို့ပေးပါ။

ကမ္ဘာကျော်ဂိမ်းတစ်ခုအတွက်ပါ

[email protected]

2 Neumann U87s are ready for use.1 for Bangkok Studio1 for Yangon Studio
05/09/2022

2 Neumann U87s are ready for use.

1 for Bangkok Studio
1 for Yangon Studio

09/08/2022

[Update:
ပေးပို့လာကြတဲ့ အသံဖိုင်၊ CV တွေအတွက် အထူးကျေးဇူးတင်ပါတယ်။ တစ်ဦးချင်းဆီကို စာမပြန်နိုင်ပေမယ့် အားလုံးရဲ့ဒေတာတွေ သေချာသိမ်းထားပါတယ်။ ဒီပရောဂျက်မှာ အရွေးမခံရရင်လည်း အခြားသော ပရောဂျက်တွေမှာ ပြန်အရွေးခံနိုင်တယ်ဆိုတာလေး အသိပေးလိုပါတယ်]

ကမ္ဘာကျော်ဂိမ်းကုမ္ပဏီကြီးတစ်ခုအတွက် EN to Bur ဘာသာပြန်များနဲ့ အသံသရုပ်ဆောင်များ အချိန်ပိုင်းအလုပ်အတွက် အလိုရှိပါတယ်။

ဘာသာပြန်များ
--------------
- CV ပို့ပေးပါ
- တစ်နာရီတွင် ENစကားလုံးပေါင်းမည်မျှ ဘာသာပြန်ဆိုနိုင်ကြောင်း ဖော်ပြပေးပါ
- တစ်ရက်ကိုဘယ်နှစ်နာရီ၊ တစ်ပတ်ကို ဘယ်နှစ်ရက် ဘာသာပြန်အချိန်ပေးနိုင်ကြောင်း ဖော်ပြပေးပါ
- [email protected] ကိုသာ ပို့ပေးပါ။ Chat Box ကို မပို့ပေးပါနဲ့။
- သောကြာနေ့ 12 Aug နောက်ဆုံးထား ပို့ပေးပါ

အသံသရုပ်ဆောင်များ
---------------------
- WeRecord သို့ အရင်က အသံဖိုင်များ ပို့ဖူးပါက ထပ်ပို့စရာမလိုပါ။ Client Consideration အတွက် ပို့ရာတွင် ပါဝင်ပြီးသားဖြစ်ပါမယ်
- ဂိမ်းထဲကအသံမျိုး (သို့) တီဗီကြော်ငြာနောက်ခံအသံမျိုး (သို့) သတင်းကြေငြာအသံမျိုး (သို့) E-Learning ပုံစံမျိုး ရပါသည်
- စတီဒီယိုတွင် သွင်းယူထားသောအသံဖြစ်ပါက ပိုကောင်းပါသည်၊ မရှိပါက ဖုန်းနဲ့သွင်းထားသောဖိုင်လည်း ပို့နိုင်ပါသည်
- [email protected] သို့ ပေးပို့နိုင်ပါတယ်
- သောကြာနေ့ 12 Aug နောက်ဆုံးထား ပို့ပေးပါ

ခက်ခဲတဲ့ကာလမှာ ဘာသာပြန်များနဲ့အသံသရုပ်ဆောင်များအတွက် အနည်းငယ်သော အထောက်အကူဖြစ်ဖို့ မျှော်လင့်ရင်း။

Cloudlifter ကို ဘယ်အချိန်မှာ ဝယ်သုံးသင့်လဲShure SM7B ဝယ်ထားတဲ့ ညီလေးတစ်ယောက် Cloudlifterဝယ်သင့်မဝယ်သင့် မေးလာလို့၊ အားလု...
08/07/2022

Cloudlifter ကို ဘယ်အချိန်မှာ ဝယ်သုံးသင့်လဲ

Shure SM7B ဝယ်ထားတဲ့ ညီလေးတစ်ယောက် Cloudlifterဝယ်သင့်မဝယ်သင့် မေးလာလို့၊ အားလုံးသိပြီးသားဖြစ်သွားအောင် လေ့လာထားတာလေး ရှဲပါရစေ။

SM7B ဒါမှမဟုတ် တခြားdynamicမိုက်တွေအတွက်လည်း အကြုံးဝင်ပါတယ်။

အတိုခြုံးပြောရရင် Shure က SM7B မိုက်နဲ့ပက်သက်ပြီး "အနည်းဆုံး 60dB Gain ရှိတဲ့ Preampနဲ့သာ အသုံးပြုဖို့သင့်တော်"တယ်လို့ ပြောထားတယ်။

အရေးကြီးတာက မိမိသုံးတဲ့ preampရဲ့ gain ဘယ်လောက်ရှိလဲ အရင်သိဖို့လိုပါတယ်။ ဥပမာ၊ Focusrite ရဲ့ Scarlett 2i2 (1st Gen) က အများဆုံး gain +46dB ပဲရှိပါတယ်။ 60dB ပြည့်ဖို့ 14dB လိုပါသေးတယ်။ ဆိုတော့ SM7B ကို Scarlett နဲ့ တွဲသုံးမယ်ဆိုရင် Cloudlifter လိုပါမယ်။ Cloudlifter က 25dB လောက်ကို မြင့်ပေးမှာပါ။

UAD Apollo Twin ကတော့ Gain +65dB ရှိပါတယ်။ ဒါသုံးတယ်ဆိုရင် Cloudlifter မလိုပါဘူး။

Cloudlifter ဆိုတာ +25dB လောက်ထိ Gain မြင့်ပေးနိုင်တဲ့ In-Line Preamp ပါပဲ။

Yes, Surround Mixing is always fun.50% from this project will go to.... 😉
18/11/2021

Yes, Surround Mixing is always fun.
50% from this project will go to.... 😉

ပရီးမီးယားလိဂ်ပွဲစဉ် ဟိုက်လိုက်ဗီဒီယို နောက်ခံစကားပြောအတွက် အချိန်ပိုင်းVoice Talentများ ရှာဖွေနေပါတယ်ဒီတစ်ပတ်စတင်မယ့် ပ...
11/08/2021

ပရီးမီးယားလိဂ်ပွဲစဉ် ဟိုက်လိုက်ဗီဒီယို နောက်ခံစကားပြောအတွက် အချိန်ပိုင်းVoice Talentများ ရှာဖွေနေပါတယ်

ဒီတစ်ပတ်စတင်မယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟိုက်လိုက်များကို မြန်မာလို နောက်ခံအသံသွင်းပေးရပါမယ်။ ဒီနှစ်ဘောလုံးရာသီစာ အပတ်စဉ်အလုပ်ရှိပါမယ်။ တရားဝင် လုပ်ရတဲ့အလုပ်ပါ။

၁) အပတ်စဉ် တနင်္ဂနွေ (သို့) တနင်္ဂလာနေ့ အချိန်ပေးနိုင်ရမယ်
၂) ကိုယ်ပိုင် Home Studio Setup ရှိရမယ်၊ ကိုယ့်ဟာကိုယ် အသံဖမ်းယူတတ်ရမယ်
၃) ၁၀ မိနစ်စာ ဟိုက်လိုက်ဗီဒီယိုတစ်ခု Casting အနေနဲ့ ဒီတစ်ပတ်အတွင်း သွင်းယူပေးနိုင်ရမယ်
၄) တစ်နှစ်စာအလုပ်ရှိမည်ဖြစ်လို့ အခကြေးငွေနဲ့သက်ပက်ပြီး အတိုးအလျော့လုပိနိုင်မှ ဆက်သွယ်ပါ
၅) ကြိုတင်သတ်မှတ်ထားသော Deadlineအမှီ အလုပ်ပြီးနိုင်ရမယ်
၆) အလုပ်မစတင်မီ ကျွန်တော်တို့စီစဉ်မယ့် Voiceover Recording အွန်လိုင်းဝပ်ရှော့ တက်ရောက်နိုင်ရမယ်
၇) မိမိ၏ Home Studio ကို ဓါတ်ပုံ (သို့) ဗီဒီယိုနဲ့ ပြသပေးနိုင်ရမယ်

အထက်ပါအချက်တွေနဲ့ ကိုက်ညီလို့ စိတ်ဝင်စားတယ်ဆိုရင် CB ကို ဆက်သွယ်ပေးပါ

​ဒီလိုခက်ခဲတဲ့ကာလမှာ သေးငယ်သော အထောက်အကူဖြစ်ဖို့ မျှော်လင့်ရင်း

WeRecord Team

24/01/2021

Dettolအတွက် လုပ်ပေးခွင့်ရခဲ့တဲ့ ပရောဂျက်များထဲကတစ်ခု...

Thank you 3-Act for the gifts.
24/12/2020

Thank you 3-Act for the gifts.

Address

Ya Ma Nay 4 Lane
Yangon
34/691

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00

Alerts

Be the first to know and let us send you an email when WeRecord Studios posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to WeRecord Studios:

Share