Zaw Zaw Aung Latt Vocalist

Zaw Zaw Aung Latt Vocalist ခေတ်သီချင်း ကြိုက်သူတိုင်း Like လုပ်ထားရအောင်နော်

15/04/2023
06/09/2020

"မင်းမရှိလို့မဖြစ်"
Lyric- Low Son
Vocal-Zaw Zaw Aung Latt
Music-Infinity Music Band

30/08/2020

"ကျေပါစေ" (Unplugged Song)
Lyric- ဂျွန်စီမိုး
Vocal- ဇော်ဇော်အောင်လတ်
Music-Infinity Music Band
Mixing- Ko Kyaw (Nobel)

😁😁😁"ဘောင်းဘီရှည် ... ဝတ်. တဲ့ အမူ".... (ကို)ရင်ဂိုရေးတဲ့ စာအုပ်လေးထဲမှာအကြောင်းအရာတစ်ခု သွားတွေ့တယ်။စာအုပ်နာမည်က အဖေ့ဘွတ...
14/08/2020

😁😁😁"ဘောင်းဘီရှည် ... ဝတ်. တဲ့ အမူ"....

(ကို)ရင်ဂိုရေးတဲ့ စာအုပ်လေးထဲမှာ
အကြောင်းအရာတစ်ခု သွားတွေ့တယ်။
စာအုပ်နာမည်က အဖေ့ဘွတ် တဲ့။

အဲ့စာအုပ် စာမျက်နှာ ၁၂၃ မှာ
မဆလခေတ်က အဆိုတော်တွေရဲ့ဘဝကို
ရေးပြထားတာတစ်ခု ပါတယ်။

အဲဒီတုန်းက …
ခြေတုလက်တု ဆေးရုံဝင်းထဲမှာ
စတိတ်ရှိုးတစ်ခု ကျင်းပခဲ့တယ်။

ဆေးရုံအုပ်ကြီးရဲ့ဖိတ်ကြားချက်အရ
The Aces တီးဝိုင်းနဲ့အတူ
အဲဒီတုန်းက နာမည်ကျော်အဆိုတော် ၄ဦး
မေတ္တာနဲ့ သီဆိုဖျော်ဖြေပေးခဲ့သတဲ့။

(ဦး) အောင်ကိုလတ်၊ (ဦး) စိန်ဝင်းထွန်း၊
ကံကော်တောမျိုးအောင်နဲ့ (ဦး) စိုးပိုင်တို့ပါ။

အဆိုတော်တွေ သီဆိုဖျော်ဖြေနေချိန်
စတိတ်စင်ရဲ့ဘေးမှာ အချုပ်ကားက အသင့်။
လူဆိုးသူခိုးတွေကို ဖမ်းဖို့လား? မဟုတ်ပါဘူး။
တစ်ယောက် တက်ဆိုတယ်။
ဆိုပြီးတာနဲ့ အချုပ်ကားထဲ ရောက်သွားတယ်။

အနုပညာသမားတွေကို
အဆိုတော်တွေကို
အချုပ်ကားထဲ ဖမ်းဖမ်းထည့်နေတာနော်။
အကြောင်းပြချက်က ဘာလဲ?
ဘောင်းဘီရှည် ဝတ်လို့ … တဲ့။

စင်ပေါ်မှာ သီချင်းဆိုတာ
ပုဆိုးဝတ်မဆိုပဲ ဘောင်းဘီနဲ့ ဆိုလို့တဲ့။
တစ်ယောက်တက်ဆိုလိုက် ဖမ်းထည့်လိုက်
နောက်တစ်ယောက်တက်ဆိုလိုက်
ဆင်းလာတာနဲ့ ဖမ်းထည့်လိုက်
ကတွတ်ပေါက်ဗျိုင်းစောင့်သလို သုတ်သုတ်နေတာ။

နောက်ဆုံးဆိုဖို့အလှည့်ကျတာက … စိုးပိုင်။
သူက သူ့ရှေ့ကအဆိုတော်တွေ
အချုပ်ကားထဲ ပါပါနေတာ မသိဘူး။

ဒါပေမဲ့ ကံကောင်းချင်တော့ …
အဆိုတော်တွေပြီးရင်
စံမတူ၊ သော်တာ၊ ပလာတာ၊ ရွှေရိုး တို့ရဲ့
အငြိမ့်နဲ့ တင် ဆက်မှာ။
ဆိုပြီးသမျှ အဆိုတော်တွေ အဆွဲစိခံနေရတာကို
လူရွှင်တော်တွေက သိသွားတယ်။
သိတာကလည်း
စိုးပိုင် စင်ပေါ် သီချင်းတက်ဆိုခါနီးဆဲဆဲလေးမှတဲ့။ လူရွှင်တော်တွေက စိုးပိုင်ကို လာပြောတယ်။

ခုအတိုင်း ဘောင်းဘီဝတ်ပြီး
တက်ဆိုလို့ကတော့ မင်းအဖမ်းခံရမှာပဲ။
ဒီလိုလုပ် ငါတို့ပုဆိုးတွေ ယူဝတ်ပြီးဆိုကွာတဲ့။
(ဦး) စံမတူ ထုတ်ပေးတာက …
လူရွှင်တော်တွေဝတ်တဲ့ ပုဆိုး။
ကွက်တုံးကြီးလို့ ခေါ်ကြတဲ့
အကွက်ကြဲကြဲကြီးတွေနဲ့ တောင်ရှည်ပုဆိုး။

ဖြစ်ချင်တော့ စိုးပိုင်က …
ဘောင်းဘီနဲ့လိုက်အောင် အောက်မှာ
ကန်းထရီးဘွတ်ကြီးကလည်း ဝတ်လာသေးတယ်။
ဒါပေမဲ့ လိုက်တာမလိုက်တာ ကြည့်နေလို့မရဘူးလေ
အချုပ်ကားထဲပါမယ့် ဘေးက
ကြောက်ရသေးတယ် မဟုတ်လား။

ဒါနဲ့ စင်ပေါ်တက်ခါနီး လက်မတင်လေး
ဝတ်ထားတဲ့ဘောင်းဘီပေါ်
လူရွှင်တော်ပုဆိုးကြီး ထပ်ဝတ်။
ဗြုတ်စဗြင်းတောင်း စင်ပေါ်တက်ရပါလေရော။

မျက်လုံးထဲမြင်ယောင်ကြည်ပေါ့ နော့....
အောက်က ကန်းထရီးဘွတ်နဲ့ တောင်ရှည်ပုဆိုးနဲ့
ဘယ်လောက်အဆင်မပြေလိုက်မလဲဆိုတာ။
ဒါပေမဲ့ ဘောင်းဘီဝတ်ထားတာမဟုတ်တော့
ဖမ်းလို့တော့ မရဘူးပေါ့လေ။

အန္တရာယ်ကင်းကင်းနဲ့ပဲ စိုးပိုင်ခမျာ
သီဆိုဖျော်ဖြေ လိုက်နိုင်တယ်။
အချုပ်ကားနဲ့ပါမသွားပဲ
ဖြောင့်ဖြောင့်တန်းတန်းအိမ်ပြန်ခွင့်ရ။
ကျန် အဆိုတော်သုံးယောက်ခမျာတော့
ဘောင်းဘီဝတ်မှုနဲ့ …
အချုပ်ထဲရောက်သွားတာပေါ့လေ။

ဒါပေမဲ့ …
အဲဒီညက သီဆိုသူ လေးယောက်မှာ
သုံးယောက်တည်းဖမ်းရတာကို
အားမရဘူး ထင်ပါရဲ့။

မနက်လည်း လင်းရော
(ဦး) စိုးပိုင်နေတဲ့ တာမွေမြို့က အိမ်ကို
ရပ်ကွက်လူကြီတွေ ခြံရံပြီး
ရဲတွေ ပေါက်ချလာပါလေရော … တဲ့။

(ဦး) စိုးပိုင်ခမျာ အံ့သြသြပေါ့လေ
'ကျနော် ညက ပုဆိုးဝတ်ဆိုတာလေဗျာ
ဘာလို့ ကျနော့်ကို ဖမ်းမှာလဲ' ဆိုတော့ …
'အေး ပုဆိုးတော့ဝတ်တယ်၊ ဒါပေမဲ့
သီချင်းတစ်ပုဒ်မှာ မင်း အသံသေးအသံကြောင်
အော်သွားတယ်။ ဒါကြောင့် ဖမ်းတယ်၊ လိုက်ခဲ့'
တဲ့။ စိုးပိုင်ခမျာ မျက်လုံးလေးကလည်ကလည်
ပါသွားရရှာတာပေါ့။

မရမ်းကုန်းရဲစခန်းရောက်တော့
ညက အဖမ်းခံထားရတဲ့ အဆိုတော်သုံးယောက်နဲ့
ပေါင်းလိုက်တာပေါ့လေ။
သူတို့ကို စီရင်ချက်ချတာက …
ဘောင်းဘီဝတ်သီဆိုမှု သုံးယောက်နဲ့
အသံသေးအသံကြောင်ဆိုမှုတစ်ယောက်
အတွက် ထောင်ဒါဏ်တစ်လ သို့မဟုတ်
ငွေ ၇၅ ကျပ် ပေးဆောင်စေ … တဲ့။
အဲဒီခေတ်ရဲ့ ငွေ ၇၅ကျပ်နော်။အရာ ရှိ တစ်ယောက်မှ လစာ ၄၅၀ ရတဲ့ခေတ်။

အမှန်တော့ တစ်ခွန်းတည်းပြောရမှာပါ
ဖမ်းချင်လို့ဖမ်းတယ်ကွာ
မင်းတို့ကို အ မြင်ကပ်ပုဒ်မနဲ့ ဖမ်းတယ်လို့ပါ။

ကို ရင်ဂို့စာပါအကြောင်းအရာ ကို ပြန်ပြောပြတာပါ....

အာ့ဒီ လို.... တို့ ရွှေ ပြည်ကြီး မှာ....
အနုပညာ... အမှောင်ခေတ်တွေ.... ရှိခဲ့ တာ...

Credit...Naw This

ZN.H 🇦🇺

02/07/2020

"မိဘတိုင်းအတွက်ရည်ရွယ်ပြီးဆိုထားတဲ့သီချင်းလေးပါ"🙏🙏🙏
Song name - မြူ
Composer- Ko Myo

28/04/2020

☂ဟိုမှာတိမ်တွေညိုမှောင်လာပြီအချစ်ရေ .. ရွာချိန်တန်တဲ့မိုးစက်တွေကြားမင်းရောက်လားမလား🎧🎹🎸
"သတိရပါ"
Lyric-Moe Min Eain
Music-River Music Band

20/04/2020

"နားလည်ပါ့မယ်"
Lyric-ရန်မျိုးနိုင်
Vocal-Zaw Zaw Aung Latt
show

31/01/2020

ယနေ့အကြိုက်ဆုံးဥပမာ.....

ငါးတစ်ကောင် ကုန်းပေါ်ရောက်လာပါတယ် …
ရေထဲပြန်ဆင်းဖို့ သူ.. လူးလှိမ့်ခုန်ပစ်ပေမယ့်
ရေမြောင်းဆီကို မရောက်နိုင်ဖြစ်နေတော့..
သူစိတ်လျော့လိုက်တယ်..သေပါစေတော့ ပေါ့ …

ဒါကို.. ပုရွက်ဆိတ်တွေ မြင်တော့
ငါးကို ကယ်မယ် လုပ်ကြတယ်..!!
ပုရွက်ဆိတ်တစ်ချို့က ငါးကို ဝိုင်းချီကြပြီး ရေမြောင်းစပ်ဆီ ပို့မယ်ပေါ့ …

ပုရွက်ဆိတ်ခေါင်းဆောင်က ပြောတယ်…
"မချီကြနဲ့...မနိုင်လောက်ဘူး.."
"ငါတို့ သူ့ကို နာအောင် ဝိုင်းကိုက်ကြမယ် "ဆိုပြီး
ဝိုင်းကိုက်ကြလေတော့..

ငါးက..နာလွန်းပြီး တအားပဲလူးလှိမ့် ခုန်ဆွ ပြေးရင်း..
ရေမြောင်းစပ်ဆီရောက်သွားတယ်..
နောက်ဆုံး.. ရေထဲထိ ရောက်သွားနိုင်ခဲ့တယ်. . .

တစ်ချို့ နာကျင်ခြင်းတွေဟာ.. …
တစ်ချို့တိုက်ခိုက်မှု့တွေဟာ . …
အောင်မြင်ခြင်းအတွက် အထောက်အပံ့
ဖြစ်စေတယ် ဆိုတာ..မမေ့ကြပါနဲ့။

တစ်ခါတလေ..တိုက်ခိုက်လာတဲ့ သူတွေကြောင့်
ကိုယ်က ပိုပြီး သန်မာလာရတယ်။
စိတ်ညစ်ချင် ညစ်ပါ။
သို့သော် … စိတ်ဓာတ်မကျနဲ့။
ဘာအကြောင်း,ကြောင်း ကြောင့်မှ
စိတ်ဓာတ်မကျကောင်းဘူးနော်...

နင်းတတ်ရင်..အားလုံးဟာ လှေကားထစ်တွေချည်းပါပဲ။

"အရာရာဟာ ကောင်းဖို့ ဖြစ်လာတာ" ဆိုတဲ့ ပုံပြင်လေးကို သတိရပါ..

Credit to Original Writer
Copy from

Address

Yangon
Yangon
11111

Telephone

+959447835958

Website

Alerts

Be the first to know and let us send you an email when Zaw Zaw Aung Latt Vocalist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Zaw Zaw Aung Latt Vocalist:

Share