Sunflower Natural Dye Textiles

Directions Website Contact the establishment

Sunflower Natural Dye Textiles Support genuine local products
Adopt ethical business value
Respect indigenous Heritage & Creativity

This is the place for Myanmar lotus, silk and cotton fabrics. We specialize quality products of natural dye textiles in Myanmar. We serve with sustainable environment and ethical business practices. We also promote and sell local SMEs and non-profit groups products at our place.

ဆန်းဖလားဝါး သဘာဝဆိုးဆေး လက်ရက်ကန်းတွင်ရှိသော ဒေသအသီးသီး၏ဝါချည်ပိတ်စများဒီတခေါက်မှာ‌တော့ ဆန်းဖလားဝါးမှာရှိတဲ့ ဒေသအသီးသီးက...
08/10/2026

ဆန်းဖလားဝါး သဘာဝဆိုးဆေး လက်ရက်ကန်းတွင်ရှိသော ဒေသအသီးသီး၏ဝါချည်ပိတ်စများ

ဒီတခေါက်မှာ‌တော့ ဆန်းဖလားဝါးမှာရှိတဲ့ ဒေသအသီးသီးက ပိတ်စတွေနဲ့ မိတ်ဆက်ပေးချင်တယ်။ ဆန်းဖလားဝါးရက်ကန်းရုံမှထွက်ရှိ‌‌တဲ့ ပိတ်စများအပြင် မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးက ထွက်ရှိတဲ့ ချည်ပိတ်စတွေကို စုစည်းထားပြီး သဘာဝဆိုးဆေးအသုံးပြုထားတဲ့ ပိတ်စတွေကို အဓိကတွေ့နိုင်ပါတယ်။ အချို့ပိတ်စတွေမှာတော့ ဓာတုဆိုးဆေးကိုလည်း အသုံးပြုထားပါတယ်။

မတူညီ‌တဲ့ချည်နံပါတ်အမျိုးအစားများကို အသုံးပြုပြီးရက်လုပ်ထားတဲ့ ပိတ်စများကိုလည်းတွေ့ရှိနိုင်မယ့်အပြင် ဒီလိုမတူညီတဲ့ ပိတ်စတွေဟာ ဒေသခံလက်မှုပညာရှင်တွေရဲ့ ရက်ကန်းပညာနဲ့ ဖန်တီးမှုတွေကို ထင်ဟပ်စေသလို၊ ထူးခြားတဲ့ ဒီဇိုင်းနဲ့ ထုတ်ကုန်တွေ ဖန်တီးရာမှာလည်း အသုံးဝင်တဲ့ အခြေခံပစ္စည်းတွေ ဖြစ်ပါတယ်။
ဆန်းဖလားဝါးအနေနဲ့လည်း ပိတ်စများကို မရောင်းချခင်တွင် အထည်သန်ရှင်း‌‌ရေးလုပ်ခြင်း၊လျှော်ဖွပ်ခြင်း၊ ရေနွေးငွေ့ဖြင့်‌ပေါင်းခြင်း၊ မီးပူတိုက်ခြင်းအဆင့်ဆင့်ပြုလုပ်ပြီးမှရောင်းချသောကြောင့်လဲ ယုံကြည်စိတ်ချစွာဖြင့်ဝယ်ယူ အသုံးပြုနိုင်ပါသည်။

ပိတ်စတစရဲ့ တန်ဖိုးဟာ အရောင်နဲ့ အလှအပတင်မကပါဘူး။ အဲဒီပိတ်စနောက်ကွယ်မှာရှိတဲ့ ဒေသခံဖန်တီးသူတွေရဲ့ လက်ရာနဲ့ အချိန်တွေပါ ပါဝင်နေပါတယ်။

ဒါကြောင့် ပိတ်စတစကို ရွေးချယ်တဲ့အခါ မြင်ရတဲ့အလှတင်မကဘဲ အဲဒီပိတ်စနောက်ကွယ်က ဇာတ်လမ်းနဲ့ တန်ဖိုးကိုပါ သိရှိခံစားနိုင်ဖို့ ဆန်းဖလားဝါးမှာရှိတဲ့ ဒေသအသီးသီးက ပိတ်စတွေကို လာရောက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်ရှင်။

ဆန်းဖလားဝါးမှာ ရှိတဲ့ အထည်အလိပ်များကို ရန်ကုန်၊ ပေါင်းတည်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ အမရပူရ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ထားဝယ်၊ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မကွေးတို့မှာ ရက်လုပ်ထားပါတယ်။

Cotton Fabrics from Different Regions at Sunflower Natural Dye Textiles

This time, we would like to introduce the cotton fabrics from different regions of Myanmar that are available at Sunflower Natural Dye Textiles.

Along with fabrics produced at the Sunflower Weaving Studio, we also collect cotton fabrics from different parts of Myanmar. Most of the fabrics are dyed with natural dyes, while some fabrics are made using chemical dyes.

You can also find fabrics woven with different yarn counts, each giving a different texture, thickness, and look.

These different fabrics reflect the traditional weaving skills and creativity of local artisans from different regions. They are also useful materials for creating unique designs and value-added products.

Before selling the fabrics, Sunflower carefully prepares them through several steps, including cleaning, washing, steaming, and ironing. This allows customers to purchase and use the fabrics with confidence.

A piece of fabric is not only about its color and beauty. Behind every piece are the skills, time, creativity, and hard work of local artisans.
So, when choosing a fabric, we hope you can enjoy not only its beauty, but also understand and appreciate the story and value behind it.

Come and explore the different fabrics from various regions of Myanmar at Sunflower Natural Dye Textiles and choose the fabric that tells a story you love.

Our fabrics come from different weaving communities and regions, including: Yangon, Paungde, Meiktila, Wundwin, Amarapura, Chin State, Kachin State, Mon State, Rakhine State, Shan State, Tavoy, Kyaukpadaung, Pakokku, and Magway.








[English below]တခါတုန်းကပေါ့၂၀၁၄ နိုဝင်ဘာလောက်ကနေစပြီး ညောင်ရွှေမြို့ မိုင်းသောက်လမ်းပေါ်က ဒီနေရာလေးမှာ Sunflower Natura...
06/10/2026

[English below]

တခါတုန်းကပေါ့

၂၀၁၄ နိုဝင်ဘာလောက်ကနေစပြီး ညောင်ရွှေမြို့ မိုင်းသောက်လမ်းပေါ်က ဒီနေရာလေးမှာ Sunflower Natural Dye Textilesရက်ကန်းရုံလေး ရှိခဲ့တယ်။
တောင်ကြီးရက်ကန်းကျောင်းဆင်း ၃ယောက်ဖြစ်တဲ့ မေသူ၊ အမီး၊ သဲစုလှိုင်တို့နဲ့ စတင်ခဲ့တယ်။
၂၀၂၀ ကိုဗစ်တွေဖြစ်တော့ ရုံကိုပိတ်ခဲ့ပြီး ရန်ကုန်ကို ရွှေ့ခဲ့တယ်။
ရန်ကုန်မှာလည်း အကြောင်းအမျိုးမျိုးနဲ့ ၂၀၂၅ခုနှစ်မှာမှ မေသူရန်ကုန်မှာလာနေပြီး ပြန်စခဲ့ကြတယ်။
ညောင်ရွှေမှာ ပိတ်တဲ့အချိန် ဟန်သော်သော်ထွန်း၊ နွယ်နီစိုး၊ အိထွေးတို့ရှိခဲ့ပြီး အမီးကတော့ ရန်ကုန်ပြခန်းမှာ ရှိနေခဲ့တယ်။
ခုတော့ လမ်းပေးလိုက်တော့ ချောင်းသေးသေးလေးနဲ့ ဝါးရုံတောလေးနဲ့ ဆေးဆိုးတဲ့ခြံကြီးလည်းမရှိတော့ဘူး။
ဆေးဆိုးရုံစလုပ်တော့ ချည်ဆေးဆိုး၊ ချည်ရိုက်ဖို့အတွက် အလိုအပ်ဆုံး ရေကန်ကြီးနဲ့ ရေကပြင်ကြီးကို အရင်ဆုံးလုပ်ခဲ့ကြတယ်။

ခြံထဲမြေဖို့လိုက်တော့ ရေကပြင်ကြီးက မြေကြီးအောက်ရောက်သွားပြီ။
ရက်ကန်းရုံလုပ်ခဲ့တဲ့ ၂ထပ်အိမ်အောက်ထပ်ကလည်း ကြမ်းခင်းမြှင့်လိုက်တယ်။

မိုးလင်းလို့ ရက်ကန်းရုံထဲကနေ အရှေ့ဘက်နေထွက်ရာကိုလှမ်းကြည့်လိုက်ရင်မြူတွေကြားက နေရောင်လေးကို ပြာမှိုင်းမှိုင်းတောင်တွေနဲ့အတူမြင်ရတယ်။
လသာညဆိုလည်း လကြီးကို အကြီးကြီးမြင်ခဲ့ရတယ်။
လွမ်းစရာ့ရှု့ခင်းတွေနဲ့အတူ Sunflowerရက်ကန်းရုံရဲ့ သမိုင်းအစလေးပါ။

Once upon a time…

Around November 2014, there was a small weaving workshop called Sunflower Natural Dye Weaving Studio, located here along Mai Thauk Road in Nyaung Shwe.

It all began with three graduates of the Taunggyi Weaving School, May Thu, Amee and Thae Su Hlaing.

When COVID-19 came in 2020, we had to close the workshop and move to Yangon. Even after moving to Yangon, circumstances kept us from starting again for several years. It was not until 2025, when May Thu came to live in Yangon, that we were finally able to start again.

When we closed the workshop in Nyaung Shwe, Han Thaw Thaw Htun, Nwe Ni Soe, and Ei Htwe were there, while Amee was working at our Yangon showroom.

Now, the road has been widened, and the little stream, the bamboo grove, and the large dyeing yard are all gone.

When we first started the dyeing workshop, the very first things we built were the large water tank and the washing area, the most essential things we needed the water storage for dyeing and washing the yarn.

Later after we moved, there were filled and leveled the yard with soil, the large washing area disappeared beneath the ground.

The ground floor of the two-story house where we had our weaving workshop was also raised and renovated the floor.

In the early mornings, when we looked eastward from inside the weaving studio, we could see the sunlight emerging through the mist, with the hazy blue-grey mountains in the distance of the east.

And on moonlit nights, the moon seemed enormous, shining brightly above us.

Along with all those unforgettable views and memories, this is a little piece of the history of Sunflower Weaving Studio in how it all began.

[English Below]သဘာဝဆိုးဆေးပါတိတ် အောက်တိုဘာ ၃ရက်နေ့ Sunflower Weaving Studio မှာ သဘာဝမှ ရရှိလာတဲ့ အရောင်တွေကို အသုံးပြုပ...
04/10/2026

[English Below]

သဘာဝဆိုးဆေးပါတိတ်

အောက်တိုဘာ ၃ရက်နေ့
Sunflower Weaving Studio မှာ သဘာဝမှ ရရှိလာတဲ့ အရောင်တွေကို အသုံးပြုပြီး ကိုယ်ပိုင်ဒီဇိုင်းတွေနဲ့ ပါတိတ်ပန်းချီလက်ရာတွေဖန်တီးရေးဆွဲကြတဲ့သင်တန်းကို တတိယအကြိမ်မြောက်ပြုလုပ်ခဲ့ကြတယ်။

ဒီတကြိမ်မှာတော့ ပါတိတ်ပန်းချီဖန်တီးရာမှာ ဒီဇိုင်းဖန်တီးရေးအတွက် အခြေခံကျတဲ့ ပုံဆွဲနည်းပညာကို ဆရာဦးမောင်မောင်မျိုးစိမ်း မှ ရှင်းလင်းမျှဝေပေးခဲ့ပါတယ်။

သဘာဝဆိုးဆေးတွေရဲ့ အရောင်တရောင်ချင်းစီအလိုက် သဘာဝဆိုးဆေးထုတ်ယူနိုင်တဲ့ နည်းလမ်းများ၊ ဆိုးဆေးပြင်ဆင်ခြင်းနဲ့ အထည်လျှော်ဖွပ်ခြင်းနည်းလမ်းများကိုလည်း လက်တွေ့အတွေ့အကြုံတွေနဲ့အတူ မျှဝေသင်ကြားပေးခဲ့ပါတယ်။

ကိုယ်ပိုင်စိတ်ကူးတွေကတဆင့် သဘာဝမှ ရရှိသော အရောင်များနှင့် ကိုယ်တိုင်ဖန်တီးသောလက်ရာများကို ပေါင်းစပ်ပြီး ရိုးရာအနုပညာနှင့် ခေတ်ပြိုင်ဖန်တီးမှုများ ဆက်လက်ရှင်သန်နိုင်မည်ဖြစ်ပါသည်။

နောက်ထပ်လည်း ပါတိတ်ပန်းချီသင်တန်းနဲ့ အခြားသင်တန်းများကို ပြုလုပ်သွားမှာဖြစ်လို့ Sunflower Natural Dye Textiles pageကို စောင့်ကြည့်ပေးကြပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

On 3 October, the third Natural Dye Batik Training was held at Sunflower Weaving Studio.

In this training, participants learned how to create and draw their own batik designs using colors made from natural materials.

This time, U Maung Maung Myint Sein shared basic drawing techniques that are useful for creating designs for batik painting.

Participants also learned about different ways to extract natural dyes, how to prepare the dye, and how to wash and care for dyed fabrics. These lessons were shared together with practical knowledge and experience.

Through their own ideas and creativity, participants combined natural colors with their own handmade designs. We hope these skills will help keep traditional art alive while also encouraging new and contemporary creations.

More batik trainings and other learning activities will be coming soon. Please follow the Sunflower page for updates.

Thank you to everyone who joined and supported us.




Creations of Sunflower Natural Dye Textiles at Wan Mai - Crafts & Culture Market in Bangkok and Chaing Mai.
03/10/2026

Creations of Sunflower Natural Dye Textiles at Wan Mai - Crafts & Culture Market in Bangkok and Chaing Mai.

[English Below]ထားဝယ်လက်ရက်ကန်း ဆက်စပ်မှုလေး အနည်းငယ်ပြောချင်ပါတယ်။ ငယ်ငယ် ရွာကနေ ထားဝယ်ကို သွားချိန် အထူးသဖြင့်တော့ မြိ...
16/09/2026

[English Below]

ထားဝယ်လက်ရက်ကန်း ဆက်စပ်မှုလေး အနည်းငယ်ပြောချင်ပါတယ်။ ငယ်ငယ် ရွာကနေ ထားဝယ်ကို သွားချိန် အထူးသဖြင့်တော့ မြို့အဝင်ဖက်မှာရှိတဲ့ လက်ဝဲကျွန်းရွာလေး ဖြတ်ရချိန်ဆိုရင် ရက်ကန်းခတ်သံလေးတွေ အမြဲကြားခဲ့ရတယ်။ တကယ်နားထောင်လို့ကောင်းခဲ့ပါတယ်။ ဘာသံလဲ ဆိုတာမျိုး စူစမ်းမှုတွေနဲ့ စိတ်ဝင်စားခဲ့လို့ မေးခဲ့မိတဲ့အထိပါ။ ထားဝယ်မှာ ကောလိပ်ကျောင်းတက်ချိန်တော့ အဲဒီအသံတွေ မရှိသလောက် ဖြစ်လာပြီဆိုတာ သတိထားမိပါတယ်။

ပြီးခဲ့တဲ့နှစ် တိုက်ဆိုင်စွာနဲ့ပဲ ဆန်းဖလားဝါး သဘာဝဆိုးဆေးလက်ရက်ကန်းက မဖြူအိသိမ်းက နယူးဇီလန်-အာဆီယံ ဆက်ဆံရေး နှစ်၅၀ပြည့် အထိမ်းအမှတ် အထည်အလိပ်ပြပွဲမှာ ထားဝယ်ရိုးရာရက်ကန်းအဆင်တွေနဲ့ မာအိုရီလူမျိုးတွေရဲ့ လက်မှုအဆင်တွေမှာ တူညီမှုတွေ ရှိတယ် ဆိုတာတွေ့ပြီး ပြပွဲမှာ ထားဝယ်ရိုးရာအဆင်ကို ရက်လုပ်ပြမယ်လို့ ဆုံးဖြတ်လိုက်တော့ ထားဝယ်ရိုးရာလက်ရက်အထည် ရက်လုပ်ဖို့ ဖြစ်လာခဲ့တယ်။ အဲဒီတော့ ကျမအနေနဲ့ ထားဝယ်ဖက်ချိတ်ဆက်ပြီး လက်ရက်ကန်းစင်ရှာတော့ လက်ဝဲကျွန်းက ဒေါ်လှရက်ကန်းရုံ (အခုတော့ လွန်းရွှေဝါ) ရက်ကန်းရုံပေါ့ အဲဒီမှာ ရက်ကန်းခတ်သူ တယောက်နဲ့ ရက်ကန်းစင် တစင်ကျန်တယ် ဆိုတာ သိလိုက်ရတော့ အထိတ်တလန့်အံ့သြသွားရပါတယ်။

ဒါနဲ့ပဲ နှစ်ပေါင်း ၁၀၀ ကျော် တည်ရှိလာတဲ့ ထားဝယ်မှာ ရိုးရာယဥ်ကျေးမှု လက်ရက်ကန်း လုပ်ငန်းတွေ ပျောက်ကွယ်တော့မှာ ပါလားဆိုပြီး စိုးရိမ်စိတ်နဲ့အတူ တတ်နိုင်သလောက်ထိန်းသိမ်းမှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ အစောတလျင် လုပ်ဖြစ်သွားတဲ့ အစီစဥ်တရပ်ဖြစ်ခဲ့ပါတယ်။

ထိန်းသိမ်းတယ်ဆိုရာမှာလည်း ပျောက်ကွယ်သွားမှ မှတ်တမ်းတွေကို ပြတိုက်ထဲထားဖို့ တခုတည်းမဟုတ်ပဲနဲ့ (ဒါကလည်း အရေးတော့ကြီးတာပါပဲ)။ ဒါပေမဲ့ လက်ရှိကျန်ရှိနေတဲ့အနေအထားကို တို့ချဲ့လုပ်ကိုင်နိုင်ပြီး ရေရှည်တည်တံ့အောင် တဖက်တလမ်းက ကူညီကြတာကလည်း ထိန်းသိမ်းခြင်းမည်တာပါပဲ။ ရေရှည်ကျန်ရှိနေဖို့ ဆိုတာကလည်း တန်ဖိုးထားမြတ်နိုးမှုကနေ အရင်းတည်လာတာဆိုတော့ ချစ်တဲ့စိတ်တခုတည်းနဲ့ လုပ်ငန်းတွေကို ထိန်းဖို့ဆိုတာကလည်း တကယ်တော့ မလွယ်ပါဘူး။ ငွေ၊ လူ၊ အချိန်၊ နည်းပညာ စတဲ့ အရင်းအမြစ်လိုအပ်မှုတွေ အများကြီးရှိပါတယ်။

အခုဒီ ၆ လတာ စီမံကိန်းဟာ ကနဦးအစပြုအနေနဲ့ လုပ်ခဲ့ကြတာပါ။ အခုဆိုရင် ထားဝယ်မှာ လက်ရက်ကန်းစင် ၁ စင်ရှိရာကနေ လွန်းရွှေဝါ ရက်ကန်းရုံမှာ ၅ စင်ထိ ပြန်ရှိလာပြီဖြစ်တယ်။ ဒါအပြင် လက်ရက်ကန်းစင် အသစ်တစ်စင် နဲ့ တဝဲလွန်းအီ ဆိုတဲ့ လက်ရက်ကန်းရုံ အသစ်လည်း ထွက်ပေါ်လာပါပြီ။ လက်ရက်ကန်းကို မြတ်နိုးတန်ဖိုးထား စိတ်ဝင်တစား သင်ယူခဲ့တဲ့ မျိုးဆက်သစ် ၁၀ ဦးအထိ ရှိလာပြီ။ ဒါက ထားဝယ် ရိုးရာလက်ရက်ကန်း နည်းပညာကို ထိန်းသိမ်းဖို့အတွက် ပထမခြေလှမ်းတခုဖြစ်ပါတယ်။ ရေရှည်ထိန်းသိမ်းဖို့အပြင် စဥ်ဆက်မပြတ် တိုးတက်လာဖို့ကလည်း တကယ်အရေးပါပါတယ်။ ကျမ ယုံကြည်ပါတယ်၊ ဒီတကြိမ် အစပြုမှုကနေပြီး ရေရှည်မှာ မပျောက်ပျက်အောင် ထိန်သိမ်းဖို့ ဒီမှာရှိတဲ့ လူတွေအားလုံးရဲ့ ပံ့ပိုးမှုနဲ့ အကူအညီတွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတခုအဖြစ် ရှိနေဦးမှာပါ။

စီမံကိန်းကာလ ၆ လတာကာလအတွင်းမှာ ကျမတို့တွေ ရတဲ့အချိန်အတွင်း စွမ်းနိုင်သလောက် အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး ဒီနေ့ ဒီခရီးကို ရောက်ရှိခဲ့ကြပါတယ်။ အခက်အခဲတွေ အများကြီးကြုံပြီး၊ ကျော်ဖြတ်ခဲ့ကြရလို့လည်း ဒီနေ့ရဲ့ အောင်မြင်မှု အသီးအပွင့်ကို ရရှိခဲ့ကြတာပါ။

ဒီပြပွဲအပါအဝင် ဒီ ၆ လ တာ “ ထားဝယ်လက်ရက်ကန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း” အတွက် ရန်ပုံငွေ ထောက်ပံ့ကူညီ ပေးခဲ့တဲ့ နယူးဇီလန်သံရုံး ရန်ပုံငွေ (New Zealand Embassy Fund) မှတစ်ဆင့် ကူညီပံ့ပိုးပေးပါသော နယူးဇီလန်ပြည်သူများ နှင့်တကွ နယူးဇီလန်သံရုံး (ရန်ကုန်) မှ သံရုံးအဖွဲ့ခေါင်းဆောင် Ms. Stephanie Lee၊ ဒါ့အပြင် နယူးဇီလန်သံရုံး (ရန်ကုန်) မှာ ၂၀၂၃ ကနေ ၂၀၂၅ အထိ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယသံရုံးအဖွဲ့ခေါင်းဆောင် Ms. Meghan Stuthridge၊ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယသံရုံးအဖွဲ့ခေါင်းဆောင် Ms. Rapunzel De Leon ၊ မစုမြတ် နဲ့ သံရုံးဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

ဒီကာလ အတောအတွင်းမှာ ကျမတို့ “ အမွေအနှစ် ရက်ကန်း ထားဝယ်အဆင်” ဆိုတဲ့ ထားဝယ်ရိုးရာ လက်ရက်ကန်းအဆင် ဒီဇိုင်း မှတ်တမ်းစာအုပ်လေးလည်း ထုတ်ဝေနိုင်ခဲ့ပါတယ်။ စာအုပ်ဖြစ်မြောက်ဖို့အတွက် နဲ့ ပြပွဲမှာ ရှေးထားဝယ်ရိုးရာ လက်ရာတွေ ပြသနိုင်အောင် အထည်တွေ ပံ့ပိုးပေးခဲ့ကြတဲ့အပြင် ထားဝယ်ရိုးရာလက်ရက်ကန်းအကြောင်းတွေကို မျှဝေဖြေကြားပေးခဲ့ကြတဲ့ မန်းရပ်ရွာက ထားဝယ်မြို့နယ် လက်ရက်ကန်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ရက်ကန်းပညာရှင်နှင့် လက်ရက်ကန်းရုံပိုင်ရှင် ဒေါ်နှင်းရွှေ၊ သမဝါယမ ရက်ကန်းအသင်း ဥက္ကဌ ဦးကျော်ဝင်း၊ ဦးမောင်စန်း၊ ရွှေဥသြ ထားဝယ်စက်ရက်ကန်း လုပ်ငန်းရှင် ဒေါ်စုစုလွမ်၊ ကမြောကင်းရွာက ဦးယူစွမ်နှင့် ကမြောကင်းရွာနေ ဒေါ်ကျင်စိန်၊ ဦးကိုကိုနိုင်၊ ဒေါ်ရွှေလင်၊ ဦးဇေယျာမင်း၊ ဦးအောင်ဝင်းကို၊ ဦးလှသိန်း၊ ဒေါ်လှမေ နှင့် ရန်ကုန်မြို့မှ ဒေါ်သန္တာဝေတို့ကိုလည်း စီမံကိန်းကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်။ အထူးသဖြင့်တော့ စာအုပ်ပါ အချက်အလက်တွေ စုစည်းပေးပါသော ဒေါ်ဝါဝါသန့်၊ ဒေါ်မြအိဖြိုး၊ စာအုပ်အကြောင်းအရာများနှင့် ပတ်သက်၍ အကြံဉာဏ်ပေးပါသော “အဖြေ”အဖွဲ့ မှ ‌နော်ဒီမိုနာခူး တို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်၊

ဒါအပြင် စီမံကိန်း မစခင်ကတည်းက ထားဝယ်ရိုးရာလက်ရက်ကန်းပညာရပ်ကို လက်ဆင့်ကမ်းပေးဖို့ စိတ်အားထက်သန်ပြီး သင်တန်းကာလ ၃ လတာ အတွင်းမှာလည်း အဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးပါသော လွန်းရွှေဝါ ရက်ကန်းရုံပိုင်ရှင် ဦးငွေလုံးနဲ့ ဒေါ်နီနီလှိုင်၊ ထားဝယ်ရိုးရာရက်ကန်းပညာရပ်ကို စိတ်ရှည်စွာနဲ့ လက်ဆင့်ကမ်း သင်ကြားပို့ချပေးခဲ့တဲ့ လက်ရက်ကန်းပညာရှင် ဒေါ်အေးအေးမူ တို့ကို ကျေးဇူး အထူးတင်ပါတယ်။ အရောင်နှင့် ဒီဇိုင်း သင်တန်းကို ပို့ချပေးခဲ့ပြီး ထားဝယ်အဆင် စာအုပ်အပြင်အဆင်အား ရေးဆွဲပြင်ဆင်ပေးပါသော ဆရာဦးမောင်မောင်မျိုးစိမ်း၊ ချည်မျှင်နှင့် သဘာဝဆိုးဆေး၊ လက်ရက်ကန်းသင်တန်း များအား ပို့ချပေးပါသော Sunflower မှ ‌ဒေါ်ဖြူအိသိမ်း နှင့် ဒေါ်ခင်လဲ့လဲ့ဖြူ တို့ကို အထူးကျေးဇူးတင်ရှိပါတယ်။

ပြီးတော့ ဒီပြပွဲ ဖြစ်မြောက်အောင် အဖက်ဖက်မှ ဝိုင်းကူပေးကြတဲ့ မူလ ပြခန်းနှင့် အဖွဲ့သားများ၊ ပြပွဲမှာ အတူတကွ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ ရန်ကုန်မှ လက်မှုလုပ်ငန်းရှင်များ နဲ့ အားဖြည့်ပေးကြတဲ့ ပေါင်းတည်မှ ရက်ကန်းပညာရှင်များ၊ ပန်းချီကားရေးဆွဲပေးပါသော ဆရာကြီး ဦးမောင်မောင်သိမ်း (ပုသိမ်)နှင့် “ဒုတိယ နှလုံးသား” ကဗျာဖြင့် ပြပွဲကို ဂုဏ်ပြုပေးပေးပါသော စာရေးဆရာမ “မအိ” ကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်။

နောက်ဆုံးအနေနဲ့ ဇွဲမလျော့ပဲနဲ့ ၃ လတာကို တောင့်ခံကျော်ဖြတ်ကြတဲ့ ရက်ကန်းသင်တန်းသူ/သင်တန်းသား အားလုံး နှင့်တကွ သဘာဝဆိုးဆေး နှင့် အရောင်၊ဒီဇိုင်း သင်တန်းအားတက်ခဲ့ကြသော သင်တန်းသူ/သင်တန်းသားများအားလုံး အခက်အခဲတွေကြား ဗျာများပြီး စီမံကိန်းကို အောင်မြင်‌အောင် အားသွန်ခွန်စိုက် လုပ်ခဲ့ကြတဲ့ မဖြူအိသိမ်းနဲ့ Sunflower အဖွဲ့ဝင်များအားလုံးကို ကျေးဇူးအထူးတင်ရပြီး စီမံကိန်းဖြစ်မြောက်အောင်မြင်အောင် အဖက်ဖက်မှ ကိုယ်အားဖြင့်လည်းကောင်း၊ နှုတ်အားဖြင့် လည်းကောင်း ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြပါသော ကျေးဇူးတင်ထိုက်သူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

သူဇာလင်း

I would like to share a little about my personal connection with traditional handloom weaving in Tavoy.

When I was young, whenever I travelled from my village to Tavoy, especially when passing through Let Wae Kyun Village at the entrance to Tavoy, I would always hear the rhythmic sounds of handlooms. It was such a pleasant sound to listen to. I was so curious about what those sounds were that I even asked about them. However, by the time I attended college in Tavoy, I noticed that those sounds had almost completely disappeared.

Coincidentally, last year, Ma Phyu Ei Thein from Sunflower Natural Dye Textiles participated in a textile exhibition celebrating the 50th Anniversary of New Zealand–ASEAN Relations. During the exhibition, she discovered similarities between traditional Tavoy weaving patterns and the traditional weaving patterns of the Māori people. She then decided to make a showcase with traditional Tavoy patterns fabric at the exhibition, which led us to begin producing traditional Tavoy handwoven textiles.
At that time, when I reached out to people in Tavoy to look for a handloom, I was surprised and deeply concerned to learn that at Daw Hla Weaving Workshop in Let Wae Kyun, now known as Lunn Shwe War Weaving Workshop, there was only one weaver and one remaining handloom.

This made us seriously concerned that Tavoy’s traditional handloom weaving heritage, which has existed for more than a century, might soon disappear. We therefore decided that we needed to do whatever we could to preserve it. This was how this project was initiated.

When we talk about preservation, it does not mean simply waiting until a tradition disappears and then keeping its records in a museum, although documentation is also very important. Supporting and strengthening what remains today, and helping it continue in a sustainable way, is also an important form of preservation.

Long-term preservation begins with valuing and cherishing the craft. However, maintaining a traditional industry through passion and love alone is not easy. It requires many resources, including funding, people, time, knowledge, skills, and technology.

This six-month project was carried out as an initial step. Today, from having only one remaining handloom in Tavoy, Lunn Shwe War Weaving Workshop now has five handlooms. In addition, a new weaving workshop with a new handloom called “Tavoy Lun-Ee” has also emerged.

We now have 10 members of a new generation who have developed an interest in, and appreciation for, handloom weaving and are actively learning the handloom weaving and textiles. This is an important first step towards preserving traditional Tavoy weaving techniques.

However, preservation alone is not enough. It is equally important to ensure that the tradition continues to grow and develop sustainably. I believe that this initial effort can become a foundation for the future, and that the continued support and assistance of everyone here will play an important role in ensuring that Tavoy’s traditional handloom weaving heritage continues to live on.

During these six months, we did our best with the time and resources available to us, and that effort has brought us to where we are today. We faced many challenges along the way, and it is because we worked together to overcome them that we are able to celebrate the achievements we see today.

I would like to express my sincere gratitude to the people of New Zealand for supporting this six-month “Empowering Dawei (Tavoy) Handloom Weaving Industry Project,” including this exhibition, through the New Zealand Embassy Fund.

I would also like to extend my special thanks to Ms. Stephanie Lee, Head of Mission at the New Zealand Embassy Yangon, Myanmar, Ms. Meghan Stuthridge, who served as Deputy Head of Mission from 2023 to 2025; Ms. Rapunzel De Leon, the current Deputy Head of Mission; Ma Su Myat; and all the staff of the New Zealand Embassy in Yangon.
During this project period, we were also able to publish a documentation book on traditional Tavoy handloom patterns, titled “Heritage - Weaving – Tavoy Patterns.”

On behalf of the project, I would like to express my special thanks to all those who contributed traditional textiles and longyi for the book and for the exhibition’s historical display, as well as those who shared their knowledge and information about traditional Dawei handloom weaving.
Our sincere thanks go to Daw Hnin Shwe, Chairperson of the Tavoy Township Handloom Weavers Association, master weaver and owner of a weaving workshop from Man-Yat Village; U Kyaw Win, Chairperson of the Weaving Cooperative Association; U Maung San; Daw Su Su Lwan, owner of Shwe Oh Awe Tavoy Power Loom Weaving House; U Yu Swan from Kamyawkin Village and Daw Kyin Sein from Kamyawkin Village, U Ko Ko Naing, Daw Shwe Lin, U Zayar Min, U Aung Win Ko, U Hla Thein, Daw Hla May and Daw Thandar Wai from Yangon.

I would also like to give special thanks to Daw Wah Wah Thant and Daw Mya Ei Phyo for compiling the information for the book, and to Naw Demona Khu from “Ah Phyay” for providing valuable advice on the contents of the book.

Furthermore, my heartfelt thanks go to U Ngwe Lone and Daw Ni Ni Hlaing, owners of Lunn Shwe War Weaving Workshop. Even before the project began, they were already committed to passing traditional Dawei weaving knowledge on to the next generation, and they provided the necessary support throughout the three-month training period.
I would also like to express my deep gratitude to master weaver Daw Aye Aye Mu, who patiently taught and passed down traditional Dawei weaving techniques to the trainees.

Special thanks also go to U Maung Maung Myo Sein for conducting the Color and Design Training and for designing and preparing the layout of the Tavoy Patterns book, as well as to Daw Phyu Ei Thein and Daw Khin Lai Lai Phyu from Sunflower for conducting the Yarn Theory, Natural Dye, and Handloom Weaving training sessions.

In addition, I would like to thank the Mula Art Gallery and its team for their support in making this exhibition possible; the craft entrepreneurs from Yangon who collaborated and participated in the exhibition, the weavers from Paungde who joined us and provided their support, Artist U Maung Maung Thein (Pathein) who provide the Art and Sayama Ma Ei, who honored the exhibition with her poem, “Second Heart.”

Finally, my deepest gratitude goes to all the trainees who persevered through the three-month weaving training without giving up, as well as to everyone who participated in the Natural Dyeing, Color, and Design training.

I would also like to give special thanks to Daw Phyu Ei Thein and all the members of the Sunflower team, who worked tirelessly and with great dedication, even in the face of many challenges, to make this project a success.

Above all, I would like to express my sincere appreciation to everyone who contributed in every possible way with their time, effort, words, encouragement, and support to make this project possible and successful.

Thank you very much.

Thu Zar Lin





[English Below]ထားဝယ်ရိုးရာလက်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စတင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ ထားဝယ...
15/09/2026

[English Below]

ထားဝယ်ရိုးရာလက်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို စတင်ခဲ့ရတဲ့ အဓိကအကြောင်းရင်းကတော့ ထားဝယ်ဒေသရဲ့ ရိုးရာလက်ရက်ကန်း အမွေအနှစ်တွေ ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဖို့၊ မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းပေးဖို့နဲ့ ရက်ကန်းလုပ်ငန်းကို ဆက်လက်ရှင်သန်တိုးတက်စေဖို့ ဖြစ်တယ်။

ဒီစီမံကိန်းအတွင်းမှာ ထားဝယ်မြို့မှာ ရှေးယခင်ကတည်းက စဉ်ဆက်မပြတ်တည်ရှိနေခဲ့တဲ့ ဒေါ်လှ ရက်ကန်းရုံ(အခု လွန်းရွှေဝါရက်ကန်းရုံ)မှာ ကျန်ရှိနေတဲ့ တစင်တည်းသော ရက်ကန်းစင်မှ လွန်းရွှေဝါမှာ ကျန်ရှိနေတဲ့ တစစီဖြစ်နေတဲ့ ရက်ကန်းစင်အစိတ်အပိုင်းတွေကိုပါ အသုံးပြုကာ ရက်ကန်းစင် ၄စင်နဲ့ သင်တန်းသားများလေ့ကျင့်ရက်လုပ်ရန် ၁စင် တိုးချဲ့ပေးနိုင်ခဲ့ပြီး ရက်ကန်းနဲ့ သဘာဝဆိုးဆေးဆိုင်ရာ သင်တန်းတွေကို ပြုလုပ်ပေးခဲ့တယ်။

လွန်းရွှေဝါရက်ကန်းရုံမှာ ဆက်လက်ကျားကန်ရက်ခတ်ပေးနေတဲ့ ထားဝယ်လက်ရက်ကန်းပညာရှင် ဒေါ်အေးအေးမူ၊ ထားဝယ်မှာ လက်ရက်ကန်းပညာနဲ့အသက်မွေးဝမ်းကြောင်းပြုရင်း တဦးတည်း ဆက်လက်ထိန်းသိမ်းထားသူရဲ့ ပညာတွေကို မျိုးဆက်သစ်များအား လက်ဆင့်ကမ်းပေးနိုင်ခဲ့တဲ့ မှတ်တိုင်တခုဖြစ်တယ်။

သင်တန်းတွေမှာ အသုံးပြုဖို့ ထားဝယ်လက်ရက်ကန်းသမိုင်းမှာ မရှိခဲ့ဘူးတဲ့ စနစ်တကျတွက်ချက်ပြီးမှ ရက်ကန်းတန်းတင်နည်းအဆင့်ဆင့်ရဲ့ သင်ရိုးတွေကိုလည်း စနစ်တကျ ပြုစုခဲ့ပြီး စာတွေ့လက်တွေ့ တွက်ချက်လေ့လာလက်တွေ့လုပ်ခဲ့ကြရတယ်။

နောက်ဆုံးအဆင့် ရက်ခတ်တတ်ရုံတခုတည်းသင်ပေးခဲ့ကြတာမဟုတ်ပဲ ရက်ကန်းစင်တပ်ဆင်နည်း၊ ရက်ကန်းစင်အသုံးပြုနည်း၊ ချည်မျှင်များအကြောင်း၊ အရောင်များအကြောင်း၊ ဒီဇိုင်းတီထွင်ဖန်တီးမှု၊ ရက်ကန်းစင်တင်နည်း၊ရက်ကန်းခတ်နည်း၊ အရောင်ဆိုးနည်းနဲ့ ရိုးရာအဆင်များအကြောင်း၊ အထည် စျေးနှုန်း တွက်ချက်နည်း၊ အရည်အသွေးထိန်းသိမ်းနည်းနဲ့ စျေးကွက်စဉ်းစားနည်း၊ ထုတ်ကုန်ဓာတ်ပုံ ရိုက်နည်းတွေကို သင်တန်းဆရာ (၆)ယောက်ဆီမှ လေ့လာသင်ယူခဲ့ကြတယ်။

ရက်ကန်းခတ်တတ်သူ (၁၀)ဦး ကို လေ့ကျင့်ပေးနိုင်ခဲ့တယ်။
ထားဝယ်ရက်ကန်းသမိုင်းမှာ မရှိခဲ့ဘူးသော သဘာဝဆိုးဆေးနည်းကိုလည်း သင်တန်းသား(၁၆)ဦး အား လည်း သင်ကြားပေးနိုင်ခဲ့တယ်။ သိပ်မကြာခင်မှာ ထားဝယ်ရဲ့ ပထမဦးဆုံး သဘာဝဆိုးဆေး လက်ရက်ကန်းထည်များ စျေးကွက်ထဲကို ရောက်ရှိလာမှာဖြစ်တယ်။

ဒီလို သင်တန်းတွေကနေတဆင့် ထားဝယ်လက်ရက်ကန်းလုပ်ငန်းတွေ ဆင့်ပွါးတိုးချဲ့လာနိုင်တော့မှာဖြစ်တယ်။

အထူးဝမ်းမြောက်စရာကောင်းတာကတော့ သင်တန်းဆင်းသူအချို့ဟာ အခုအခါမှာ ကိုယ်ပိုင်ရက်ကန်းရုံ အသစ်တွေ တည်ထောင်ဖို့၊ ရက်ကန်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ဖို့နဲ့ တခြားသူတွေကိုပါ ပြန်လည် သင်ကြားပေးဖို့ အစီအစဉ်တွေ ရှိလာတော့မှာပဲ ဖြစ်တယ်။

ဒါဟာ ဒီစီမံကိန်းရဲ့ အရေးကြီးတဲ့ အောင်မြင်မှုတခုလို့ယုံကြည်ပါတယ်။

နောက်ထပ် အရေးကြီးတဲ့ ရလဒ်တစ်ခုကတော့ “အမွေအနှစ် - ရက်ကန်း - ထားဝယ်အဆင်”စာအုပ်ကို ပြုစုထုတ်ဝေနိုင်ခဲ့ခြင်း ဖြစ်တယ်။

ဒီစာအုပ်ထဲမှာ လက်လှမ်းမှီသလောက်စုဆောင်းရရှိထားတဲ့ ထားဝယ်ဒေသရဲ့ ရိုးရာရက်ကန်းအဆင်အချို့ ကို မှတ်တမ်းတင်ထားတယ်။

ဒီမှတ်တမ်းတွေဟာ အနာဂတ်မျိုးဆက်တွေအတွက် အရေးကြီးတဲ့ အမွေအနှစ်တခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်” ပြပွဲဟာ စီမံကိန်းတခုရဲ့ အဆုံးသတ်မဟုတ်ပါဘူး။

အမွေအနှစ်တွေကို ဆက်လက်ထိန်းသိမ်းပြီး မျိုးဆက်တဆက်ကနေ တဆက်ကို လက်ဆင့်ကမ်းပေးသွား မယ့် ခြေလှမ်းအသစ်ရဲ့ အစပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီခြေလှမ်းအစကနေစပြီး ထားဝယ်လူမျိုးများနဲ့ ထားဝယ်ရိုးရာအဆင်တွေကို ချစ်မြတ်နိုးသူ တစ်ယောက်ချင်းစီတိုင်းကို အတူတကွ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

အားလုံး အတူတကွ ကြိုးစားကြမယ်ဆိုရင် ထားဝယ်ရဲ့ ရိုးရာအမွေအနှစ်တွေကို ထိန်းသိမ်းနိုင်မယ်၊ လက်ဆင့်ကမ်းနိုင်မယ်၊ နောင်မျိုးဆက်တွေအတွက် ဆက်လက်ရှင်သန်နေအောင်လည်း ဖန်တီးနိုင်မယ် လို့ ယုံကြည်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

The main reason for initiating the Empowering Tavoy(Dawei) Handloom Weaving Industry project was to preserve Dawei’s traditional handloom heritage from disappearing, pass this knowledge on to younger generations, and ensure that the weaving tradition continues to survive and develop.

As part of this project, we worked with Daw Hla Weaving Workshop, which had existed continuously in Dawei since the old days and is now known as Lune Shwe Wah Weaving Workshop. Using the remaining parts of old looms that had been kept at Lune Shwe Wah, including the components that had been separated and left unused, we were able to restore and expand the workshop to include four handlooms and one additional handloom for trainees to practice weaving. We also conducted training courses on traditional weaving and natural dyeing.

One of the important milestones of this project was the opportunity to pass on the knowledge and skills of Daw Aye Aye Mu, a Tavoy handloom master weaver who has continued to work at Lune Shwe Wah Weaving Workshop and who has been one of the very few people still making a living from and preserving the traditional handloom weaving craft in Tavoy.

For the training courses, we also systematically developed a curriculum covering the step-by-step process of preparing and setting up the loom, including calculations and techniques that had not previously been documented in the history of Tavoy weaving. The trainees studied both the theoretical and practical aspects of weaving, including calculations and hands-on practice.

The training was not limited to simply teaching participants how to weave. They learned from six trainers about loom assembly, how to operate and use a loom, different types of yarn and fibers, colors, design development and creativity, warp preparation and loom setting, weaving techniques, dyeing methods, traditional Tavoy patterns, fabric pricing and cost calculation, quality control, market considerations, and product photography.

Through the project, 10 people were trained in handloom weaving.

In addition, 16 trainees were trained in natural dyeing techniques, a method that had not previously been part of Tavoy’s traditional weaving history. Very soon, Tavoy’s first handwoven fabrics made using natural dyes will be introduced to the market.

Through these training programs, we hope that Tavoy’s handloom weaving industry will continue to grow and expand.

What is especially encouraging is that some of the trainees are now planning to establish their own new weaving workshops, continue working in the weaving industry, and share the knowledge they have gained by teaching others.

We believe this is one of the most important achievements of the project.

Another significant outcome was the publication of the book “Heritage – Weaving – Tavoy Patterns.”

The book documents some of the traditional weaving patterns of the Tavoy region that we have been able to collect and preserve to the best of our ability.

I believe these records will become an important part of our heritage for future generations.

The “The Art of Living Heritage – Tavoy” Exhibition is not the end of a project.

Rather, it is the beginning of a new journey, a new step toward continuing to preserve our heritage and passing it down from one generation to the next.

Therefore, from this very first step forward, we would like to invite every individual who loves the Tavoy people and cherishes Tavoy’s traditional patterns and cultural heritage to join us and take part in this journey.

If we work together, we believe that we can preserve Tavoy’s traditional heritage, pass it on to future generations, and create a future in which these traditions continue to live and thrive for generations to come.

Thank you all very much.





“The Art of Living Heritage - Tavoy” ပြပွဲလေး စတင်နေပါပြီ။ ရန်ကုန်မှ လက်မှုဖန်တီးသူများ 1. ဟန်ကိုယ့်2. the Charm3. Shari...
12/09/2026

“The Art of Living Heritage - Tavoy” ပြပွဲလေး စတင်နေပါပြီ။

ရန်ကုန်မှ လက်မှုဖန်တီးသူများ

1. ဟန်ကိုယ့်
2. the Charm
3. Sharing Our Strength
4. Eco Glamour
5. Aunty Grace
6. Daw Pa
7. Bao’s Stitch
8. Yarrowfield
9. Yika
10. Mal Chi
11. Dreamers
12. Mae Latma
13. Sunflower

ထားဝယ်မှ
1. လွန်းရွှေဝါ
2. အေးမြ
3. နွေဥသြ
4. Sweet Aura
5. Cho Khin Yu

Food & Drinks
1. ဒေါ်ယဉ်ကျေး ဟင်းနုနယ်ခေါက်ဆွဲ
2. ရွှေ ကြက်သားပလာတာ၊ လက်ဘက်ရည်
3. မျောက်လွှဲကျော် ကော်ဖီ

တို့နှင့်အတူ ချည်ထည်၊ လက်မှုပညာများ ခံစားနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။


[English Version below]“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”အမွေအနှစ်တွေအကြောင်း လူကြီးတွေပြောပြကြတဲ့အခါ သိပ်စိတ်ဝင်စားဖို့ကေ...
10/09/2026

[English Version below]
“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”

အမွေအနှစ်တွေအကြောင်း လူကြီးတွေပြောပြကြတဲ့အခါ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။
သူတို့ပြောပြကြတဲ့အခါ တခါတလေ ဝမ်းသာစရာ၊ တခါတလေ ဝမ်းနည်းစရာ၊ တခါတလေ မှားယွင်းခဲ့တဲ့အဖြစ်အပျက်တွေ၊ တချို့စကားတွေကို ပြုံးပျော်ပြီး ပြောပြခဲ့ကြသလို တချို့စကားတွေကို ဆွေးဆွေးမြေ့မြေ့ ပြန်ပြောင်းသတိရပြီး ပြောပြကြတယ်။
နားထောင်ရတဲ့သူတွေကလည်း အဘိုးအဘွားတွေရဲ့ စကားတွေထံကနေ အဲဒီခေတ်တွေကို အတွေးပုံဖော်ကြည့်ရတာ စိတ်ကူးယဉ်နေရသလိုခံစားရတယ်။ ကိုယ်တွေခေတ်နဲ့ယှဉ်ကြည့်ပြီး အတွေးတွေတပုံတပင်နဲ့ ကျန်ခဲ့ရတာတွေရှိတယ်။
ဒီလိုနဲ့ပဲ အမွေအနှစ်တွေကို လက်ဆင့်ကမ်းကြတယ်။ အမွေအနှစ်ဆိုတာ ထိန်းသိမ်းဖို့တခုထဲတင်မကတဲ့ တန်ဖိုးတွေရှိတယ်။
မမှီလိုက်တဲ့အကြောင်းအရာတွေကို မှတ်သား
အတိတ်တွေထဲကနေ သင်ယူ
ဖြစ်ခဲ့တာတွေကနေ သင်ခန်းစာယူ
လက်ရှိကာလတွေမှာ ထိန်းသိမ်းဖို့ကြိုးစား
အနာဂတ်အတွက်ပိုကောင်းမယ့်နည်းလမ်းတွေနဲ့စီစဉ်နိုင်ခြင်းက အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွေကို ချိတ်ဆက်သွားနိုင်မှာဖြစ်တယ်။
“အမွေအနှစ် - ရက်ကန်း - ထားဝယ်အဆင်”တွေကို စပြီးထိန်းသိမ်းကြတဲ့ ခြေလှမ်းက နောက်ထပ်နောက်ထပ် ဒေသအနှံကို ခြေဆန့်နိုင်ကြဖို့ ပထမဦးဆုံးခြေလှမ်းဖြစ်တယ်။
အဲဒီခံစားချက်တွေကို ခံစားရစေမယ့် “ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”ပြပွဲလေးဆီကို အားလုံးကို ဖိတ်ခေါ်ပါရစေ။

၂၀၂၆ စက်တင်ဘာ ၁၂-၁၃ (စနေ၊ တနင်္ဂနွေ)
နံနက် ၁၀:၀၀ ~ ညနေ ၅:၀၀ နာရီ
မူလပန်းချီပြခန်း
S1-13/14/15, ဝန်ကြီးများရုံး၊
မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။

“The Art of Living Heritage - Tavoy”

It is very interesting to listen when older people tell us stories about their heritage.

Sometimes, their stories are happy. Sometimes, they are sad. Sometimes, they talk about mistakes or things that happened in the past. They tell some stories with smiles and laughter, while they remember other stories with sadness and deep emotion.

For the people listening, hearing the words of their grandparents makes it feel almost like imagining and traveling back to those times. When we compare their lives with our own time, it leaves us with many thoughts and things to reflect on.

This is how heritage is passed from one generation to another. Heritage is valuable not only because we need to preserve it, but also because it can teach us many things.

- Remember the things we did not get to experience.
- Learn from the past.
- Learn lessons from what happened.
- Try to protect and preserve what we have today.
- Plan better ways to build a better future.

In this way, we can connect the past, the present, and the future.

The first step of preserving heritage, such as “Heritage - Weaving - Tavoy Patterns” , is an important beginning. From this first step, we can continue to preserve and promote these traditions in more and more communities.

With these feelings and ideas in mind, we would like to invite everyone to the “The Art of Living Heritage – Tavoy” exhibition, where you can experience and feel the beauty of this living heritage.

📅 12–13 September 2026 (Saturday & Sunday)
🕙 10:00 AM – 5:00 PM
📍 ᗰᑌᒪᗩ ᗩᖇT GᗩᒪᒪEᖇY, MULA
S1-13/14/15, The Secretariat Yangon,
Maha Bandula Road, Botahtaung Township,




Address

54/Right, 1st Floor, Shan Kone Street, Myaynigon, San Chaung Tsp
Yangon

Opening Hours

Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Alerts

Be the first to know and let us send you an email when Sunflower Natural Dye Textiles posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Sunflower Natural Dye Textiles:

Shortcuts

Share