feeling like this

Directions

feeling like this poem�

01/02/2025

ချစ်ခြင်းမေတ္တာအကြောင်းပြောမိတိုင်း
မင်းကမပါမဖြစ်ပေါ့ အချစ်ရယ်
ကိုယ်မရှိဘဲ မင်းကအဆင်ပြေနေပြီဆိုတာကလွဲရင်
ကျန်တဲ့အရာတွေအားလုံးက ပုံမှန်ပါပဲ...

-မိုးရိပ်ညို-

13/07/2024

ဘဝဟာမျှော်လင့်ထားသလို
မဟုတ်တော့
ဝါသနာကို ဘေးဖယ်
အသပြာနောက်ကိုလိုက်ခဲ့ရတဲ့
စိတ်ပျက်စရာနေ့ရက်တွေပါပဲ.....

-မိုးရိပ်ညို-

မိုးကလည်း တဖွဲဖွဲ ရွာလျက်ရှိသည်အချိန်ကား ည ၇ နာရီကျွန်တော်လည်း မြန်မာငွေလေးရာကျပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျက်ဘတ်စ်ကားမှ...
08/06/2024

မိုးကလည်း တဖွဲဖွဲ ရွာလျက်ရှိသည်

အချိန်ကား ည ၇ နာရီ

ကျွန်တော်လည်း မြန်မာငွေလေးရာကျပ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက်
ဘတ်စ်ကားမှတ်တိုင်မှာရပ်နေလိုက်သည်

လမ်းမပေါ်တွင် တဝှီးဝှီးသွားနေကြတဲ့
ကားများအကြား ကျွန်တော့်ရဲ့အတွေးအာရုံလည်း
ပျံလွင့်လျက်…

ကျွန်တော်ပြန်ရမှာက မြောက်ဥက္ကလာပအထိဆိုတော့
YBS 64 ကားကိုစောင့်နေရလေသည်

ဆူးလေမှာ တစ်နေကုန်အလုပ်လုပ်ပြီး
အခုထိအိမ်ပြန်မရောက်သေးဘူးဆိုတာက
ကျွန်တော့်ရဲ့ဝမ်းနည်းစိတ်ကို
လှုံ့ဆော်ပေးလျက်ရှိသည်

ပင်ပန်းမှုတွေကတော့အတိုင်းထက်အလွန်ပေါ့

အများကြီးတွေးနေချိန်မရလိုက်ပါ

ဟော ကားလာပြီဆိုတဲ့အော်သံကြောင့်
တခြားလူများနည်းတူ ကားပေါ်တိုးဝှေ့တက်ရပြန်တယ်

ဒီအချိန်ဆို
ကားပေါ်မှာခုံမရတော့တာကို ကြိုသိနေပေမဲ့
တကယ်တမ်း ခုံမရတဲ့အခါကျ ကျွန်တော့်ရဲ့ပင်ပန်းမှုတွေနှစ်ဆတိုးသွားရပြန်တယ်

ဒါပေမဲ့ ကျွန်တော် မမူနိုင်
အခုအချိန်မှာ အိမ်ပြန်ရောက်ဖို့ကအဓိကမဟုတ်ပါလား…

ကျွန်တော့်ရဲ့အတွေးတွေကလည်း ထပ်ပြီးတော့ပျံလွင့်လာပြန်တယ်…

တကယ်တော့ ကျွန်တော်က ပညာရေးမှာထူးချွန်တဲ့
ကျောင်းသားတစ်ယောက်
ဒါပေမဲ့ ကံကြမ္မာက ကျွန်တော့်ကိုကျောင်းသားပေးမဖြစ်ဘူးထင်ပါရဲ့

တဖြည်းဖြည်း ဆိုးရွားလာတဲ့ နိုင်ငံရေးအ​ခြေအနေနဲ့အတူ ကျွန်တော်တို့မိသားစုရဲ့
ပိုင်ဆိုင်မှုတွေအကုန်လုံးဆုံးရှုံးလိုက်ရတယ်
အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အချိန်မှာ ကျွန်တော့်အတွက်
ရွေးချယ်စရာက များများစားစားမရှိခဲ့ပါဘူး
ကျွန်တော် ကျောင်းထွက်ဖို့ဆုံးဖြတ်လိုက်တော့တယ်
နောက်ကွယ်ကအမေ့ရဲ့မျက်ရည်စက်တွေကို
ကျွန်တော်မသုံးဖြုန်းရက်တော့ဘူး
အမေကတော့ငိုလျက်ပြောပါတယ်
သားရယ် ကျောင်းပဲတက်ပါတဲ့
သား ပင်ပန်းမှာကိုအမေမကြည့်ရက်ဘူးတဲ့
အို အမေရယ် သားကရော အမေ့ရဲ့မျက်ရည်စက်တွေကို ကြည့်ရက်တယ်ထင်နေတာလား…

ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကိုကျွန်တော်မပြင်ခဲ့ပါ
ကိုယ်တိုင်ရွေးချယ်ထားတဲ့လမ်းကို ကိုယ်တိုင်လျှောက်နိုင်ဖို့ကြိုးစားခဲ့တယ်

ကျောင်းထွက်တယ် အလုပ်လုပ်ခဲ့တယ်
ရတဲ့လစာကိုအမေ့ကိုအပ်ပြီး သားတစ်ယောက်အနေနဲ့
အမေ့ရှေ့မှာ အလင်းရောင်ထွန်းလင်းပေးနိုင်အောင်
ကြိုးစားနေထိုင်ခဲ့တယ်
ကံကြမ္မာရဲ့နှိပ်စက်မှုကို ကြံ့ကြံ့ခံပြီး
ရင်ဆိုင်ခဲ့ရတာပေါ့
ကျွန်တော်အားမလျှော့ပါ
လောကဓံက ပေးကမ်းလာတာမှန်သမျှကို
ကျွန်တော်တို့လက်ခံရမှာပဲမဟုတ်လား

ကျွန်တော်တက်ခဲ့ဖူးတဲ့ကျောင်းရှေ့ကိုရောက်တိုင်း
မျက်ရည်ကျမိတယ်
သူငယ်ချင်းတွေကိုမြင်တိုင်းလည်း
အဝေးမှ ရှောင်နေမိတယ်
ဒါပေမဲ့ သေချာတာကတော့ ကျွန်တော် ဘယ်တော့မှနောင်တရမည်မဟုတ်ပေ

ဒီလိုပဲ ရင်ဆိုင်သွားရင်းနဲ့
ဘဝအတွက်ရုန်းကန်လှုပ်ရှားနေခဲ့တယ်

အခုလည်း အလုပ်ကပြန်နေတုန်း
ဒီအတွေးတစ်စလေးကတောင်
ကျွန်တော့်ကိုမျက်ရည်ကျစေတယ်

ကားပေါ်မှာ ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့လည်း
မျက်နှာကမလန်းမဆန်းနဲ့ ပင်ပန်းနွမ်းနယ်နေကြတဲ့သူတွေချည်းပါပဲလား

ဪ ကျွန်တော့်လိုလူငယ်တွေပဲနေမှာပါ
အိပ်မက်တွေပျောက်ဆုံးခဲ့ရတဲ့လူငယ်တွေ
မိသားစုတာဝန်ထမ်းထားရတဲ့လူငယ်တွေ
လမ်းပျောက်နေတဲ့လူငယ်တွေ…

အခုလိုခက်ခဲနေကြတဲ့အချိန်မှာ
အောက်ခြေလူတန်းစားတွေက
အတော်ကိုပင်ပန်းကြရလေသည်
မြင့်တက်လာတဲ့ကုန်စျေးနှုန်းတွေနဲ့အတူ
မိသားစုဝမ်းရေးကို ဖြည့်ဆည်းနိုင်ဖို့တောင်
ကြိုးစားရုန်းကန်ရသည်မှာ မလွယ်ကူပေ

ဪ ဘယ်လိုပဲဖြစ်ဖြစ်
အိမ်ပြန်ရောက်ရင်တော့
အမေ့ရင်ခွင်ထဲတိုးဝင်ရဦးပေမည်
ဒါကြောင့် ကျွန်တော်ပင်ပန်းပါသည်
သို့သော် ကျွန်တော်မမောပါ…

တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့
ကျွန်တော့်မိသားစုနဲ့အတူ
ကျွန်တော်ချစ်ရသူနဲ့အတူ
ကျွန်တော်မော့ကြည့်ခဲ့ရတဲ့
လူတန်းစားတစ်ရပ်ဖြစ်အောင်တော့
ကျွန်တော်ကြိုးစားပါဦးမည်…

-မိုးရိပ်ညို-

pic from pinterest

နွေဦးမို့ ပိုရူးတယ်ထင်ပါရဲ့လေရူးတသုန်သုန်နဲ့အလွမ်းကပိုလာပြီသူ့အနားသာနေရမယ်ဆိုရင်တော့ကျွန်တော်ပိုပျော်ခွင့်ရပါလိမ့်မယ်.....
03/04/2024

နွေဦးမို့ ပိုရူးတယ်ထင်ပါရဲ့
လေရူးတသုန်သုန်နဲ့
အလွမ်းကပိုလာပြီ
သူ့အနားသာနေရမယ်ဆိုရင်တော့
ကျွန်တော်ပိုပျော်ခွင့်ရပါလိမ့်မယ်....

-မိုးရိပ်ညို-

18/03/2024

စစ်သာခင်းရမယ်ဆိုရင်
ကိုယ်ပဲ အရှုံးပေးပါ့မယ်...
မင်းရော မင်းချစ်တဲ့သူရော
ပျော်ရွှင်ဖို့အတွက်
ကိုယ်အရှုံးပေးလို​က်ရတာ တန်တယ်မလားဟင်...

-မိုးရိပ်ညို-

02/03/2024

ပျော်ရွှင်ဖို့အတွက်
ဘာမှများများစားစားမလိုပါဘူး
ကော်ဖီလေးတစ်ခွက်
ကင်မရာလေးတစ်လုံး
စိတ်လုံခြုမှုပေးနိုင်တဲ့ ချစ်ရသောသူ...🖤

-မိုးရိပ်ညို-

02/03/2024

သူကမေးတယ်
ချစ်လားတဲ့
ဟင့်အင်း မချစ်ဘူး
ကိုယ် မင်းကိုမြတ်နိုးတာ...🖤

-မိုးရိပ်ညို-

02/03/2024

နှစ်ကိုယ်တူပေါင်းဖက်ခွင့်ရဖို့
တောင့်တနေခဲ့မိတာလည်း
ကြာပါပြီ...
မေတ္တာဓာတ်တွေကူးစက်ပြီး
သစ္စာပန်းများကိုလည်း
ချစ်သူရဲ့အနားမှာပွင့်စေလိုသား...

ဖြစ်ပြီးရင်ပျက်တဲ့
ဒီလောကကြီးထဲမှာလည်း
အပြုံးလေးတစ်ပွင့်ကအစ
အမှတ်တရတွေများစွာအထိ
ချစ်သောသူနဲ့အတူတူ
ဖန်းတီးရပါစေသား...🖤

-မိုးရိပ်ညို-

29/01/2024

အတူတူမရှိနိုင်တော့တာသေချာပြီဆိုမှတော့
လွဲခဲ့တဲ့ရထားကိုလည်း လိုက်မရှာချင်တော့ပါဘူး...
မင်း ပျော်အောင်နေပါ
မပျော်ရင် ကိုယ့်ဆီကိုပြန်လာပါ...💫

-မိုးရိပ်ညို-

အိပ်မက်ရဲ့အသက် // Bunny Phyoe. ft Bobby Soxer

21/01/2024

အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို
ကိုယ်မသိဘူး
ဒါပေမဲ့
ကိုယ်ချစ်တယ်လို့ပြောလိုက်တိုင်း
မင်းကိုပဲရည်ညွှန်းမိတာပါ....

-မိုးရိပ်ညို-

ဝမ်းနည်းတတ်တဲ့ချစ်သူ // idiots

19/01/2024

မတရားမှုတွေကို မနှစ်မြို့ပါဘူး
ဒါပေမဲ့
မင်းကိုပိုင်ဆိုင်ရဖို့အတွက်
တရားဥပဒေကိုချိုးဖောက်ရမယ်ဆိုလည်း
ချိုးဖောက်ရဲပါတယ်
အချစ်မှာ မျက်စိမရှိဘူး
အချစ်မှာ အမှားအမှန်မရှိဘူး
ဒါပေမဲ့
ငါမင်းကိုချစ်ခဲ့မိသမျှဟာ
မှားယွင်းမှုမရှိခဲ့ပါဘူး ချစ်သူ🖤

-မိုးရိပ်ညို-

Address

Yangon

Website

Alerts

Be the first to know and let us send you an email when feeling like this posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category