Yu Yu Lay

Yu Yu Lay One is love because one is love no reason is needed for loving

27/01/2026

သို့
မမြင်ရသော ချောက်တွန်းသူရေ
မင်းဘယ်လိုပဲလုပ်လုပ်
ယိုင်နဲ့ပြိုလဲသွားမယ့်ထဲတို့တေမပါနေဘူးနော်
လွယ်လွယ်နဲ့ ပြိုလဲမယ်ထင်ရင်
မင်းမှားမှာပေါ့ တို့အားလုံးဟာ
မင်းဆိုတာ ဖြစ်မလာခင်ထဲက ရှိနေတော့ ပုဆိုးခြုံထဲကနေပဲ 👊ပုန်းပြရဲတာမလား
သိပ်သတ္တိရှိနေရင်တည့်လာဖိုက်
မင်းကိုယ်တိုင်ရည်ချင်းမရှိနေတော့
တည့်ဖိုက်ဖို့လဲမစွမ်းနိုင်တဲ့ မင်းကိုသနားမိတယ်
ကျွတ်...ကျွတ် ....ကျွတ်....ကျွတ်

26/01/2026

သပွတ်အူလိုရှုပ်ထွေးတဲ့လောကကြီးကို ပထမဆုံးကြုံဖူးလာတော့ တွေးရင်းရယ်ရမလို ငိုရမလိုနဲ့
တခါတခါ တွေးမိတယ်လူတေရယ်
ဘဝမှာရိုးသားပါ၊ကြိုးစားပါ၊ကောင်းအောင်နေပါ၊ဖြတ်လမ်းလိုက်ရင်အကျနာတတ်တယ်နော်

26/01/2026

သစ်ပင်ကောက်တာသာမြင်ရတယ်
လူကောက်တာမမြင်ရဘူးတဲ့ သိပ်မှန်တဲ့စကား
ရိုးသားတယ်လို့ထင်ရတဲ့မျက်နှာတေက သိပ်ကိုကောက်ကျစ်တဲ့သူတေဖြစ်နေတတ်တယ်
လူကြီးလူကောင်းလို့ထင်ရတဲ့သူတေက မထင်မှတ်ထားလောက်အောင်ကောက်ကျစ်စဉ်းလဲတဲ့သူတေဖြစ်နေတတ်တယ်
အချစ်ဆုံးဆိုတဲ့သူတေကလဲ နောက်ကျောကိုဓားနဲ့ထိုးတတ်ကြတယ်
ဒီအရာတေအတွက် ကိုယ့်မှာအချိန်မရှိဘူး2026ကြီးရေ နင်က ဘယ်လိုအခတ်ခဲတေပေးပေး နင်ပေးတဲ့အခတ်ခဲတေက ငါ့အတွက် မှုစရာကိုလိုမနေဘူး 2026🖕🖕🖕

12/01/2026
11/01/2026

ငါ့အလှည့်မှာတော့ပြုံးနိုင်တယ်နော်
သူများအပေါ်ယုတ်မာတဲ့အခါ ကိုယ့်အလှည့်ကျ 2ဆပိုခံရတတ်လို့
တွေးပူမိတယ် မင်းငါ့လိုပြုံးနိုင်ပါ့မလား
ဝဋ်ဆိုတာ နောက်ဘဝမကူးတော့မို့ မင်းအလှည့်ကျရင်လဲပြုံးနိုင်ပါစေ
ငါမကြိမ်ပါဘူး လောကကြီးက သူ့သူအပြစ်ပေးနေကြမို့မင်းဆီ ရောက်လာလိမ့်မယ်စောင့်နေနော်

01/01/2026

Happy New Year 2026
နှစ်သစ်တနှစ်ပြောင်းတိုင်း
အသက်တနှစ်ပိုကြီးလာတယ်
ဘာတေပိုင်ဆိုင်ထားပီလဲမေးရင်
ဘာမှမပိုင်ဆိုင်ထားသေးဘူး
တခုပဲ နှစ်တိုင်းပျော်ရွှင်တဲ့သူတယောက်ဖြစ်ဖို့ပဲတောင်းဆုပြုတယ်
ဒီနှစ်တော့ဆုတခုထပ်တိုးလိုက်တယ်
ပေးကမ်းလှူဒါန်းနိုင်သောလက်တစုံဖြစ်ရပါလို၏လို့

29/12/2025

ဖြစ်ချင်တာလဲပြောခွင့်မရှိဘူး
‌ဖြစ်နေတာလဲပြောလို့မရဘူး
ဒါနဲ့များ မင်းရဲ့ဆန္ဒကဘာလဲတဲ့ မေးရက်တယ်နော်
ဖြစ်ချင်တဲ့ဆန္ဒတေမြိုသိပ်ပီး မင်းပျော်သလိုလုပ် မင်းပျော်ရင်ရပီဆိုတော့လဲ
ဘာလို့ဘာမှတိုင်ပင်လို့မရတာလဲတဲ့
ကိုယ်ဘယ်လိုနေပေးရမလဲ အချစ်ရယ်

မင်းနဲ့အတူ ဘုရားသွားကျောင်းတက်အိုမင်းသွားဖို့က ကိုယ့်ရဲ့ဆန္ဒလေးတခုပေါ့ ကိုယ်တို့2ယောက်ဟာယုံကြည်ကိုးကွယ်ရာတေမတူကြပေမယ့် တ...
25/12/2025

မင်းနဲ့အတူ ဘုရားသွားကျောင်းတက်အိုမင်းသွားဖို့က ကိုယ့်ရဲ့ဆန္ဒလေးတခုပေါ့
ကိုယ်တို့2ယောက်ဟာ
ယုံကြည်ကိုးကွယ်ရာတေမတူကြပေမယ့်
တယောက်ယုံကြည်ရာတယောက်လေးစားရင်းပါရမီဖြည့်ရင်း ဖြတ်သန်းလာခဲ့တာ2နှစ်တာကုန်ဆုံးခဲ့ပီပေါ့
ဒီလိုနဲ့ပဲကိုယ်တို့တေဘဝရဲ့နေဝင်ချိန်ထိဆက်သွားကြမယ်နော်

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ် မိသားစုဝင်ကောင်း ၊ လက်တွဲဖော်ကောင်း ၊ အလုပ်သမားကောင်း ၊ မိတ်ဆွေကောင်းအစရှိသရွေ့ပေါ့လူကော...
23/12/2025

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်

မိသားစုဝင်ကောင်း ၊ လက်တွဲဖော်ကောင်း ၊ အလုပ်သမားကောင်း ၊ မိတ်ဆွေကောင်းအစရှိသရွေ့ပေါ့

လူကောင်းတွေကိုလွယ်လွယ်နဲ့ရနေရင်
လောကကြီးမှာ အခုလောက်အခက်အခဲ အကြပ်အတည်းတွေရှိမှာမဟုတ်ပါဘူး

လူကောင်းတွေဆိုတာ ကံကောင်းမှရတတ်သလို
တခါတလေ သေချာရှာမှတွေ့တတ်တာပါ
တ‌ခါတလေ စိတ်ရှည်ရှည်စောင့်ရသလို
တခါတလေ သည်းခံရတာတွေရှိပါတယ်
တခါတလေ ရင်းနှီးရပြီး တခါတလေ မွေးမြူရပါတယ်

လူကောင်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရပါဘူး
နောက်ထပ်လူကောင်းရောက်လာမယ်ဆိုရင်တောင်
အရင်လူနဲ့ စိတ်ပိုင်း ၊ ရုပ်ပိုင်း ၊ character ပိုင်း အများကြီးကွာခြားပါတယ်

မိသားစုဝင်ထဲက လူကောင်း
အလုပ်ထဲက လူကောင်း
မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ

ငွေကြေးနဲ့မတိုင်းတာပါနဲ့
ပညာနဲ့မတိုင်းတာပါနဲ့
ရုပ်ရည် ၊ ခန္ဓာကိုယ် ၊ အရည်အချင်းတွေနဲ့မတိုင်းတာပါနဲ့

စေတနာနဲ့ တိုင်းတာပါ
အနစ်နာခံနိုင်မှုနဲ့တိုင်းတာပါ
ရိုးသားမှုနဲ့တိုင်းတာပါ

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်

Min Yel Kyaw Swar

20/12/2025

ကြောက်စရာအကောင်းဆုံးက သရဲလို့ထင်ခဲ့တဲ့ကိုယ်က
ခုတော့လူတေကိုပဲပိုကြောက်တတ်လာခဲ့တယ်
အပြုံးချိုချို၊အပြောချိုချိုတေအောက်မှာ ဖုံးကွယ်ထားတဲ့ ကြောက်စရာမျက်နှာတေကကိုယ်တေမမြင်နိုင်တော့
သတိထားနေလဲ‌နောက်ဆုံးဒုက္ခရောက်မှသိရတာချည်းပါပဲ
ဘယ်လိုတေပဲတိုက်ခိုက်တိုက်ခိုက်ကိုယ်ကောင်းနေသ၍ခေါင်းမရွေ့ဘူးလို့လက်ခံထားသူမို့တိုက်ကြပါခိုက်ကြပါ
အော်မနာလိုစိတ်၊မနာလိုစိတ်သိပ်ကြောက်စရာကောင်းပါ့လားနော်
ဘယ်အရာမှမတည်မြဲတဲ့လောကကြီးမှာ ဘာကိုမှမမက်မောပေမယ့်
ကိုယ့်ဘေးကထိုလူသားလေးကိုတော့ တည်မြဲခွင့်လေးပေးရင်ပဲကျေနပ်လှပါပီ

Address

Shwe Kyin
Yangon

Alerts

Be the first to know and let us send you an email when Yu Yu Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category