Lucky Chocolate Models & Socialization Agency

Lucky Chocolate Models & Socialization Agency Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lucky Chocolate Models & Socialization Agency, Arts and entertainment, No. 728. . Zawtika Street. . Thingangyun Township, Yangon.

22/05/2023

မနက်က ကံစမ်းမဲရောင်းပြီး မြေကွက်မဲဖောက် ပေးမဲ့ Live Salesလေး ညပြန် liveမယ်ဆိုပြီး Event လေးရှိနေလို့ ဒီည မlive ဖြစ်တော့ပါဘူး Sorry ပါရှင့်
နောက်ရက် Live မဲ့ အချိန် ကြိုပြောပြီး Liveပါ့မယ် ❤️

တစောင်မှ ဈေးဦးမပေါက်သေးတော့အားငယ်နေရော🥺

အားရှိပါရစေ ။ အားပေးကြပါဦး။ 💪

မဲတစောင် ၇၀၀၀ကျပ်တည်းနဲ့ ကံစမ်းရတာဖြစ်လို့
ပထမဆု (သိန်း၇၀၀တန် ၃ဧက ဝန်းကျင်) မြေကွက်
ကံထူးရှင်လည်း ဖြစ်ခွင့်ရနိုင်သလို မဲအများကြီးဝယ်ကံစမ်းရင်လည်း ဒုတိယဆု (၁၀သိန်း) တတိယဆု( ၅သိန်း ) မဲအများဆုံးဆုရှင်တွေ ဖြစ်နိုင်ပါသေးတယ်🏆🎁🎀

ကံထူးရှင်အဖြစ်မှ လွဲချော်ခဲ့ရင်တောင် ကုသိုလ်လေးတော့ ရကြမှာပါ 😊

အပါးကျန်းမာရေး ကို မျောက်ပြပြီး ဆန်တောင်းသလို
ဈေးရောင်းနေရတာ စိတ်ထဲတကယ်မကောင်းပါဘူး

ဒါပေမဲ့ ရောဂါအတွက် ကုန်ကျစရိတ် ခုရမဲ့ 🥺 Commission ငွေပမာဏနဲ့တောင် မလောက်ငသေးဘူး

Kpayက မဲဝယ်မယ်ဆို
095505134 Ma Ohnmar Thanပါ
ချော့တို့နဲ့ နီးလို့ ပတ်ဝန်းကျင်က အသိတွေဆိုလည်း
ချော့တို့ဆီမှာ Direct လာဝယ်လို့ရပါတယ်ရှင့် ✌️

ဒါနဲ့ အပန်းမကြီးရင် မနက်က Live လေးနဲ့
မြေကွက် ရဲ့ Primary Details‌ လေးတွေ တင်ထားတဲ့ post လေးကို လည်း Like & Shareလေး လုပ်ပေးကြပါဦးနော် 😍

ကျေးဇူးပါရှင့် 🙏🙏🙏

မဲစနစ်နဲ့ မြေကွက်ရောင်းမယ်ဆိုတာ ဒီpageလေးကနေ ရောင်းမှာပါ Lucky Person ဖြစ်လာကြမဲ့ Customer လေးတွေ သိထားရမဲ့ ဒီမြေကွက်ကံစ...
21/05/2023

မဲစနစ်နဲ့ မြေကွက်ရောင်းမယ်ဆိုတာ
ဒီpageလေးကနေ ရောင်းမှာပါ

Lucky Person ဖြစ်လာကြမဲ့ Customer လေးတွေ
သိထားရမဲ့ ဒီမြေကွက်ကံစမ်းမဲ Planလေးရဲ့
Primary details လေးတွေ ကိုတော့ အောက်မှာ
သေချာ ဖတ်ပေးကြပါဦးလို့ ချော့က ရိုသေစွာ ဖိတ်ခေါ်အပ်ပါတယ် ရှင့် ✌️

⭐မြေကွက်လေး တည်ရှိရာနေရာကတော့
တောင်ကြီးမြို့ နောင်ကားကျေးရွာအုပ်စု
ကျောက်တလုံး လမ်းမကြီး နှင့် ကျောကပ်လမ်း

⭐(ကျောက်တလုံးလမ်းမကြီးမှဝင်လျှင် နှစ်မိနစ်လောက်ပဲ ကြာသလိုကျောင်းနီး ဈေးနီး ခြံထဲ အထိ ကားမောင်းဝင်လို့လည်း ရတယ်
ရှမ်းပြည်နယ်၏ အထင်ကရဖြစ်သော မွေတော်
ကက္ကူ ဘုရားကို သွားဖူးမယ်ဆိုလည်း နာရီဝက်လောက် သွားရင် ရောက်ပြီ)
ဈေးနီး ကျောင်းနီး မီးတိုင်လည်းရှိပါမယ်
ရှူ့ခင်းကောင်း လမ်းကောင်း ခြံစိုက်စား လို့ရသလို
လူနေမယ် ဆိုင်ဖွင့်မယ် အဘက်ဘက်က သင့်တော်တဲ့ မြေကွက်မျိုးပါ )

⭐မြေကွက်အကျယ်ကတော့ မြေဧက ၃ဧကခန့်ရှိပါမယ်

⭐မဲတစောင်ကို ၇၀၀၀ကျပ် နဲ့မဲအစောင်ရေ 10000 တိတိ ရောင်းပါမယ်

Cash On Down(ငွေသား) စနစ်နဲ့လည်း ကံစမ်းနိုင်သလို Kpay ကနေ ငွေလွှဲပြီးလည်း ကံစမ်းနိုင်ပါမယ်

⭐တယောက်ကို တစောင်ပဲ ဝယ်လို့ရတာရယ်လို့ သတ်မှတ်ထားတာမဟုတ်ပဲ သဘောရှိ မနောရှိ ကိုယ့်ကံကိုယ်စမ်းခွင့် ရမှာပါ

⭐ကံထူးတဲ့သူကိုလည်းမြေကွက်လွှဲပြောင်းတဲ့အခါ
အခမ်းအနားကျင်းပပြီး ချီးမြှင့်ပေးဦးမှာ

⭐ပြီးတော့ ချော့က ဆုကိုလည်း ၃ဆုသတ်မှတ်ထားပါတယ် နော်

1.Premium Lucky ဆု🏆 (ပထမဆု )
2. Special Lucky ဆု🎁 (ဒုတိယဆု )
3.Best Lucky ဆု 🎀(တတိယဆု) တို့ ဖြစ်ပါတယ်

1.Preminum Lucky ဆု 🏆က ပထမဆု မြေကွက်ကြီးကို ကံထူးမှာဖြစ်ပါတယ်

2. Special Lucky ဆု🎁က ဒုတိယဆု မဲအစောင်ရေအများဆုံး ဝယ်တဲ့သူ ပထမတယောက်က ရရှိမှာပါ

3.Best Lucky ဆု🎀က တတိယဆု မဲအစောင်ရေ အများဆုံး ဝယ်တဲ့သူ ဒုတိယတယောက်က ရရှိမှာဖြစ်ပါတယ်

⭐မဲဖွင့်ရက်ကို တရက် သတ်မှတ်ပြီး သတ်မှတ်ထားတဲ့ မဲဖွင့်ရက်မှာ ထွက်မဲ့ ထိုင်းထီ အကြီးဆုံး ဆုရဲ့ နောက်ဆုံး ဂဏန်း ၄လုံးကို ကံထူးရှင်ရဲ့ ပေါက်မဲနံပါတ်အဖြစ် သတ်မှတ်ပါမယ်

⭐ချော့ဘက်ကမဲအစောင်ရေ ၇၀၀၀ ကို သတ်မှတ်ရက်အတွင်း အပြည့်မရောင်းနိုင်ခဲ့ရင်တောင် 80% target ရောင်းနိုင်ခဲ့ရင် သတ်မှတ်ရက်မှာ မဲဖွင့်ပါမယ်

⭐မဲဖွင့်ရက်ရောက်ကာမှ ရောင်းထားတဲ့ မဲအစောင်ရေလေးတွေက 80%target မပြည့်မှီ‌သေးဘူးဆိုရင်တော့မဲရောင်းရက်ကို ရက်ပိုင်းမျှ extension လေးထပ်တိုး ရောင်းခွင့်ပြုပေးစေချင်ပါတယ် နော်
တိုးဖြစ်ပြီဆိုလည်း ဘယ်နှရက် extension တိုးမယ်ဆိုတာ အတိအကျ ကြေငြာပေးပါ့မယ်

⭐ 80% target မပြည့်မချင်း extension day တွေ ထပ်ထပ်တိုးပြီး
မဲတခါဖွင့်ဖို့ အကြာကြီး စောင့်ရတာမျိုးလည်း မဖြစ်စေရပါဘူး ရှင့်

⭐မြေကွက်ပိုင်ရှင်တွေကတော့ အပါးရဲ့တူမ အပါး အမအရင်း ရဲ့ သမီး ချော့နဲ့ တဝမ်းပဲကွဲတဲ့ ချော့အမတို့ လင်မယားရဲ့ မြေကွက်ပါ

⭐မြေကွက် အမည်ပေါက် က ချော့ အမ ရဲ့ အမျိုးသားအမည်ပေါက်ပါ

⭐သူတို့လည်း ငွေလိုနေတာမို့ ရောင်းချင်နေတာ အသိတွေ ကို စကားစပ်မိရင် ရောင်းပေးဖို့ ပြောနေတာ Aprilလ ကုန် ထဲကပါ

⭐ချော့လည်း ကိုယ့် အလုပ်နဲ့ ကိုယ်ဆိုတော့ စကားစပ်မိမှပဲ ပြောဖြစ်တာတောင် ခပ်ရှားရှားရယ်။

⭐ခုတော့ အပါးအတွက်လည်း ဆေးကုသစရိတ်လိုလာတော့ မမတို့နဲ့ တိုင်ပင်ဖြစ်ပြီး မမကလည်း သူ့ဦးလေး ဖြစ်တဲ့ အပါးကို လုံးကနဲရင်းကနဲလည်း ဆေးကုသစရိတ် မကန်တော့နိုင်လေတော့ ဒီလိုလေး ရောင်းကြမယ်
⭐ရောင်းပြီးရင် ချော့လည်း commission အနေနဲ့ ရမယ် ရတာလေးကို အပါး အတွက် ဆေးကုဖို့ သုံးကြမယ် ဆိုပြီး လက်ရှိ onlineမှာ ရောင်းနေကြတာ‌လေး အကြံရပြီးမြေကွက်ကို ကံစမ်းမဲ စနစ်နဲ့ ရောင်းမယ်ဆိုတဲ့ Plan ဖြစ်လာတာပါပဲ

⭐နောက်တခုကတော့ မဲဝယ်ပြီး ကံစမ်းဖို့ အတွက်
ချော့တို့ကို ယုံကြည်နိုင်ပါတယ် ဆိုတာလေး ပြောချင်ပါတယ်

⭐မဲလိပ် လိပ် ထည့်ချင်ရာနံပါတ်ထည့် public မှာ နှိုက်ပြပြီး ကိုယ့်လူကိုယ် ပြန်မဲပေါက် တာမျိုးတို့ ဒီ‌မြေကွက်ကိုပဲ ထပ် ထပ်ပြီး ပြန် ရောင်းတာမျိုးတို့စစတဲ့ မသမာတဲ့ နည်းလမ်းတွေနဲ့ တွစ်( စ်) ရိုက်တာတွေလုံးဝလုပ်မှာ မဟုတ်ပါဘူးနော်

⭐အဲ့ဒါကြောင့် ကံထူးရှင်ရဲ့ ပေါက်မဲ နံပါတ်ကိုလည်း သတ်မှတ်ထားတဲ့ မဲဖွင့်ရက် မှာ ထွက်မဲ့ ထိုင်းထီ အကြီးဆုံး ဆုရဲ့ နောက်ဆုံး ဂဏန်း၄လုံးကို သတ်မှတ်ထားတာပါ

⭐Detailsအတိအကျလေးတွေ ချော့ liveတဲ့ အခါ ပြောပြပေးမယ်နော် သိချင်တာလေးတွေလည်းအပြန်အလှန်မေးကြ ဖြေကြမယ် ။။။။ နော်

ပြီးတော့လေကိုကိုတွေရော မောင်လေးတွေရော ချော့ Exတွေရော အီစီကလီတွေရော crushတွေရော😝😝
အယုတ် အလတ် အမြတ်မရွေး ဘယ်မြို့နယ် ဘယ်တိုင်းပြည်မှာနေနေ ကံထူးရှင် ဖြစ်ခွင့်ရှိတာမို့လို့ မည်သူမဆိုဝင်ရောက် ကံစမ်းလို့ရပါတယ်
ကံစမ်းသင့်ပါတယ်လို့ ပြောချင်ပါတယ်ရှင့်

Pageရဲ့ Admin‌တွေကလည်း ချော့တယောက်တည်း မဟုတ်ပဲငယ်ငယ်ချောချောလေး အဒေါ်တူ😁
ချော့တူမလေးက ကူညီပေးမှာမို့ ‌မြေကွက် ကံစမ်းရင်း FA သမားလေးတွေလည်း FAဘဝက ကျွတ်ဖို့ပါ
ကံစမ်းရသလိုဖြစ်ဦးမှာ 🤣🤣

⭐ကံစမ်းမဲဝယ်ရင် ငွေလွှဲရမဲ့ Kpay နံပါတ်လေးကတော့ 095505134 Ma Ohnmar Than နာမည်လေးနဲ့ပါ

⭐ငွေလွှဲပြီးရင် kpayက မှတ်တမ်းလေးကို ssရိုက်ပြီး
Page messenger လေးထဲပို့ပေးဖို့ မမေ့ရဘူးနော်
မနက်ဖြန် မနက်11နာရီကို liveမှာ ကံစမ်းမဲစရောင်းပါမယ် နော် ‌မဲရောင်းရင်း စကားတွေလည်း အပြန်အလှန်ပြောကြမယ် သိချင်တာတွေလည်း မေးနော် ဖြေပေးမယ်

😊စာအရှည်ကြီး ဖတ်လာပေးလို့
ကျေးဇူးတင်ပါတယ် ရှင့်😊
🙏အားပေးကြပါဦးနော် 🙏
🤎Love you all နော် 🤎

11/04/2022

နှစ်သစ်ကူးဆုတောင်း (One News Channel)🙏

ThankYou Interviewer Ko Moe Tain✌




"ထူး" အပန်းဖြေစခန်း ၏ ယနေ့ကျင်းပသောမဟာသကြ်န်နှစ်သစ်ကူးပွဲတော် အစီအစဉ် တွင် ဖျော်ဖြေပေးသော ''Chocolate ''သည် ကျမ "Chocola...
11/04/2022

"ထူး" အပန်းဖြေစခန်း ၏ ယနေ့ကျင်းပသောမဟာသကြ်န်နှစ်သစ်ကူးပွဲတော် အစီအစဉ် တွင် ဖျော်ဖြေပေးသော ''Chocolate ''သည် ကျမ "Chocolate ''မဟုတ်ပါကြောင်းနှင့် နာမည်တူဖြစ်နေသော အခြားအနုပညာရှင် ''Chocolate'' ဖြစ်ပါကြောင်း နှင့်...........

Cb, Vb.,Telegram နှင့် Social Networks များမှလည်းကောင်း
ဖုန်းဆက်၍လည်းကောင်း ကျမ''Chocolate'' ဟုထင်၍ မေးမြန်းကြသော အသိမိတ်ဆွေများနှင့် အ​ခြားမသိသေးသော အသိ မိတ်ဆွေများအားလုံးအား
လေးစားစွာ တင်ပြအပ်ပါတယ် 🙏

ဆုတောင်းခြင်းဆိုတာ အချိန်မရွေး ပြုလုပ်ရမည်ဖြစ်သောကြောင့်
''One New Channel'' မှ တောင်းဆိုလာသော ''နှစ်သစ်ဆုတောင်း'' အင်တာဗျူး
ကို ရိုက်ကူးပေးပို့ခြင်းကလွဲ၍ ကျမအနေဖြင့် အခြားစီးပွားရေးလုပ်ငန်းများပြုလုပ်စဖြစ်သောကြောင့် လည်ပတ်မှု့အားကောင်းစေရန် အားစိုက်ကြိုးစားနေရသောကြောင့် စသဖြင့် အနုပညာလုပ်ငန်းများအား ယခုကာလနှင့် မြန်မာသကြ်န်
ပွဲတော်အချိန်တွင် ပြုလုပ်ခြင်းများ လုံးဝမရှိသေးပါကြောင်း ဒီပိုစ့်ဖြင့်
တပါတည်း ပြောကြားအပ်ပါတယ်ရှင့် ❤

အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့် ✌

👇နာမည်တူနေသော👇 ပွဲပိုစ့်မူရင်းLink 👇

https://www.facebook.com/105994355127729/posts/161546636239167/





28/01/2021

''ချောကလက်''
ဆံစမှ ခြေဖျား ထိ လူသုံးကု?

Address

No. 728. . Zawtika Street. . Thingangyun Township
Yangon

Telephone

09443096038

Website

Alerts

Be the first to know and let us send you an email when Lucky Chocolate Models & Socialization Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share