Sunflower Art Gallery & Art Classes

Sunflower Art Gallery & Art Classes Founded since in 1994. Now: Artists: Maung Maung Thein(Pathein),Chaw Ei Thein,Dragon

[English version below]“မူယာဟန်ချီ” “The Essence of Feminine”Artist – Khant AungCurator – Phyu Ei Thein (Sunflower Art G...
30/05/2026

[English version below]

“မူယာဟန်ချီ”
“The Essence of Feminine”

Artist – Khant Aung
Curator – Phyu Ei Thein (Sunflower Art Gallery)

“ကဗျာတပုဒ်ကိုဖတ်မိရင်ဖြစ်ဖြစ် သီချင်းတပုဒ်ကိုကြားမိတာဖြစ်ဖြစ် ဗုဒ္ဓဝင်ပုံပြင်တပုဒ််ကိုကြားနာခဲ့တာပဲဖြစ်ဖြစ် ရာဇဝင်တွေထဲကအမျိုးသမီးတွေအကြောင်းဖတ်မှတ်ရတဲ့အခါဖြစ်ဖြစ် အဖွားတို့ အမေတို့ငယ်ဘဝကိုတွေးတောမြင်ယောင်ကြည့်မိရင်ပဲဖြစ်ဖြစ် အမျိုးသမီးတွေအကြောင်း ကျွန်တော့်ခေါင်းထဲမှာ စိတ်ကူးပုံဖော်ခံစားကြည့်မိတဲ့ အခိုက်အတန့်လေးတွေ အများကြီးရှိပါတယ် ။
သူ(မ)တို့ရဲ့ မေတ္တာ ၊ သဒ္ဓာ ၊ ပီတိ၊ ဂုဏ် ၊သိက္ခာ ၊ သတ္တိ ၊ဉာဏ်ပညာ ၊အတတ်ပညာ ၊တာဝန် ၊ မာန် ၊ မာန ၊ ရန်ငြိုး ၊အလှတရား ၊ ရိုးရာဓလေ့ ၊စောင့်စည်းမှု၊ မျှော်လင့်ချက် ၊ပျော်ရွှင်မှု ၊ စာနာနားလည်ခြင်း၊လက်ဆင့်ကမ်းခြင်း ၊လွတ်လပ်မှု နဲ့ ရုန်းထွက်လိုစိတ် …..စသဖြင့်ပေါ့ “ ပန်းချီခန့်အောင်

အဲဒီ အခိုက်အတန့်လေးမှာ သူတို့ပြောချင်ပြချင်တာတွေကိုခံစားကြည့်ရင်း အမျိုးသမီးတွေရဲ့သဘာဝနွဲ့နှောင်းမှုကို မူဟန်ပိုပိုလေး ထည့်ပေါင်းရင်း ရေးဆွဲထားတဲ့ ပန်းချီလက်ရာတွေကို ခံစားသက်ဝင်ကြည့်ရှုနိုင်ပါတယ်။

ပြခန်းနေရာ - Mula Art Gallery
S1-13/14/15, ဝန်ကြီးများရုံး
မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
နေ့ရက် - ၅၊ ၆၊ ၇ ဇွန်လ ၂၀၂၆
အချိန် - မနက် ၉နာရီ မှ ညနေ ၅ နာရီအထိ

အနုပညာချစ်မြတ်နိုးသူများအားလုံးကို “မူယာဟန်ချီ” ပန်းချီပြပွဲသို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်။

“There are many moments when I find myself imagining and reflecting on women whether it is while reading a poem, listening to a song, hearing a story from the life of the Buddha, reading about women in historical chronicles, or simply thinking about the childhood days of our grandmothers and mothers.

At those moments, I contemplate and try to feel the things they might have wanted to say or express their loving-kindness, faith, joy, dignity, honor, courage, wisdom, skills, responsibilities, pride, ego, grudges, beauty, traditions, modesty, hopes, happiness, empathy, the passing down of values, freedom, and the desire to break free… and so on.” Artist Khant Aung

Through those fleeting moments, you can experience and immerse yourself in these paintings, which are created by artistically adding delicate expressions and graceful nuances to portray the gentle nature and emotions of women.

Venue – Mula Art Gallery�S1-13/14/15, Ministers’ Office�Maha Bandula Road, Botahtaung Township, Yangon
Dates – 5, 6, and 7 June 2026�Time – 9:00 AM to 5:00 PM
We cordially invite all art enthusiasts and distinguished guests to attend the “Mu Yar Han Chi” Art Exhibition.





ဆန်းဖလားဝါး တယ်လီဂရမ် ချန်နယ်ကို လာရောက်ဖို့ ဖိတ်‌ခေါ်ပါတယ်။ Please follow us on Telegram.
09/02/2026

ဆန်းဖလားဝါး တယ်လီဂရမ် ချန်နယ်ကို လာရောက်ဖို့ ဖိတ်‌ခေါ်ပါတယ်။ Please follow us on Telegram.

ယခုနှစ် သင်တန်း မလုပ်ဖြစ်တော့ပါဘူး။ ---------------ဆန်းဖလားဝါးမှ နွေရာသီ ကလေးပန်းချီ သင်တန်း ဖွင့်ရန် စီစဉ်နေပါတယ်။ မတ်လ...
09/02/2026

ယခုနှစ် သင်တန်း မလုပ်ဖြစ်တော့ပါဘူး။
---------------
ဆန်းဖလားဝါးမှ နွေရာသီ ကလေးပန်းချီ သင်တန်း ဖွင့်ရန် စီစဉ်နေပါတယ်။ မတ်လ ဒုတိယပတ် စတင်ပြီး၊ မေလတွင် ပြီးဆုံးပါမယ်။ တနင်္လာ၊ အင်္ဂါနေ့များ စမ်းချောင်းမှာ ဖွင့်လှစ်ပါမယ်။ စုံစမ်းမေးမြန်းနိုင်ပါတယ်။

Welcome to Sunflower! ဆန်းဖလားဝါးမှ ကြိုဆိုပါတယ်။
07/05/2025

Welcome to Sunflower! ဆန်းဖလားဝါးမှ ကြိုဆိုပါတယ်။

25/03/2025

"မေမေ မလာသေးလို့ မဲ့နေတာ" - ၆ နှစ်ခွဲ၊ မ - ဗီဒီယို။

မေမေ မလာသေးလို့ မဲ့နေတာပါမဲ့နေတဲ့ မျက်နှာတွေက Super small ကနေ အကြီးကြီး အထိပါတယ်။ မျက်နှာမှာ ပါးစပ်ကို ဒီလို ကွေးမှာလား၊...
25/03/2025

မေမေ မလာသေးလို့ မဲ့နေတာပါ

မဲ့နေတဲ့ မျက်နှာတွေက Super small ကနေ အကြီးကြီး အထိပါတယ်။ မျက်နှာမှာ ပါးစပ်ကို ဒီလို ကွေးမှာလား၊ ဒီလို ကွေးမှာလား။ ဒီလိုဆို မဲ့တာပါ။

စက္ကူကို ကပ်ကြေးနဲ့ ဝိုင်းတယ်။ အဝိုင်းမှာ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တပ်တယ်။ မျက်နှာ သေးသေးလေးတွေ ထပ်ညှပ်တယ်၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေ တပ်တယ်။ အကြီး၊ အငယ် ပြန်စီတယ်။

"မေမေ မလာသေးလို့ မဲ့နေတာ" - ၆ နှစ်ခွဲ၊ မ။

ပန်းနဲ့လိပ်ပြာ ပရော့ဂျက် - သင်ခန်းစာတခုနဲ့ တခု ချိတ်ဆက်နိုင်တယ်၊ ဆွဲဆန့်နိုင်တယ်။ ပန်း သင်ခန်းစာ တခုသင်၊ လိပ်ပြာ သင်ခန်း...
10/03/2025

ပန်းနဲ့လိပ်ပြာ ပရော့ဂျက် - သင်ခန်းစာတခုနဲ့ တခု ချိတ်ဆက်နိုင်တယ်၊ ဆွဲဆန့်နိုင်တယ်။ ပန်း သင်ခန်းစာ တခုသင်၊ လိပ်ပြာ သင်ခန်းစာ တခုသင်၊ ပြီးမှ ပြန်ပေါင်းတာပါ။ ပထမသင်ခန်းစာကို ရိုးရိုးပုံဆွဲ ဆေးခြယ်ပဲ လုပ်ခိုင်းပြီး၊ နောက်လာမယ့် သင်ခန်းစာမှာ စက္ကူညှပ်တာ၊ ကပ်တာကို တိုးချဲ့ သွားနိုင်တယ်။ စက္ကူ‌ ခေါက်တာ၊ ကပ်ကြေး ကိုင်တာ၊ ကော်ကပ်တာတွေက သူတို့ကို ကိရိယာပစ္စည်းတွေနဲ့ ထိတွေ့စေတယ်။

Mask, not Musk, မျက်နှာဖုံး
10/03/2025

Mask, not Musk, မျက်နှာဖုံး

ကလေးတွေကို ပန်းချီသင်တဲ့ အခါ ပုံတွေနဲ့ အတူ စာရေးခိုင်းပါ။ ဇာတ်လမ်းတွေ၊ ကဗျာတွေ သင်နိုင်၊ ရေးခိုင်းနိုင်ပါတယ်။ ခေတ်သစ် သင...
10/03/2025

ကလေးတွေကို ပန်းချီသင်တဲ့ အခါ ပုံတွေနဲ့ အတူ စာရေးခိုင်းပါ။ ဇာတ်လမ်းတွေ၊ ကဗျာတွေ သင်နိုင်၊ ရေးခိုင်းနိုင်ပါတယ်။ ခေတ်သစ် သင်ကြားမှုပုံစံက သင်ကြားမှု ပေါက်မြောက်ဖို့ ပုံစံမျိုးစုံ၊ အကြောင်းအရာစုံကို တွဲစပ်သင်ကြားရတာပါ။ ပန်းချီဆို ပန်းချီတခုပဲ၊ ပုံဆွဲတခုတည်းပဲဆို ကလေးတွေကို ညှင်းပန်းရာကျပါတယ်။

ကူးဆွဲနေတဲ့ အခြေအနေကနေ၊ ကိုယ်တိုင် စိတ်ကူးထုတ်ရတဲ့ အခြေအနေကို ရောက်ဖို့ အားစိုက်ထုတ်ရပါတယ်။ ပထမ သုံးပုံက ရေးနိုင်တဲ့ ကလေ...
10/03/2025

ကူးဆွဲနေတဲ့ အခြေအနေကနေ၊ ကိုယ်တိုင် စိတ်ကူးထုတ်ရတဲ့ အခြေအနေကို ရောက်ဖို့ အားစိုက်ထုတ်ရပါတယ်။ ပထမ သုံးပုံက ရေးနိုင်တဲ့ ကလေးရဲ့ပုံနဲ့ ကျန်နှစ်ယောက်ရဲ့ ပုံတွေပါ။ ရေးနိုင်သူရဲ့ ပုံနဲ့ဆင်တူပါတယ်။ ဒုတိယ ငါးပုံက သူတို့သုံးယောက်ရဲ့ အိုးခွက်တွေ ဆွဲထားတာပါ။ တတိယလေးပုံက လေးထောင့် ပစ္စည်းတွေပါ။ အချင်းချင်း ကူးမဆွဲနိုင်တဲ့အခါ ဝှိုက်ဘုတ်ပေါ်က ပုံတွေကို ကူးဆွဲပါတယ်။ ကူးဆွဲတာလျော့ချဖို့ကို ကြိုးစားကြည့်တာပါ။

ဆန်းဖလားဝါး ကလေးပန်းချီ အလုပ်ရုံရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ပန်းချီနဲ့ ထိတွေ့စေချင်တာ၊ ကိရိယာတွေ သုံးစွဲတတ်စေချင်တာ၊ ကိုယ်တိုင် အားထုတ်လုပ်ကိုင် စေချင်တာပါ။ ကိုယ်တိုင် လုပ်ကိုင်မှုကနေ တခုခုကို သင်ယူရရှိနိုင်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sunflower Art Gallery & Art Classes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category