Panditarama Library

Panditarama Library “စာမတတ်သူ ပပျောက်ရေးမှ
စာမဖတ်သူ ပပျောက်ရေးသို့”

Panditarama Library သည်
ကျေးဇူးတော်ရှင် သက်တော်ရှည် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်ဘုရားကြီး၏ ဩဝါဒတော်ကို ဦးထိပ်ထား၍ ရဟန်း ရှင် လူ မည်သူမဆို လာရောက်ဖတ်ရှုနိုင်စေရန် ဖွင့်လှစ်ထားသော စာကြည်တိုက်ကြီး တစ်ခု ဖြစ်ပါသည်။
ဗဟုဿုတဆည်းပူးရာဆောင် ဟူသည့်အားလျော်စွာ ပိဋကတ်သုံးပုံ ပါဠိ+မြန်မာစာအုပ်များ၊ ဆရာတော်ကြီး၏ တစ်သက်တာ စုဆောင်းထားရှိသော စာအုပ်များ၊ စေတနာရှင် အလှူရှင်များ လှူဒါန်းထားသော သုတ ရသ စာအုပ်များ၊

အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ နီပေါလ်၊ ဟင်ဒီ အစရှိသည့် နိုင်ငံခြားဘာသာစကားများဖြင့် ရေးသားထားသော တရားစာများ၊ သုတ ရသ စာအုပ်များ၊ IELTS နှင့် အင်္ဂလိပ်စကားပြော စာအုပ်နှင့် စီဒီများ၊ ကလေးတို့အတွက် ယဉ်ကျေးလိမ္မာ စာပေများသာမက သိပ္ပံဆိုင်ရာ၊ သဘာဝဆိုင်ရာ အစရှိသည့် ဗဟုသုတဖြစ်ဖွယ် စာအုပ်များ၊ အင်္ဂလိပ်ပုံဝတ္ထုများ စသည်ဖြင့် အမျိုးအစားစုံလင်စွာ ဖတ်ရှုနိုင်ရန် စီစဉ်ထားပါသည်။
အင်တာနက်အသုံးပြုလိုသူများအတွက်လည်း အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားရှိပြီး ebook များ တရားဓမ္မများကိုလည်း ကွန်ပျူတာဖြင့် ဖတ်ရှုနားထောင်နိုင်ပါသည်။
အသင်းဝင်ကြေး အခမဲ့ဖြစ်ပါသည်။
ရဟန်းတော်များနှင့် သိက္ခာရှင်(သီလရှင်)များအတွက် တစ်ခါငှားလျှင် ငါးအုပ်၊
လူပုဂ္ဂိုလ်များအနေဖြင့် တစ်ခါငှားလျှင် သုံးအုပ်နှုန်းဖြင့် နှစ်ပတ်တိတိ ငှားရမ်းခွင့် ရှိပါမည်။
စာငွားလိုပါက
မှတ်ပုံတင် မူရင်းနှင့် မိတ္တူ (သို့) သာသနာဝင်မှတ်ပုံတင် မူရင်း မိတ္တူ
ခြောက်လအတွင်း ရိုက်ကူးထားသော ဓာတ်ပုံ ၂ ပုံတို့ကို ယူဆောင်လာရန်လိုအပ်ပြီး အာမခံသူတစ်ဦးလည်း ရှိရပါမည်။
(ရဟန်းတော်များနှင့် သိက္ခာရှင်များအတွက် ဓာတ်ပုံမရှိက ရိုက်ကူးပေးပါမည်။)
အသေးစိတ်သိလိုပါက စာကြည့်တိုက်ဖွင့်ချိန်အတွင်း ဖုန်း 09260374441 သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။

🙏🙏🙏
04/06/2026

🙏🙏🙏

▶️အကြိုက် မလိုက်နဲ့ အသင့်လိုက်▶️

သတ္တဝါတွေဟာ အကြိုက်ကို မလိုက်သင့်ဘူး။ အသင့်ကိုပဲ လိုက်သင့်တယ်။

အင်အား ပြည့်တင်း, ကျန်းမာခြင်းကိုဖြစ်စေတဲ့ အစာကို မကြိုက်ပေမယ့် စားသင့်တယ်၊ ကျန်းမာရေး ပျက်ပြားစေတဲ့အစာကို ကြိုက်ပေမယ့် ရှောင်ရှားသင့်တယ်။ ကောင်းကျိုးကို ဖြစ်စေတဲ့အလုပ်ကို မလုပ်ချင်ပေမယ့် လုပ်သင့်တယ်၊ ဆိုးကျိုးကို ဖြစ်စေတဲ့ အလုပ်ကို လုပ်ချင်ပေမယ့် ရှောင်ရှားသင့်တယ်။

Don't Just Follow Preferences

Sentient beings should not just follow preferences. Instead, they should follow what is suitable. One should eat nutritious food conducive to health even though one may not like it. On the other hand, one should avoid food injurious to health even though one may like it. One should do a good deed although one may not like to do it, and avoid an evil deed even though one may like to do it.
#အနန္တကျေးဇူးရှင်ပဏ္ဍိတာရာမဆရာတော်ကြီး အဆုံးအမတရားတော်

02/05/2026
02/05/2026

လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေ။

သတ္တဝါအများဘေးရန်ကင်းကြပါစေ။
02/05/2026

သတ္တဝါအများဘေးရန်ကင်းကြပါစေ။

Address

No. 80A, Thanlwin Road, Bahan Township
Yangon

Alerts

Be the first to know and let us send you an email when Panditarama Library posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Panditarama Library:

Shortcuts

Share

Category