Myat Wai

Call Directions Website Contact the establishment

Myat Wai ကဗျာ၊ ပန်းချီ၊ ဓာတ်ပုံများကို မည်သူမဆို လွတ်လပ်စွာကူးယူသုံးနိုင်ပါသည်။

11/09/2026

အဆုံးစွန် စိတ်ကျခွါညို

ပန်းဆိုးတန်းစာအုပ်တန်းဆီကို ကိုယ်ကမရောက်နိုင်တော့ ကိုယ့်ဆီကို ပန်းဆိုးတန်းစာအုပ်တန်းရောက်လာအောင် လုပ်ရတာပဲ #အောင်မင်း
09/09/2026

ပန်းဆိုးတန်းစာအုပ်တန်းဆီကို ကိုယ်ကမရောက်နိုင်တော့
ကိုယ့်ဆီကို ပန်းဆိုးတန်းစာအုပ်တန်းရောက်လာအောင် လုပ်ရတာပဲ
#အောင်မင်း

လက်ဖက်ရည်တစ်ခွက်နဲ့ ကော်ဖီဆိုင်

ဆိုင်ထဲမှာ လွင်ဦးမောင် ထိုင်နေသည်
ကိုစောငြိမ်း၏ မိုးများ ကော်ဖီဆိုင်ထဲ ရွာကျ
လက်မထောင်သည်
မအောင်မြင်မှုအချင်းချင်း နှုတ်ဆိတ်နေကြသည်။

နေမျိုး ထထွက်သွားပုံမှာ ရုတ်ချည်း
ထညည်းတော့ သီချင်းတစ်ပုဒ်နှင့် ထိုင်ကာတိုက်
အိပ်ငိုက်သူများ ငိုမြည်း သွားကြ။

ဇော်မိုးသည်းပန်းချီပြပွဲ၌ ကျကွဲခြင်း
ခေါင်းစဉ်မှာ ခေတ်စားသွားသည်
ထို့နောက် မှာသည်
YouTubeမှ ထွက်လိုက်သည့်အခါ အသံကို
မကြားရတော့ပါ။

နေမော်ဟိန်း မည်သို့ မည်ပုံ ဖြတ်သန်းသွားပုံမှာ
ရွာရှည်သွားရာ လမ်းလေးမှာ
စပါးခင်းများထဲ မီးခိုးမှိုက်များသာ
စက်ဘီးကလေးသာ တည်နေရာ
Google Search မှာ တောင်တန်းများကို မတွေ့တော့တာ ကြာ။

ကြာပန်းများခူးသူမှာ မင်းနွယ်စိုးဆီလာ
ကော်ဖီဆိုင်မှာ ထိုင်ကြတဲ့ အခါ
လ္ဘက်ရည်တစ်ခွက်ကို မှာ
ခွက်ထဲမှာ ကော်ဖီစေ့တွေသာ
ပြန်ကြတဲ့ အခါ။

ဒေါက်တာအောင်မင်းရှိရာ
စာအုပ်ကလေးများ များစွာ
ထိုအခါ
စာအုပ်စင်များပေါ် တွားသွားသူ လူများ
ကော်ဖီတိမ်တိုက်ဆိုင်လေးမှာ လက်ဖက်ရည်ကို မှာ။ ။

မြတ်ဝေ
၃၁၊၇၊၂၀၂၆

ဒီးယား ဒေါက်တာအောင်မင်းကျွန်တော်တို့အားလုံးက ဒေါက်တာ့လူနာပါညဆိုးတွေကို ဖြတ်သန်းကြရတယ်ပြီးတော့လူတိုင်းလူတိုင်း မြို့လေးတစ...
07/09/2026

ဒီးယား ဒေါက်တာအောင်မင်း

ကျွန်တော်တို့အားလုံးက ဒေါက်တာ့လူနာပါ
ညဆိုးတွေကို ဖြတ်သန်းကြရတယ်
ပြီးတော့
လူတိုင်းလူတိုင်း မြို့လေးတစ်မြို့ကို
တာဝန်တစ်ခုနဲ့ ရောက်သွားခဲ့ကြရတာပါပဲ။

ဆေးခန်းတစ်ခုကို ရောက်တဲ့အခါ
ဒေါက်တာဆိုတော့ ဘာဒေါက်တာလဲတဲ့
လူကုတဲ့ ဒေါက်တာပါလို့ ကျွန်တော် ဖြေခဲ့ရဘူးခဲ့
ဒီလောက် ပေါပေါလောလော ဒေါက်တာတွေထဲ
ဒီးယား ကိုအောင်မင်း မမောခဲ့ဘူးလား
ငွေတွေ ဂုဏ်တွေ ဖိုင်းနန့်တွေ
ကိုယ်ဖြစ်ချင်ခဲ့တာတွေ အဆုံးရှိသဖြင့်။

မောင်ချောနွယ်လို အခက်ကြီးထဲ ခုန်ချ
လွယ်လွယ်ရနိုင်ခဲ့သော အောင်မြင်မှုများမှာ
ဒါရိုက်တာသာဖြစ်လိုသော နေ့များ
ရုပ်သံကို ဘာမှန်းမသိသော ညများ
ညဆိုးအများ
အိပ်မက်များ
ဘောလုံးအနီကလေးများ
အနုပညာဆိုတာ ရှိရင်းစွဲဘဝအမြင်များအပေါ်
ထပ်ဆင့် သက်ဆိုင် နေထိုင်စေခဲ့မှုများ။

ဘာထူးသေးလဲဆို
ဘာမှ မထူးပါ
လူများ သေမြဲ သေလျက်
ဘဝများ ဒဏ်ရာဗရပွ
သကရာဇ်များ ပြိုပျက်ကာ
ပါရီ ဝန်ရိုးစွန်းပေါ်မှာ
လျှောက်ရန်လိုသော ဇာတ်လမ်းပမာ
ဒါပန်းချီ လားဆိုတော့ ဒါပန်းချီပါ
ကြိုက်တာမကြိုက်တာ အခြားသူတို့ကိစ္စများ
ဒီးယား ဒေါက်တာအောင်မင်း ဆိုလိုရင်းအတိုင်းသာ
ရှိပါစေ
ကဗျာရှိရာ ကဗျာလာပါလိမ့်မယ် စိတ်များ။ ။

မြတ်ဝေ
၁၁၊၂၊၂၀၂၆

04/09/2026

တိုက်ပွဲရှောင်

ကားတွေမီးလောင်နေတာကြည့်ပြီး
လွှတ်တော်ထဲ တယောထိုးကြမယ်။

ဟေ့ဒီနေ့ ဘာသီချင်းလဲ
နီရိုးသေပြီးတဲ့အခါ
ငါတို့အားလုံး လူဝင်စားတွေ။

စုပေါင်းပြီး
ကောင်းသွားပါပြီခင်ဗျာ သီချင်းကို
တစ်ယောက် တပေါက်ထိုးကြမယ်
တိုက်ပွဲရှောင်များ နားဆင်ဖို့အတွက်ပါပဲ။

နိုင်ငံတော် ရုပ်သံထဲ
ခမ်းနားသောညစာစားပွဲကိုကြည့်ရင်း
ပျော်နိုင်ကြပါစေ
တယောသံ တမြေ့မြေ့
ဆန်မရှိ ကျည်ဆံစားလေတဲ့
ချစ်သော တိုက်ပွဲရှောင်တွေ။

မြတ်ဝေ
၄၊၉၊၂၀၁၉

Address

Yangon

Alerts

Be the first to know and let us send you an email when Myat Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Myat Wai:

Shortcuts

Share

Category