08/01/2026
⚪ သဘောမကျပါဘူးလို့ အကြိမ်ကြိမ်ကြွေးကြော်နေရင်းနဲ့ သဘောကျတာထက် ပိုပြီးချစ်ခဲ့တဲ့ရပ်ဝန်းလေး။
သူ့မျက်ဝန်းတွေကို ရှောင်ရှားရင်နဲ့မှ သူ့မျက်ဝန်းတွေကြားရှင်သန်လာခဲ့တဲ့ ရင်ခုန်သံလေး။💗
အပြုံးလေးတစ်ခုကိုသတိထားမိရာကနေ သူပြုံးနေရင် ကိုယ်ပါ ပြုံးမိတဲ့အထိ သူ့အပြုံးလေးကို သဘောကျမိသွားတာလေး။ အချစ်ဆိုတာ ဆန်းကြယ်တဲ့ အရာတစ်ခုဆိုတာ လက်ခံခဲ့ရတယ်။
မချစ်မိအောင်ကြိုးစားထိန်းချုပ်နေရင်းနဲ့ ရင်ခုန်သံတွေက သူ့ဆီနှစ်ဝင်လာမိတယ်။ သူ့ကိုမလိုအပ်ပါဘူးဆိုတဲ့ နေ့ရက်တွေကနေ သူမရှိရင် မဖြစ်တော့တဲ့ အခြေနေတွေ။
သဘောကျ မိတာထက်ပို ပါတယ်။ ချစ်တယ်ဆိုတာထက် ပိုလေးနက်တဲ့ စကားရှိသေးရင် ပြောချင်မိတယ်။ မြတ်နိုးတယ် အချစ်ရေ။
ရင် နှင့် အမျှ ပဲကွယ်။