PANDA 's MEMO

PANDA 's MEMO PANDA

12/12/2025

ကျွန်ုပ်က ဖြစ်ချင်တာတွေ
လုပ်ချင်တာတွေကို မရရအောင်လုပ်တယ်
ရချင်တာတွေတော့ မရတတ်ပါဘူး......

Page လေးက ပျက်စီးလာတဲ့ မှတ်ဉာဏ် တွေအတွက် ရေးမှတ်ထား မဲ့ MEMO Page ☮

အစပထမ ရဲ့ အစတွေကို သေချာလေး ရေးတင်ဖို့
Photo တွေ လိုက်စု နေရပါရဲ့.........

12.12.2025

ဒီနေ့လုပ်နိုင်ခဲ့ပြီ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ထဲက 24.4.24 မှာ Solo တစ်ခုလုပ်နိုင်ရမယ်ဆိုပြီး ကြိုးစားခဲ့တာ ဒီနေ့ Birthday...
24/04/2024

ဒီနေ့လုပ်နိုင်ခဲ့ပြီ

လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ထဲက
24.4.24 မှာ Solo တစ်ခုလုပ်နိုင်ရမယ်ဆိုပြီး
ကြိုးစားခဲ့တာ ဒီနေ့ Birthday မှာ
တကယ် လုပ်နိုင်ခဲ့ပါပြီ...

🤎 IT'S ME 🤎ဆိုတာ
ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲက
တစ်ခုအဖြစ် ကျွန်ုပ်အဖို့ အမြဲတမ်း အမှတ်ရစေမှာပါ...

အရာအားလုံးထက် အနုပညာကို ပိုချစ်တဲ့ ကျွန်ုပ်အဖို့ကျွန်ုပ်ဆရာ ပြောသလို အနုပညာလုပ်မယ် ဆို
အနုပညာအပေါ်ရိုးသားရမယ် ဆိုတဲ့စိတ်နဲ့ တရွေ့ရွေ့ ခရီးဆက်နေဦးမှာပါပဲ....

ကျွန်ုပ်တို့ ဘဝရဲ့ သက်တမ်းတွေဟာ
အလွန်တိုတောင်းလွန်းပါတယ်
မျက်လုံးတမှိတ် အတွင်း ဘာမဆို ဖြစ်သွားနိုင်ကြတာမို့
မျက်လုံးမမှိတ် ခင် လုပ်ချင်တာ လုပ်သွားကြရဖို့အရေး
ကျွန်ုပ်ကတော့ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်ကာ
နေချင်သေးပါရဲ့....

PANDA ကို ၁၉၉၀ခုနှစ်မြန်မာနိုင်ငံ ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ငယ်စဉ်ကတည်းက အနုပညာက်ု ဝါသနာပါပြီးပန်းချီဆွဲခြင်းကိုသာ...
04/06/2023

PANDA ကို ၁၉၉၀ခုနှစ်
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ
မွေးဖွားခဲ့ပါတယ်။

ငယ်စဉ်ကတည်းက အနုပညာက်ု ဝါသနာပါပြီး
ပန်းချီဆွဲခြင်းကိုသာ ပြုလုပ်ခဲ့ရသော်လည်း
၂၀၀၉ ခုနှစ်မှစ၍ အနုပညာနှင့် ပတ်သက်သည့် ဒီဇိုင်း မော်လ်ဒယ် သရုပ်ဆောင်နှင့်ဓါတ်ပုံ စတဲ့ အနုပညာ လုပ်ငန်းများကို လုပ်ကိုင်ခဲ့ပါတယ်။

အသစ် အသစ်သော အရာများရှာဖွေရင်း
တပါးသူ၏ စိတ်စေရာ လုပ်ရသည်ထက်
မိမိ စိတ်တိုင်းကျ ချယ်လှယ် လွမ်းမိုးလုပ်ကိုင်ရသည့်
အနုပညာကို 2018 ခုနှစ်မှာ New Zero Art Space ကဆရာအေးကို ဖွင့်လှစ်တဲ့ အခမဲ့ ပန်းချီသင်တန်း မှာ သင်တန်းတတ်ရင်း Performance art ဆိုတာနှင့် ရင်းနှီးခွင့် ရခဲ့ပါတယ်။

ထိုအချိန်မှစ၍ PANDA သည် လိုချင် လိုအပ်နေသော အနုပညာကိုတွေ့ရှိခံစားမိပြီး အတိအကျသမားပီပီ မိမိ၏စိတ်ခံစားချက် မှန်သမျှ concept တိကျစွာနှင့် Performance art, installation art နှင့် photo art များကို
Local နှင့် International ပွဲများတွင် ပါဝင်ပြုလုပ်ခဲ့ပါတယ်။

New Zeroမှ ဦးဆောင်ပြုလုပ်သည့် ပွဲများနှင့်
Korea and ThaiLand မှ
ပြုလုပ်သည့်ပွဲများတွင် ပါဝင်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တွင် Japan နိုင်ငံ Nepaff ပွဲသို့ ဖိတ်ကြားခံရပြီး International မှ အနုပညာရှင်များစွာနှင့် ပွဲများပြုလုပ်ခဲ့ရပါတယ်။

ပန်းချီကိုတော့ ၂၀၁၈ခုနှစ် ရဲ့သင်တန်းဆင်းပွဲမှာရပ်တန့်ပြီး performance, installation နဲ့ photo artတွေသာ ဆက်၍ပြုလုပ်ခဲ့ပါတယ်။

ပန်းချီကားများကို ၂၀၂၀ ခုနှစ်မှ ပြန်လည်ရေးဆွဲပြီး
ရေးဆွဲသည့်ကားများမှာလည်း concept အတိကျနှင့်
Performance များ ပြုလုပ်စဉ်ကလိုသာ ရေးဖြစ်ခဲ့ပါတယ်။

ပန်ဒါ့ရဲ့ Art work (Painting, performance, installationနှင့်photo) တွေမှာ အများစုက
လောကနိယာမ နဲ့သက်ဆိုင်တဲ့
ဖြစ်တည်ခြင်းဖြစ်ပျက်ခြင်း‌ေတွကို
အခြေခံပြုလုပ်လေ့ရှိပါတယ်။

ဆန့်ကျင်ဖက်အရာတွေဟာ ပူးတွဲတည်ရှိနေကြောင်း
ကိုယ်တိုင်သိရှိလက်ခံပြီး
ဆန့်ကျင်ဖက်အရာတွေ (ဥပမာအားဖြင့် အဖြူ အမဲ, အလင်း အမှောင်, သေဆုံးခြင်း ရှင်သန်ခြင်း, ချစ်ခြင်း မုန်းခြင်း စတာမျိုးတွေပါ) ကိုလည်း
ပူးတွဲ ပြုလုပ်‌‌ေလ့ရှိပါတယ်။

PANDA in 1990 In Yangon, Myanmar was born I has been fond of art since childhood. Although I only had to paint Since 2009, she has worked in art related activities such as design, modeling, acting and photography. Looking for new things Rather than doing what others want I has to embroider and work as I pleases In 2018, I learned art in a free art class artist Aye Ko opened by New Zero Art Space. I had the chance to get familiar with performance art. Since then, PANDA has found the art that she wants and needs. Participated in local and international events. and events led by New Zero From Korea and Thailand Participated in the event. In 2020, she was invited to the Nepaff event in Japan and the International had to do events with many artists. Painting stopped at the graduation ceremony of 2018 and continued to make performance, installation and photo art. The paintings have been redrawn from 2020 The paint drawn are also concept specific It was just written during the performance. Most of PANDA's art work (painting, performance, installation and photo). The law of the world related to being and happening It is usually based. That opposites co-exist Self-awareness and acceptance opposite things. (for example, black and white, light and darkness, death and survival, love and hate, etc.) It is common to do it together.

PANDA
PANDA 's MEMO

Address

Yangon
11221

Telephone

+959785070238

Website

Alerts

Be the first to know and let us send you an email when PANDA 's MEMO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to PANDA 's MEMO:

Share