07/04/2023
အခုနောက်ပိုင်း တခြားသူ တွေ ဆီက
ဘာကိုမှ စိတ်အပင်ပန်းခံပြီး ≈ ကျွန်မ
အခုနောက်ပိုင်း တခြားသူ တွေ ဆီက
ဘာကိုမှ စိတ်ပင်ပန်းခံပြီး ~~ ကျွန်မ
ဘာမှ ထပ်မမျော်လင့်တော့ သလိုပဲ
ဘာမှလည်း ထပ်ပြီးမဆုံးရှုံး ချင်တော့ဘူး
လက်တွေ့ ဘဝ မှာ ~~~
အကောင်းဆုံး ရှင်သန်နေနိုင်တယ်ဆိုတာ
ကျွန်မမှာ အကောင်းစားတွေ ရှိနေလို့ မဟုတ်ဘူး"
ပကာသန တွေ အကောင်းစားတွေ မရှိလည်း
ကျွန်မ စိတ်ကို ပျော်ရွှင်အောင် ထားပြီး
ဘဝ ရှင်သန် ဖြစ်တည် နေရခြင်းကို
တမြတ်တနိုးနဲ့ တန်ဖိုးထား တတ်လို့ပါဘဲ။
အတတ်နိုင်ဆုံးတော့ ကိုယ့်အသိဥာဏ်ပညာနဲ့
နောင်တ ကင်းမယ်လို့ ထင်တဲ့ လမ်းကို
ရွေးပြီး လျှောက်လှမ်း လာ ခဲ့တယ်"
ဘယ်လောက်ကြာကြာ နေရဦးမလဲ
မသိရတဲ့ ဒီလက်ကျန် နေ့ရက် တွေ မှာ
စိတ်အေးချမ်းသာစွာ ကြိုးစားရပ်တည်မယ်"
ကျွန်မ ပိုင်ဆိုင်ထားတဲ့ အရာလေးတွေနဲ့
စိတ်ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းသွား မယ်"
အထိ အရှတွေ များလာ ခဲ့ တော့
လက်တွေ့မှာ စိတ် မကျန်းမာ ဘူးဆိုရင်
ဘဝဟာ တကယ်ကို တိုတောင်းလွန်းမှန်း
ပိုနားလည် သဘော ပေါက်လာပြီ မို့
စိတ်ကို အဆိပ်ဖြစ်တွေတဲ့ အရာတွေ
မေ့သင့်တာတွေ အားလုံးကို မေ့ပစ် ရမယ်"
ဘဝ ဟာ ကိုယ့်ဘေးနားမှာ အဖော်ရှိ နေမှ
ပြည့်စုံမှုရှိတယ် ဆိုတဲ့ စိတ်ကို ပြင်မယ်"
အကောင်းစားတွေ ပိုင်ဆိုင်ရဖို့ ထက်"
ကျွန်မ ပိုင်ဆိုင်ထားတဲ့ အရာရာ တိုင်းအပေါ်
ကောင်းတဲ့ ခံစားချက် လေးနဲ့ တန်ဖိုးထားပြီး
ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန် ကြည့်ကြည့်
တောက်တောက် ပပလေး ပြုံးပြီး ဘဝကို
ရှင်သန် နေနိုုင်တဲ့ အမျိုးသမီး ဖြစ်နေဖို့ပါဘဲ"
တစ်ခါတရံ ~ ကျွန်မ တို့ရဲ့ ဘဝ ဟာ
ဆုတောင်းတွေထက် ကိုယ့်လက် ကိုယ်ခြေကို
အားကိုးပြီး ကိုယ့်အစွမ်းအစကို ဖော်ပြတာမျိုးပါ။
စာပေချစ်မြတ်နိုးသူများအား မေတ္တာဖြင့် ~📚~
ခိုင်(အညာမြေ) Zin Mar Khaing ✍🌻👸🌻🌹