07/09/2026
[English Below]
“ရှင်သန်နေသောအမွေအနှစ် - ထားဝယ်”
- အမွေအနှစ်သည် ယနေ့မျိုးဆက်၏ လက်ထဲတွင် ဆက်လက်ရှင်သန်နေသည် -
နယူးဇီလန်သံရုံး၏ ထောက်ပံ့မှုဖြင့် ဆန်းဖလားဝါးသဘာဝဆိုးဆေးလက်ရက်ကန်းမှ စီစဉ်ခဲ့သော(၆)လတာ ပြုလုပ်ခဲ့သည့် “ထားဝယ်လက်ရက်ကန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း”ပိတ်ပွဲနှင့်အတူ လက်ရက်ကန်းပညာရှင်များနှင့် လက်ရက်ကန်းမျိုးဆက်သစ်များ၊ ရက်ကန်းမြတ်နိုးသူများ တွေ့ဆုံနိုင်စေရန် ရန်ကုန်မြို့ရဲ့ အမွေအနှစ်အဆောက်အဦးထဲမှာ “ရှင်သန်နေသောအမွေအနှစ်များ- ထားဝယ်”ပြပွဲကို ကျင်းပသွားမှာဖြစ်တယ်။
ဒီပြပွဲမှာ -
ထားဝယ်ရဲ့အမွေအနှစ်စုဆောင်းသူများရဲ့ရက်ကန်းအဆင်များ
လက်ရှိ ထားဝယ်မှာ တဦးတည်းကျန်နေတဲ့ လက်ရက်ကန်းပညာရှင်ရဲ့ ထားဝယ်လက်ရက်ကန်းအဆင်များ
၎င်းတို့ကို ပြုစုထားတဲ့ “အမွေအနှစ်-ရက်ကန်း-ထားဝယ်အဆင်”စာအုပ်မိတ်ဆက်
အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသွားမယ့် မျိုးဆက်သစ်များရဲ့ လက်ရက်ကန်းအဆင်များ
ရန်ကုန်မှ အထည်အလိပ်ဒီဇိုင်နာနဲ့ ဖန်တီးသူများက ဖန်တီးထားတဲ့ ဖန်တီးမှုလက်ရာများကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။
ထားဝယ်ရိုးရာ အစားအစာအချို့ကိုလည်း ခင်းကျင်းပြသမှာဖြစ်လို့ အားလုံးကိုဖိတ်ကြားအပ်ပါတယ်။
၂၀၂၆ စက်တင်ဘာ ၁၂-၁၃ (စနေ၊ တနင်္ဂနွေ)
နံနက် ၁၀:၀၀ ~ ညနေ ၅:၀၀ နာရီ
မူလပန်းချီပြခန်း
S1-13/14/15, ဝန်ကြီးများရုံး၊
မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်။
“The Art of Living Heritage – Tavoy”
Heritage continues to live in the hands of today’s generation
With the support of the New Zealand Embassy Yangon, Myanmar, Sunflower Natural Dye Textiles is pleased to present the exhibition “The Art of Living Heritage – Tavoy”, held in conjunction with the closing ceremony of the six-month “Empower Tavoy Handloom Weaving Industry Development Project.”
The exhibition will take place in a heritage building in Yangon, bringing together traditional handloom artisans, a new generation of weavers, textile designers and those who love for handwoven textiles. It will provide an opportunity to celebrate Tavoy’s rich weaving heritage and explore how this living tradition can continue into the future.
At the exhibition, visitors will have the opportunity to see:
- Traditional Tavoy weaving patterns from heritage textile collectors
- Tavoy handwoven textiles created by the last remaining traditional handloom artisan currently practicing in Tavoy
- The launch of “Heritage – Handloom – Tavoy Pattern,” a book documenting and preserving these traditional weaving patterns
- Handwoven textile created by the new generation, who are carrying forward and preserving this heritage
- Creative works by textile designers and creators from Yangon, inspired by Tavoy’s traditional weaving heritage
A selection of traditional Tavoy cuisine will also be presented at the exhibition.
Everyone is warmly invited to join us in celebrating and keeping this living heritage alive.
📅 12–13 September 2026 (Saturday & Sunday)
🕙 10:00 AM – 5:00 PM
🇲🇲: ᗰᑌᒪᗩ ᗩᖇT GᗩᒪᒪEᖇY,
S1-13/14/15, The Secretariat Yangon,
Maha Bandula Road, Botahtaung Township, Yangon, Myanmar.
📞: +95 9 77 1000 939
🌐 www.mula.com.mm
📩 [email protected]
🎨 ᗰᑌᒪᗩ, TᕼE ᗩᖇT
#ဝန်ကြီးများရုံးကပြခန်း
Myanmar Textile and Handcraft Creator's MSMEs Network - Dawei
Myanmar Textile & Handicraft Creators’ MSME Network - Yangon