Art by Merlin

Art by Merlin Art is beautiful

ဆလ်ဗေဒါ ဒါလီSurrealism ဆိုတာနဲ့ တွဲမြင်မိကြမှာ နှုတ်ခမ်းမွေးထောင်ထောင်နဲ့ Salvador Dali ပါပဲ။ ဆလ်ဗေဒါ ဒါလီအကြောင်းကို နည...
10/12/2022

ဆလ်ဗေဒါ ဒါလီ

Surrealism ဆိုတာနဲ့ တွဲမြင်မိကြမှာ နှုတ်ခမ်းမွေးထောင်ထောင်နဲ့ Salvador Dali ပါပဲ။ ဆလ်ဗေဒါ ဒါလီအကြောင်းကို နည်းနည်း လေ့လာကြည့်ကြရအောင်။

ဆလ်ဗေဒါ ဒါလီကို ၁၉၀၄ ခုနှစ် မေလ ၁၁ရက်
ဖဂဲယ်ရပ်မြို့ စပိန်နိုင်ငံ မှာမွေးပါတယ်။ မွေးချင်း ၂ယောက်ရှိပြီး အစ်ကိုဖြစ်သူကတော့ သူ့ကိုမမွေးခင် ၉လ အလိုမှာပဲ ဆုံးပါးသွားခဲ့တာပါ။ ဒါလီဟာ သူ့ကိုယ်သူ သူ့အစ်ကို၀င်စားတယ်လို့ပဲ ယုံကြည်ခဲ့ပါတယ်။ နောက်တစ်ယောက်က တော့ ညီမဖြစ်ပြီးအန်နာ မာရီယာ ဒါလီ ခေါ် စာရေးဆရာမပါ။

အနုပညာကိုတော့ စပိန်နိုင်ငံရဲ့ ဘောလုံးမြို့တော် နှစ်ခုဖြစ်တဲ့ မက်ဒရစ်နဲ့ ဘာစီလိုနာ မှာ သင်ကြားခဲ့ပါတယ်။ အသက် ၁၆နှစ် အရောက်မှာတော့ နောင်တစ်ချိန်မှာ သူ့ အနုပညာရဲ့ ထောက်တိုင်ဖြစ်လာမယ့် အရာ ၂ခုကို ရှာတွေ့ခဲ့ပါတယ်။ ပထမတစ်ခုကတော့ သမိုင်းရဲ့ အတော်ဆုံး စိတ်ပညာရှင် ဆစ်ဂမန်း ဖရွိုက်ရဲ့ စိတ်လေ့လာမှု‌တွေ့ရှိချက်တွေဖြစ်ပြီး ဒုတိယတစ်ခုကတော့ ပဲရစ်မြို့ရဲ့ Surrealist တွေဆီကနေရတစ်ဆင့်သိရတဲ့ Surrealism ပါပဲ။

ဒါလီဟာ အသက် ၁၆နှစ်မှာ နောက်ဆုံး အနုပညာစာမေးပွဲကို မဖြေပဲ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို စွန့်စားရေးခရီးထွက်သွားခဲ့ပါတယ်။ ပဲရစ်မြို့မှာပဲ သူ့ Idol ဖြစ်တဲ့ စပိန်လူမျိုး ပန်းချီဆရာ ပါဘလိုပီကာဆိုနဲ့ တွေ့ခဲ့ရပြီး နောက်တစ်ချိန် သူငယ်ချင်းဖြစ်လာမယ့် ဂျိုအန် မီရိုနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။ ဂျိုအန် မီရိုကပဲ သူ့ကို Surrealism နဲ့ မိတ်ဆက်ပေးခဲ့တာပါ။

အသက် ၂၅ နှစ်မှာ An Andalusian Dog ဆိုတဲ့ Surrealist Short Film တစ်ခုကို ပါ၀င် ဖန်တီးခဲ့ပါတယ်။ အသက် ၂၅နှစ်နဲ့ အသက် ၆၉နှစ်ကြားမှာ Surrealist ပန်းချီကား မြှောက်များစွာ ရေးဆွဲခဲ့ပါတယ်။

၁၉၄၀, ဒုတိယကမ္ဘာစစ်အတွင်း, ဒါလီ အသက် ၃၆ နှစ်ရောက်ချိန်မှာတော့ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အလုပ်ကိုင်အခွင့်အလမ်းပေါများမှုကြောင့် ဒါလီဟာ မီဒီယာမျိုးစုံမှာအလုပ်လုပ်ခွင့်ရခဲ့ပါတယ်။ ၁၉၄၂ ခုနှစ်အရောက်မှာတော့ The secret life of Salvador Dali ဆိုတဲ့ကိုယ်တိုင်ရေး အတ္ထုပတ္တိတစ်အုပ်ထုတ်ဝေခဲ့ပါတယ်။

၁၉၄၈ မှာတော့ စပိန်နိုင်ငံကိုပြန်သွားခဲ့ပြီး ပန်းချီ ပန်းပု အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါလီဟာ လူအများရှေ့ စတန့်ထွင်ရတာ ကြိုက်သလို သူ့ရဲ့ မိုက်ရူးရဲဆန်တဲ့ လုပ်ပုံကိုင်ပုံများက လူတွေရဲ့စိတ်၀င်စားမှုကို ဆယ်စုနှစ်ချီအောင် ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ဒါလီဟာ ဇန်နဝါရီ ၂၃ရက် ၁၉၈၉ အသက် ၈၅နှစ် သူ့ရဲ့မွေးရပ်မြေ ဖဂဲလ်ရပ်မြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါလီကွယ်လွန်ချိန်မှာ မျိုးဆက်သစ်တွေအတွက် အမွေအဖြစ် အနုပညာ လက်ရာပေါင်း ၁,၁၇၈ ခု ချန်ထားနိုင်ခဲ့ပါတယ်။

Different 💐Photo crd
12/06/2022

Different 💐

Photo crd

how-to-draw-flowers-and-plantsအပင်နဲ့ပန်းလေးတွေဆွဲမယ့်သူတွေအတွက်စာအုပ်ပါ အောက်ပါပုံလေးတွေနဲ့ပြထားပေးပါတယ်Download here (...
20/05/2022

how-to-draw-flowers-and-plants

အပင်နဲ့ပန်းလေးတွေဆွဲမယ့်သူတွေအတွက်စာအုပ်ပါ အောက်ပါပုံလေးတွေနဲ့ပြထားပေးပါတယ်

Download here (11.0Mb)
https://www.mediafire.com/download/2moxpmrzp4hxo06

Reference ယူပြီးဆွဲကြည့်တဲ့ Chibi လေး
19/05/2022

Reference ယူပြီးဆွဲကြည့်တဲ့ Chibi လေး

Chibi boy
16/05/2022

Chibi boy

Little sweet girl 🍭Chibi လေးတွေပဲဆွဲရတာ သဘောကျနေပါတယ်
15/05/2022

Little sweet girl 🍭

Chibi လေးတွေပဲဆွဲရတာ သဘောကျနေပါတယ်

𝙃𝙤𝙬 𝙩𝙤 𝘿𝙧𝙖𝙬 𝘼𝙣𝙞𝙢𝙚 𝙁𝙤𝙧 𝘽𝙚𝙜𝙞𝙣𝙣𝙚𝙧𝙨 Anime characters တွေဆွဲချင်တဲ့သူတွေအတွက် Basic to advance ရေးထားပေးတဲ့စာအုပ်ဖြစ်ပါတယ် An...
12/05/2022

𝙃𝙤𝙬 𝙩𝙤 𝘿𝙧𝙖𝙬 𝘼𝙣𝙞𝙢𝙚 𝙁𝙤𝙧 𝘽𝙚𝙜𝙞𝙣𝙣𝙚𝙧𝙨

Anime characters တွေဆွဲချင်တဲ့သူတွေအတွက် Basic to advance ရေးထားပေးတဲ့စာအုပ်ဖြစ်ပါတယ်
Anatomy
Face
Eye.... စသဖြင့်စုံလင်အောင်ရေးဆွဲထားပေးပါတယ်။

Download here (5.4mb)

https://www.mediafire.com/download/yhhf2orvfnqmi6m

Watercolorရေဆေး အခြေခံရေးမယ့်သူတွေအတွက် ဖတ်သင့်တဲ့စာအုပ်ပါ Steps လေးတွေနဲ့ အဆင့်ဆင့်ပြထားပေးပါတယ် ပုံတွေကလဲ ကြည့်ရအဆင်ပြ...
12/05/2022

Watercolor

ရေဆေး အခြေခံရေးမယ့်သူတွေအတွက် ဖတ်သင့်တဲ့စာအုပ်ပါ
Steps လေးတွေနဲ့ အဆင့်ဆင့်ပြထားပေးပါတယ် ပုံတွေကလဲ ကြည့်ရအဆင်ပြေတယ်ဆိုတော့ သင့်တော်မယ့်စာအုပ်ဖြစ်ပါတယ်

Download here (8.8mb)

https://www.mediafire.com/download/mdhp6obxtmp8522

Chibi လေးပြန်ဆွဲကြည့်တာ ညမအိပ်ပဲ 💖💖
09/05/2022

Chibi လေးပြန်ဆွဲကြည့်တာ ညမအိပ်ပဲ 💖💖

Just boring 🪴
08/05/2022

Just boring 🪴

Learn to Draw What To Draw and How To Draw It  author E. G. ဘာစာမှမပါပဲ လွယ်ကူရိုးရှင်းတဲ့ စာအုပ်ဖြစ်ပါတယ် Download here...
07/05/2022

Learn to Draw What To Draw and How To Draw It author E. G.

ဘာစာမှမပါပဲ လွယ်ကူရိုးရှင်းတဲ့ စာအုပ်ဖြစ်ပါတယ်

Download here (30mb)
https://www.mediafire.com/download/lq8b78pb5i7dv9j

The Theory and Practice of Perspectiveauthor G. A. StoreyPerspective သီးသန့်ရေးထားတဲ့စာအုပ်ပါ Perspectiveအတွက်လေ့ကျင့်နေ...
26/04/2022

The Theory and Practice of Perspectiveauthor G. A. Storey

Perspective သီးသန့်ရေးထားတဲ့စာအုပ်ပါ Perspectiveအတွက်လေ့ကျင့်နေတဲ့သူဆိုရင်တော့ Download သင့်ပါဝာယ်

Download here (17.5mb)

https://www.mediafire.com/download/munv02mi7qyy9kl

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Art by Merlin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share