I made this page for "kyay kwal luu ngl myr"

I made this page for "kyay kwal luu ngl myr"

23/10/2023

🎥Tale of nine tailed

တကယ့်ဘဝမှာ ငါမျှော်လင့်ထားတဲ့ ' --နှစ်ကြာသော် ' ဆိုတဲ့ စာတန်းလည်း ဖြစ်မလာပါဘူးငါတို့လည်း ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူး။င...
24/07/2023

တကယ့်ဘဝမှာ ငါမျှော်လင့်ထားတဲ့
' --နှစ်ကြာသော် ' ဆိုတဲ့ စာတန်းလည်း ဖြစ်မလာပါဘူး
ငါတို့လည်း ဘယ်တော့မှ ပြန်မတွေ့ကြရတော့ဘူး။

ငါတို့နှစ်ယောက်ကြား အကွာအဝေး ယူနစ် ဟာ
တစ်ခုသော မေလ ကနေ
နောင်သံသရာထိ ဖြစ်ခဲ့ပါတယ်။

- ဆပ်ရိပ်

ငြင်းပယ်ခံခဲ့ရတဲ့ မိန်းမပါရှင်ပြန်မချစ်ဘူးရှင်ပြန်မချစ်ဘူး ဆိုတာကိုတစ်ဘဝလုံး အရသာခံသွားမှာ ဝမ်းသာရမှာလားဝမ်းနည်းရမှာလား ...
21/07/2023

ငြင်းပယ်ခံခဲ့ရတဲ့ မိန်းမပါ
ရှင်ပြန်မချစ်ဘူး

ရှင်ပြန်မချစ်ဘူး ဆိုတာကို
တစ်ဘဝလုံး အရသာခံသွားမှာ

ဝမ်းသာရမှာလား
ဝမ်းနည်းရမှာလား မသိတော့ပါ
ရှင့်အသည်းကို ခွဲနိုင်တဲ့ မိန်းမ
မဖြစ်ခဲ့တာ... ။

#မြကျေး

01/06/2023

ကျွန်မကြောင့်ဒဏ်ရာဖြစ်တယ်ဆိုလည်း
ဆေးကုလို့ရတဲ့ အနာပါဘဲ
ကျွန်မကြောင့် အိပ်ပျက်ရတယ်ဆိုလည်း
အိပ်ဆေးကူလို့ရတဲ့ မျက်လုံးတွေပါဘဲ

ရှင်ရဲ့ နိစ္စဓူဝ
ရှင့်ရဲ့ ကာလသုံးပါး
ကျွန်မက ဘယ်အင်အားနဲ့ ရွှေ့နိုင်ပါ့မလဲ

ရှင်မချစ်တော့တာကို ရှင်မမြင်ဘဲ
ကျွန်မကို တရားခံလို စွပ်စွဲနေတယ်။

~မြကျေး~

27/05/2023

ကြည့်ရင်တော့လည်း မဝေးသလိုပါပဲ
ရှင်ကလည်း နေနိုင်တယ်
ကျွန်မကလည်း သေနိုင်တယ်

သစ်ပင် ဖြစ်ခဲ့တာ
ရှင့် ကံတရားဆိုလည်း
သစ်ရွက်လေး ကောက်မိလို့
သတ်ကွင်းထဲရောက်ခဲ့တာ ကျွန်မ ကံပဲ

မကြောက်တတ်တော့ပါ
လိုချင်ရက် ဝေးခဲ့ခြင်းများ
မလိုချင်သော်လည်း ပိုလျှံကျအောင်ရခဲ့ခြင်းများ
ရခဲ့ပြီးပြီ

ထားပါလေ
ရှင်က အမြဲကျွန်မလိုချင်နေတဲ့ သက်ရှိပဲ
အဝေးက ချစ်ပါရစေဆိုတာလည်း
ညာတာပါပဲ

တကယ်က ဒီလိုပါ
ဘယ်အရပ်လှည့်လှည့်
ကျွန်မ ရေဒီယိုလေးဟာ
ရှင့်အကြောင်းပဲ မိနေတာ

ဒီလို လာမချစ်နဲ့လို့ ပြောလည်း
ကျွန်မမှာ ထပ်ပြုတ်ကျစရာ ချောက် မရှိတော့ပြီပဲ...။ ။

#စာအိတ်အမှတ်_၁၃
#ရည်းစားစာ
#မြကျေး

တစ်ယောက်ကိုတစ်ယာက် သတိတရရှိနေသေးတယ်ဆိုရင်ငါတို့လမ်းခွဲခဲ့တာမဟုတ်ဘူးလမ်းလွဲခဲ့တာ…. #မယ်ညို
24/05/2023

တစ်ယောက်ကိုတစ်ယာက်
သတိတရရှိနေသေးတယ်ဆိုရင်
ငါတို့လမ်းခွဲခဲ့တာမဟုတ်ဘူး
လမ်းလွဲခဲ့တာ….

#မယ်ညို

နောက်ဆုံးတော့လဲကျိုးသွားတဲ့ လက်သည်းရှည်လေးကိုဖြတ်ချလိုက်သလိုမျိုးမင်းဘဝထဲက ငါ့ကိုအလွယ်တကူဖယ်ချနိုင်လိုက်တာပဲမဟုတ်လားငါကသ...
24/05/2023

နောက်ဆုံးတော့လဲ
ကျိုးသွားတဲ့ လက်သည်းရှည်လေးကို
ဖြတ်ချလိုက်သလိုမျိုး
မင်းဘဝထဲက ငါ့ကိုအလွယ်တကူ
ဖယ်ချနိုင်လိုက်တာပဲမဟုတ်လား
ငါကသတိရပါတယ်

-သျှားညို

15/05/2023

မောင်ကလိုက်ခဲ့ဟု ခေါ်တုန်းကလည်း
မောင့်ဘေးမှာ ကျွန်မပါသည်။

မောင်ကနေရစ်ခဲ့ဟု ဆိုပြန်တော့လည်း
မောင်စိတ်အနှောင့်အယှက်ဖြစ်မည့်
စာတစ်စောင် စကားတစ်ခွန်းမျှ
မောင်မကြားရစေဘဲ
ကျွန်မငြိမ်သက်စွာ နေရစ်ခဲ့တာအမှန်ပါဘဲ။

အဲ့သည်အထိ
ကျွန်မမောင့်ကိုချစ်မြတ်နိုးခဲ့ပါသည် မောင်။

#အမှတ်တရ
#ဂျူး

ဘယ်သူ့ကို စောင့်နေတာလဲ မေးရင် ကျွန်တော့်မှာ အဖြေ မရှိ။တစ်ခုတော့ ပြောလို့ရတာပေါ့ကျွန်တော် ဆေးလိပ်သောက်ရင်း ရပ်နေမိတာမျိုး...
12/03/2023

ဘယ်သူ့ကို စောင့်နေတာလဲ မေးရင် ကျွန်တော့်မှာ
အဖြေ မရှိ။
တစ်ခုတော့ ပြောလို့ရတာပေါ့
ကျွန်တော် ဆေးလိပ်သောက်ရင်း ရပ်နေမိတာမျိုးပါပဲ။
ဘယ်သူ့ ကိုမှလည်း မစောင့်ပါဘူး
ဘယ်သူမှလည်း လာတော့မယ် မထင်ပါဘူး ။ ။

မောင်ဆောင်းခ

ကိုယ့်ကို ဘာနဲ့မှ ဆွဲမထားတဲ့လူတစ်ယောက်ကို ချစ်ဖို့ဆိုတာအရမ်း အန္တရာယ်ကြီးပါတယ်အချိန်မရွေး ပြတ်တောက်သွားနိုင်တယ်။အချိန်မရ...
07/03/2023

ကိုယ့်ကို ဘာနဲ့မှ ဆွဲမထားတဲ့
လူတစ်ယောက်ကို ချစ်ဖို့ဆိုတာ
အရမ်း အန္တရာယ်ကြီးပါတယ်
အချိန်မရွေး ပြတ်တောက်သွားနိုင်တယ်။
အချိန်မရွေး ဘာမဆိုဖြစ်သွားနိုင်တယ်။

- မြကျေး

Address

Hleden
Yangon

Website

Alerts

Be the first to know and let us send you an email when I made this page for "kyay kwal luu ngl myr" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to I made this page for "kyay kwal luu ngl myr":

Share

Category