19/06/2026
ကံဆိုတာကအလုပ်
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ကျန်းမာရေးဆိုတာကလည်း ကံဆိုတဲ့ အလုပ်အပေါ်မှာ 50% မူတည်တယ်လို့ ဆရာပြောချင်ပါတယ်။
မှန်တယ်လို့ ယူဆရင်တော့ ရှောင်ကျဉ်ပေါ့ဗျာ။
“မရိုးသားခြင်းနှင့် ကတိပျက်ခြင်း”
လိမ်လည်လှည့်ဖြားနေသူ၊ အပေးအယူမမျှတသူတွေရဲ့ နှလုံးဟာ အမြဲတမ်း ပင်ပန်းနေရတယ်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်စိတ်တွေကြောင့် သွေးတိုးခြင်း၊ ရင်တုန်ခြင်းနဲ့ နှလုံးဆိုင်ရာ ဝေဒနာတွေကို မကြာခဏ ခံစားရတတ်တယ်။
“သစ္စာ" ရှိမှ "နှလုံး" ကျန်းမာမယ်”
#စိတ်ယုတ်မာခြင်းနှင့်မနာလိုခြင်း
တစ်ပါးသူအပေါ် မနာလိုစိတ်၊ အဖျက်သဘော ဆောင်တဲ့စိတ်တွေက ကိုယ့်ကိုယ်ကိုယ် အဆိပ်ခတ်နေတာနဲ့ အတူတူပဲ။
ဒီစိတ်ဓာတ်တွေက အသည်းနဲ့ သည်းခြေကို အဓိက ထိခိုက်စေတယ်။
ဒါကြောင့် စိတ်တိုလွယ်ခြင်း၊ အသားဝါခြင်းနဲ့ အသည်းရောဂါတွေ ဖြစ်ပွားရတာပါ။
#လောဘကြီးခြင်းနှင့်အလွဲသုံးစားလုပ်ခြင်း
သူတစ်ပါးပစ္စည်းကို မတရားလိုချင်တဲ့စိတ်၊ အလွဲသုံးစားလုပ်တဲ့ စိတ်တွေက "မလုံခြုံမှု" ကို ဖြစ်စေတယ်။
အဲဒီ စိုးရိမ်စိတ်တွေက အစာအိမ်ကို ထိခိုက်ပြီး အစာမကြေခြင်း၊ အစာအိမ်နာခြင်း၊ အူလမ်းကြောင်း ပြဿနာတွေကို ဖိတ်ခေါ်နေသလိုပါပဲ။
#အာဏာပြခြင်းနှင့်အနိုင်ကျင့်ခြင်း
သူတစ်ပါးကို အနိုင်ကျင့်တဲ့သူ၊ မတရားတဲ့အာဏာနဲ့ ဖိနှိပ်သူတွေမှာ ခါးနာ၊ ကျောနာနဲ့ ကျောက်ကပ်ဆိုင်ရာ ဝေဒနာတွေကို မကြာခဏ တွေ့ရတတ်တယ်။
အခြေခံတရားကို ဖျက်ဆီးသူရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ (Structure) က မခိုင်မာတော့ဘူး။
#မမှန်မကန်ပြောဆိုခြင်းနှင့်ဟန်ဆောင်ခြင်း
အမှန်တရားကို မပြောဘဲ လိမ်ညာနေသူတွေရဲ့ လည်ချောင်းနဲ့ အဆုတ်ကို ထိခိုက်စေတယ်။
အသံဩခြင်း၊ အသက်ရှူရတာ အားမရခြင်း၊ နာတာရှည် ချောင်းဆိုးခြင်းတွေဟာ စိတ်မဖြောင့်မှုရဲ့ ရလဒ်တွေပဲ။
#လက်ခံတယ်ဆိုသတိချပ်
ဆရာဇွဲဝီရ
19 June 2026