MM Esports TV

MM Esports TV The Greatest Esports Organization in Myanmar.

Marvel's Wolverine Game အကြောင်းသိကောင်းစရာများပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း Software ရေးသားသူ Insomniac Games ဟာ Marvel...
25/01/2025

Marvel's Wolverine Game အကြောင်းသိကောင်းစရာများ

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း Software ရေးသားသူ Insomniac Games ဟာ Marvel's Spider-Man စီးရီးအတွက် ၎င်း၏လုပ်ဆောင်မှုအတွက် အရေးပါသော ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ အဓိက Spider-Man ဂိမ်းနှစ်ခုနှင့် Miles Morales ဂိမ်းပြီးနောက် စတူဒီယို၏ နောက်ထပ် ပရောဂျက်သည် ဒဏ္ဍာရီဆန်ဆန်မျိုးပြောင်းတစ်ကောင်ဖြစ်တဲ့ wolverine အနေဖြင့် ပြန်လည်ဝင်ရောက်လာခြင်းကြောင့် Marvel ပရိသတ်များ စိတ်လှုပ်ရှားစေမည့် ပရောဂျက်တစ်ခုဖြစ်လာခဲ့သည်။

နောက်‌ဆုံးအကြိမ်ထွက်ခဲ့တဲ့ wolverine ရဲ့ solo game ဟာ ၂၀၀၉ခုနှစ်ကထွက်ရှိခဲ့တဲ့ X-men Origins: Wolverine ဖြစ်ပြီးတော့နာမည်တူ ရုပ်ရှင်နှင့် ချိတ်ဆက်ထားသော ဂိမ်းတစ်ခု ဖြစ်ပြီး Raven Software ၏ solo player စွန့်စားခန်းဟာ သွေးသံရဲရဲအူကလီစာများနှင့် adamantium ခြေသည်းလက်သည်းများ ပါဝင်သည့် ရက်စက်ကြမ်းကြုတ်ပြီး အက်ရှင်ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက်တွင် Insomniac ၏ X-Man သည် ဝိညာဉ်ရေးရာဆက်ခံသူတစ်ဦးကဲ့သို့ဖြစ်နေပြီး ဂိမ်းသည် နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက်နေသေးသော်လည်း Marvel's Wolverine နှင့်ပတ်သက်သည့်အသေးစိတ်အချက်အချို့ကို စတင်မိတ်ဆက်ကတည်းကပင် မြင်တွေ့ခဲ့ရပြီးဖြစ်ပါတယ်။ 2018 ခုနှစ်ကတည်းက စတူဒီယိုသည် Marvel's Spider-Man ဂိမ်းအတွက် DLC Ratchet နှင့် Clank: Rift Apart ၊Spider-Man: Miles Morales တို့နှင့်အတူ 2018 ခုနှစ်မှစ၍ Insomniac ဗီဒီယိုဂိမ်းထွက်ရှိလာသောအခါတွင် များစွာသောအောင်မြင်မှုများရရှိခဲ့ပါသေးတယ်။

Marvel's Wolverine ဂိမ်းကိုတော့ Playstation 5 exclusive အနေနဲ့ထွက်ရှိလာမှာဖြစ်ပြီး Trailer မှာပြသွားတာကိုကြည့်ရမယ်ဆိုရင် wolverine ရဲ့သမိုင်း‌ကြောင်းကိုဖော်ပြနိုင်တဲ့Easter egg များစွာကိုလည်းတွေ့ရှိရတာဖြစ်ပါတယ်။ Trailer အတွင်း လူသေအလောင်းများနှင့်ပြည့်နေတဲ့ bar ဟာ Madripoor မှာရှိတဲ့ Princess bar ဖြစ်ပြီးတော့ အဲ့မြို့ဟာလည်းရာဇ၀တ်သားများစွာရှိတဲ့ marvel universe ကဥပဒေမဲ့မြို့တစ်ခုပဲဖြစ်ပါတယ်။ Insomniac က wolverine ကိုသက်ရှိလက်နက်တစ်ခုဆိုတာထက်ပိုပြီး ရင့်ကျက်မယ့်ပုံစံမျိုးနဲ့ပုံဖော်ပြသွားချင်တယ်လို့လည်းဆိုခဲ့ပြီး ဂိမ်းထွက်လာမယ့်အချိန်ကျရင်တော့ ဘယ်လိုပုံစံမျိုးထွက်လာမလဲဆိုတာတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ဘော်ဒါတို့ရော အသစ်ထွက်လာမယ့် marvel ရဲ့ wolverine ဂိမ်းကိုဘယ်လိုမြင်ကြလဲဆိုတာအောက်က comment မှာ၀င်ရောက်ပြောပြသွားခဲ့လို့ရပါတယ်ဗျ။

✍️ By Jyothar

God of war ကို ဒဲ့ copy ထားတဲ့ Mobile Game "Blade of God"ဒီနေ့မှာတော့ Gaming news မဟုတ်ပဲ Game review လုပ်ပေးသွားမှာပဲဖြ...
18/01/2025

God of war ကို ဒဲ့ copy ထားတဲ့ Mobile Game "Blade of God"

ဒီနေ့မှာတော့ Gaming news မဟုတ်ပဲ Game review လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ကျနော်ဒီရက်ပိုင်း God of war vibe လေးရနေတာနဲ့ console မဟုတ်ပဲဖုန်းပေါ်မှာဆော့လို့ရမယ့် God of war style mobile game လေးများရှိမလားလို့ လိုက်ရှာကြည့်မိတယ်။အဲ့ဒီမှာ God of war နဲ့ပုံစံတူပါတယ်ဆိုပြီး review တွေများတဲ့ mobile gameတစ်ခုကိုသွားတွေ့ရော ဂိမ်းပုံစံလေးက GOW လိုကြမ်းကြမ်းတမ်းတမ်းကြုံးရတယ်ပေါ့။အဲ့တာနဲ့စိတ်၀င်စားသွားပြီးဂိမ်းကိုဒေါင်းကြည့်ပြီးဆော့ကြည့်တာပေါ့။

အဲ့ဒီမှာစတာပဲ ဒီ Blade of God ဆိုတဲ့ဂိမ်းက God of war style နဲ့တူတာမဟုတ်ပဲ God of warကြီးကိုဒဲ့ကူးချထားတာ အထဲမှာချရတဲ့အကောင်တွေကအစဂိမ်းရဲ့ storyline ကိုက GOW ကို အနည်းငယ်ပြန်ချိန်းထားတယ်ဆိုရုံလေးပဲ။Story က chaos ဆိုတဲ့လူတစ်ယောက်ပေါ်မှာဇာတ်တည်ထားတယ် loki ရဲ့ပယောဂကြောင့်လူ့ပြည်မှာနတ်ဆိုးတွေမွေးဖွားလာတယ် အဲ့နတ်ဆိုးတွေကို Main Character ကလိုက်ကြုံးရတယ်။အဲ့တာအကြမ်းဖျင်းပေါ့။ဆော့ကြည့်ရသလောက်အစပိုင်းမှာ game control တွေ mechanic တွေကဖုန်းဂိမ်းဆိုတော့အရမ်းမမျှော်လင့်ထားပေမယ့် အရမ်းလည်းမကောင်းသလို အရမ်းလည်းမဆိုးဖူး။ဒါပေမယ့် အဲ့ဂိမ်းက GOW ကို copy တယ်လို့သာပြောတာ အဓိကကသူ့ story ကိုပဲ GOW ဆီကယူထားတာ ချရတဲ့ play styleကျတော့ သူက dungeon ၀င်ရပါတယ်ဆိုတဲ့ပုံနဲ့ stage တစ်ခုခြင်းဆီကိုဆော့ရတာ stageတစ်ခုကို၀င်ဖို့ ပြောရမယ်ဆိုရင် dungeon တစ်ခါ၀င်ဖို့ကို အနီရောင်စာရွက်ပြားလေးလိုတယ် အဲ့အနီရောင်စာရွက်က ကြော်ညာကြည့်ရတာ တစ်နေ့မှ၅ခေါက်ပဲကြည့်လို့ရတယ်။အဲ့တစ်ချက်ကသိပ်မမိုက်ဘူးပေါ့ ကြော်ညာမကြည့်ချင်ရင်၀ယ်ဆော့လို့ရမယ်။အဲ့လောက်ကလက်ခံပေးလို့ရတယ်။အဲ့ထက်ဆိုးတာက အထဲမှာသွေးဖြည့်တဲ့သွေးပုလင်း စစချင်း၁၀လုံးပေးထားတယ်ဆိုပေမယ့် တစ်လုံးတစ်လုံးပြန်ရဖို့ကရှားတယ် လက်လွန်သွားရင်သွေးဖြည့်လို့မရပဲဆော့ရမှာ အဲ့တစ်ချက်ကတော်တော်မမိုက်ဘူး။ပြီးရင်ဘာမှမဆိုင်ဘယ်နားကပေါ်ပေါ်လာမှန်းမသိတဲ့ camera shake တွေ အားနေလှုပ်‌နေတာဖုန်းကို gyro ထည့်ထားသလိုပဲ။ကျန်တဲ့အချက်တွေရှိသေးပေမယ့်တော့ တစ်နေ့ကို၅ခါလောက်အပျင်းပြေ ကြုံးကြည့်ချင်တယ်ဆိုရင်တော့စမ်းဆော့ကြည့်သင့်ပါတယ်။Attack comboတွေမိုက်တယ်။Graphic ကတော့p3လောက်က Graphic ပဲအရမ်းမဆိုးအရမ်းမကောင်းပဲ။

ဆိုတော့ ကျနော့်လိုပေါက်တကရဂိမ်းတွေလိုက်စမ်းဆော့ကြည့်ရတာသဘောကျတယ်ဆိုရင်ကတော့ စမ်းကြည့်ဖို့အတွက်အကြံပေးချင်ပါတယ်။ Sizeကလည်း 2GB ကျော်ကျော်လောက်ပဲရှိတာဆိုတော့ အရမ်း size မကြီးဘူးလို့ပြောလို့ရတယ်။ Game ရဲ့ download link ကတော့ အောက်ပါအတိုင်းပါဗျ -

Playstore - https://play.google.com/store/apps/details?id=com.PGSoul.BOG.en
Taptap - https://m.taptap.io/app/blade-of-god-190746?share_id=6bff07ce2341&utm_medium=share&utm_source=copylink

ကဲဘော်ဒါတို့ရောဒီဂိမ်းကိုဘယ်လိုမြင်လဲ စမ်းဆော့ဖူးတဲ့သူတွေရှိရင်လည်းအောက်က Comment မှာ ဘယ်လိုထင်လဲပြောပြခဲ့ကြပါဦး။

✍️ By Jyothar

အသစ်ထွက်ရှိမယ်လို့ကြေညာသွားတဲ့ Elden Ring NightreignElden Ring Nightreign ဆိုတဲ့ဂိမ်းဟာ Game of the year ရရှိခဲ့တဲ့ Elde...
13/01/2025

အသစ်ထွက်ရှိမယ်လို့ကြေညာသွားတဲ့ Elden Ring Nightreign

Elden Ring Nightreign ဆိုတဲ့ဂိမ်းဟာ Game of the year ရရှိခဲ့တဲ့ Elden Ring ရဲ့ အဆက်အသစ်ထွက်ရှိမယ့်ဂိမ်းတစ်ဂိမ်းပဲဖြစ်ပါတယ်။လူကြိုက်များခဲ့တဲ့ Elden Ring ဟာ The Elden Ring Shadow of the Erdthree ဆိုတဲ့နာမည်နဲ့ DLC တစ်ခုထွက်ထားသေးတာဖြစ်ပြီးအခုထွက်မယ့် Elden Ring Nightreign ကိုတော့ လာမယ့်2025 February လထဲမှာတော့ အစမ်းဆော့ကြည့်လို့ရနိုင်မှာပဲဖြစ်ပါမယ်။ဒီအကြောင်းကိုတော့မကြာသေးမှီကကျင်းပခဲ့တဲ့ Game of the year ပွဲမှာမိတ်ဆက်ကြေညာပေးခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဂိမ်းအကြောင်းမကြည့်ရသေးတဲ့သူတွေအတွက်တော့ YouTube မှာရှာကြည့်လို့ရနိုင်မယ်ဖြစ်ပြီးကြည့်သည့်တဲ့ဂိမ်းတစ်ခုလို့လဲတိုက်တွန်းချင်ပါတယ်။ကမ္ဘာမှာအခက်ဆုံးဂိမ်းလို့တောင်တင်စားထားတဲ့ Elden Ring ရဲ့နောက်ဆက်တွဲဂိမ်း Elden Ring Nightreign ကိုတော့ အကောင်းရောအဆိုးရော ပြောဆိုနေကြတဲ့လူတွေကြားထဲကို ဘယ်လိုလှလှပပလေးပေါ်ထွက်လာမလဲဆိုတာကတော့စိတ်၀င်စားစရာပါပဲ။ခုလက်ရှိကြည့်နေတဲ့လူတွေကရောဘယ်လိုမြင်လဲ စိတ်၀င်စားတယ်ဆိုရင် comment မှာ၀င်ပြောခဲ့လို့ရပါတယ်။

Nvidia ကသူတို့ရဲ့ Geoforce RTX 50 seriesကိုမိတ်ဆက်သွားခြင်းJanuary 6ရက်နေ့က CES(Consumer Electronics Show)ရဲ့ပထမဆုံးပွဲမ...
09/01/2025

Nvidia ကသူတို့ရဲ့ Geoforce RTX 50 seriesကိုမိတ်ဆက်သွားခြင်း

January 6ရက်နေ့က CES(Consumer Electronics Show)ရဲ့ပထမဆုံးပွဲမှာ AMD နဲ့Intel တို့တွေရဲ့ပြသမှုတွေလည်းပါ၀င်ခဲ့ပြီး Nvidia ကလည်း သူတို့ရဲ့ RTX Blackwell 50 series GPU တွေကိုလည်းအဲ့ပွဲမှာမိတ်ဆက်သွားခဲ့ပါတယ်။အားလုံးစောင့်မျှော်နေကြတဲ့အတိုင်း အမျိုးအစား4ခုမိတ်ဆက်သွားခဲ့ပြီး အဲ့အကြောင်း ကျနော်တို့နည်းနည်းလောက်ဆွေးနွေးလိုက်ကြရအောင်

ပထမဦးဆုံးအနေနဲ့ GeForce RTX 5090 GPU အမြန်ဆုံး GPUလို့ဖော်ပြသွားခဲ့ပြီး အဲ့RTX 5090မှာဆိုရင် Transistor ပေါင်း92 billion ပါ၀င်ပြီး 3,352 trillion AI operations per second (TOPS) ကွန်ပျူတာလုပ်ဆောင်ချက်လည်းပါ၀င်တယ်လို့ ပြောသွားခဲ့ပါတယ်။Blackwell architecture တီထွင်ဆန်းသစ်မှုများနှင့် DLSS 4 ကြောင့် GeForce RTX 5090 GPU သည် GeForce RTX 4090 GPU ထက်ကို 2 ဆအထိ performance ပိုရရှိနိုင်လို့လည်း မိတ်ဆက်ပေးသွားခဲ့ပါတယ်။မိတ်ဆက်ပေးသွားတဲ့ကတ်အသစ်များနှင့် ဆက်စပ်သည့် အဓိကအချက်မှာ DLSS 4 ဖြစ်သည်။ DLSS 4 တွင် ဖရိမ်နှုန်းများကို မြှင့်တင်ရန် Multi Frame Generation ပါရှိတဲ့အပြင် frame rate ကို 3ဆ အထိ ဖန်တီးဖို့ AI ကို အသုံးပြုမယ်လို့ ထင်ရပါတယ်။ ကတ်အသစ်များတွင် RTX neural shaders၊ NVIDIA ACE နှင့် ဆံပင်အရေပြားအတွက် ray tracing နည်းပညာအသစ်တို့လည်းပါရှိသည်။ကတ်အသစ်တွင် AI TOPS (Tera Operations per Second) ပါ၀င်မည်ဖြစ်သည်။ TOPS သည် AI PC တစ်ခုတွင် Neural Processing Unit (NPU) စွမ်းဆောင်ရည်ကို တိုင်းတာရန်၊ ရိုးရှင်းစေရန်နှင့် ကြော်ငြာရန်အတွက် အသုံးပြုသည့်အသုံးအနှုန်းဖြစ်သည်။RTX 5090 တွင် 3,352 AI TOPS၊ 5080 GPU မှာ 1,801 AI TOPS၊ 5070 TI မှာ1,406 AI TOPS နှင့် နောက်ဆုံး 4070 မှာ 988 AI TOPS ပါ၀င်သည်။

RTX Blackwell GPU စျေးနှုန်းများ

RTX 5090- $1,999USD
RTX 5080- $999USD
RTX 5070 TI- $749USD
RTX 5070- $549USD

RTX Blackwell 5090 နှင့် 5080 ကိုတော့ဇန်နဝါရီ ၃၀ ရက်တွင် စတင်ရောင်းချမည်ဖြစ်သည်။ 5070 TI နှင့် 5070 တို့သည် ဖေဖော်ဝါရီလအတွင်း မှာတော့၀ယ်ယူရရှိနိုင်တယ်လို့ပြောသွားခဲ့ပါတယ်။

ဘော်ဒါတို့ရောအသစ်ထွက်လာတဲ့ RTX 50 series ကိုဘယ်လိုထင်ကြလဲ။ဘော်ဒါတို့ရဲ့အမြင်ကိုလည်းအောက်က comment မှာရေးသားခဲ့လို့ရတယ်။ကျနော့်အတွက်ကတော့ RTX 50 series ဆိုတာက ပြန်မချစ်တဲ့သူမလိုပဲ ကျနော်နဲ့ဘာမှသက်ဆိုင်မှုမရှိတဲ့အရာတစ်ခုလို့ပဲထင်မိပါတယ်။အဆုံးထိဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

YG ပွဲခဏနေပြပါမယ်ဗျ
07/01/2025

YG ပွဲခဏနေပြပါမယ်ဗျ

မနက် 10:30 မှာဆော့မယ့် DreamLeague SEA Closed Qualifiers

YG vs BOOM Esports ပွဲလေးပြပါမယ်ဗျို့ အမျိုးတို့

ခ‌နနေ Live နဲ့တက်ခဲ့ပါမယ် Stay Tune ပါဗျ 🫶

GTA 6 ရဲ့ Main character အကြောင်း leak ထွက်လာခြင်းကျတော်တို့ငယ်ငယ်ထဲကနေ ခုချိန်ထိကြီးပြင်းလာတဲ့တစ်လျှောက်လုံးမှာ GTAဆိုရ...
06/01/2025

GTA 6 ရဲ့ Main character အကြောင်း leak ထွက်လာခြင်း

ကျတော်တို့ငယ်ငယ်ထဲကနေ ခုချိန်ထိကြီးပြင်းလာတဲ့တစ်လျှောက်လုံးမှာ GTAဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ။ GTA San Andreas ကနေပြီးတော့ GTA Vအထိအောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Rockstar Game အနေနဲ့သူတို့ရဲ့ဂိမ်းအသစ်ဖြစ်တဲ့ GTA VI Trailer ကိုလည်းကြေညာထားခဲ့တာမသိတဲ့လူမရှိသလောက်ပါပဲ။ GTA 6နဲ့ပတ်သတ်ပြီးအားလုံးကမျှော်လင့်စောင့်စားနေတဲ့အချိန်မှာ GTA 6ရဲ့ Main Character တစ်ယောက်ဖြစ်တဲ့ Lucia ရဲ့ပုံဆိုပြီး Leakတစ်ခုကထွက်လာခဲ့ပါတယ်။

ဒီLeakက Reddit ကနေပေါက်ကြားခဲ့တာဖြစ်ပြီး Justlovett0 ဆိုတဲ့ User က သူရဲ့အရင် Rockstar Game မှာအလုပ်လုပ်ခဲ့ပြီးအခုတော့ထွက်သွားပြီဖြစ်တဲ့သူ့သူငယ်ချင်းတစ်ယောက်ဆီကနေရရှိခဲ့တယ်လို့ပြောသွားပါတယ်။ သူ့အနေနဲ့လည်း "သူကခုတော့ Rockstar နဲ့ ဝေးကွာသွားခဲ့ပြီး ဘယ်နယ်ပယ်မှာမှသက်ဆိုင်မှုမရှိတော့ကြောင်း ငါအနေနဲ့စိတ်‌ပူတာတော့မဟုတ်ပေမယ် ဒီဟာကိုတော့သိပ်မကြာခင်မှာတင်ပြန်ဖျက်လိုက်မှာဖြစ်ကြောင်း Like ရှာချင်လို့မဟုတ်ပဲ ဒီဟာကိုထုတ်ပြသင့်တယ်လို့ထင်လို့လုပ်တာ"ဖြစ်ကြောင်းသူကပြောသွားခဲ့ပါတယ်။ ဒီ Leakက 2021 နှစ်လယ်အချိန်လောက်ကဖြစ်ပြီး covid ဖြစ်နေတဲ့အချိန်ဖြစ်တာကြောင့် Rockstar Game company မှာလူတွေမရှိနေတာလဲဖြစ်ပြီး နေရာပုံစံကလည်း San Diego က Rockstar ရုံးတစ်ခုရဲ့ပုံအတိုင်းတူနေခဲ့တာလည်းဖြစ်ပါတယ်။

GTA 6ကိုတော့လာမယ့်နှစ်ကုန်ပိုင်းလောက်မှာထွက်မယ်လို့မျှော်လင့်ထားပြီးခုထိတော့ Trailer အသစ်တွေမထွက်သေးတဲ့အတွက်ပြောစရာစကားများများစားစားတော့မရှိသေးတာပဲဖြစ်ပါတယ်။အောက်မှာပြထားတာတော့ leak လာတဲ့ပုံဖြစ်ပြီး Lucia က Military Base/Storage ရဲ့အပြင်ဖက် ကုန်တင်နာတွေနားမှာရပ်နေခဲ့တာဖြစ်ပြီး သူ့ညာဖက်ဘေးမှာလည်း ကုန်လှောင်ရုံနှစ်ခုကိုမြင်တွေ့ရတာပဲဖြစ်ပါတယ်။

အောက်ကပုံမှာတော့ Reddit ကနေတက်လာတဲ့ Leak ဖြစ်သွားတဲ့ပုံဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒီလိုမျိုး Esports နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို Keep on track တင်ပေးသွားဦးမှာဖြစ်ပါတယ်ခင်ဗျာ။ 🤩

EA College Football 25 သည် အမေရိကန်တွင် ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်လာ.....EA ၏ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးသ...
02/01/2025

EA College Football 25 သည် အမေရိကန်တွင် ရောင်းအားအကောင်းဆုံးဂိမ်းတစ်ခုဖြစ်လာ.....

EA ၏ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးသော ကောလိပ်ဘောလုံးဂိမ်းသည် 2024ခုနှစ်အတွင်း အရောင်းရဆုံးဂိမ်းဖြစ်ပြီး ယခုအခါ အမေရိကန်တွင် ရောင်းအားအကောင်းဆုံး အားကစားဂိမ်းဖြစ်လာခဲ့သည်။
ဒီဂိမ်းရဲ့ အောင်မြင်မှုကို ပို၍ပင် အထင်ကြီးသွားစေတာကတော့ ငါးလမပြည့်မီတွင် ဒီစံချိန်ကို ရောက်ရှိနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီဇင်ဘာလ 18 ရက်နေ့တွင် Circana မှ အမှုဆောင်ဒါရိုက်တာနှင့်ဗီဒီယိုဂိမ်းစက်မှုလုပ်ငန်းအကြံပေး Mat Piscatella က EA College Football 25 သည် အမေရိကန်ဒေါ်လာရောင်းအားအပေါ်အခြေခံ၍ အမေရိကန်သမိုင်းတစ်လျှောက်အရောင်းရဆုံးအားကစားဗီဒီယိုဂိမ်းဖြစ်လာကြောင်း Bluesky တွင်တင်ခဲ့ပါတယ် ။

ဒီဇင်ဘာ 1 ရက်နေ့အထိ EA College Football 25 ဟာ 2024 ခုနှစ်တွင် အရောင်းရဆုံးဂိမ်းဖြစ်ပြီး အဲ့မတိုင်ခင်မှာ Helldivers 2၊ Call of Duty : Black Ops 6 နှင့် Final Fantasy VII Rebirth တို့ကနေရာယူထားတာဖြစ်ပါတယ် ။ Madden 25 နှင့် College Football 25 MVP အတွဲ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရောင်းချသော ကော်ပီများကို ပင် ထည့်မတွက်ထားပဲ ရောင်းအားအကောင်းဆုံး ဂိမ်းစံချိန်အဖြစ်နဲ့ ရပ်တည်နေခဲ့ပြီဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒီလိုမျိုး Esports နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို Keep on track တင်ပေးသွားဦးမှာဖြစ်ပါတယ်ခင်ဗျာ။ 🤩

ESL ONE Bangkok CHAMPION 🏆 PARIVISION CONGRATULATIONS 🎉 photo credit
15/12/2024

ESL ONE Bangkok CHAMPION 🏆

PARIVISION

CONGRATULATIONS 🎉

photo credit

ကဲ ဘော်ဒါတို့ရေ ESL ONE Bangkok ရဲ့ Playoff Day 3 ကိုတော့ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြိုင်ပွဲပြီးဆုံးဖို့တစ်ဖြည်းဖြည်းနီးကပ...
14/12/2024

ကဲ ဘော်ဒါတို့ရေ ESL ONE Bangkok ရဲ့ Playoff Day 3 ကိုတော့ရောက်ရှိလာပြီဖြစ်ပါတယ်။

ပြိုင်ပွဲပြီးဆုံးဖို့တစ်ဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှ ပြိုင်ဆိုင်မှုတွေလဲ ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်သလို ဒီနေ့ဆော့ရမယ့် Upper bracket Final ပွဲစဉ်က အကြိတ်အနယ်ရှိမှာ သေချာပါတယ်

ဆိုတော့ 3:00PM ကစားကြမယ့် BB vs Parivision ပွဲစဉ်ကို Kelvin Layy & Kalay99 တို့နဲ့အတူကြည့်ရအောင်ဗျာ

Yooo ESL ONE Bangkok Playoff စပြီနော်11:30 ပွဲလာမယ်ဗျို့ ခဏနေ Live stream တက်ပါမယ် Stay tuned ပါ guys
12/12/2024

Yooo ESL ONE Bangkok Playoff စပြီနော်
11:30 ပွဲလာမယ်ဗျို့ ခဏနေ Live stream တက်ပါမယ်
Stay tuned ပါ guys

📣 Schedule Update : ကျနော်တို့ ပထမကပြဖို့ စီစဉ်ထားတဲ့ 11:30PM  BOOM Esports vs Team Spirit ပွဲအစား ပရိသတ်တွေတောင်းဆိုနေမ...
11/12/2024

📣 Schedule Update : ကျနော်တို့ ပထမကပြဖို့ စီစဉ်ထားတဲ့ 11:30PM BOOM Esports vs Team Spirit ပွဲအစား ပရိသတ်တွေတောင်းဆိုနေမှုအရရော ကျနော်တို့ရဲ့ Caster - Nigma big fan Kalay99 ကလည်း Nigma ပွဲ လေပွားကြမယ်ဆိုတဲ့အတွက်ကြောင့် 2:15PM Parivision vs Nigma Galaxy ပွဲလေးကိုပြသဖို့ reschedule လုပ်ထားပါတယ်ဗျာ

ညနေ 2 နာရီကျမှ နိုင်ငံတော်အသင်းကိုတစ်ဖန် အားပေးကြတာပေါ့ ဘော်ဒါတို့ရေ 🎉

ESL ONE Bangkok 2024 Day 3 အတွက် schedule ဖြစ်ပါတယ်ဗျို့ဒီကနေ့မှာတော့ SEA မှာကျင်းပတဲ့ ပြိုင်ပွဲအတွက် SEA  dota လေးဘက်ကိ...
11/12/2024

ESL ONE Bangkok 2024
Day 3 အတွက် schedule ဖြစ်ပါတယ်ဗျို့

ဒီကနေ့မှာတော့ SEA မှာကျင်းပတဲ့ ပြိုင်ပွဲအတွက် SEA dota လေးဘက်ကိုအလှည့်ပေးချင်တာကြောင့် BOOM Esports ပွဲလေးကိုရွေးချယ်ထားပါတယ်. တစ်ဖက်မှာလည်း Satanic တို့ Squad အနေနဲ့ Group ကတက်ဖို့ အမှတ်လိုနေတာကြောင့်ပြိုင်ဆိုင်မှုတွေပြင်းထန်နေမှာပါ

See you on 11:30 am ပါဘော်ဒါတို့ 👋

Address

Yangon

Alerts

Be the first to know and let us send you an email when MM Esports TV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to MM Esports TV:

Share