Ei yadanar aung - Legal knowledge

Ei yadanar aung - Legal knowledge Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei yadanar aung - Legal knowledge, Art, myo pya Road mingalardon, Yangon.

အိမ်ထောင်ရှိ အမျိုးသမီးမှ ဖောက်ပြန်လျှင် တစ်လင်တစ်မယားဥပဒေအရ အရေးယူခံရနိုင်လား ?ယောက်ျား ဖြစ်စေ မိန်းမဖြစ်စေ တရားဝင်အိမ...
07/02/2024

အိမ်ထောင်ရှိ အမျိုးသမီးမှ ဖောက်ပြန်လျှင် တစ်လင်တစ်မယားဥပဒေအရ အရေးယူခံရနိုင်လား ?

ယောက်ျား ဖြစ်စေ မိန်းမဖြစ်စေ တရားဝင်အိမ်ထောင်တည်မြဲ
နေစဉ်အတွင်း အခြားတစ်ဦးတစ်ယောက် နှင့် ဖောက်ပြန်လျှင်
တစ်လင်တစ်မယား ဥပဒေအရ အရေးယူခံရနိုင်ပါသည်။
Daw Ei yadanar Aung
09953962317

မေး:   :ဆရာမရေ ကျွန်တော်တို့လင်မယားကွာရှင်းရင်ကလေးကိုဘယ်သူရသင့်လဲ ပြီးတော့ အရပ်ထဲမှာပြောနေကြတာက သမီးမိန်းကလေးကိုအဖေပိုင်...
06/02/2024

မေး: :ဆရာမရေ ကျွန်တော်တို့လင်မယားကွာရှင်းရင်ကလေးကိုဘယ်သူရသင့်လဲ ပြီးတော့ အရပ်ထဲမှာပြောနေကြတာက သမီးမိန်းကလေးကိုအဖေပိုင်တယ် သားယောက်ျားလေးကို အမေပိုင်တယ်ဆိုတာ
ဟုတ်သလားဆရာမ?

ဖြေ: : မိန်းကလေးကိုအဖေပိုင်ရမယ် ၊ယောက်ျားလေးကိုအမေပိုင်ရမယ်လို့ ဥပဒေမှာမရှိပါဘူး။
ကလေးကို အုပ်ထိန်းခွင့်ရချင်တဲ့သူကသက်ဆိုင်ရာတရားရုံးမှာ ဦးတိုက်လျှောက်ထားရမှာဖြစ်ပါတယ်။
ကလေးရဲ့ ရှေ့ရေး၊ကျန်းမာရေး၊ ပညာရေး၊ တို့ကိုတာဝန်ယူပေးနိုင်တဲ့သူကို ကလေးအုပ်ထိန်းခွင့်ပေးမှာဖြစ့်ာတယ်လို့ ဖြေကြားပေးပါတယ်။
Daw Ei yadanar Aung
09953962317
#ကလေးအုပ်ထိန်းခွင့်
#ဥပဒဗဟုသုတ
#ဥပဒေအကြံပေး

☑️☑️ ကလေးတစ်ဦးလျှင် လစဉ် ၅၀၀၀၀အထိ ရရှိနိုင်ပါတယ်🤔🤔 ဘယ်အခြေအနေမျိုးမှာ တောင်းလို့ရလဲ? ☑️☑️ လင်မယားကွာရှင်းသည်ဖြစ်စေ၊ မကွာ...
06/02/2024

☑️☑️ ကလေးတစ်ဦးလျှင် လစဉ် ၅၀၀၀၀အထိ ရရှိနိုင်ပါတယ်

🤔🤔 ဘယ်အခြေအနေမျိုးမှာ တောင်းလို့ရလဲ?

☑️☑️ လင်မယားကွာရှင်းသည်ဖြစ်စေ၊ မကွာရှင်းသည်ဖြစ်စေ ဖခင်က ကလေးအတွက် စရိတ်ထောက်ပံ့ရန် ပျက်ကွက်လျှင် ခလေးစရိတ်တောင်းနိုင်တယ်။

🤔🤔 ဘယ်သူတွေက ကလေးစရိတ်အတွက် တရားစွဲပေးနိုင်သလဲ?

☑️☑️ မိခင် (သို့) အုပ်ထိန်းသူ ကတရားစွဲဆိုပေးနိုင်ပါတယ်။
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ- ၄၂(က) တွင် ဖခင်တိုင်းသည် လင်မယား ကွာရှင်းသည်ဖြစ်စေ၊ မကွာရှင်းသည်ဖြစ်စေ မိမိ၏ သားသမီးတိုင်းကို စရိတ်ထောက်ပံ့ရန် တာဝန်ရှိစေရမည်။

☑️☑️ (ခ) ပုဒ်မခွဲ(က)အရ ကလေးသူငယ်အား စရိတ်ထောက်ပံ့ရန် တာဝန်ရှိသည့် ဖခင်က လုံလောက်သော အကြောင်းမရှိဘဲ ကလေးသူငယ်အား စရိတ်ထောက်ပံ့ရန် ပျက်ကွက်ပါကကလေးသူငယ်ကိုယ်စား မိခင် (သို့မဟုတ်) အုပ်ထိန်းသူက စရိတ်ထောက်ပံ့ရန် ပျက်ကွက်သည့် ဖခင်အပေါ် သက်ဆိုင်ရာတရားရုံးတွင် စရိတ်ထောက်ပံ့ရန် လျှောက်ထားစွဲဆိုနိုင်သည်။

☑️☑️ ပုဒ်မ-၄၃ (က)တွင် သက်ဆိုင်ရာတရားရုံးသည် ပုဒ်မ-၄၂ ပုဒ်မခွဲ(ခ)အရ ကလေးသူငယ်စရိတ်ထောက်ပံ့ရန် လျှောက်ထားမှုတွင် လျှောက်ထားခံရသော ဖခင်က စရိတ်ထောက်ပံ့ရန် လုံလောက်သော အကြောင်းမရှိဘဲ ပျက်ကွက်ကြောင်းတွေ့ရှိပါက ကလေးသူငယ်တစ်ဦးလျှင် လစဉ်ကျပ် ၅၀၀၀၀ ထက်မပိုသော စရိတ်ပေးစေရန် အမိန့်ချမှတ်နိုင်သည်။
Daw Ei yadanar Aung
09953962317

#ကလေးစရိတ်

26/01/2024

#ကွာရှင်းပြီးမှပြန်ပေါင်းခြင်း
လင်မယားကွာရှင်းပြီးနောက်ပြန်လည်ပေါင်းသင်းခြင်း -

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားတို့သည်ကွာရှင်းပြီးနောက်အချိန်မရွှေးပြန်လည်ပေါင်းသင်း နိုင်သည်။

ပြန်လည်ပေါင်းသင်းလျှင် ကွာရှင်းစာချုပ်ပျက်ပြယ်သွားသည်။ သို့သော်ပြန်လည် ပေါင်းသင်းခြင်းသည် လူသိရှင်ကြားအထင်အရှား ဖြစ်ရမည်။

ကွာရှင်းပြတ်စဲပြီးသည့် လင်နှင့်မယားတို့ အဆင်သင့်သလိုကြုံတွေ့ပြီး စပ်ယှက်မှုပြုရုံမျှဖြင့် ပြတ်စဲပြီး သည့် ကိစ္စကိုပြန်၍ ထိမ်းမြားခဲ့ကြောင်း အခိုင်အမာပြဆိုနိုင်မည်မဟုတ်ပါ။ သာမန် ပေါင်းသင်း စပ်ယှက်ရုံမျှဖြင့် ပြန်လည်ပေါင်းသင်းခြင်း မထင်ရှားပါ။

လင်နှင့်မယားတို့သည် ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည်ပေါင်းသင်းလျှင် ထိုသို့ပြန်လည် ပေါင်းသင်း ကြောင်း ထင်ရှားအောင်ပြရန် လိုအပ်လှပေသည်။

ထို့ကြောင့် ကွာရှင်းပြီးလင်မယားပြန်လည်ပေါင်းသင်းလိုလျှင် လက်ထပ်စာချုပ်ပြန်လည်ချုပ်ဆိုခြင်း/ လူသိထင်ရှားဖြစ်စေရန် ပြန်လည်ပေါင်းသင်းကြောင်းကြေညာခြင်းတို့ လုပ်သင့်ပါသည်။

လင်နှင့်မယားတို့သည် ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည်ပေါင်းသင်းလေ့ရှိကြပါသည်ဖြစ်ရာ ၊ ထိုအမှုမျိုး တွင် ထိမ်းမြားခြင်းကို ထင်ရှားအောင်ပြရန် လိုအပ်သကဲ့သို့ လင်မယားအဖြစ် ပြန်လည် ပေါင်းသင်းကြောင်းကို အထူး ထင်ရှား အောင် ပြရန်လိုအပ်ပေသည်။

မခင်လေးမြင့် နှင့် ဒေါ်စိန်းရင် အမှု၌ လင်မယားကွာရှင်းပြီးနောက် ပြန်လည် ပေါင်းသင်းသည့် ပြဿနာ ရပ်နှင့် ပတ်သက်၍ အောက်ပါအတိုင်း ဆုံးဖြတ်ထားသည်ကို တွေ့ရှိရပေသည်။

မြန်မာဗုဒ္ဓဘာသာဥပဒေအရ နှစ်ဦးသဘောတူ လင်မယား ကွာရှင်း ပြတ်စဲခဲ့လျှင် ပြန်လည်ပေါင်းသင်း ခြင်းကို ထင်ရှားအောင်ပြရန် များစွာလိုအပ်လှပေသည်။

တည်မြဲခိုင်မာသည့် ထိမ်းမြား လက်ထပ်မှု တစ်ရပ်ဖြစ် ကြောင်းကို ထင်ရှားအောင် သက်သေပြသကဲ့သို့ ပြရပေမည်။
လင်နှင့် မယားအဖြစ် ပြည်လည်ပေါင်းသင်းခြင်းကို သက်သေပြရန် တာဝန်မှာ ထိုသို့ ပြောဆိုသူ၏ အပေါ်၌ သာကြီးလေးစွာ တာဝန်ကျရောက်ပေသည်။

ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့သည် ထိမ်းမြားလက်ထပ်ခြင်း ပြုမပြုဆိုသည့် ပြဿနာ ပေါ်ပေါက်လျှင် အထင်အရှား သက်သေပြရန် လိုအပ်သည့်နည်းတူ ကွာရှင်းပြတ်စဲပြီးနောက် ပြန်လည် ပေါင်းသင်း သည့် ကိစ္စတွင် လင်နှင့်မယား အဖြစ်သို့ ပြန်လည်ရောက်ရှိရန် သက်သေပြရန်လိုအပ်ကြောင်း ဆုံးဖြတ်ထားပါ သည်။

ထို့ကြောင့် ပြန်လည်ပေါင်းသင်းနေထိုင်ကြလျှင် မဖြစ်မနေလက်ထပ်စာချုပ်အား ပြန်လည်ချုပ်ဆိုထား သင့်ကြောင်း အကြံပြု ဆွေးနွေးလိုပါသည်။

Daw Ei yadanar aung
09953962317

" #ကာမလိမ်လည်မှု"*ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-417အရဖြစ်ပြီးကာမလိမ်လည်မှုဟုသီးသန့်ပြဌာန်းခြင်းမဟုတ်ပါ။* #လိမ်လည်မှုထဲမှဖြစ်ပါ...
25/01/2024

" #ကာမလိမ်လည်မှု"

*ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-417အရဖြစ်ပြီးကာမလိမ်လည်မှုဟုသီးသန့်ပြဌာန်းခြင်းမဟုတ်ပါ။

* #လိမ်လည်မှုထဲမှဖြစ်ပါသည်။

*ရာဇသတ်ကြီးပုဒ်မ-417အားကာမလိမ်လည်မှုအရစွဲဆိုရခြင်းမှာရာဇသတ်ကြီးပုဒ်မ-415 ၏ဒုတိယပိုင်းအရဖြစ်ပါသည်။

*ကိုယ်စိတ်သို့မဟုတ်ဂုဏ်သရေကိုနစ်နာစေခြင်း။
-ဤပုဒ်မဒုတိယပိုင်းအရလှည့်ဖျားခြင်းခံရသဖြင့်
လူတစ်ဦး၏
ကိုယ်ကိုဖြစ်စေ
စိတ်ကိုဖြစ်စေ
ဂုဏ်သရေကိုဖြစစေ
ထိခိုက်နစ်နာစေလျှင်လိမ်လည်မှုမြောက်သည်။

*သို့ဖြစ်ရာအမျိုးသားတစ်ဦးကအမျိုးသမီးတစ်ဦးကိုလက်ထပ်ယူပါမည်ဟုအယုံသွင်း၍ကာမရယူပြီးနောက်လက်ထပ်ရန်ငြင်းဆိုခြင်းသည်အမျိုးသမီးကိုယ်၊စိတ်နှင့်ဂုဏ်သရေကိုထိခိုက်စေသောကြောင့်လိမ်လည်မှုမြောက်သည်။
စီရင်ထုံး
မောင်သန်းထွန်းနှင့်ပြည်ထောင်စု၊1972မြန်မာနိုင်ငံစီရင်ထုံး23။

*ကာမလိမ်လည်မှုမြောက်ရန်-
1)လိမ်လည်လှည့်ဖျားပြီးလက်ထပ်ပါမည်ဟုကတိပေးခြင်း၊အယုံသွင်းခြင်း။
2)ကာမကိုရယူခြင်း
3)ကာမရယူပြီးနောက်လက်ထပ်ရန်ငြင်းဆန်ခြင်း။
တို့ရှိရပါမည်။

*အတည်တကျလက်ထပ်ပါမည်ဟုလိမ်လည်လှည့်ဖျားပြီးကာမစပ်ယှက်ခဲ့လျှင်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-417အရပြစ်ဒဏ်ထိုက်သောပြစ်မှုကျုးလွန်ရာရောက်သည်။
စီရင်ထုံး
မောင်ကျော်ဝင်းနှင့်ပြည်ထောင်စု၊1976မြန်မာပြည်စီရင်ထုံး9

*လက်ထပ်ပါမည်ဟုကတိမရှိဘဲ
သဘောတူချစ်ကြိုက်ပျော်ပါးသည့်အခြေအနေတွင်မူအမျိုးသမီးတွင်ကိုယ်ဝန်ရှိလာပြီးနောက်လက်မထပ်သည့်အကြောင်းကြောင့်လိမ်လည်မှုအရပြစ်မှုကျုးလွန်ရာမရောက်။
စီရင်ထုံး
မတင်အိနှင့်ဦးဝိမလ၊1975မြန်မာနိုင်ငံစီရင်ထုံး44

*အတည်တကျလက်ထပ်ပေါင်းသင်းမည်ဟုပြောဆိုသည်ကိုယုံကြည်သဖြင့်ကာမပေးခဲ့သည်ဆိုသောစွပ်စွဲချက်နှင့်စပ်လျဉ်း၍ကာယကံရှင်အမျိုးသမီးတစ်ဦး၏ထွက်ချက်သာရှိပြီးအခြားလွတ်လပ်သည့်သက်သေခံအထောက်အထားလုံးဝမရှိလျှင်လိမ်လည်မှုဖြင့်အပြစ်မပေးသင့်ပေ။
စီရင်ထုံး
ဦးညွန့်မောင်နှင့်ပြည်ထောင်စု၊1983မြန်မာပြည်စီရင်ထုံး104။

*ကာမလိမ်လည်မှုသည်
လူငယ်ပိုင်းတွင်အဖြစ်များပါသည်။

*အမျိုးသမီးငယ်များမှမိမိအရှက်ရမည်စိုး၍ ကာမအလိမ်ခံရသည့်တိုင် တိုင်တန်းမှုနည်းတတ်ပြီး၊ဆက်ခါဆက်ခါကျုးလွန်သူများ(ကာမလှည့်ဖျားရယူ​ နေသူများ)ရှိတတ်ပါသည်။

*living together(သဘောတူချစ်ကြိုက်ပျော်ပါးတိုင်း/သွေးသားဆန္ဒအရကာမစပ်ယှက်တိုင်းတော့ကာမလိမ်လည်မှုမ မြောက်ပါ။)

*အဆိုပါအမှုမျိုးအတွက်သက်သေအထောက်အထားပြရန်ခက်ခဲတတ်သည်ဖြစ်ရာ
လက်ထပ်ယူမည်ဟုလိမ်လည်လှည့်ဖျား/ကတိထား/အယုံသွင်းပြီးကာမရယူပြီးမှလက်မထပ်ခြင်း/လက်ထပ်ရန်ငြင်းဆန်ခြင်းတို့အားသက်သေပြနိုင်ရပါမည်။

***အတူကာမဆက်ဆံ၍ကလေးရသွားသည့်တိုင်"လက်ထပ်မည့်ကတိ"မရှိပါကဤပုဒ်မဖြင့်အရေးယူမခံရနိုင်ပါ။

***ထို့ကြောင့်"ချစ်တယ်"ဆိုရုံနဲ့ကာမပေးပြီး"လက်မထပ်လို့"ဆိုကာဤပုဒ်မဖြင့်တိုင်တန်းပါကလည်းပြစ်ဒဏ်မကျနိုင်ပါ။

*ပုဒ်မ-417
မည်သူမဆိုလိမ်လည်မှုကျုးလွန်လျှင်ထိုသူကိုသုံးနှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု
ရာဇသတ်ကြီးဥပဒေတွင်ပြဌာန်းထားပါသည်။
Daw Ei yadanar aung
09953962317

 #သရေဖျက်မှု(3)မျိုး1)တည်မြဲတဲ့နည်းနဲ့(libel)ဥပမာ-သတင်းစာမှကြေညာခြင်း။2)မတည်မြဲတဲ့နည်းနဲ့(Slander)ဥပမာ။နှုတ်ထွက်စကားနဲ့ေ...
25/01/2024

#သရေဖျက်မှု(3)မျိုး

1)တည်မြဲတဲ့နည်းနဲ့(libel)
ဥပမာ-သတင်းစာမှကြေညာခြင်း။

2)မတည်မြဲတဲ့နည်းနဲ့(Slander)
ဥပမာ။နှုတ်ထွက်စကားနဲ့ပြောခြင်း၊

3)နှစ်နည်းလုံးနဲ့အသရေဖျက်မှု
(Defamation)
နှုတ်ထွက်စကား၊အမှတ်အသား၊မြင်သာနိုင်တဲ့ရှင်းလင်းတင်ဆက်မှုပုံသဏ္ဍန်အစရှိတာတစ်ခုခုကိုအသုံးပြုပြီး၊တစ်ယောက်ယောက်ရဲ့ဂုဏ်သရေကို နစ်နာစေဖို့ဆိုတဲ့အကြံနဲ့ပဲဖြစ်ဖြစ်၊သက်ဆိုင်သူရဲ့ဂုဏ်သရေကို နစ်နာစေမယ်လိုသိလျက်နဲ့ပဲဖြစ်ဖြစ် စွပ်စွဲချက်တစ်ခုခုကိုပြုလျှင်(သို့)ကြေညာလျှင်အသရေဖျက်တာဖြစ်ပါတယ်။

*မြန်မာနိုင်ငံမှာတော့အသရေဖျက်မှုနဲ့ပတ်သက်လာရင်ယေဘူယျသဘောနဲ့အသရေဖျက်မှုနဲ့တရားစွဲဆိုလေ့ရှိပါတယ်။
*စွဲဆိုရာမှာလည်းများသောအားဖြင့်ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-499နဲ့စွဲတတ်လေ့ရှိပြီး
တရားမနစ်နာမှုဆိုင်ရာအသရေဖျက်မှုနဲ့စွဲဆိုတဲ့အလေ့အထနည်းပါတယ်။

#အသရေဖျက်မှုမြောက်ရန်-

1)တစ်ဦးတစ်ယောက်သောသူရဲ့အသရေကိုကျဆင်းစေတယ်၊ပျက်ပျယ်စေတယ်။
2)နစ်နာသူကိုရည်ညွှန်းတယ်။
3)ကြေညာခဲ့တယ်။
4)နစ်နာသူနဲ့ပတ်သက်တဲ့အကြောင်းအချက်သည်မမှန်တဲ့အချက်အလက်တွေဖြစ်နေတယ်။
စတဲ့အဂ်ါ-(4)ချက်နဲ့ပြည့်စုံမှအသရေဖျက်မှုမြောက်ပါတယ်။

#ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-499
မည်သူမဆို၊နှုတ်ဖြင့်ဖြစ်စေ၊အမှတ်အသားဖြင့်ဖြစ်စေ၊ထင်ရှားသောပုံသဏ္ဍန်ဖြင့်ဖြစ်စေ၊လူတစ်ဦးတစ်ယောက်၏ အသရေကိုနစ်နာစေရန်အကြံဖြင့်သော်လည်းကောင်း၊ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲခြင်းသည် ထိုသူ၏အသရေကို နစ်နာစေမည်ဟုသိလျက်နှင့်သော်လည်းကောင်း၊ထိုသို့ယုံကြည်ရန်အကြောင်းရှိလျက်နှင့်သော်လည်းကောင်း ထိုသူနှင့်စပ်လျဉ်းသော စွပ်စွဲချက်ကိုပြုလျှင်သို့တည်းမဟုတ် ကြေညာလျှင်အောက်ပါကင်းလွတ်ချက်မှတစ်ပါးအဆိုပါလူ၏အသရေကိုဖျက်သည်မည်၏။

#အသရေဖျက်မှုမမြောက်နိုင်တဲ့ကင်းလွတ်ချက်များ

1)အများပြည်သူရဲ့အကျိုးအတွက်မှန်ကန်တဲ့အကြောင်းအရာကိုပြောဆိုတာ။
2)ပြည်သူ့ဝန်ထမ်းရဲ့ဝတ္တရားကိုဆောင်ရွက်တာ။
3)အများပြည်သူ့ပြဿနာတစ်ခုမှာတစ်စုံတစ်ယောက်ရဲ့အကျင့်စာရိတ္တနဲ့ပတ်သက်လို့ထင်မြင်ချက်ပေးတာ။
4)တရားရုံးရဲ့မှုခင်းဆောင်ရွက်ချက်တွေနဲ့အမိန့်စီရင်ချက်တွေကိုမှန်ကန်စွာကြေညာမှုပြုတာ။
5)တရားရုံးမှုခင်းတွေမှာ ပါဝင်တဲ့အမှုသည်၊ကိုယ်စားလှယ်နဲ့သက်သေတွေရဲ့အပြုအမူ၊အကျင့်စာရိတ္တနဲ့ပတ်သက်လို့သဘောရိုးအားဖြင့်ထင်မြင်ချက်ပေးတာ။
6)စာရေးဆရာတစ်ယောက်ကို သဘောရိုးနဲ့ဝေဖန်တာ။
7)အခွင့်အာဏာရှိသူတစ်ယောက်ကဥပဒေနဲ့အညီအပြစ်ဆိုတာ။
8)အခွင့်အာဏာရှိသူတစ်ယောက်ထံ အခြားသူတစ်ယောက်ယောက်အကြောင်းကိုဥပဒေနဲ့အညီစွပ်စွဲပြောဆိုတာ။
8)အခွင့်အာဏာရှိသူတစ်ယောက်ထံ အခြားသူတစ်ယောက်ယောက်အကြောင်းကိုဥပဒေနဲ့အညီစွပ်စွဲပြောဆိုတာ။
9)မိမိအကျိုး၊သူတပါးအကျိုးဒါမှမဟုတ်အများပြည်သူအကျိုးအတွက်ကာကွယ်စွပ်စွဲတာ
10)သူတပါးအကျိုးဒါမှမဟုတ်အများပြည်သူအကျိုးအတွက်သတိပေးတာ။

#ပုဒ္မ500
မည်သူမဆိုအခြားသူတစ်ဦးဦး၏အသရေကိုဖျက်လျှင်ထိုသူကိုနှစ်နှစ်ထိအလုပ်မဲ့ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

***
အသရေဖျက်မှုကို ပြစ်မှုဆိုင်ရာပုဒ်မအရပြစ်ဒဏ်ခံရပြီးနောက်ပိုင်းတွင်ဖြစ်စေ၊ပြစ်မှုတစ်စုံတရာဖြင့်တိုင်တန်းသည့်အမှုတွင် စွပ်စွဲခံရသူမှတရားသေလွတ်မြောက်ပြီးအမှုမှာလီဆည်မှုအမျိုးအစားသတ်မှတ်သည့်အခါတွင်ဖြစ်စေနစ်နာမှုအတွက်လျော်ကြေးတောင်းဆိုသည့်အမှုများကြုံတတ်ပါသည်။

*လူတိုင်းမှာ တရားဥပဒေကအသိအမှတ်ပြုထားတဲ့အခွင့်အရေးရှိတယ်။
*အဲဒီအခွင့်အရေးတွေဖောက်ဖျက်ခံရရင် ကုစားမှုရှိရမှာဖြစ်တယ်။
*ဒါကြောင့်ဒီလိုကုစားမှုရှိနိုင်ဖို့အတွက်ဥပဒေဆိုင်ရာအခွင့်အရေးဖြစ်ဖို့လည်းလိုပါတယ်။
*ဒီတော့
လူတစ်ဦးတစ်ယောက်ကိုဖြစ်ဖြစ်၊အဲဒီလူရဲ့ပစ္စည်းကိုဖြစ်ဖြစ်၊ဂုဏ်သတင်းကိုဖြစ်ဖြစ်၊ထိပါးခံရပြီးဆိုရင်အဲဒီနစ်နာသူအနေနဲ့ တရားဥပဒေက ခွင့်ပြုတဲ့အတိုင်းအတာထိတော့ကုစားမှုရှိရမှာဖြစ်တယ်။

မူလရေးသားသူအားလေးစားစွာဖြင့်ကူးယူဖော်ပြသည်။
Crd:မြန်မာဥပဒေလက်စွဲ
Daw Ei yadanar Aung
09953962317

 #အိမ်ထောင်ရေးဖောက်ပြန်မှု၊  #လင်မယားကွာရှင်းမှုနှင့်အမွေခွဲဝေမှုအိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနဲ့ နှစ်ဦးပ...
24/01/2024

#အိမ်ထောင်ရေးဖောက်ပြန်မှု၊
#လင်မယားကွာရှင်းမှုနှင့်အမွေခွဲဝေမှု

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနဲ့ နှစ်ဦးပိုင်ပစ္စည်းခွဲဝေမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊ စာရေးဆရာ) ကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – မယားဖြစ်သူက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး လင်ခန်းမယားခန်း အလိုလို ကွာရှင်းပြီးသားဖြစ်ပါသလား။ ဇနီးဟောင်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေဖို့ တောင်းဆိုခွင့်၊ သားသမီးအုပ်ထိန်းခွင့်တွေ ရှိပါသလား။


ဖြေ – အများအားဖြင့် လူတွေက ထင်ကြတာက မယားက နောက်ယောက်ျားတစ်ယောက်နဲ့ လိုက်ပြေးသွားပြီဆိုရင် လင်ခန်းမယားခန်း အလိုလိုပြတ်စဲသွားပြီလို့ထင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အဲဒါက လင်ယောက်ျားက ဖြတ်မှပဲရမှာပါ။ သူက လင်မယားကွာရှင်းပေးစေလိုမှု လျှောက်ရတယ်။ မလျှောက်ဘဲထားရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်နေတုန်းပဲ။ ဒါကြောင့် တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၃ မှာ ဖောက်ဖျက်တာကို တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မ-၁၄ အရ တရားရုံးမှာ ကွာလိုမှု လျှောက်ရတယ်။

နောက်ပြီး ပုဒ်မ ၁၅ မှာက ကွာလိုမှုရတယ်ဆိုရင် ဖောက်ပြန်တဲ့ ဇနီးမယားအနေနဲ့ အမွေ အခွင့်အရေး အားလုံးဆုံးရှုံးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒါကို ဖော်ပြပြီးတော့ ကွာလိုမှု လျှောက်တဲ့နေရာမှာ အဆင့်ဆင့်တွေကို တင်ပြပြီးတော့ လျှောက်ထားနိုင်တယ်။ ကွာလိုမှု ရတဲ့အခါမှာလည်း ဖောက်ပြန်တဲ့ ဇနီးမယားက အမွေဆက်ခံခွင့်ဘာမှမရပါဘူး။ ဆုံးရှုံးပါတယ်။ သားသမီးထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဖောက်ပြန်တဲ့သူက အုပ်ထိန်းခွင့် လျှောက်ရင်တော့ အင်မတန် အခွင့်အရေးနည်းပါတယ်။ သူမှာက စာရိတ္တချို့ယွင်းထားတာ ရှိနေတာကြောင့် မိခင်အနေနဲ့ လျှောက်ရင် အခွင့်အရေးဆုံးရှုံးနိုင်တယ်လို့ ဖြေကြားချင်ပါတယ်။
DVB TV News



Daw Ei Yadanar Aung
📲 09 953962317


#ဥပဒေ
#ဥပဒေအကြံပေး

မယားစရိတ်ရလိုမှုတွင် တရားဝင်လက်ထပ်ထားကြောင်း ထင်ရှားရခြင်းမြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ-၁၃(၃)ပါ တရားမျှတမှု၊...
24/01/2024

မယားစရိတ်ရလိုမှုတွင် တရားဝင်
လက်ထပ်ထားကြောင်း ထင်ရှားရခြင်း
မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ-၁၃(၃)ပါ တရားမျှတမှု၊သာနာညီမျှမှုနှင့် ကောင်းမြတ်သော အသိတရားတို့သည် လက်ထပ် ထိမ်းမြားရေး၊ အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ သားသမီးမွေးစားရေး၊ ဘာ သာရေး၊ ဿသနာရေး၊ အလှူဒါန၊ အမျိုးဇာတ် စသည်တို့နှင့် စပ်လျဉ်း၍ ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေ၌ သီးခြား ပြဋ္ဌာန်းချက် မရှိမှသာလျှင် ကျင့်သုံးဆုံးဖြတ်ရန်ဖြစ်ကြောင်း၊ ယင်း၏ပြဋ္ဌာန်းချက်အရပင် ထင်ရှားသည်။

မယားစရိတ် ရလိုမှုများတွင် စားစရိတ်တောင်းခံသူ မိန်းမသည် မယားစရိတ်တောင်းခံခြင်းခံရသူ ယောကျာ်းနှင့် တရားဝင် ထိမ်းမြားလက်ထပ်ခဲ့ကြောင်း ထင်ရှားရန် လိုအပ်ခြင်းကို မြန်မာနိုင်ငံတရားဥပဒေတွင် ခိုင်မာကျင့်သုံး လျက် ရှိနေပေသည်။

သို့ဖြစ်ရာ မူလမှုတွင် အဆိုအချေများအရပင် ခရစ်ယာန်ဘာသာဝင် တရားလိုသည် ဟိန္ဒူဘာသာဝင် တရား ပြိုင်နှင့် သားယောကျာ်းတစ်ဦး ရရှိသည်အထိ တစ်နှစ်ကျော်ကြာ ချစ်ကြိုက်ပေါင်းသင်းစေခဲ့ကာမူ တရား ဝင် လင်မယားအဖြစ် ရောက်ရှိခဲ့ခြင်းမရှိလျှင် အယူခံတရားပြိုင်ထံမှ မယားစရိတ် ရရှိရေးအတွက် တရားစွဲဆိုရန် အကြောင်း မပေါ်ပေါက်ချေ။

ထို့ကြောင့် မူလတိုင်းတရားရုံးက ပဏာမ ငြင်းချက်နှင့် စပ်လျဉ်းပြီး “ တရားလိုသည် ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး တရားပြိုင်နှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် ထုံးပုံနည်းလမ်းတကျ ထိမ်းမြားခြင်း မပြုခဲ့သဖြင့် ခရစ် ယာန်ထိမ်းမြားခြင်း ဥပဒေအရ တရားဝင် အကြင်လင်မယားအရာ မမြောက်ခဲ့သောကြောင့် တရားပြိုင်၏ တရား ဝင်မယား မဟုတ်၍ မယားစရိတ် ရလိုမှု စွဲဆိုခွင့် မရှိသည်မှာ မှန်ကြောင်း ဖြေဆိုပြီး တရားလို၏ အဆိုလွှာကို ပလပ်ခဲ့သည့် အမိန့်ကို တရားရုံးချုပ် ( ရန်ကုန် ) ကအတည် ပြုခဲ့ခြင်းသည် မှားယွင်းခြင်း မရှိပါ။

ဒေါ်သန်းသန်းဇင် နှင့် ဒေါက်တာနီထို ( ၎င်း၏ တရားဝင်ကိုယ်စားလှယ် ဒေါက်တာဘော်နီ)
( ၂၀၀၉ ခုနှစ်၊ အထူးအယူခံမှု- ၁၀ ) ( ၇-၉-၀၉ ၊ ရန်ကုန် )
ဆရာဦးနေလွင်ဦး
Daw Ei yadanar Aung

“သိထားသင့်တဲ့ လင်မယားကွာရှင်းခြင်း ဥပဒေ အကြောင်း” လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မ...
23/01/2024

“သိထားသင့်တဲ့ လင်မယားကွာရှင်းခြင်း ဥပဒေ အကြောင်း”
လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်လင်မယား အဆက်အသွယ် အထောက်အပံ့မရှိလဲ တရားဝင် မကွာရှင်းသေးသ၍ လင်မယားအရာ မပျက်ယွင်းပါ။

လင်ဖြစ်သူ နေအိမ်မှစွန့်ခွာပြီး ၃ နှစ်တိုင်အောင် အဆက်အသွယ် အထောက်အပံ့ မရှိရင်သော်၎င်း နောက်အိမ်ထောင် ပြု ရင်သော်၎င်း မယား၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲစေရန် နေ့စဉ်နဲ့အမျှ နှိပ်စက်နေရင်သော်၎င်း မယားအား လက်ရောက်မှု့ တစ်ကြိမ် ကျူးလွန်ယုံမျှဖြင့်၎င်း (မယားမှ တရားရုံးမှာ ကွာရှင်းခွင့် လျှောက်ထားနိုင်ပါသည်)။

ကျိုးကြောင်းဆီလျော်မှု့ မရှိသော အကြောင်းပြချက်နဲ့ မယားသည် နေအိမ်မှစွန့်ခွာကာ ၁ နှစ်တိုင် အဆက်အသွယ်မလုပ် / ပြန်ပေါင်းရန် မကြိုးစားလျင်၎င်း အိမ်ထောင်ရေး ဖောက်ပြန်ရင်သော်၎င်း (လင်ဖြစ်သူဖက်မှ တရားရုံးတွင် ကွာရှင်းခွင့် တောင်းနိုင်ပါသည်)။

လင်မယားအရာမြောက်ဖို့ လက်ထပ်စာချူ ပ်လုပ်ရန်/ မင်္ဂလာဆွမ်းကျွေး/ မင်္ဂလာဆောင်ကျင်းပ စတာတွေမလိုဘဲ ပတ်ဝန်းကျင်မှာ လင်မယားလို အထင်အရှား ပေါင်းသင်းနေထိုင်ယုံနဲ့ တရားဝင် လင်မယားအရာ မြောက်ပါသည်။

ရပ်/ ကျေးရုံး / ရှေ့နေ စသူတို့ရှေ့၌ (ကွာရှင်းခြင်းကတိစာခူ ပ်) မဟုတ်သော စာချူ ပ်လက်မှတ်ရေးထိုး ကွာရှင်းခြင်းသည် ဥပဒေအရ တရားမဝင်သော်လည်း သက်သေအဖြစ် တင်ပြခွင့်ရှိသည်။

သတင်းစာထဲတွင် တဖက်သတ် ကွာရှင်းပြတ်စဲကြောင်း ကြေငြာခြင်းများသည် ကာယကံရှင်နှင့် ၎င်းတို့ ပတ်ဝန်းကျင် သိစေရန်မျှသာဖြစ်ပြီး ဥပဒေအရ တရားမဝင်ပါ။

viber /messanger/ voice record စတာတွေနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ကြောင်း သက်သေတွေဟာ သက်သေခံ တင်ပြခွင့်ရှိပေမယ့် ခိုင်မာမှု့ မရှိတဲ့အပြင် တဖက်မှ ချေပဖို့ အခွင့်အလမ်းများစွာ ရှိနေတာကို ဂရုပြုရပါမယ်။ active ဖြစ်တဲ့ video file သာလျင် မိမိဖက်က အသာစီးရနိုင်မယ့် သက်သေဖြစ်သည်။

ကွာရှင်းပြီးသော လင်မယားတို့သည် ပြန်လည်ပေါင်းသင်းပါက လူသိ/ နတ်ကြား ပေါင်းသင်းရမှာဖြစ်ပြီး ဆိတ်ကွယ်ရာ အရပ်များတွင် အလျဉ်းသင့်သလို ဆက်ဆံယုံမျှဖြင့် ယခင်ကွာရှင်းထားသော စာချူ ပ်အား အလိုအလျောက် မပျက်ပြယ်နိုင်ပါ (အချု ပ်အားဖြင့်) မြန်မာ့ထုံးတမ်းအရ မြန်မာ/ ဗုဒ္ဓဘာသာဝင်များသည် လင်မယားကွာရှင်းထြင်း ကိစ္စများ၌

စာချူ ပ်/ စာတမ်းမလို ကာယကံရှင် ၂ ဦး၏ လွတ်လပ်သော ဆန္ဒသာအဓိကဟု စီရင်ထုံးများစွာမှာ ဖော်ပြထားသော်လည်း စီရင်ထုံးဆိုသည်ကား ပြဌာန်းဥပဒေ မဟုတ်သည့်အတွက် အငြင်းပွားစရာဖြစ်လာပါက နစ်နာမှု့များစွာ ကြုံ တွေ့ရမှာဖြစ်၏။ တလင်တမယားစနစ် ကျင့်သုံးရေး ဥပဒေဟူသော (ငရဲ ဥပဒေ) တည်မြဲနေစဉ်အတွင်း ကွာရှင်းမည်ဆိုပါက တရားရုံးများတွင်သာ စိတ်အချရဆုံးဖြစ်၏။

လင်မယား အတူမနေ/မထောက်ပံ့/အဆက်အသွယ်မလုပ်ပါက နှစ်ဘယ်လောက်ကြာရင် အလိုအလျောက် ပြတ်ဆဲပါသလဲ ဟူသောအများစု သိချင်သည့် မေးခွန်းအား ၎င်းလင်မယား ၂ ယောက်ထဲမှတစ်ယောက်ယောက် (တမလွန် ခရီး) နှင်မှသာ အလိုလို ပျက်ဆဲမှာဖြစ်ပါကြောင်း ဖြေကြားပေး
လိုက်ပါသည်။

Daw Ei Yadanar Aung
09953962317

ကိုယ့်ကို ရန်ရှာပြီး လုယက်မှု လုပ်လာရင် ဘယ်လောက်ထိကာကွယ်ခွင့်ရှိသလဲ?ဘယ်လိုကာကွယ်ရမလဲ ?သိချင်ရင်ဖတ်ကြည့်ကြနော်Daw Ei Yadan...
23/01/2024

ကိုယ့်ကို ရန်ရှာပြီး လုယက်မှု လုပ်လာရင်
ဘယ်လောက်ထိကာကွယ်ခွင့်ရှိသလဲ?
ဘယ်လိုကာကွယ်ရမလဲ ?
သိချင်ရင်ဖတ်ကြည့်ကြနော်
Daw Ei Yadanar Aung
pic

Address

Myo Pya Road Mingalardon
Yangon

Website

Alerts

Be the first to know and let us send you an email when Ei yadanar aung - Legal knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category