Urgly News.MM

Urgly News.MM Reality with a touch of Irony. Content on this page is purely satirical.

[လန်ဒန်-ရန်ကုန်၊ မေ ၂၀ - Urgly News]၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်းက ဆွတ်ခူးနိုင်ခဲ့...
20/05/2026

[လန်ဒန်-ရန်ကုန်၊ မေ ၂၀ - Urgly News]
၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် ပရီးမီးယားလိဂ်ဖလားကို အာဆင်နယ်အသင်းက ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ အသင်း၏ စွမ်းဆောင်ရည်ထက် မန်စီးတီးအသင်း၏ "မေ့လျော့မှု" ကြောင့်ဖြစ်နိုင်ကြောင်း အားကစားလေ့လာသူအချို့က အရွှန်းဖောက် သုံးသပ်လိုက်သည်။
​ယခုကဲ့သို့ ဖလားရရှိသွားခြင်းကြောင့် နှစ်ပေါင်းများစွာ အာဆင်နယ်ပရိသတ်များ ကိုင်စွဲလာခဲ့သည့် "ဖလားမရတာ ကြာပြီမို့လို့ပါ" ဟူသော တစ်သက်တာသုံး ဆင်ခြေပေးခွင့်မှာ တရားဝင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်ကြောင့် အာဆင်နယ်ပရိသတ်အချို့မှာ နောက်ထပ် ဆင်ခြေအသစ် ရှာမရတော့မည်ကို စိုးရိမ်လျက်ရှိပြီး၊ လာမည့် ၂၂ နှစ်ခန့်အထိ အေးအေးဆေးဆေး ပြန်လည် အနားယူနိုင်ရန် မျှော်လင့်နေကြသည်။
​"ဖလားရသွားပြီဆိုတော့ အခုမှပဲ လူကြားထဲ ရင်ဘတ်ကော့ပြီး သွားလို့ရတော့မယ်။ ဒါပေမဲ့ နောက်နှစ် ဖလားမရရင် ဘာပြောရမလဲဆိုတာ အခုကတည်းက စဉ်းစားထားရဦးမယ်" ဟု လမ်းပေါ်တွင် အောင်ပွဲခံနေသည့် အမြှောက်တပ်သား ပရိသတ်တစ်ဦးက ရင်ဖွင့်ခဲ့သည်။

[နီပေါ၊ မေ ၁၈ - Urgly News]​နီပေါနိုင်ငံ၊ ဆော်ရာဟာရပ်ကွက်ရှိ ဈေးအနီးတွင် ကြံ့နှစ်ကောင်မှာ အချင်းချင်း ချိုချင်းဝှေ့၍ ဗျင...
18/05/2026

[နီပေါ၊ မေ ၁၈ - Urgly News]
​နီပေါနိုင်ငံ၊ ဆော်ရာဟာရပ်ကွက်ရှိ ဈေးအနီးတွင် ကြံ့နှစ်ကောင်မှာ အချင်းချင်း ချိုချင်းဝှေ့၍ ဗျင်းနေကြခြင်းမှာ ရန်ဖြစ်နေခြင်းမဟုတ်ဘဲ "ပြည်သူများအတွက် Facebook Content အခမဲ့ ဖန်တီးပေးနေခြင်း" သာ ဖြစ်ကြောင်း သုတေသီအချို့က သုံးသပ်လိုက်သည်။
​"ကျွန်တော်တို့ကတော့ အသက်အန္တရာယ်စိုးရိမ်လို့ ထွက်ပြေးနေရပေမယ့်၊ တစ်ဖက်မှာတော့ ဖုန်းကိုယ်စီနဲ့ Live လွှင့်နေသူတွေ၊ TikTok ရိုက်နေသူတွေကို မြင်ရတာက ကြံ့နှစ်ကောင်ထက် ပိုပြီး ထိတ်လန့်ဖို့ကောင်းပါတယ်" ဟု ဒေသခံတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောကြားခဲ့သည်။
​အဆိုပါ ကြံ့များမှာ မြစ်ကို ဖြတ်ကူး၍ လူနေရပ်ကွက်ထဲသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ဈေးအနီးရှိ လူများအား "ဖုန်းကြည့်နေခြင်းထက် လက်တွေ့ ရန်ပွဲကြည့်ခြင်းက ပို၍ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းကြောင်း" သတိပေးနှိုးဆော်လိုပုံရသည်ဟုလည်း သိရသည်။ လက်ရှိတွင် အဆိုပါ ရန်ပွဲဗီဒီယိုများမှာ လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံ့နေပြီး ကြံ့နှစ်ကောင်မှာမူ Reach တက်အောင် ကူညီပေးခဲ့သည့်အတွက် မည်သည့် အကျိုးအမြတ်မှ မရရှိဘဲ တောထဲသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်သည်။

18/05/2026


[ရန်ကုန်၊ မေ ၁၈ - Urgly News]​ယနေ့ ကျရောက်သည့် တနင်္လာနေ့ နံနက်ခင်းတွင် မြန်မာနိုင်ငံရှိ ရုံးဝန်ထမ်း အများစုမှာ လုပ်ငန်း...
17/05/2026

[ရန်ကုန်၊ မေ ၁၈ - Urgly News]
​ယနေ့ ကျရောက်သည့် တနင်္လာနေ့ နံနက်ခင်းတွင် မြန်မာနိုင်ငံရှိ ရုံးဝန်ထမ်း အများစုမှာ လုပ်ငန်းခွင်သို့ သွားရောက်ရန်ထက် "ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ကမ္ဘာပေါ်သို့ ချက်ချင်းကျရောက်လာမည့် အခြေအနေ" ကို ပိုမိုပြင်းပြစွာ တောင့်တနေကြကြောင်း သိရသည်။
​"ရုံးသွားပြီး အလုပ်လုပ်ရမယ့်အစား လူသားမျိုးနွယ်စုကြီး တစ်ခုလုံး တစ်ခါတည်း ပျောက်ကွယ်သွားတာက ပိုပြီး ငြိမ်းချမ်းတဲ့ ရွေးချယ်မှုပါ" ဟု စောင်ပုံထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည့် အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ခိုင်မာစွာ ဆိုသည်။
​အဆိုပါ စိတ်ပိုင်းဆိုင်ရာ ကသောင်းကနင်းဖြစ်မှုကြောင့် တနင်္လာနေ့၏ လုပ်ငန်းခွင်စွမ်းဆောင်ရည်မှာ သုညဒီဂရီအောက် (Negative) သို့ ရောက်ရှိနေသော်လည်း "လစာထုတ်ရက်" နှင့် "အစိုးရရုံးပိတ်ရက်" များအပေါ် စိတ်ဝင်စားမှုနှုန်းမှာမူ အမြင့်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

[Urgly News - ရန်ကုန်-မေ ၁၇]​စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များသည် ကမ္ဘာ့စံတော်ချိန်ထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေခြင်းအပေါ...
17/05/2026

[Urgly News - ရန်ကုန်-မေ ၁၇]
​စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များသည် ကမ္ဘာ့စံတော်ချိန်ထက် ပိုမိုမြန်ဆန်စွာ ကုန်ဆုံးနေခြင်းအပေါ် ပြည်သူများက နားမလည်နိုင်အောင် ဖြစ်နေကြသည်။ "မျက်စိတစ်ချက်မှိတ်လိုက်တာနဲ့ တနင်္လာနေ့ ရောက်သွားတာပဲ" ဟု ဝန်ထမ်းတစ်ဦးက မျက်ရည်စက်လက်ဖြင့် ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ အာဏာပိုင်များက တစ်စုံတစ်ရာ ဖြေရှင်းပေးခြင်း မရှိသေးပေ။

[ဘာလင်-ရန်ကုန်၊ မေ ၁၆ - Urgly News]ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ လုပ်ငန်းခွင်များတွင် ဝန်ထမ်းများအား Overtime (အချိန်ပို) ...
16/05/2026

[ဘာလင်-ရန်ကုန်၊ မေ ၁၆ - Urgly News]
ဖွံ့ဖြိုးဆဲနိုင်ငံအချို့ရှိ လုပ်ငန်းခွင်များတွင် ဝန်ထမ်းများအား Overtime (အချိန်ပို) ဆင်းခိုင်းခြင်းနှင့် အားလပ်ရက်မရှိအောင် အလုပ်ရှုပ်နေစေခြင်းမှာ လူသားတို့၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ထိန်းချုပ်ရန် ဖန်တီးထားသော "Survival Loop" (ရှင်သန်ခြင်း သံသရာ) တစ်ခု ဖြစ်နိုင်ကြောင်း သုတေသီအချို့က Conspiracy ဆန်ဆန် သုံးသပ်လိုက်ကြသည်။
​ဂျာမနီကဲ့သို့သော နိုင်ငံများတွင် လူတစ်ယောက်အား "အလုပ်သမား" ထက် "လူ" အဖြစ် ဦးစားပေးကာ အနားယူခြင်းကို မဖြစ်မနေ (Mandatory) လုပ်ဆောင်စေသော်လည်း၊ အချို့သော ဒေသများတွင်မူ "မနားမနေ အလုပ်လုပ်ခြင်း" ကိုသာ ဂုဏ်ယူဖွယ်ရာ Motivational တစ်ခုအဖြစ် ပုံမှန်သွတ်သွင်းလျက်ရှိသည်။
​"လူတစ်ယောက်ဟာ အရမ်းပင်ပန်းနေတဲ့အခါ နိုင်ငံရေး၊ လူမှုရေးနဲ့ ကိုယ်ပိုင်ဘဝ တိုးတက်ဖို့ စဉ်းစားဖို့ Energy မရှိတော့ပါဘူး။ သူတို့ဟာ လခထုတ်ဖို့နဲ့ ကုန်ကျစရိတ်တွေ ပေးဆောင်ဖို့ (Cycle) ထဲမှာပဲ ပိတ်မိနေပါတော့တယ်" ဟု လူမှုဗေဒလေ့လာသူတစ်ဦးက ဆိုသည်။ လူသားများကို ပင်ပန်းနွမ်းနယ်အောင် ထားရှိခြင်းသည် ၎င်းတို့ကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူစေသည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်းနှင့် အနားယူခွင့်ရသော လူ့အဖွဲ့အစည်းကသာ ရေရှည်တွင် ပိုမိုစွမ်းဆောင်ရည် မြင့်မားနိုင်ကြောင်း Urgly News က သတင်းတင်ပြအပ်ပါသည်။

[Urgly News - ရှင်သန်ခြင်းနှင့် အစာအိမ်][China Town,Yangon/MAY16]"မနက်ဖြန်မှ ဝိတ်စချမည်" ဟူသော ကမ္ဘာ့အယုံကြည်ရရဆုံးမဟုတ်...
16/05/2026

[Urgly News - ရှင်သန်ခြင်းနှင့် အစာအိမ်]
[China Town,Yangon/MAY16]
"မနက်ဖြန်မှ ဝိတ်စချမည်" ဟူသော ကမ္ဘာ့အယုံကြည်ရရဆုံးမဟုတ်သည့် ကတိစကားကို နေ့စဉ်ရွတ်ဆိုနေသူများထက်၊ လမ်းဘေးအသားကင်ဆိုင်တွင် အဆီတဝင်းဝင်းနှင့် ပျော်ရွှင်နေသူများက စိတ်ကျန်းမာရေး ပိုမိုကောင်းမွန်နေကြောင်း သုတေသီများက အတည်ပြုလိုက်သည်။
​"ဝမ်းဗိုက်အဆီသည် အဝတ်အစားဝယ်ရာတွင်သာ အနည်းငယ် အခက်အခဲရှိသော်လည်း၊ ညဘက်တွင် အသားကင်နှင့် အအေးကို ငြင်းပယ်ခြင်းမှာမူ လူ့ဘဝရှင်သန်ခြင်း၏ အဓိပ္ပာယ်ကို လုံးဝ (လုံးဝ) ပျောက်ဆုံးစေသည်" ဟု အမည်မဖော်လိုသူ အသားကင်ချစ်သူတစ်ဦးက နှုတ်ခမ်းပေါ်က အဆီများကို သုတ်ရင်း Urgly News သို့ ပြောကြားခဲ့သည်။

[URGLY NEWS-သိပ္ပံနှင့်နည်းပညာ]လူသားတစ်ဦးဧ။် စိတ်ဓာတ် ကြံခိုင်မှုကိုစစ်ဆေးရန် အကောင်းဆုံး အတိကျဆုံးနည်းလမ်းမှာ "ဖုန်းအာ...
16/05/2026

[URGLY NEWS-သိပ္ပံနှင့်နည်းပညာ]
လူသားတစ်ဦးဧ။် စိတ်ဓာတ် ကြံခိုင်မှုကိုစစ်ဆေးရန် အကောင်းဆုံး အတိကျဆုံးနည်းလမ်းမှာ "ဖုန်းအား ၁ရာခိုင်နှုန်း"နှင့် "အားသွင်းကြိုးမရှိခြင်း"ဖြစ်ကြောင်း
သိိပ္ပံပညာရှင်များက ဆိုသည်။အဆိုပါအခြေအနေတွင် လူသားများသည် ကမ္ဘာ ပျက်တော့မည်ထက် ပိုမိုဆိုးရွားစာ တုန်လှုပ်ခြောက်ခြားတတ်ကြသည်ကို
URGLY NEWS မှာ ကွင်းဆင်းလေ့လာခဲ့သည်။


[Urgly News - စီးပွားရေးကဏ္ဍ]သူဌေး ဖြစ်လိုသူများအတွက် ဖွင့်လှစ်ထားသည့်          အွန်လိုင်းသင်တန်းများတွင် သင်တန်းသားများ...
15/05/2026

[Urgly News - စီးပွားရေးကဏ္ဍ]

သူဌေး ဖြစ်လိုသူများအတွက် ဖွင့်လှစ်ထားသည့် အွန်လိုင်းသင်တန်းများတွင် သင်တန်းသားများမှာ ငွေကုန်ကြေးကျများ၍ ပိုမိုချမ်းသာ မလာသော်လည်း သင်တန်းပို့ချ​သည့် ဆရာများမှာမူ သင်တန်းကြေးများကြောင့် ချက်ချင်းဆိုသလို သူဌေးဖြစ်သွားကြကြောင်း သတင်းရရှိသည်။ "သူဌေးဖြစ်ချင်ရင် သူဌေးဖြစ်နည်းသင်တန်းဖွင့်ပါ" ဆိုသည့် လျှို့ဝှက်ချက်ကို သိရှိသွားသူများကလည်း နောက်ထပ်သင်တန်းသစ်များ ထပ်မံဖွင့်လှစ်ရန် ​စီစဉ်နေကြသည်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Urgly News.MM posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category