ARIES 9 April 98

ARIES 9 April 98 Close your eyes, breath out slowly and Listen! Your heart's beating.

အိမ်ပြန်ရက်ဟာဝေးရပါအုန်းမယ်၊တချို့ရက်တွေမှာ ရင်ထဲဟာတာတာ ကျွန်တော်အိမ်ပြန်ချင်ပါတယ်။အိပ်မက်တွေနောက် တစ်စတစ်စနဲ့လိုက်ခဲ့ရင...
13/09/2025

အိမ်ပြန်ရက်ဟာဝေးရပါအုန်းမယ်၊
တချို့ရက်တွေမှာ ရင်ထဲဟာတာတာ
ကျွန်တော်အိမ်ပြန်ချင်ပါတယ်။

အိပ်မက်တွေနောက် တစ်စတစ်စနဲ့လိုက်ခဲ့ရင်း၊
လွှတ်ခဲ့ရတဲ့လက်၊ ဆုံးရှုံးခဲ့ရတဲ့ ကိုယ့်ကိုကိုယ်၊
အိမ်ကထွက်လာမှန်းမသိ၊ ပြန်လှည့်ကြည့်ရင်
ကျွန်တော်ဟာ အိမ်နဲ့ တော်တော် လှမ်းခဲ့ရပါပြီ။

ထမင်းပူပူ ကို လက်ဖက်သုတ် နဲ့ စားခဲ့ရတဲ့ရက်တွေ၊
ဆေးပေါ့လိပ်ကို သူငယ်ချင်းတွေနဲ့ ဖွာခဲ့ရတဲ့နေ့တွေဟာ နိဗ္ဗာန်။

လူတန်းစေ့ဟာ ကြားကောင်းပေမယ့်၊
ဒီပတ်ဝန်းကျင်က ကျွန်တော်နဲ့မသက်ဆိုင်ဘူး။
အိမ်ပြန်လာရင်လည်း ပြောင်းလဲသွားတဲ့ အရင်နေရာဟာ ကျွန်တော်နဲ့သက်ဆိုင်ပါအုန်းမလား။

ပျော်ပါတယ် ကျွန်တော်ပျော်ပါတယ်၊
ကိုယ့်ကိုကိုယ်တော့ ဆုံးရှုံးလိုက်ရပါတယ်။

အားတင်းထားပေမယ့်
အိမ်ပြန်ခရီးဟာ ဝေးရပါအုန်းမယ်။

09/02/2025
18/09/2024

ကိုယ့်ကိုယ်ကိုဆုံးမစာ

အိမ်ပြန်ချင်နေတာလား ငါ့ကောင်၊
မင်းခရီးဘယ်လောက်ဝေးဝေးလျှောက်ရသေးလို့လည်း။

အချစ်ကို လွမ်းတာလည်းလွမ်းပေါ့၊
ဆေးလိပ်လေးတော့လျှော့သောက်၊ အသက်ရှင်ရအုန်းမယ်။

တစ်ခါတစ်လေတော့လည်း အချစ်ကိုအားနာမိရဲ့၊
ဆက်လျှောက်ရမယ့်ခရီးကဝေးသေးတယ်လေ။

ဘာမှမလုပ်နိုင်ဘူးလို့တွေးမိတိုင်းမှာ၊
မင်းကူညီဖူးတဲ့သူတွေကိုသတိရပါ။

စိတ်ဓာတ်ကို တည်ဆောက်၊ ခန္ခာကိုယ်ကိုတည်ဆောက်၊
ပင်ပန်းရင်တစ်ခါတလေတော့နားပေါ့။

ဘယ်ကိုသွားသွား၊ ဘယ်နေရာရောက်ရောက်၊
မြန်မာဆိုတာ​တော့မမေ့နဲ့။

အရေးကြီးဆုံးက ဘုရား၊တရားမမေ့နဲ့
ဒါပေမယ့် ဘုရားကိုတော့နားပူနားစာ သွားမလုပ်နဲ့၊
မင်းကိုယ်တိုင်လည်း အဲ့လိုလုပ်ရင်မကြိုက်ဘူးမဟုတ်လား။

Address

114 Street
Yangon
00000

Telephone

+959250283537

Website

Alerts

Be the first to know and let us send you an email when ARIES 9 April 98 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to ARIES 9 April 98:

Share

Category