KnowLedge Wave

KnowLedge Wave Sharing is caring.

နှုတ်နှင့် ဆောင်မခြင်း‌ ၊ လက်၏‌ ဆောင်မခြင်းများဖြင့် ကူညီနိုင်ကြပါစေ။Crd_photo
14/09/2024

နှုတ်နှင့် ဆောင်မခြင်း‌ ၊ လက်၏‌ ဆောင်မခြင်းများဖြင့် ကူညီနိုင်ကြပါစေ။

Crd_photo

Metric ရေတွက်မှုစနစ်မသုံးသော နိုင်ငံများပစ္စည်းတွေကို အလျားတွေနဲ့ထုထည်ပမာဏ ဖော်ပြရာမှာ သုံးတဲ့ Metric System ကို ကမ္ဘာပေ...
21/04/2023

Metric ရေတွက်မှုစနစ်မသုံးသော နိုင်ငံများ

ပစ္စည်းတွေကို အလျားတွေနဲ့ထုထည်ပမာဏ ဖော်ပြရာမှာ သုံးတဲ့ Metric System ကို ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၂၀၀ ကျော်လောက်က အသုံးပြုကြပါတယ်။
ဒါပေမဲ့ လိုက်ဘေးရီယား ၊ မြန်မာ နဲ့ အမေရိကန်ပြည်ထောင်စု စသော သုံးနိုင်ငံကတော့ ထူးထူးဆန်းဆန်းအသုံးမပြုပဲ နေကြတာပါ။

စုံစုံလင်လင် အပိုင်း(၁)ပုံများနှိပ်၍ ဖတ်ရှုပါ။
21/04/2023

စုံစုံလင်လင် အပိုင်း(၁)

ပုံများနှိပ်၍ ဖတ်ရှုပါ။

ကိုလိုနီခေတ်ဗမာပြည်ဓာတ်ပုံတစ်ခုအင်္ဂလိပ်စာရေးဆရာကြီး H.G.Wells နှင့် ဗမာပြည်လုံးဆိုင်ရာစာရေးဆရာ/မများ လက်ဖက်ရည်ပွဲကျင်းပ...
24/12/2022

ကိုလိုနီခေတ်ဗမာပြည်ဓာတ်ပုံတစ်ခု

အင်္ဂလိပ်စာရေးဆရာကြီး H.G.Wells နှင့် ဗမာပြည်လုံးဆိုင်ရာစာရေးဆရာ/မများ လက်ဖက်ရည်ပွဲကျင်းပပြီးနောက် တက္ကသိုလ်လှေကလပ်အ‌ဆောက်အုံအရှေ့ မြေကွက်လပ်တွင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ လက်ဖက်ရည်ပွဲသည် နောင်ဖြစ်ပေါ်လာမည့် မြန်မာပြည်စာရေးဆရာအသင်းကြီးဖွဲ့စည်းရန် ရှေ့တော်ပြေး ဖြစ်သည်။

(ဆရာဒဂုန်တာရာ့ စာအုပ်တအုပ်ထဲတွေ့လို့မျှဝေထားတာပါ)

အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃)  တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ...
15/11/2022

အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ယခုအပိုင်းသည် အပြင် (၃၇) နတ်တပါးချင်းစီ ၏ အကြောင်းအရာများကို ဖော်ပြမည့် နောက်ဆုံးအပိုင်းလည်း ဖြစ်ပါသည်။ ၂၅။ မောင်ဖိုးတူနတ် မောင်ဖိုးတူနတ် သည် ပင်းယမြို့သား လက်ဖက်ကုန်သည် ဖြစ်သည်။အင်းဝပထမမင်းခေါင် (၇၆၃ - ၇၈၃) လက်ထက် ဝန်တင် နှင့် မိုးမိတ် ၊ သီပေါမြို့သို့ အရောင်းအဝယ်လုပ်၍ အပြန်လမ်းတွင် လက်ဖက်ကုန် တင်လာရာ လမ်း၌ ကျားကိုက်သဖြင့် ကွယ်လွန်ပြီး နတ် ဖြစ်သည်။ ၂၆။ အနောက်မိဘုရားနတ် အနောက်မိဘုရားနတ် သည် အင်းဝပထမမင်းခေါင် ၏ အနောက်ဆောင်မိဘုရား ဖြစ်သည်။ အင်းဝမြို့အနောက်ဘက် ဝါခင်း သို့ မောင်းမတော်များနှင့် အပျော်အပါးသွားရာတွင် မီးဖွားပြီးချိန် သွေးနုသားနုဖြစ်ချိန်၌ မင်းကျော်စွာနတ်ကြီး မြင်းစီးလာသည်ကို မြင်တွေ့မိသဖြင့် သတိလစ်မေ့မျောသွားရာ ကံကုန်ပြီး နတ် ဖြစ်သည်။နတ်ရုပ်တု ထုလုပ်ရာတွင် အခြားနတ်များနှင့်မတူ သားငယ် ကို ပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးနေဟန် ထုလုပ်ရသည်။...

အပြင် (၃၇)မင်း နတ်များအကြောင်းကို အပိုင်း (၁) ၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည.....

အပြင် (၃၇)မင်း နတ်များ အကြောင်းကို အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း...
15/11/2022

အပြင် (၃၇)မင်း နတ်များ အကြောင်းကို အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အကြောင်း ကို ဆက်လက်ဖော်ပြပေးသွားပါမည်။ ၁၁။ ပရိမ္မရှင်မင်းခေါင်နတ် ပရိမ္မရှင်မင်းခေါင်နတ် သည် ကျည်းစိုးမင်း (၃၄၈ - ၃၅၄) ဖြစ်သည်။ ကွမ်းဆော်မင်း သည် ကျည်းစိုးမင်း အား သားအရင်းပမာ သဘောထား၍ ပရိမ္မာရွာကို အပိုင်စားပေးခဲ့သည်။ ထို့နောက် ကျည်းစိုးမင်း ဖြစ်လာသောအခါ တောကစားထွက်စဉ် မုဆိုးတစ်ဦးမှ သမင် ထင်မှတ်၍ မျှားဖြင့် ပစ်ရာမှ ထိုမျှားဒဏ်ရာဖြင့် အနိစ္စရောက်၍ နတ် ဖြစ်လေသည်။ ရိုးမတောတွင်းတွင် နတ်ဖြစ်သဖြင့် ရိုးမရှင်မင်းခေါင်နတ် ဟု ခေါ်ဝေါ်ကြသည်။ ၁၂။ ရွှေဖျဉ်းကြီး ရွှေဖျဉ်းကြီးနတ် ကို မင်းကြီး ၊ နောင်တော်ကြီးနတ် ဟု လည်း ခေါ်ကြသည်။ ပုဂံခေတ် အနော်ရထာမင်းလက်ထက် သထုံမှ ကုလားဗျတ္တ နှင့် ပန်းစားဘီလူးမ မယ်ဝဏ္ဏ တို့၏ သားနှစ်ဦး အနက် သားကြီး ဖြစ်သည်။...

အပြင် (၃၇)မင်း နတ်များ အကြောင်းကို အပိုင်း (၁) နှင့် အပိုင်း (၂) တို့တွင် ဖော်ပြခဲ့ပြီး ဖြစ်ရာ ကျန်သည့် နတ်များ အ....

လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အ...
15/11/2022

လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ အပိုင်း (၂) နှင့် အပိုင်း (၃) ၊ အပိုင်း (၄) တို့တွင် နတ်များအကြောင်းကို အသေးစိတ်ဖော်ပြသွားပါမည်။ ၁။ သိကြားမင်း သိကြားနတ်သည် မိုး နှင့် မိုးကြိုးကို အစိုးရသည်။ လူတို့ကို ကာကွယ်စောင့်ရှောက်၍ လူတို့အပေါ် ကောင်းကျိုး ၊ ဆိုးကျိုးကို ကြည့်ကာ စီမံ စီရင်သူ ဖြစ်သည်။ ၂။ မင်းမဟာဂီရိနတ် မဟာဂီရိနတ် သည် တကောင်းမြို့မှ ပန်းပဲမောင်တင့်တယ် ဖြစ်သည်။ မင်းမဟာဂီရိနတ် စတင်ဖြစ်ထွန်းရာ ကာလမှာ ပုဂံခေတ် သေဉ်လည်ကြောင်မင်းလက်ထက် (အေဒီ ၃၄၄ - ၃၈၇) လက်ထက် ဟု ဆိုသည်။ ပန်းပဲဦးတင့်တော် ၏ သား မောင်တင့်တယ် သည် "ဆင်ပြောင်ကိုပင် ချီနိုင်သည် ၊ ဆင်စွယ်ကိုပင် ချိုးပစ်နိုင်သည်" ဟု ဂုဏ်သတင်းမွှေးပျံ့ရာ တကောင်းဘုရင်သည် စိုးရိမ်သဖြင့် လိုက်လံဖမ်းဆီးသောကြောင့် ထွက်ပြေးရသည်။ …...

  လူအများစု လက်ခံကိုးကွယ်နေကြသော အပြင် (၃၇)မင်း နတ်များ ၏ အမည်နာမ အစဉ်လိုက် အား အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီး ဖ.....

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)
15/11/2022

(၃၇) မင်း နတ်များအကြောင်း (အပိုင်း-၁)

 မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်အရ (၃၇)မင်း နတ်များ ဟု အထင်အရှားရှိရာ အချို့လူများက နှစ်သက်စွာ လက်ခံကြသော်လည...

ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝင်ခဲ့သည်။ ထ...
15/11/2022

ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝင်ခဲ့သည်။ ထိုခေတ် အချိန်အခါက ရွှေဖျဉ်းညီနောင် နှင့် တစ်ဆက်တည်း နတ် ဖြစ်ကုန်သော နတ်အနွယ်တော်များ ရှိခဲ့သေးသည်။ ၎င်းနတ်များကို လူအများ ကိုးကွယ်ပူဇော်နေကြသေးသည်။ ထိုနတ်များသည် အပြင် (၃၇) မင်း နတ်များစာရင်းတွင် မပါဝင်သောလည်း ကိုးကွယ်မှုခံယူနေကြရသော နတ်အနွယ်များ ဖြစ်သည်။ ရွှေဖျဉ်းညီနောင် တို့နှင့် အဆက်အနွယ်ဖြစ်ပြီး လူအများ၏ ကိုးကွယ်မှုခံရသော နတ်အနွယ် (၉) ပါး ရှိသည်။ ၎င်းတို့မှာ - ၁။ ပုပ္ပားမယ်တော် (မယ်ဝဏ္ဏ) ၂။ မယ်ခေမာ (ခေါ်) ခင်မသာ နတ် ၃။ တောင်တော်သခင်မ (မရွှေဥ) ၄။ မစောခင်နတ် ၅။ မောင်ရင်မောင်နတ်...

ပုဂံခေတ် အနော်ရထာမင်းကြီး လက်ထက်တွင် ရွှေဖျဉ်းညီနောင် မှာ နတ် ဖြစ်ပြီး အပြင် (၃၇) မင်း နတ်များ စာရင်းတွင် ပါဝ....

ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်ဦးရှင်ကြီး အကြေ...
15/11/2022

ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်ဦးရှင်ကြီး အကြောင်းနှင့်ပတ်သက်၍ မိန်းမလှကျွန်းသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ထင်ရှားကျော်ကြားသည်။ ရေနေသတ္တဝါ ဖြစ်သော မိကျောင်းများလည်း အလွန်ပေါသည် ဟု ဆိုကြသည်။ မိန်းမလှကျွန်းတွင် မြရာပင်များနှင့် စိမ်းလန်းစိုပြေနေပြီး ထိုကျွန်း၏ တောင်ဘက်တွင် ကျွန်းညိုကြီး ဟု အမည်ရှိသော ကျွန်းတစ်ကျွန်းလည်း ရှိသေးသည်။ ဦးရှင်ကြီး ကို အချို့က ကျွန်းညိုရှင် ဟုလည်း ခေါ်ဆိုကြသည်။ ကျွန်းညိုကြီးသည် ယခုအခါတွင်မူ လူနေအိမ်ခြေများဖြင့် စည်ကားလျက် ကျွန်းညိုရွာ ဟု ခေါ်နေကြပြီ ဖြစ်သည်။ရာမညတိုင်း ၊ မွန်လူမျိုးများကောင်းစားစဉ်အခါက ပဲခူးနယ် ၊ စည်တီးရွာသား မောင်ရှင် သည် အသက်အရွယ်ငယ်စဉ် ဖခင်သူကြီးဖြစ်သူ ကွယ်လွန်သွားသဖြင့် ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်တတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာကာ မိခင်မုဆိုးမကြီး ဒေါ်ဖြူ ကို ကျွေးမွေးရသည်။သားငယ်မောင်ရှင် ကို ရှင်သာမဏေ မဝတ်ပေးရသေးသောကြောင့် ဒေါ်ဖြူက သူမ၏ ခင်ပွန်း မကွယ်လွန်မီ ကောင်းစားစဉ်အခါက အစ်မဖြစ်သူ ဒေါ်သူ အား ငွေ (၃) ပိဿာ ချေးငှားပေးခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူ မှာ ကြွယ်ဝချမ်းသာနေပြီဖြစ်သောကြောင့် သားရှင်ပြုရန်အတွက် သွားရောက်တောင်းဆိုခဲ့သည်။ဒေါ်သူ က ငွေကို မပေးသည့်အပြင် ဆဲဆိုကြိမ်းမောင်းနှိပ်စက်လွှတ်လိုက်သဖြင့် ရှက်လည်းရှက် ၊ စိတ်လည်း နာ၍ မောင်ရှင် တို့ သားအမိနှစ်ဦး ဒလ သို့ လာရောက်နေထိုင်ကြသည်။ မောင်ရှင် သည် ရှင်သာမဏေဝတ်ရန်အတွက် ငွေကြေးရရှိအောင် လှေတစီးတွင် မျောခုတ်သမား ၊ လှေထိုးသား အဖြစ်ဖြင့် လိုက်သွားရာ မိန်းမလှကျွန်း သို့ ရောက်ခဲ့သည်။မိန်းမလှကျွန်းတွင် ကရင်မုဆိုးမကြီး ၏ သမီး (၄) ဦးတို့သည် ကျားကိုက်ခံရ၍ သေခဲ့ရပြီး နတ်စိမ်းဘဝ ဖြင့် စောင့်ကြပ်နေကြရသည်။ မောင်ရှင် လိုက်ပါလာသောလှေသည် မိန်းမလှကျွန်းသို့ ရောက်ရှိခဲ့ပြီး မျောများခုတ်ယူနေကြစဉ် တစ်နေ့သောအခါ လှေစောင့်တာဝန်ဖြင့် မောင်ရှင်သည် နေကျန်ရစ်ခဲ့ရသည်။ ပျင်းရိသဖြင့် အပျင်းပြေစောင်းတီးခတ်ရာမှ မိန်းမလှကျွန်းစောင့် နတ်သမီးများ မှ သဘောကျနှစ်သက်ပြီး လှေပြန်ထွက်ချိန်တွင် လှေကို ပြန်လည်ထွက်ခွာမှုမပြုနိုင်အောင် နတ်အစွမ်းဖြင့် ဆွဲထားကြသည်။လှေသူကြီးမှ မဲချ၍ လူရွေးရာ မောင်ရှင် သည် သုံးကြိမ်တိုင်တိုင် မဲကျသဖြင့် သူ့အား ရေထဲသို့ ပစ်ချကြရာ ရေထဲမရောက်မီတွင် ပျောက်သွား၍ အရှင်လတ်လတ် နတ် ဖြစ်သွားသည် ဟု ဆိုကြသည်။(၃၇) မင်းနတ်များ တွင် မပါဝင်သော်လည်း နတ်ထိန်း ၊ နတ်ကတော်များ နတ်ကန္နားပေး၍ ပွဲပြုလုပ်သည့်အခါတိုင်း ဦးရှင်ကြီး ကို ဆွမ်းတင်မြှောက်သ ကိုးကွယ်ကြသည်။ Written by KnowLedgeWave.

 ရေငန်ဒေသ ၊ ပင်လယ်ပြင် နှင့် ရေလုပ်ငန်းများဖြင့် မကင်းကြသူများသည် ဦးရှင်ကြီး ကို ပူဇော်ပသကြသည်။ ရေငန်ပိုင်....

အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်သမားများအား စောင...
15/11/2022

အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်သမားများအား စောင့်ရှောက်ကူညီသည် ဟု ဆိုကြသည်။ ကျွဲသူခိုး ၊ နွားသူခိုးများ ကပါ ကိုးကွယ်ပူဇော်ကြသည်။ မြန်မာ့နတ်ရာဇဝင်များ ၌ အမေဂျမ်းနတ် ကို လွန်စွာနှုတ်ကြမ်းသူ ဟု ဖော်ပြကြသည်။မူလက အမေဂျမ်း မှာ မြန်မာ့ရာဇဝင်များမှာကဲ့သို့ စရိုက်ကြမ်းသူ မဟုတ်သော်လည်း ထန်းရည်သမား ၊ အရက်သမား ကိုတက်ခါး ဆိုသူနှင့် အကြောင်းသင့်ပေါင်းဖက်ရာမှ နောင်တွင် ကိုယ်အမူအရာ ၊ နှုတ်အမူအရာကြမ်းတမ်း သွားသည် ဟု ဆိုကြသည်။ အမေဂျမ်း သည် အဆဲ ၊ အဆို ၊ အပြုအမူကြမ်းတမ်းသောကြောင့် သူတစ်ပါး ၏ သတ်ဖြတ်ခြင်းကို ခံရပြီး သေလွန်သောအခါ နတ် ဖြစ်သည်။ အချို့ရာဇဝင်များ ၌ အမေဂျမ်း သည် သူခိုးကြီးငတက်ပြား ၏ ဇနီးဖြစ်ပြီး မင်းမျက်ဒဏ်သင့်သောကြောင့် ကွပ်မျက်ခြင်းကို ခံရရာမှ ကွယ်လွန်၍ နတ် ဖြစ်သည် ဟု ဆိုကြပြန်သည်။ Written by KnowLedgeWave.

အမေဂျမ်း ကို ကျောက်ဆည်နယ်တဝိုက် နှင့် တံတားဦးနယ်တို့တွင် အထူးပူဇော်ပသကြသည်။ ကျွဲနွားပိုင်ရှင် တောင်သူလယ်.....

Welcome to our KnowLedgeWave Blog. We're trying to give you knowledge. Thanks for your reading our Articles..
15/11/2022

Welcome to our KnowLedgeWave Blog. We're trying to give you knowledge. Thanks for your reading our Articles..

Welcome to our KnowLedgeWave Blog. We’re trying to give you knowledge. Thanks for your reading our Articles..

Address

Sheet Taung Gyrr Street
Yangon
11381

Alerts

Be the first to know and let us send you an email when KnowLedge Wave posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to KnowLedge Wave:

Share