forheR

forheR ကဗျာ တွေကို ချစ်ပါ။

12/05/2024

ကိုယ်ပြောဖူးပါတယ်။

ရင်းနှီးပြီးမှ ပြန်စိမ်းသွားတဲ့...

သူစိမ်းတွေက ပိုစိမ်းတဲ့အကြောင်း။ ။

#နွေသစ်ငြိမ်း

27/02/2024

ချစ်တယ်တဲ့...

ကျွန်တော်ကျေးဇူးတင်ခဲ့ပါတယ်။

#အောင်ချိမ့်

14/02/2024

Head Shot

တစ်ကောင်ပစ်ရင် နှစ်ကောင်ရမယ်
ဟောဒီမှာ အောက်ချင်းငှက်တွေ

တဖူးအညှာခြွေရင်
တဖူးအညှာ လိုက်ကြွေတယ်
ဟောဒါကျ သစ္စာပန်းလေ

ငါ့သစ်စာကို
မင်းရုပ်ရည် ပျက်တဲ့အခါ မြင်ရမယ်

မင်းသစ္စာကို
ငါ ဆင်းရဲချိန်ကျ မြင်ရမပေါ့

ကောင်းကင်ဟာ မြေကြီးကိုနမ်းဖို့အတွက်
သက်တန့်ကြီး ဖန်ဆင်းလိုက်တယ်

တစ်လွှာခူးရင် နှစ်လွှာအပူးလိုက် ရမယ်
ငါတို့ဟာ စွယ်တော်ရွက်တွေ ။

ဆန်းကျော်စွာဝင်း

28/01/2024

ပေးချင်ရင် အရက်ဖိုးပဲပေး

မျှော်လင့်ချက်တွေတော့ လာမပေးနဲ့

ဒီလူသားက. . .

မူးပဲ မူးချင်တာ မရူးချင်သေးဘူး။

17/01/2024
12/01/2024

ရထား အမှားက

ဘူတာရုံ အမှန်ကို ခေါ်သွားပေးမှာပါ

ငါ့ရထားက ငါ့တရားပဲ

မင်း ကို ကိုယ် ချစ် ခဲ့ တယ်။

#သုခမိန်လှိုင်

12/01/2024

မသေတဲ့ အနုပညာတွေ ရခဲ့တယ်

မပျော်တဲ့ ခေတ်တွေ ရခဲ့တယ်

မကျတဲ့ စိတ်တွေ ရခဲ့တယ်

မသောက်တဲ့ အရက်တွေ ပိုမူးတယ်

မင်း ကို ကိုယ် ချစ် ခဲ့ တယ်။

#သုခမိန်လှိုင်

09/01/2024

ကျန်ခဲ့သူနဲ့
ချန်ခဲ့သူ
ဘယ်သူပိုခံစားရလဲတဲ့

ပိုချစ်တဲ့သူက
ပိုခံစားရမှာပေါ့
မင်းလိုလူမျိုးနဲ့မင်းပြန်တွေ့တဲ့အခါ
မင်းနားလည်လာမှာပါ။


🌊 ☁️
08/12/2023

🌊 ☁️

28/11/2023

ကျနော်တို့ဟာ မီးပုံပျံတွေလိုများလား?

တချိန်မှာ...

လွှင့်တင်ပြီး အဝေးကြီးကိုခွဲခွာရဖို့အတွက်...

တကူးတက ပြင်ဆင်ပြီး...

ပျော်ရွှင်နေခဲ့ ရတာမျိုးလေ။


#မီးပုံပျံ

Address

Yangon
11011

Website

Alerts

Be the first to know and let us send you an email when forheR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category