31/12/2019
#အားကစားကဏ္ဍ
2019 ခုနှစ်အတွင်း ဘောလုံးကမ္ဘာအား ပြန်လည်ရင်ခုန်ခြင်း
2019 ခုနှစ်ကတော့ ဘောလုံးလောကအတွက်အတော်လေး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းလွန်းတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါပြီ။ မယုံနိုင်စရာကောင်းလွန်းတဲ့ပြန်လာမှုတွေ၊ ပရမ်းပတာဖြစ်စဥ်တွေ၊ အံ့သြချီးကျူးဖွယ်ရာဂိုးလ်တွေ၊ ကြိုတင်ခန့်မှန်း မရနိုင်တဲ့ရလဒ်တွေ နဲ့ ပြည့်နှက်ခဲ့တဲ့ နှစ်တစ်နှစ်ပါ။ခု ကျွန်တော်တို့ 2019 ခုနှစ်အတွင်း ဥရောပဘောလုံးဇာတ်ခုံပေါ်က
အံ့ဖွယ်အကောင်းဆုံးမြင်ကွင်းတွေ နှင့်ဖျော်ဖြေမှုအချို့ကိုပြန်လည် ရင်ခုန်ကြပါစို့ဗျာ။
*TEAM OF THE YEAR*
Liverpool ပေါ့ဗျာ... Champions league ရတယ်၊
Uefa Super Cup ရတယ်၊ The club World Cup Winner ဖြစ်တယ်။ ဒါလောက်ပဲလားဆိုတော့ မဟုတ်သေးဘူးဗျ။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာလဲ မန်ယူနဲ့အာဆင်နယ် နှစ်သင်းပေါင်း ရမှတ် 55 မှတ်ဖြစ်တဲ့ အချိန်မှာ လီဗာပူးလ် တစ်သင်းတည်းရမှတ်က 55 မှတ်ဖြစ်နေပါပြီ။(မှတ်ချက်။ မန်ယူနိုက်တက်နှင့် အာဆင်နယ်အသင်းတို့ကို ချိုးနှိမ်လိုသော စိတ်ရင်းမပါပါ။🙏🙏🙏🙏) မာဆေးဆိုက်ဒ်ဒေသခံ လိုင်ဗာငှက်တွေက သူတို့ရဲ့အိမ်ကွင်း ပွဲ 50 ရှုံးပွဲမရှိ ကစားထားနိုင်တဲ့ တစ်ခုတည်းသော အသင်းဖြစ်တယ်။
အချိန်အတော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရရှိဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်ကတော့ 2019 ခုနှစ်ရဲ့ အကောင်းဆုံးအသင်းအဖြစ် Liverpool ကို ရွေးချယ်လိုက်ပါတယ်။
*PLAYER OF THE YEAR*
Messi, Lional Messi ပေါ့... သူက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ယောက်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူး။ သူက ဂိုးတွေသွင်းတယ်။ ဂိုးဖန်တီးမှုတွေ ပြုလုပ်တယ်္၊ ကစားဖော်တွေအတွက် Big chance တွေဖန်တီးပေးတယ်၊ ခြောက်ကြိမ်မြောက် FIFA Best of players award ကိုရထားတယ်၊ ခြောက်ကြိမ်မြောက် Ballon d'or ဆုကို သိမ်းပိုက်ထားတယ်။
2019 ခုနှစ်အတွက် တစ်ခြားချီးကျူးဖွယ်ကစားသမားတွေလည်း ရှိပါသေးတယ်။
Mbappe, Lewandowski, Van Dijk, Mane, Allison. အစရှိသရွေ့ပေါ့ဗျာ...
*COACH OF THE YEAR*
Jurgen Klopp လို့ ပြောရင် မိတ်ဆွေငြင်းမလာ..?
ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း Premier League Title ရဖို့ အနီးစပ်ဆုံးအနေအထားကနေဆုံးရှုံးခဲ့ရတယ်။ ရမှတ် 97 မှတ်နဲ့ အကောင်းဆုံးရအရှုံးသမားဖြစ်ခဲ့တယ်။ နှစ်ကြိမ်ဆက်တိုက် Champion League Final ရောက်တယ်၊ တစ်ကြိမ် Winner ဖြစ်တယ်၊
UEFA Super Cup ယူပေးတယ်၊ Club World Cup ရတယ်။ ပြောင်မြောက်တဲ့ နည်းပြ တစ်ဦးပါပဲ။
*TEAM OF THE YEAR*
Allison
T.A.Arnold Van Dijk Robertson
Kimmich De Jong
De bruyne
Messi Mane
Lewandowski Mbappe
Honorable Mentions: Benzema, Koulibaly, Wijnaldum, Ziyech, Bernando Silva, Ter Stegen, Sterling, Ronaldo.
*MATCH OF THE YEAR*
Ajax 2-3 Tottenham (UCL)
Juventus 4-3 Napoli (Serie A)
Liverpool 5-5 Arsenal(Carabao Cup)
Villarreal 4-4 Barcelona (La Liga)
Chelsea 4-4 Ajax (UCL)
Dortmund 3-3 RB Leipzig (Bundesliga)
Valencia 2-2 Chelsea (UCL)
Liverpool 4-3 RB Salzburg (UCL)
* 2019 ခုနှစ်ရဲ့ အဆိုးဆုံးကစားသမား *
Jesse lingard 😞😞😞
ခုလို သတ်မှတ်လို့ ကျွန်တော့်ကို ယူနိုက်တက်ပရိသတ်တွေစိတ်ဆိုးကောင်း စိတ်ဆိုးနိုင်ပါတယ်။
ယူနိုက်တက်အတွက် 2019 ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ် ဂိုးေလးတစ်ဂိုး ဂိုးဖန်တီးမှုလေး တစ်ကြိမ်တောင် ပြုလုပ်ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။
ာအဆုံးသတ်ခဲ့သည်။ သူရဲ့ တစ်ခုတည်းသောဂိုးလ်ကတော့ ကာဇက်စတန်ကလပ် အက်စတာနာကို 2-1 နဲ့ ရှုံးနိမ့်ခဲ့တဲ့ Europa League ပွဲစဥ်မှာပါ။
တစ်ပတ်ပေါင် 100000 ကျော် ရရှိနေတဲ့ ယူနိုက်တက်ကစားသမားတစ်ယောက်အတွက် ဒီမှတ်တမ်းက ဆိုးရွားလွန်းခဲ့ပါတယ်။
To Win
article