TripleS Entertainment

TripleS Entertainment TripleS will always brings top-quality events that allow you to taste the best music experience.

Celebrating with an epic crowd and overwhelming support🎉The Monochrome Chapter II After Party was a blast, and the suppo...
18/09/2023

Celebrating with an epic crowd and overwhelming support🎉
The Monochrome Chapter II After Party was a blast, and the support from our friends and fans was nothing short of incredible! 🥂🙌

📸 : Jounce Zinger 🔥

Monochrome Chapter II was so energetic with shoulder to shoulder crowd 🔥We can’t be more grateful for this wonderful nig...
15/09/2023

Monochrome Chapter II was so energetic with shoulder to shoulder crowd 🔥
We can’t be more grateful for this wonderful night 💢
Thanks to all the monochromers who have come under the same banner despite the bad weather 🖤🤍
U guys rock the monochromatic night💥

📸 : Jounce Zinger 🔥

၉ ရက် ၉ လ Hexagon Complex မှာကျင်းပသွားခဲ့တဲ့ ကျွန်တော်တို့ TripleS Entertainment ရဲ့ MONOCHROME CHAPTER II festival ကြီ...
12/09/2023

၉ ရက် ၉ လ Hexagon Complex မှာကျင်းပသွားခဲ့တဲ့ ကျွန်တော်တို့ TripleS Entertainment ရဲ့ MONOCHROME CHAPTER II festival ကြီးက အခက်အခဲများစွာကြားထဲမှာမှ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ ခင်ဗျာ။ ကျွန်တော်တို့ entertainment ရဲ့ ပထမဆုံး ပွဲဦးထွက် festival ကြီးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် ဒီပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြတဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ကျွန်တော်တို့ team မှ ထပ်မံပြောကြားလိုပါတယ် ခင်ဗျာ။ ကျွန်တော်တို့ပွဲအပေါ် အထင်မြင် လွဲမှားမှုများရှိနေသော အတွက်ကြောင့်လဲ အသေးစိတ်အနေနဲ့ အောက်ပါအချက်အလက်များကို ကျွန်တော်တို့ဘက်မှ ပြန်လည်ဖြေရှင်းပေးချင်ပါတယ်ခင်ဗျာ။

• ကျွန်တော်တို့ Cesqeaux ကို ပွဲအတွက်လာရောက်ဖျော်ဖြေနိုင်ရန်အတွက် သူ၏ agency နှင့် Contract တွေ Visa Application ကိစ္စများ အားလုံးကို August လအစပိုင်းထဲမှာပင် အားလုံးဆောင်ရွက်ပြီးစီးထားပြီဖြစ်ပါတယ်။
• လေယာဉ်ကိစ္စကိုလဲ ကြိုတင်ပြင်ဆင်ခြင်းမရှိခဲ့တာမျိုးမဟုတ်ပဲ ကျွန်တော်တို့ဘက်မှ ကြိုလာပေးရန် request လုပ်ပြီး hotel booking အစ ၂ ရက်ကြိုတင်ပြင်ဆင်ပေးခဲ့ပြီး သဘောတူညီခဲ့ပြီးဖြစ်ပါတယ်။
• သို့သော် ပွဲရက်နားနီး ရက်ပိုင်းအလိုမှသာ လေယာဉ်ချိန်ပြောင်းရွေ့ကြောင်းကို အကြောင်းကြားလာပြီး ပွဲနေ့မှသာ လာရောက်နိုင်မည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါတယ်။
• ပွဲနေ့မနက်ရောက်သည်အထိ ကျွန်တော်တို့သည် Cesqueax အတွက်ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီး ရောက်လာသည်နှင့် ပွဲကို ချောချောမွေ့မွေ့ဖျော်ဖြေနိုင်ရန် အသင့်စောင့်နေခဲ့ကြတာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ Door Opening မတိုင်ခင် ၂ နာရီအလိုမှသာ Cesqueax သည် လေယာဉ်လွတ်သွားကြောင်း ဒီနေ့ပွဲကိုလာရောက်ဖို့အတွက် အခြားလေယာဉ်များလည်း မရှိတဲ့ အတွက်ကြောင့် လာရောက်ဖျော်ဖြေနိုင်ခြင်း မရှိတော့ကြောင်း အကြောင်းကြားလာပါတယ်ခင်ဗျာ။
• ကျွန်တော်တို့အနေနဲ့ options အမျိုးစုံစဉ်းစားကြတဲ့အချိန်မှာ လက်ရှိ regional ထဲမှာ ကျွန်တော်တို့ပွဲ ကျွန်တော်တို့ headliner ကို support လုပ်ပေးနိုင်မယ့် artist မရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့အမျိုးမျိုးစဉ်းစား အကြပ်ရိုက်ခဲ့ရပါတယ်ဗျာ။
• နောက်ဆုံးတွင် ကျွန်တော်တို့ရဲ့ အနူးအညွတ်တောင်းဆိုမှုများကြောင့် ဘယ်နိုင်ငံ ဘယ်သူ့စီမှာမှ မချပြပေးဖူးသေးတဲ့ Terror Bass 2HR exclusive set ကို ကျွန်တော်တို့ team အနေနဲ့ လုပ်ခွင့်ရခဲ့ပါတယ်ခင်ဗျာ။ ထို့အတွက်ကြောင့် ဒီနောက်ဆုံးအချိန်တောင်းဆိုမှုအတွင်းမှာ ပွဲမပျက်သွားအောင် ကူညီပေးခဲ့တဲ့ Terror Bass အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုစိုင်းထက်ဝေ နဲ့ ကိုလွင်ဇင်ကိုလတ်ကို ကျွန်တော်တို့အနေနဲ့ အတိုင်းမသိကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ခင်ဗျာ။ ဒါ့အပြင် ပါဝင်ကူညီအားဖြည့်ပေးခဲ့ကြတဲ့ LSR နဲ့ LSRDF က artist များ တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ရှိကြောင်း ကျွန်တော်တို့ ထပ်မံပြောဆိုချင်ပါတယ်ခင်ဗျာ။
• Cesqueax နှင့်ပါတ်သတ်ပြီး နောက်ဆက်တွဲကိစ္စများကိုတော့ ကျွန်တော်တို့တွေအခု ရှင်းလင်းနေကြပြီဖြစ်ပါတယ်ခင်ဗျာ။ သူ့အနေနဲ့ရော သူ့ agency ကပါ ကျွန်တော်တို့ team နှင့် fans တွေကိုလည်း တောင်းပန်ကြောင်း ထပ်ဆင့်ပြောကြားလိုပါတယ်ခင်ဗျာ။

နောက်ဆုံးအနေနဲ့ ကျွန်တော်တို့က သီချင်းတွေကို ရူးသွပ်ပြီး festival တွေသွားရတာ ကြိုက်နှစ်သက်တဲ့ လူငယ်တစ်စုက ပြုလုပ်လိုက်တဲ့ ဒီပွဲကို လာရောက်အားပေးကြတဲ့ တစ်ဦးချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ လိုအပ်ချက်များကိုပါ နားလည်ခွင့်လွှတ်ပေးကြရန်လဲ တောင်းဆိုချင်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။

10/09/2023

ကျွန်တော်တို့ Monochrome Chapter II ပွဲကို လာရောက် အားပေးကြတဲ့သူများအားလုံးကို ပထမဆုံး ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။

Cesqueax အနေနဲ့ ကျွန်တော်တို့ရဲ့ပွဲကို ပွဲချိန်နီးကပ်ပြီးမှသာ မလာရောက်နိုင်ကြောင်း အကြောင်းကြားလာတဲ့အတွက် ကျွန်တော်တို့ organizer team ဘက်မှလဲ အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစားပြီး ပြသနာကို ဖြေရှင်းဖို့ ကြိုးစားပင်မယ့် လေယာဉ်အချိန်ထပ်မရှိတော့တာကြောင့် ကျွန်တော်တို့ပွဲကို လာရောက်ဖျော်ဖြေနိုင်ခြင်း မရှိခဲ့ပါဘူးခင်ဗျာ။ ကျွန်တော်တို့ team အနေနဲ့ လေယာဉ်လက်မှတ်ကိုလည်း ကြိုတင်စီစဉ်ထားပေးခဲ့ပင်မယ့် ပွဲနေ့ရက်အချိန် flight ကိုသာ အနီးကပ်မှာပြောင်းလဲခဲ့တဲ့အတွက် ကျွန်တော်တို့ကြိုတင်ပြင်ဆင်ခဲ့ပင်မယ့် အရာမထင်ဖြစ်သွားခဲ့ရပါတယ်ခင်ဗျာ။ ဒီအတွက်ကိုလည်း ကျွန်တော်တို့ Cesqueax ရဲ့ ဗီဒီယိုကိုပါ အားလုံးရှင်းလင်းစွာ သိနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျာ။

နောက်ဆုံးအချိန်အတွင်းမှာ တခြားဘယ်နိုင်ငံမှာမှ မဖွင့်ပေးဖူးတဲ့ 2HR exclusive set ကိုဖွင့်ပေးပြီး ကူညီပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့ Headliner Terror Bass ကိုလဲ ကျွန်တော်တို့ဘက်က ပြောမပြတတ်အောင်ကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ပွဲကို လာရောက်ပေးခဲ့ကြတဲ့သူ တစ်ဦးချင်းကို ကျေးဇူးအထူးတင်ရှိပြီး လိုအပ်ချက်များအတွက် ခွင့်လွှတ်နားလည်ပေးကြပါရန် တောင်းဆိုပါတယ်ဗျာ။

Again we sincerely apologize for this unfortunate event.

ကျွန်တော်တို့ Monochrome Chapter II ပွဲမှာမမျှော်လင့်တဲ့ ကိစ္စတစ်ခုဖြစ်တဲ့ Cesqueax က လေယာဉ်ချိန်မမှီဖြစ်သွားတဲ့အတွက်ကြေ...
09/09/2023

ကျွန်တော်တို့ Monochrome Chapter II ပွဲမှာမမျှော်လင့်တဲ့ ကိစ္စတစ်ခုဖြစ်တဲ့ Cesqueax က လေယာဉ်ချိန်မမှီဖြစ်သွားတဲ့အတွက်ကြောင့် အချိန်မှီမလာရောက်နိုင်တဲ့အတွက် အားလုံးကို အနူးအညွတ်တောင်းပန်အပ်ပါတယ်..
ဒါပေမယ့် အားလုံးကဲနိုင်အောင် အထူးအစီအစဉ်အနေနဲ့ ဘယ်ပွဲမှာမှ မတီးဖူးသေးတဲ့ Terror Bass ရဲ့ 2 hours exclusive set ဖြင့် ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

Let there be a monochromatic event🔥Monochrome Chapter II Festival က ဒီနေ့ညနေ 3 pmမှာ door open စတင်တော့မှာ ဖြစ်ပါတယ်။🥳လက...
09/09/2023

Let there be a monochromatic event🔥

Monochrome Chapter II Festival က ဒီနေ့ညနေ 3 pmမှာ door open စတင်တော့မှာ ဖြစ်ပါတယ်။
🥳လက်မှတ် ဝယ်ယူထားသူများအနေနဲ့လည်း စောင့်ဆိုင်းစရာမလိုဘဲ ကဲနိုင်ပြီ ဖြစ်သလို sales period အတွင်းမှာ မဝယ်လိုက်ရသူများအနေဖြင့် Ticket Counter မှာ Walk-in Ticket Priceနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။🚨

Ticket စတင်ရောင်းချတည်းက ဝယ်ယူအားပေးကြသူများကို TripleS Entertainment ဘက်က ကျေးဇူးအထူးတင်ရှိသလို ဒီနေ့ပွဲမှာ Artist တယောက်ချင်းစီတိုင်းက ဘယ်လိုဖျော်ဖြေမှု ရသတွေပေးမလဲဆိုတာ တူတူ စောင့်မျှော်ကြည့်ရအောင်ဗျာ🤘

Reminder to all monochromers 🚨🚨Once you leave, there’s no turning back! 🚫 Enjoy the festival responsibly and follow thes...
09/09/2023

Reminder to all monochromers 🚨🚨

Once you leave, there’s no turning back! 🚫
Enjoy the festival responsibly and follow these Dos and Don’ts for a memorable experience.

September 9 ရက်နေ့ Monochrome ပွဲနေ့တွင် ကွင်းအတွင်းဝင်ရောက်ပြီးပါက ပြန်လည် ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ‼️‼️

Stay safe and let’s enjoy unforgettable monochromatic festival🔥

1 Day to go !!!! မနက်ဖြန် ဒီလိုအချိန်မှာဆိုရင်တော့ အားလုံးပွဲထဲမှာ ကဲနေတော့မှာနော်..ကိုယ်မကဲရဘဲ မကျန်ခဲ့လေရအောင် လက်မှတ်...
08/09/2023

1 Day to go !!!!
မနက်ဖြန် ဒီလိုအချိန်မှာဆိုရင်တော့ အားလုံးပွဲထဲမှာ ကဲနေတော့မှာနော်..
ကိုယ်မကဲရဘဲ မကျန်ခဲ့လေရအောင် လက်မှတ်တွေ ဝယ်ထားကြနော်…

Monochrome Chapter II After PartyMonochrome Chapter II Music Festival မှာ ကဲရတာမဝသေးတဲ့သူမျာ: အတွက် After Party ကို စီစဉ...
08/09/2023

Monochrome Chapter II After Party

Monochrome Chapter II Music Festival မှာ ကဲရတာမဝသေးတဲ့သူမျာ: အတွက် After Party ကို စီစဉ်ထားပါတယ်🥳

Arco, Rakhan , I am Tee တို့နဲ့အတူ အခြားသော Artists များနှင့်အတူ FUSE မှာ ဆက်လက်ပေါက်ကွဲရအောင်ဗျာ😎

Artist Lineup :

- Arco
- Rakhan
- I am Tee
- Alvar
- ShinelayZ
- AMH

🗓️Date : 09.09.2023
⏱️Time : 10 pm - till late
📍Venue : FUSE

Table plan များကို Comment Section မှာ ကြည့်ရှု ဝယ်ယူနိုင်ပါတယ်နော်🚨



🚨 အားလုံးစောင့်မျှော်နေတဲ့ set time 🚨
08/09/2023

🚨 အားလုံးစောင့်မျှော်နေတဲ့ set time 🚨

07/09/2023

Loading 90%…. 😎

Address

Yankin Township
Yangon
11081

Telephone

+959882604996

Website

Alerts

Be the first to know and let us send you an email when TripleS Entertainment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to TripleS Entertainment:

Share