𝐌𝐨𝐞

𝐌𝐨𝐞 ဒဏ်ရာများနဲ့လူ

22/05/2025

🎶အတူဖောက်တဲ့လမ်းကို နောက်ထပ်တစ်ယောက် လက်တွဲပြီး မင်းကလျှောက်🎶။

“ခက်တယ်” ပြီးတော့ “အဲ့ဒဏ်ရာ” လာပြီ။

အတူတူနားဆင်ပြီး ခံစားချက်တွေ မျှဝေပေးခဲ့နော်

အဲ့ဒဏ်ရာ
𝗦𝗶𝗻𝗴𝗲𝗿 - 𝗠𝗼𝗲
𝗖𝗼𝗺𝗽𝗼𝘀𝗲𝗿 - 𝗕𝘆𝗮𝗱 𝗗𝗮
𝗠𝘂𝘀𝗶𝗰 - 𝗖𝗿𝗮𝗰𝗸𝘆
𝗠𝗮𝘀𝘁𝗲𝗿 𝗮𝗻𝗱 𝗠𝗶𝘅𝗶𝗻𝗴 - 𝗞𝗼 𝗞𝘆𝗮𝘄 (𝗨𝗞)
𝗚𝘂𝗶𝘁𝗮𝗿 - 𝗛𝘁𝗼𝗼 𝗞𝗵𝗮𝗻𝘁
𝗛𝗮𝗿𝗺𝗼𝗻𝘆 - 𝗛𝗮𝗻𝗴𝗢𝘃𝗲𝗿
𝗗𝗶𝗿𝗲𝗰𝘁𝗼𝗿 - 𝗦𝗮𝗶 𝗞𝗮𝘂𝗻𝗴 𝗛𝘁𝗲𝘁 (𝗩𝗗𝗲𝗲 𝗦𝘁𝘂𝗱𝗶𝗼)


#မိုး
#အဲ့ဒဏ်ရာ

မိသားစုမှာ “အမ” ရှိခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပဲ..တကယ်ပဲ ကျွန်မဆီမှာတော့ ဒီ “အမ” တစ်ယောက် ရှိတယ်..“မဖြူရေ” ဆိုပြီး ...
15/03/2025

မိသားစုမှာ “အမ” ရှိခြင်းကလည်း ကံကောင်းခြင်းတစ်မျိုးပဲ..
တကယ်ပဲ ကျွန်မဆီမှာတော့ ဒီ “အမ” တစ်ယောက် ရှိတယ်..

“မဖြူရေ” ဆိုပြီး လိုအပ်တိုင်း နှိပ်စက်ရတာလည်း
ဒီအမပဲ

သူစိတ်အဆင်မပြေတိုင်း ကိုယ့်ကို ဖုန်းဆက်နေကျဆိုတော့ သူ့အတွက် ကိုယ့်ကိုပဲ လိုအပ်တယ်ထင်တာ

ညီမတွေအကုန် အကူအညီလိုရင် သူ့ဆီပြေးကြရတာ

တစ်အိမ်လုံးနဲ့ မတူတဲ့ ထူးခြားတဲ့ အသွင်သဏ္ဍန်တွေ သူ့မှာရှိတယ်

ဝုန်းဝုန်းဒိုင်းဒိုင်း မိသားစုထဲမှာ
သူက စိတ်အေးလက်အေးနဲ့

မိသားစုရဲ့ ပူတဲ့နေရာတိုင်းမှာ
သူရှိနေတတ်တယ်

ရှေးရိုးအကျဆုံးလည်းဖြစ်ပြီး
ခုလို အပြင်ထွက်ဖို့တောင် မနည်းခေါ်ရတာ

အငယ်တွေကိုမွေးလို့ အမေ နေမကောင်းတဲ့အခါ
ရှိသမျှ အမေ့ထမိန်တွေလျှော်တာလည်း သူပဲ

အမေ့ရဲ့ သမီးတွေထဲ အားကိုးရဆုံး

အမေ့လို အိမ်ကိုသန့်နေအောင်ထားပြီး နေတတ်သူ

ညီအစ်မတွေထဲ အကြီးဆုံးဆိုတော့
အငယ်ညီမတွေအတွက် ထိပ်ဆုံးက သူမက
အကျီဆင်ပေး
အဝတ်လျှော်ပေး
ထမင်းဟင်းချက်ကျွေးနဲ့

ပြောရရင် မောင်နှမတွေအားလုံးထဲ
နေတာထိုင်တာ သူစည်းကမ်းအရှိဆုံး

ဟိုးးးး ၇ တန်းလောက်ကတည်းက
သူသီပေးတဲ့ အကျီတွေဝတ်ပြီး ကျောင်းတက်ရတာ

တစ်ချို့ရက်တွေရဲ့ နေ့လည်စာ ထမင်းချိုင့်တွေမှာ သူ့လက်ရာဟင်းတွေနဲ့

အထက်က အကိုအကြီးဆုံးကိုလည်း သူအချစ်ဆုံး၊ သူပဲ လေးစားဆုံး

အောက်က အငယ် ၃ ကောင်ရဲ့ ပြသနာတိုင်းကိုလည်း နားထောင်ပေးရသူ

အိမ်ရဲ့ အသားအဖြူဆုံး သူက…
အလှအပတွေ မဆင်မြန်းပဲ ပကတိ လှနေတတ်သူ

မျက်လုံးဝိုင်းဝိုင်း နီကြောင်ကြောင်နဲ့
ဆံသား အကွေးလေးတွေက မွေးရာပါ
ဖြူစွတ်လွန်းတဲ့ အသားရေ
နှုတ်ခမ်းဖူးဖူးလေးနဲ့
ဒီအစ်မက မွေးရာပါ လှသွေးကြွယ်သူလေး

တစ်အိမ်လုံးမှာ သူတစ်ယောက်တည်း
“သောကြာ”
ကျန်တာ “ကြာသပတေး၊ တနင်္လာချည်း” ပဲ

လူဇိုးတွေကိုထိန်းဖို့ ရောက်လာလေသလားပဲ

မိဘအတွက်ဆို ကျန်တဲ့ မောင်နှမလေးယောက်လုံးက
ပိုက်ဆံကလွဲရင် ကိုယ်ဖိရင်ဖိ မပြုစုတတ်ဘူး..

တစ်ခုခုဆို ဆေးခန်းခေါ်သွားဖို့လောက်ပဲ တတ်တဲ့ ဒီလူတွေကြား
အဖေ့အတွက် ဆိတ်ပုလွေရိုးလေးစုပ်ဖို့
အမေ ကာလသားဟင်းစားဖို့
အပူထုတ်ပေးဖို့
အညောင်းပြေဖို့
ဆံပင်ဖြူတွေ ဆေးဆိုးပေးဖို့
မသေခင် အသိတရားတွေရဖို့ တရားဟောဖို့
အမေ့အိမ်မီးဖိုချောင်လေး သပ်ရပ်ဖို့ ကြိုးစားနေတတ်တဲ့ တစ်အိမ်လုံးရဲ့ ဟင်းချက်အကောင်းဆုံး သူ

ပြောရရင် အိမ်ရဲ့ ပူလောင်မှုတွေအတွက် လိုအပ်ရင်ပြေးလာဖို့ အဝေးက ထိုင်ကြည့်နေတဲ့ နတ်သမီးလေးလို

သူ့ customer တွေလာရင် ဖော်ရွေလွန်းလို့
ကိုယ်က ပြန်စွာခိုင်းရလောက်အောင် အနေအေးတယ်.. အဲ့လူတွေကို သူရှောင်ပြီးပဲ နေလိုက်တယ်.. ဘယ်တော့မှ အမုန်းနဲ့ မတုန့်ပြန်ခဲ့ဘူး..

မဖြူရယ်… သိလား ဆို
“ငါ သိတယ်… အဲ့ဒါဘယ်လောက်ခံစားရလဲ ငါသိတာပေါ့” နဲ့ ခံစားချက်တွေကို ဝေမျှပေးနိုင်သူ

သူလည်း ငယ်ငယ်က အဖော်မဲ့ အထီးကျန်နေခဲ့မှာပဲ
ဘာလို့ဆို အကိုကြီးနဲ့ပဲ အသက်ကနီးပြီး
အငယ်တွေနဲ့က အသက်ကွာတယ်
ဒါပေမဲ့ အနုဆုံး…

ညီအစ်မချင်း ပြောချင်တဲ့ စကားတွေ
ရင်ဖွင့်ချင်တာတွေ ရှိခဲ့မှာပဲ..

သူရင်ဖွင့်ချင်တဲ့ အချိန်မှာ အငယ်တွေက ဖိနပ်ထိပ်ကိုခေါက်ပြီး ဒိုးပြားပစ်ဆော့တုန်း

ငယ်ငယ်ကတော့
သူဆိုးကိုယ်ဆိုးနဲ့
ငယ်မာနတွေပေါ့

ခုကျတော့
သူလိုတာ ကိုယ့်ဖြည့်ချင်
ကိုယ်လိုတာ သူဖြည့်ချင်နဲ့
မာနတွေလျော့သွားပြီ
အချစ်တွေဖြစ်တည်နေပြီ

သေချာတာတစ်ခုက
ကိုယ်အသက်ရှင်နေသရွေ့ သူမျက်နှာမငယ်စေရဘူး

ကျန်ရှိနေတဲ့ နေ့ရက်တွေမှာ
ညီအမငယ် ၃ ယောက်ကို ပိုင်ဆိုင်ရတဲ့ ဒီဘဝအတွက် နောင်တမရစေရဘူး

Hazel Phyu ဆိုတဲ့ ဒီဘဝတစ်ခုမှာ သိတတ်တဲ့ ဒီညီမတွေကိုပဲ ပိုင်ဆိုင်သွားရမယ်

နောက်ဘတွေသာဆုံခွင့်ရရင်
ဒီ ဖြူဖြူဖွေးဖွေး မေတ္တာတွေနဲ့ပြည့်နေတဲ့
“အမကြီး” ကို ပြန်ပိုင်ဆိုင်ချင်သေးသား..

ခု ကျန်ရှိနေသေးတဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေမှာလည်း ဒီ “အမကြီး” အတွက်

စိတိပိုင်းဆိုင်ရာခွန်အားဖြစ်ဖို့ရော
ဘုတ်ကြီးရှိရင်ကို ခွန်အားဖြစ်နေဖို့ကိုရော
အရင်ကရော
အခုရော ရှိနေပေးတယ်..

တစ်ခါတလေထပ်မက ဇွတ်တွေလုပ်တဲ့ ဒီညီမကိုလည်း နားလည်ပေးနော်…

ချစ်တဲ့
ဘုတ်ကြီး

22/07/2024

ခက်တယ် at Nay Pyi Taw 🥰
#ခက်တယ်

17/06/2024

အောင်မြင်မှုလေး ❤️

15/06/2024

ခုမှပဲ ကိုယ့် page မှာ တင်ပေးဖြစ်တယ်… #ခက်တယ် #မိုး #ရှေ့ဆက်ဖို့ခက်တယ်ချစ်သူဘယ်မှာလဲ

12/06/2024

Note လေးမျှလိုက်ပါတယ်နော်..
#ခက်တယ်
#မိုး
Crd to note writer and Sir Chit Ko

11/06/2024

Music Video မျှော်နေကြသူတွေအတွက်…😜
အိမ်မှာ လျှောက်အော်ထားတာ..
ခုတော့ အရင်လို မအော်နိုင်သေးဘူး၊
တိုးတိုးလေးတော့ လိုက်ဆိုလို့ရပြီ…

Operation မဝင်ခင် အလှူတစ်ခု အပြေးလုပ် 🌼🙏🙏🙏🌼  #မိုး #ခက်တယ်
09/06/2024

Operation မဝင်ခင် အလှူတစ်ခု အပြေးလုပ်
🌼🙏🙏🙏🌼

#မိုး
#ခက်တယ်

01/06/2024

❤️‍🩹ခက်တယ်❤️‍🩹 မိုး
သီချင်းကို ထွက်တာနဲ့ ဦးဆုံးနားထောင်ပြီး အသဲယားနေကြတာ… ချစ်စရာလေးတွေ…

Address

Yangon

Website

Alerts

Be the first to know and let us send you an email when 𝐌𝐨𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share