30/12/2021
ကျွန်တော် ဆားကြမ်းနဲ့ပတ်သတ်ပြီးတော့
တွေ့တွေ့နေတာလေးတစ်ခုနဲ့ပတ်သတ်ပြီး
နည်းမှန်လမ်းမှန်ကို ပြောပြပေးချင်လို့ပါခဗျာ
ရောဂါတစ်ခုခုဖြစ်ပြီထင်တယ်ဆိုရင်
လူတွေ တော်"များ"က "ဆားကြမ်းလေးခတ်လိုက်"
"ဆားကြမ်းလက်တစ်ဆုပ်ထည့်" စသဖြင့်
အကြံပေးတတ်ကြပါတယ်။ ဒါပေမယ့်
အများအားဖြင့် dose မှန်မှန်ကန်ကန်
မညွှန်ကြပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း
ငါးမွေးခါစ ဘာမှ မသိသေးခင်
( ခုလည်းဘာမှမသိသေးပါ လေ့လာနေဆဲပါ )
ဆားကြမ်း လက်တစ်ဆုပ် အဖွဲ့ဝင်ပါဘဲ
ဒါပေမယ့် ဆားကြမ်းဟာ သေချာနည်းမှန်
လမ်းမှန် မသုံးတတ်ရင် ဆေးမဟုတ်ပဲ
ဘေးဖြစ်တတ်ပါတယ်။ အများကလည်း
ဆားကြမ်းကို အလွယ်ညွှန်းကြ သုံးနေကြတော့
ဆားကြမ်း အသုံးပြုပုံလေးကို ကျွန်တော်
လေ့လာမိသလောက်လေး ပြန်မျှဝေပါ့မယ်ခဗျာ
✅ ငါးကန်အတွင်း ဆားကြမ်းကို အမြဲတမ်း
အသုံးပြုတတ်သူများအတွက်
ဆားကြမ်းကို ပြင်းအားနည်းနည်းပဲ
အသုံးပြုရပါမယ်။ ရောဂါတော်တော်များများကို
ကာကွယ်နိုင်တယ်လို့ဆိုပါတယ်
ပုံမှန်အသုံးပြုခြင်းအားဖြင့် ငါးစိတ်ဖိအား
များတာကိုကာကွယ်ပေးပြီး အကျိအချွဲ
အဖြူများကို များများထွက်စေပါတယ်
ငါးကိုထိခိုက်စေတတ်တဲ့ ရောဂါပိုးတော်"များ"
ကိုလည်း သတ်ပေးနိုင်ပါတယ်
✅ ဘယ်လိုအသုံးပြုမလဲ ⁉️
အသုံးပြုနည်း ၂ နည်းရှိပါတယ်
1️⃣ ရောဂါများကို ကာကွယ်ရန်အတွက်
ဆားကြမ်း လက်ဖက်ဇွန်းတစ်ဝက်ကို
ရေတစ်ဂါလံ / ၄ လီတာနှုန်းနဲ့ စိမ်ပါ
ရေလဲချိန်တိုင်းမှာ မိမိလဲလိုက်တဲ့
ရာခိုင်နှုန်းပေါ်မူတည်ပြီး ဆားကိုပြန်ခတ်ပါ
2️⃣ ငါးကို စိတ်ဖိအားများ သက်သာစေရန်နှင့်
ကပ်ပါးကောင်များမှကုသရန်
ဆားကြမ်း ထမင်းစားဇွန်း တစ်ဇွန်း
လက်ဖက်ဇွန်း ၃ ဇွန်းကို ရေ ၅ ဂါလံ
၁၉ လီတာနှုန်းနဲ့စိမ်ပါ။ ရေလဲပြီးရင်
အပေါ်မှာပြောခဲ့တဲ့အတိုင်းပြန်ခတ်ပါ
သတိပြုရမှာက ရောဂါများကို ကုသရာမှာ
ဆားကြမ်းကို ပြင်းအားများတာကောင်းတယ်လို့
ယူဆကြပါတယ်။ မှန်ပါတယ် ပြင်းအားများရင်
ကပ်ပါးကောင်များကို ပိုမိုထိရောက်စွာ သုတ်သင်
နိုင်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ဆားပြင်းအား
များလာရင် ငါးကိုလည်း ထိခိုက်တတ်တာကို
သတိထားရပါမယ်။ ဒါကြောင့် ဆားကြမ်းကို
ပြင်းအားမှန်စွာသုံးဖို့နဲ့ ရေလဲချိန်မှာ မိမိလဲလှယ်
ထားတဲ့ ရေပမာဏပေါ်ကိုမူတည်ပြီး ဆားကို
တိတိကျကျပြန်ခတ်ဖို့ အကြံပြုချင်ပါတယ်
ဆားကြမ်းကို အပေါ်မှာ ပြောခဲ့သလို
ကန်ထဲမှာပုံမှန်ထည့်မယ်ဆို ကောင်းတာတွေ
ရှိသလို ဆိုးတာတွေလည်းရှိပါတယ်
ဆားကိုပုံမှန်သုံးခြင်းအားဖြင့် ရောဂါပိုးတွေဟာ
ဆားကြမ်းကို တဖြည်းဖြည်း ခံနိုင်ရည်မြင့်တက်
လာပါတယ်။ ဒီတော့ ရောဂါတစ်ခုခုဖြစ်ပြီဆို
ပိုမိုပြင်းထန်တဲ့ ဆေးတွေကို အသုံးပြုကုသ
ရတတ်ပါတယ်။ နောက်တစ်ခုက ဆားကြမ်း
အသုံးပြုရင် ငါးဟာ အပေါ်ယံ အကျိအချွဲ
ပိုမိုထွက်တဲ့အတွက်ကြောင့် ပူပြင်းတဲ့
ရာသီဥတုမျိူးမှာဆိုရင် ငါးဟာအကျိအချွဲကြောင့်
မသက်မသာပိုဖြစ်ပါတယ်။ နောက်တစ်ချက်က
ကန်ထဲမှာ အပင်ထည့်ထားမယ်ဆို ဆားကြမ်းဟာ
အပင်တစ်ချို့ကို သေစေပါတယ်
ဒီလိုဆိုးကျိူးတွေရှိတဲ့အတွက်ကြောင့်
ဆားကြမ်းကို ပုံမှန်သုံးမှာလားဆိုတာ
စဉ်းစားသင့်ပါတယ် ငါးကန်ကို ပုံမှန်သန့်စင်ပြီး
ငါးတွေရဲ့ ကျန်းမာရေးကိုလည်း
အမြဲဂရုစိုက်နေမယ်ဆို ဆားကြမ်းက
ပုံမွန္သုံးစရာမလိုပါဘူး
နောက်ဆက်တွဲ အနေနဲ့ ဆားကြမ်းကို
တစ်ခါတစ်ရံ ငါးနေမကောင်းဖြစ်ချိန်မှာ
အသုံးပြုပုံကို ဆက်ပြောပါ့မယ်
✅ ဆားရည်ဖြင့် ရေချိူးခြင်း
ဆားကို လိုအပ်မှသာ အသုံးပြုခြင်း
ဆားကြမ်းကို လိုအပ်မှသာ ရောဂါတစ်ခုခု
ဖြစ်မှသာ ကုသရန် အသုံးပြုမယ်ဆိုရင်
ဆေးကုသကန် Quarantine Tank တစ်ကန်
ထားသင့်ပါတယ်။ အသုံးပြုပုံကတော့
ပြင်းအားများတာကို အချိန်နည်းနည်းနဲ့
ဆားရည်ချိူးပေးတာဘဲ ဖြစ်ပါတယ်
ဆားရည်စိမ်ရန်အတွက် ရေ ၅ ဂါလံပုံးကို
အသုံးပြုပါ။ ပုံးထဲကို ဆေးကုသကန်မှ
ရေကို အပြည့်ဖြည့်ပါ။ ရေအပူချိန် pH
စတာတွေတူဖို့ အရေးကြီးပါတယ်
ပြီးရင် ဆားကြမ်း လက်ဖက်ဇွန်း ၃၀ ကို
ရေ ၁ဂါလံ / ၄ လီတာနှုန်းနဲ့ထည့်ပါ
ဆားများအားလုံးပျော်သွားသည်အထိ
မွှေပေးပါ။ ဒီနေရာမှာ သတိပြုရမှာက
ဆားကြမ်းပြင်းအားကို တော်တော်လေး
များနေတာ သတိထားသင့်ပါတယ်။ ဒီတော့
ငါးကို ဒီပြင်းအားကို ခံနိုင်ရည်ရှိ မရှိ
စမ်းသပ်ပြီးမှ ရေချိူးပေးရမှာပါ။ ပုံးထဲကို
အောက်စီဂျင်များများပေးထားပြီး ငါးကို
ဖြည်းဖြည်းချင်းထည့်ကြည့်ပါ
ငါးကလူးသြားတယ္ဆို ပုံမွန္ပါဘဲ
မဟုတ်ဘဲနဲ့ လည်နေတာမျိူး ပုံးထောင့်
တစ်နေရာထဲမှာ ငြိမ်နေတာမျိူး တွေ့ရင်တော့
ချက်ချင်းဆယ်ယူပြီး ဆေးကုသကန်မှာဘဲ
ပြန်ထားပါ။ တစ်ခြားဆေးနည်းတစ်ခုခုကို
အသုံးပြုဖို့ စဉ်းစားရပါမယ်
ပုံမှန်လူးလွန့်နေတယ်ဆိုရင်တော့
ငါးကို တစ်နာရီခန့် ဆားရည်စိမ်ပေးပြီး
ဆေးကုသကန်ထဲပြန်ထည့်ပါ
ဆားရည် အပြင်းနဲ့ ရေချိူးပေးတာက
ရောဂါပိုးများကို သေကျေစေခြင်း
အကျိချွဲများကို ခွာချနိုင်ခြင်း စတဲ့
အကျိူးကျေးဇူးတွေရှိပေမယ့် အပေါ်မှာ
ပြောခဲ့သလို ငါးကို ဖိအားများစေပြီး
ခံနိုင်ရည်နည်းနေတဲ့ငါးတွေဆိုရင်
သေတောင် သေစေနိုင်ပါတယ်
သတိ အင်မတန်ထားရပါတယ်
ဒီတော့ ပုံမှန် ဆားရည်အပျော့စိမ်ခြင်းနဲ့
ဆားရည်အပြင်းဖြင့် ရေချိူးခြင်းမှာ
ဘယ်နည်းက ပိုကောင်းပါသလဲ ?
တစ်ချိူ့က ဆားရည်ချိူးတာကို လိုအပ်သလို
အသုံးပြုဖို့ဆိုကြသလို တစ်ချိူ့ကျတော့လည်း
ပုံမှန်ထည့်တာကို အားသန်ကြပါတယ်
ပုံမှန်ထည့်မယ်ဆိုရင် အပေါ်မှာပြောခဲ့သလို
ရောဂါပိုးက ခံနိုင်ရည်မြင့်လာသလို
ငါးကတော့ ခုခံနိုင်စွမ်းကျဆင်းလာပါလိမ့်မယ်
ဒုတိယနည်းကျပြန်တော့ သတိကြီးကြီး
ထားရမယ့်နည်းပါ ဆားရည်စိမ်ထားစဉ်
တစ်လျှောက် စောင့်ကြည့်နေရမှာပါ
ဒီတော့ သေချာမဆုံးဖြတ်တတ်သေးရင်
( သို့မဟုတ် ) နှုန်းထားများကို သေချာမသိရင်
ဆားကြမ်းကို အလွယ် အသုံးမပြုကြဖို့
တိုက်တွန်းပါရစေခင်ဗျာ
လိုအပ်ချက်များရှိရင် တောင်းပန်ပါတယ် ခင်ဗျ
မူရင်းရေးသားတဲ့ DrKyawYeMyint ကို
လေးစားစွာ Credit ပေးပါတယ်ခဗျာ 🙏🏻