Fancy Vibes by BOBO

Fancy Vibes by BOBO Welcome

Singapore ရောက် PA -O Family ထုတ်ဝေသော Magazine စာအုပ်ထဲကို “ IT နှင့် လူငယ် “ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့စာသားတချို့ ကျနော်ပ...
09/02/2025

Singapore ရောက် PA -O Family ထုတ်ဝေသော Magazine စာအုပ်ထဲကို “ IT နှင့် လူငယ် “ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့စာသားတချို့ ကျနော်ပါဝင်ရေးဖြည့်ချင်ပါတယ်။

“ IT နှင့် လူငယ် “

ဒီနေ့ခေတ်ဟာ နည်းပညာခေတ်ဖြစ်ပြီး IT နည်းပညာဟာ လူ့ဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါပြီ။ နည်းပညာတိုးတက်မှုနဲ့အတူ ကမ္ဘာကြီးဟာ လျင်မြန်စွာ ပြောင်းလဲနေပြီး ဒီပြောင်းလဲမှုကို လိုက်ပါနိုင်ဖို့ IT နည်းပညာကို လေ့လာခြင်းဟာ မဖြစ်မနေ လိုအပ်လာပါပြီ။

အထူးသဖြင့် လူငယ်တွေအနေနဲ့ IT နည်းပညာကို လေ့လာခြင်းဟာ အနာဂတ်အတွက် ရွှေ့ပြောင်းနိုင်တဲ့ သော့ချက်တစ်ခုဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ IT နည်းပညာဟာ လုပ်ငန်းခွင်တိုင်း၊ နယ်ပယ်တိုင်းနဲ့ သက်ဆိုင်နေပြီး ဒီပညာရပ်ကို ပိုင်နိုင်စွာ တတ်မြောက်ထားသူတွေဟာ အနာဂတ်မှာ ပိုမိုအောင်မြင်မှုရရှိမှာပါ။

ဒါကြောင့် လူငယ်တို့အနေနဲ့ IT နည်းပညာကို လေ့လာဖို့ အားထုတ်ကြပါ။ မှန်ကန်တဲ့ လမ်းကြောင်းနဲ့ ကြိုးစားမယ်ဆိုရင် ဘယ်သူမဆို အောင်မြင်နိုင်ပါတယ်။ အောက်ပါအချက်တွေကို သတိထားပြီး လေ့လာကြည့်ပါ။

# # # ၁။ **စိတ်အားထက်သန်မှုရှိပါ**
IT နည်းပညာဟာ ကျယ်ပြန့်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ နယ်ပယ်ဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပြီး စိတ်အားထက်သန်စွာ လေ့လာပါ။ ဥပမာ - Programming, Web Development, Data Science, AI, Cybersecurity စတဲ့ နယ်ပယ်တွေမှာ ကိုယ်နဲ့အသင့်တော်ဆုံးကို ရွေးချယ်ပါ။

# # # ၂။ **အခွင့်အလမ်းတွေကို မလွတ်ပါစေနဲ့**
ဒီနေ့ခေတ်မှာ Online Learning Platforms တွေ၊ IT ဆိုင်ရာ သင်တန်းတွေ၊ စာအုပ်စာတမ်းတွေ အများကြီးရှိပါတယ်။ ဒီအခွင့်အလမ်းတွေကို အပြည့်အဝအသုံးချပြီး လေ့လာပါ။

# # # ၃။ **လက်တွေ့လုပ်ဆောင်ပါ**
IT နည်းပညာမှာ လက်တွေ့လုပ်ဆောင်ခြင်းဟာ အရေးကြီးဆုံးအချက်ဖြစ်ပါတယ်။ သင်ယူနေတဲ့ အရာတွေကို Project တွေလုပ်ပြီး လက်တွေ့အသုံးချပါ။

# # # ၄။ **အမှားကနေ သင်ယူပါ**
အမှားတွေကို ကြောက်မနေပါနဲ့။ IT နည်းပညာမှာ အမှားတွေဟာ သင်ယူဖို့ အခွင့်အရေးတွေဖြစ်ပါတယ်။ မှားတိုင်း ပြန်ပြီး လေ့လာပါ။

# # # ၅။ **အတူတကွလေ့လာပါ**
အဖွဲ့လိုက် လေ့လာခြင်းဟာ ပိုမိုထိရောက်ပါတယ်။ IT Community တွေ၊ သူငယ်ချင်းတွေနဲ့ အတူတကွ လေ့လာပြီး ဗဟုသုတမျှဝေပါ။

# # # ၆။ **စိတ်ရှည်ပါ**
IT နည်းပညာဟာ လေ့လာရခက်တဲ့ နယ်ပယ်ဖြစ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့ ဇွဲရှိရှိ လေ့လာမယ်ဆိုရင် အောင်မြင်မှုကို ရရှိမှာပါ။

လူငယ်တို့ရေ... IT နည်းပညာဟာ အနာဂတ်ရဲ့ လမ်းကြောင်းဖြစ်ပါတယ်။ ဒီနည်းပညာကို လေ့လာခြင်းဟာ ကိုယ့်ရဲ့ဘဝကို ပိုမိုတိုးတက်စေမယ့် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ယုံကြည်မှုရှိပြီး ကြိုးစားအားထုတ်ကြပါ။ အနာဂတ်ဟာ သင်တို့လက်ထဲမှာပါ။

**အားလုံးပဲ အောင်မြင်ပါစေ...**
**ခေတ်မှီတဲ့ အနာဂတ်ကို တည်ဆောက်ကြပါစို့...**

23/10/2024

သီတင်းကျွတ်ကာလ စင်ကာပူရောက် ပအိုဝ်းမိသားစုများ စုပေါင်းဘုန်းကြီးကျောင်းတတ် ကုသိုလ်ယူသည့် ပုံရိပ်တချို့

YouTube link - https://youtu.be/ahWZkIxYWu8?feature=shared

-O

19/04/2024

Celebrity Dolly Chaiwala of Nagpur
Amazing serve to his customers

19/04/2024

Let’s enjoy funny videos of William Last KRM with me 😂😄
reaction 😂

16/04/2024

စိတ်ဝင်စားစရာ အိန္ဒိယနိုင်ငံလမ်းဘေးဆိုင်က sandwiches ပြုလုပ်ရောင်းချတဲ့ ဗီဒီယို အတူတူကြည့်ကြမယ် 😁


19/03/2024

မဖြစ်မနေသွားလည်သင့်တဲ့ Singapore နိုင်ငံရဲ့ အလွန်လှပသောနေရာများထဲက တစ်နေရာလေး Marina One 😱😍



25/01/2024

လည်ပတ်ချင်စရာလေး China town အလှညနေခင်း
စင်ကာပူရောက်ရင် မဖြစ်မနေ သွာလည်သင့်တဲ့ နေရာများထဲက တစ်နေရာလေး China town in Singapore 🇸🇬

You tube ⬇️
https://youtu.be/WsCbdbySd3Q


စင်္ကာပူရဲ့ Bus နဲ့ MRT EZ-Link card များ SimplyGo  အဖြစ် upgrade လုပ်ရတော့မည်🇸🇬 SimplyGo ရှိမနေတဲ့ EZ-Link adult cards ...
13/01/2024

စင်္ကာပူရဲ့ Bus နဲ့ MRT EZ-Link card များ SimplyGo အဖြစ် upgrade လုပ်ရတော့မည်

🇸🇬 SimplyGo ရှိမနေတဲ့ EZ-Link adult cards များ၊
NETS FlashPay cards များအား June လ ၁ ရက် နေ့မှစ၍ public transport စီးတဲ့နေရများမှာ အသုံးပြုခွင့်ပေးတော့မှာမဟုတ်ကြောင်း

စင်္ကာပူ အစိုးရ Land Transport Authority (LTA) က ပြီးခဲ့တဲ့ Tuesday (Jan 9) နေ့က ကြေငြာလိုက်ပါတယ်

ကြေငြာချက်အရ အခု အသုံးပြုနေတဲ့ EZ-Link card တွေဟာ SimplyGo နဲ့ ချိတ် ပြီး အသုံးပြုမှသာ bus ကား၊ ရထား စီးတဲ့အခါ အသုံးပြုလို့ရတော့မှာပါ

ကိုယ့်မှာရှိနေတဲ့ EZ-Link card တွေကို SimplyGo ရသွားအောင် ဘယ်လို Upgrade လုပ်ရမလဲ ❓

👉 ဘူတာတွေ bus interchange တွေမှာ ရှိတဲ့ ဘယ် ticketing machine မဆို ကိုယ်တိုင် လုပ်လို့ရသလို
SimplyGo ticket office တွေကို သွားပြီးတော့လည်း ကိုယ့် card လေးပေးပြီး Upgrade လုပ်ခိုင်းလို့ရပါတယ်

ကျနော်ကိုယ်တိုင် Machine မှာ Upgrade လုပ်ထားတာလေးကို (ပုံ ၃၊၄၊၅ ) မှာကြည့်လို့ရပါတယ် 👇

- ပုံ (၃)
EZ-Link card ကို စက်ရဲ့ card တင်တဲ့နေရာမှာတင်လိုက်ပြီး " Upgrade to SimplyGo" ကိုနှိပ်ပြီး proceed လုပ်လိုက်ပါ
(EZ-Link မဟုတ်တဲ့ NETSFlashPlay card တွေဆိုရင်တော့ Upgrade to SimplyGo လို့ပေါ်မှာ မဟုတ်ပါဘူး၊ Ticket Office မှာပဲသွား လဲရပါမယ် Redeem လုပ်လဲရပါတယ်)

- ပုံ (၄)
စက်က Upgrade လုပ်နေတာကို ၁၀၀% ပြည့်တဲ့အထိ စောင့်ရပါမယ်
(OnLine Upgrade လုပ်တာတွေ ခုရက်ပိုင်းများနေတဲ့အတွက် စက်က error ပြကောင်းပြမယ် Fail ဖြစ်ချင်လည်းဖြစ်ပါလိမ့်မယ်..ပထမတကြိမ် မရရင် ဒုတိယ၊ တတိယ လက်မလျှော့ ပဲ အစက ပြန် Try ပါ - ကျနော်ကတော့ ၃ ခါမြောက်မှာ အဆင်ပြေသွားပါတယ်)

- ပုံ (၅) SimplyGo upgrade လုပ်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်လို့ Upgraded Card အနေနဲ့ ဆက်လက် အသုံးပြုလို့ရသွားတော့မှာဖြစ်ပါတယ်

NETS FlashPay card များ

ဒီ card တွေကို June 1 ရက်ကစပြီး ကား/ဆိုင်ကယ်သမားများ ERP တို့ parking charges တို့အတွက် ဆက်သုံးလို့တော့ ရပါတယ်
အဲ့လို့မှမဟုတ်ပဲ bus နဲ့ရထားအတွက်ပဲ သုံးချင်ပါတယ်ဆိုရင် Jan 19 ရက်နေ့ကစပြီး ticket office တွေမှာ သွားလဲပါ
Card ထဲ လက်ကျန်တွေလည်း မဆုံးရှုံးရပဲ SimplyGo သုံးလို့ရတဲ့ NETS Prepaid card တွေ Free လဲပေးပါလိမ့်မယ်

May 31 ရက် နောက်ဆုံးထားပြီး upgrade လုပ်ရမှာဆိုတော့ အချိန်ကတော့ရှိပါသေးတယ်
ကြုံလို့ အားခဲ့ရင်တော့ မဖြစ်မနေလုပ်ရမယ့် အရာတခု ဖြစ်တဲ့အတွက် upgrade လုပ်ထားလို့ရအောင် ပြောပြတာပါ

နောက်ဆက်တွဲအနေနဲ့ကတော့
Upgrade လုပ်ပြီးသွားတဲ့ကဒ်တွေ bus MRT ထဲဝင်တဲ့အခါ အရင်ကလို့ card ထဲ ဘယ်လောက်ရှိတယ် ဆိုတဲ့ ပိုက်ဆံ ပမာဏကို မြင်ရတော့မှာမဟုတ်ပါဘူး
Balance မြင်ချင်တယ် ဆိုရင် စက်မှာသွားကြည့် (ဒါမှမဟုတ်) SimplyGo / EZ-Link App ကို ဖုန်းထဲ ဒေါင်းလုတ် လုပ် သုံးရပါမယ်

App တွေရဲ့ တခု အားသာချက်ကတော့ ကိုယ်သွားထားတဲ့ history အကုန်လုံး လွယ်ကူစွာကြည့်လို့ရသလို ဘဏ်ကဒ်နဲ့ချိတ်ပြီးတော့လည်း အလွယ်တကူ TopUp လုပ်လို့ရပါတယ်

Smart Nation လို့ သတ်မှတ်နေတဲ့ စင်္ကာပူနိုင်ငံမှာနေတဲ့ အကျွန်ုပ်တို့လည်း ဆိုးစမတ် ဖြစ်မှ ရပေတော့မည် 😊
အဆင်ပြေကြပါစေ 🙏





Credit Owen Maung
13 January 2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ် အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့ ရီမုဒ် ကားလေး ဝယ်နိုင်ပြီ ဒါပေမဲ့ မလိုချင...
12/01/2024

ပျော်ရွှင်မှုမှာ Expire Date ရှိတယ်

အသက် 18 နှစ်မှာ ငယ်ငယ်က အရမ်းလိုချင်ခဲ့တဲ့
ရီမုဒ် ကားလေး ဝယ်နိုင်ပြီ
ဒါပေမဲ့ မလိုချင်တော့ဘူး။

အသက် 20 နှစ်မှာ လူကြီးတွေမပါဘဲ သူငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံတို့ Happy World တို့ သွားခွင့်ရ​နေပြီ။
ဒါပေမဲ့ မသွားချင်တော့ဘူး။

အသက် 25 နှစ်မှာ ရည်စားကို​ပေါ်တင်တွဲလို့ ရ​ပြီ
ဒါ​ပေမဲ့ အရင်​လောက် ရင်မခုန်​တော့ဘူး။

အသက် 30 နှစ်မှာ အရက်ကို စိတ်ကြိုက်သောက်လို့ ရ​နေပြီ
ဒါ​ပေမဲ့ ဆယ်​ကျော်သက် ဘဝတုန်းက​လောက် သောက်လို့ မ​ကောင်း​တော့ဘူး။

အသက် 45 နှစ်မှာ ကိုယ်စားချင်တဲ့​ အစားစာတွေကို ဝယ်စားနိုင်​နေပြီ
ဒါ​ပေမဲ့ ​စိတ်ကြိုက်စားလို့ မရ​တော့ဘူး။

အသက် 65 နှစ်မှာ ခရီးသွားဖို့ အချိန်​ရော ​ငွေ​ရော ရှိ​နေပြီ
ဒါ​ပေမဲ့ သွားချင်တဲ့ ခရီး သွားလို့မရ​တော့ဘူး။

အသက် 70 နှစ်မှာ ကြိုက်ခဲ့တဲ့ ပစ္စည်းတွေ ဝယ်နိုင်ပြီ။
ဒါပေမဲ့ မဝယ်ချင်တော့ဘူး။

ပျော်ရွှင်ခြင်းဆိုတာ ကိတ်မုန့်လိုပဲ Expire Date ရှိတယ် စားသင့်တဲ့ အချိန်မှာ စားမှ အရသာရှိတာ အချိန်မှီ မစားသုံးရင် နောက်ပိုင်းမှာ အရသာ မရှိတော့ဘူး။

လက်ရှိအချိန်မှာ လုပ်နိုင်သလောက်လုပ်ပြီး ပျော်နိုင်သလောက် ကိုယ့် ကိုယ်ကိုယ် ပျော်အောင်ထားပါ အရမ်းမတွေးပါနဲ့ စိတ်ဆင်းရဲမခံပါနဲ့ ဘဝကတိုတိုလေးပါ။

#

Address

Yangon
Yangon
2122

Website

Alerts

Be the first to know and let us send you an email when Fancy Vibes by BOBO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category