Aye Chan Moe

Aye Chan Moe လူငယ်များရဲ့ရင်တွင်းဖြစ်အသံ
လူငယ်တိုင်းဖတ်ဖို့💪

19/07/2023

မျက်လုံးအားနည်းချင်းရဲ့အကြောင်းအရင်း..
အားလုံးအဆင်ပြေကြပါစေ..

နတ်ပြည်နဲ့ငရဲပြည်ဘယ်ကိုရောက်ချင်လဲမေးရင်..ပျိုကညာဘယ်မှာရှိလဲပြန်မေးကြည့်လိုက်ပါနော်..❤
19/07/2023

နတ်ပြည်နဲ့ငရဲပြည်
ဘယ်ကိုရောက်ချင်လဲမေးရင်..
ပျိုကညာဘယ်မှာရှိလဲ
ပြန်မေးကြည့်လိုက်ပါနော်..❤

မနေချင်ပါဘူး ကိုယ့်ဇာတိမဟုတ်တဲ့နိုင်ငံခြားမှာ..... မပျော်ရွင်ပါဘူး မေတ္တာ တွေကင်းဝေးတဲ့သူစိမ်းတွေရဲ့ကြား ....မရှင်သန်ချင...
24/04/2023

မနေချင်ပါဘူး ကိုယ့်ဇာတိမဟုတ်တဲ့
နိုင်ငံခြားမှာ.....

မပျော်ရွင်ပါဘူး မေတ္တာ တွေကင်းဝေးတဲ့
သူစိမ်းတွေရဲ့ကြား ....

မရှင်သန်ချင်ပါဘူး မိသားစုတွေနဲ့ဝေး
အဖော်တွေမဲ့တဲ့ ဘဝမှာ...

မဖြစ်ချင်ပါဘူး ပင်ပန်းပေမဲ့ ပြုံးနေလိုက်ရတဲ့အပြုံးတုတွေ....

မခံစားချင်ပါဘူး နေမကောင်းပေမယ့်
သန်မာသလို နေလိုက်ရတဲ့ အဖြစ်မျိုး...

ရှေ့မဆက်ချင်ပါဘူး ကိုယ်မှန်ပေမယ့်
ထောက်ပြခွင့်မရှိဘဲ ရှေ့ဆက်လိုက်ရတဲ့
အဖြစ်မျိုး.....

သူစိမ်းတွေရဲ့ကြားမှာ မပျော်ရွင်
မနေချင်ပေမယ့် နေ့ရက်တိုင်းမှာ
ရှေ့ဆက်နေရတဲ့ယုံကြည်မူဟာ
အခုချိန်မှာကိုယ့်ရဲ့ မိဘ မိသားစု
စိတ်ချမ်းသာဖို့နဲ့ တနေ့နေ့မှာ ကိုယ့်ရဲ့
မိဘ မိသားစု ဒီထက်ပိုပြီး ပျော်ရွင်နိုင်ဖို့...

ဒါကြောင့် ကိုယ့်ရဲ့ ရုန်းကန်လှုပ်ရှား
နစ်နာ ခံစား အရာရာအားလုံးက
ကိုယ့်ဘဝနဲ့ ကိုယ့်ရဲ့မိဘ မိသားစုအတွက်
ပျော်ရွင်ဖို့ဆိုရင် ဒီငြီးငွေ့စရာများစွာထဲကနေ
ရှေ့ဆက်ရှင်သန်ပြီး

ပျော်ရွင်နေလို့မဟုတ်သလို
မေတ္တာတွေ ကင်းမဲ့ သူစိမ်းတွေရဲ့ကြား
နိုင်ငံခြားမှာ ရှေ့ဆက်ပြီးတော့
ကြိုးစား နေထိုင်သွားရပါအုံးမယ်.။


#လူငယ်များအတွက့်စာပေအသိပညာpage

အကျပ်အတည်းကြားမှာ စဉ်းစား ကြံဆတတ်သူများ ===================================လူ့ဘဝမှာ ဘေးကျပ်နံကျပ် အနေအထားတွေ ကြုံရတတ်သည်...
23/04/2023

အကျပ်အတည်းကြားမှာ စဉ်းစား ကြံဆတတ်သူများ
===================================
လူ့ဘဝမှာ ဘေးကျပ်နံကျပ် အနေအထားတွေ ကြုံရတတ်သည်။
တစ်ခါတစ်ရံမူ တော်တော်တန်တန်ကျပ်ရုံမဟုတ် သေရေးရှင်ရေးအနေအထားမျိုးပင် ဖြစ်နေတတ်သည်။
တစ်ခါတစ်ရံကျတော့ ပြဿနာက ကိုယ်ရင်ဆိုင် ဖြေရှင်းဖူးတာတွေထက် ပိုခက်ခဲတာ၊ ပို၍ ကြီးမားလေးလံတာ၊ ဒါမှမဟုတ်၊ ကိုယ်က တစ်ပန်းရှုံးသော အနေအထားမှာ တစ်ဖက်လူနှင့် ရင်ဆိုင် ယှဉ်ပြိုင်ရတာ၊ အဲသလိုတွေလည်း ကြုံတွေ့ရတတ်သည်။
အောင်မြင်ဖို့ လွတ်မြောက်ဖို့ ခက်ခဲသည့် အနေအထားတွေ။

အခက်အခဲကြားမှာ ပြဿနာ အဖြေရှာသည့် အလေ့အထ နည်းပါးသူ၊ စဉ်းစားကြံဆလျှင် နည်းလမ်းတွေ့ရမည် ဟူသော ယုံကြည်စိတ်မျိုး မရှိသူ ဖြစ်က အဲသည် အနေအထားများမှာ လက်မြှောက် အရှုံးပေးသွားမည် ဖြစ်သည်။

သို့သော်၊ အလွယ်တကူ အလျှော့မပေးတတ်သူ၊ အကျပ်အတည်းကြားမှာ စဉ်းစား ကြံဆတတ်သူများကတော့ သူတစ်ပါး ထင်မှတ်မထားသော နည်းလမ်း အကြံဉာဏ်များအားဖြင့် အခက်အခဲကို ဖြေရှင်း အောင်နိုင် သွားတတ်ကြသည်။

ဂျပန်ဓားသမား၏ တိုက်ကွက်
—————————————-
တတိယရှိုဂန် အိယေမစ်ဆု လက်ထက် ဂျပန် ဓားရေးပြိုင်ပွဲတစ်ခုမှာ ဖြစ်သည်။
အိယေမစ်ဆုက ဓားခုတ်ပွဲတွေ အလွန် စိတ်ဝင်စားသည်။

တစ်ကြိမ်မှာ သူ ရှာထားသည့် လက်ရွေးစင် ဓားသမားတစ်စုနှင့် စွမ်းရည်ပြပွဲတစ်ခု သူ စီစဉ်သည်။ ပွဲသို့ ရောက်ရှိလာသူများထဲမှာ မြင်းစီး အလွန်ကျွမ်းသည့် ဘန်ကူးရိုး ဆိုသူ တစ်ယောက်လည်း ပါဝင်ရာ သူ့အား စွမ်းရည်ပြပွဲမှာ ပါဝင်ရန် အိယေမစ်ဆုက ဖိတ်ခေါ်သည်။ ဘန်ကူးရိုးကလည်း မငြင်း။ မြင်းစီးပြီး တိုက်ရမည် ဆိုလျှင် သူပါဝင်မည်ဟု ဆိုသည်။ ဒါတင်မက မြင်းနှင့်ဆိုလျှင် ဘယ်သူ့ကိုမဆို သူ နိုင်အောင် တိုက်နိုင်သည် ဟုလည်း ဆိုလိုက်သေးသည်။

သို့နှင့် အိယေမစ်ဆုက သူ့ဓားသမားများအား ဘန်ကူးရိုး ကြိုက်သည့် ပုံစံနှင့် ယှဉ်ပြိုင်ခိုင်းလိုက်သည်။ တကယ် တိုက်ကြသည့်အခါ စောစောက ဘန်ကူးရိုး ပြောခဲ့သည့် အတိုင်းပင် မြင်းစီးဓားခုတ်မှာတော့ သူ့ကို ဘယ်သူမှ မယှည်နိုင်တာ တွေ့ရသည်။

သူက မြင်းစီး ချန်ပီယံ၊ ဟို ဓားသမားတွေက မြင်းကို သာမန်လောက်သာ စီးတတ်သူတွေ ဆိုတော့ ဓားစွမ်းရည်ကို မြေပြင်မှာလောက် ပြည့်ပြည့်ဝဝ မပြနိုင်ကြ။

သူ့လူအားလုံး ရှုံးပြန်တော့လည်း အိယေမစ်ဆုက စိတ်ထဲ သိပ်မကျေနပ်ချင်။ အဲဒါနှင့် ပရိသတ်ထဲက ကြည့်နေသည့် အခြားဓားသမားတစ်ဦး ဖြစ်သူ နျူနီနိုရီကို ခေါ်ကာ ကဲ၊ ခင်ဗျား စမ်းကြည့်ဗျာ ဟုဆိုပြန်သည်။

နျူနီနိုရီကလည်း မငြင်းပါ ။ ပြိုင်ပွဲသုံးသည့် သစ်သားဓားတစ်လက် ဆွဲကာ မြင်းတစ်စီးပေါ် တက်လိုက်သည်။ ပြီးလျှင် တိုက်ပွဲဝင်ရန် အသင့်အနေအထားဖြင့် မြင်းကို အသော့နှင်သွားပြီး ဘန်ကူးရိုးနား အရောက်တွင် တုံ့ခနဲ ရပ်ကာ ဘန်ကူးရိုးကို လှမ်းမခုတ်ဘဲ သူစီးထားသည့် မြင်းနှာနုကို ဓားပြားနှင့် ရိုက်လိုက်သည်။ မြင်းရုတ်တရက် ပတတ်ရပ်သည့်အခါ ဘယ်လောက် မြင်းစီးကျွမ်းသည့် ပုဂ္ဂိုလ်ဖြစ်ဖြစ် တခြားအလုပ် မလုပ်နိုင်၊ မြင်းပေါ်က လိမ့်မကျအောင်ဘဲ ကြိုးစားထိန်းနေရသည်။

အဲသည်အချိန် နျူနီနိုရီက ဓားနှင့် ခုတ်ချလိုက်ရာ ဘန်ကူးရိုး မြင်းပေါ်က လွင့်ကျသွားသည်။

ပြိုင်ပွဲတစ်ခု အနိုင်ရရန်အတွက် ကျွမ်းကျင်မှု အရေးပါသလို ပြိုင်ဆိုင်မည့် နည်းလမ်းကို စဉ်းစား ရွေးချယ် ထားတတ်ဖို့လည်း အရေးကြီးကြောင်း ပြသသည့် သာဓကများပေတည်း။

(ဆရာဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်မှ...)

" အပ် " ပျောက်ရင် " ဆင် " နဲ့ရှာပါ***************************ဒီရှေးစကားလေးကို ငယ်စဉ်ထဲကကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သ...
23/04/2023

" အပ် " ပျောက်ရင် " ဆင် " နဲ့ရှာပါ
***************************

ဒီရှေးစကားလေးကို ငယ်စဉ်ထဲက
ကြားဖူးနားဝရှိခဲ့တာကြာပါပြီ သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ဖူးပါတယ်

" အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား "
ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့အမြင်မှန်ရသွားခဲ့ရပါတော့တယ်

( အပ်ပျောက်ရင် ဆင်နဲ့ရှာ ) ဆိုတဲ့
ဝေါဟာရ စကားလေးဟာ အင်မတန်မှလေးနက်ပြီး အဓိပ်ပါယျပွညျ့ဝတဲ့ ပညာရှိသူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်

တစ်ကယ်တော့ " အပ် " ဆိုတာက
လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်ပါဘူး ပညာရှိတွေပြောတဲ့ " အပ် " ကတော့လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက မိမိမှာ ပြောစရာကိစ္စရှိလာတဲ့အခါ
ပြော"အပ်" မပြော"အပ်"
သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ
သွား"အပ် မသွား"အပ်"
နေစရာကိစ္စများနဲ့ကြုံတဲ့အခါ
နေ"အပ်"မနေ"အပ်"

မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို"အပ်" မလို"အပ်" အစရှိတဲ့လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ "အပ်" ပေါင်းများစွာတွေပါ

တစ်ခါတရံ မိမိတို့မှာ လုပ်အပ်မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်းအားဖြင့် "အပ်" ပျောက်နေရင် ခုနကပြောတဲ့ "ဆင်"ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့

"ဆင်" ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး(ယောနိသောမနသီကာရ) နည်းမှန်လမ်း
မှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတောမှုလို့ခေါ်ရမယ့် (ဆင်ခြင်တုံတရား)ကိုဆိုလိုတာပါ

"အပ်"ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်နေရင် (ဆင်ခြင်တုံတရား) လေးနဲ့စဉ်းစားဆုံးဖြတ်ပါ

(ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေ
ဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားကတော့ (သတိနဲ့ဉာဏ်ပညာ)ပါ အဲဒီတရား ၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့"အပ်"ကို ရှာဖွေပေးနိုင်မှာပါ

ဒါကြောင့်မို့ ပျောက်နေတဲ့"အပ်"ကိုရှာဖွေဖို့ မိမိတို့မှာ"ဆင်" ရှိဖို့လိုပါတယ် နည်းမှန်လမ်းမှန် သမာသမတ် ကျကျစဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်မှု(အခံ) ရှိရပါမယ်


အဲဒီနည်းမှန်လမ်းမှန်တွေးခေါ်သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာမှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ
သူတော်ကောင်းမိတ်ဆွေရှိရပါမယ်ပညာရှိသူတော်ကောင်းဆရာများထံမှာကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေပြုလုပ်ရပါမယ်

အဲဒီလိုလေ့လာသင်ယူနိုင်အောင်
လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော်ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ်


ပညာရှိ သူတော်ကောင်းတွေနဲ့အဆွေခင်ပွန်းဖြစ်ရတာဟာ မိမိတို့အတွက် ပစ်စုပ်ပါနျဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို
ဖြစ်စေပါတယ်
C
ဒါကြောင့်မြတ်စွာဘုရားရှင်က"အဆွေခင်ပွန်းကောင်းရှိသူဟာ မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့
အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက် ပြီးပြည့်စုံစေတယ်" လို့(သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ)သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်

ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော်
ကောင်းအပေါင်းတို့မှာလည်း ကောင်းမွန်သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီးတစ်ခါတရံ ပျောက်နေတတ်တဲ့မိမိတို့

"အပ်" ကို "ဆင်"စီးပြီးရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါပြုလိုက်ပါကြောင်း

crd #
#လူငယ်များအတွက့်စာပေအသိပညာpage
မျှဝေသည်။

Shareပေးပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aye Chan Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share