Big Billion Gain

Big Billion Gain Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Big Billion Gain, Game Publisher, Yangon.

မြန်မာမြေပဲဆံသမိုင်းကြောင်း======================မြန်မာနိုင်ငံတွင် ရှေးခေတ်က မြေပဲကို စိုက်ပျိုးလေ့မရှိချေ။ ခရစ် ၁၈၈၅ ခု...
05/02/2022

မြန်မာမြေပဲဆံသမိုင်းကြောင်း
======================

မြန်မာနိုင်ငံတွင် ရှေးခေတ်က မြေပဲကို စိုက်ပျိုးလေ့မရှိချေ။

ခရစ် ၁၈၈၅ ခုနှစ်တွင် မကွေးနယ်၌ မြေပဲကိုစ၍ စိုက်သည် ဟု ရှေးအကျဆုံး မှတ်တမ်းများအရ သိရသည်။ ထိုနှစ်မတိုင်မီ က မြန်မာနိုင်ငံ၌ မြေပဲကို စိုက်ပျိုးသည့် လက္ခဏာမရှိချေ။ ရှမ်းပြည်နယ်၌မူ ထိုနှစ်ထက် စောစွာကပင် မြေပဲကို စိုက်ပျိုးခဲ့ ဟန်တူသည်။

မြေပဲပင်သည် အထူးမိုးခေါင်ခံသော အသီးအနှံ ဖြစ်သည့်အတိုင်းမြန်မာနိုင်ငံ အပူပိုင်းဒေသနှင့် အလွန်သင့်လျော် ၏။

ထိုကြောင့် မိုးနည်းပါးသော ဒေသများ၌ မြေပဲကို အမြောက်အမြား စိုက်ပျိုးကြသည်။ မြေပဲကို အများအပြား စိုက်ပျိုးသော အရပ်များမှာ မကွေး၊ ပခုက္ကူ၊ မြင်းခြံခရိုင်တို့၌ အထူး တလည် ကြီးကျယ်စွာ စိုက်ပျိုးကြသည်။

မြေပဲကို အကြမ်းအားဖြင့်
(၁) ပင်ပြန့်မြေပဲ
(၂) ပင်ထောင်မြေပဲ ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင်သည်။

ပင်ပြန့်မြေပဲ၏ အသက်မှာ ၆ လ၊ ၇ လခန့်ရှိ၍ မြနမာနိုင်ငံအလယ်ပိုင်း မိုးခေါင်ရေရှား အရပ်ဒေသတွင် အကြီးအကျယ် စိုက်ပျိုးကြ သည်။ ယင်းကို မြန်မာမြေပဲ ဟူ၍လည်းကောင်း၊ ကုလားမြေပဲ ဟူ၍လည်းကောင်း ခေါ်ကြသည်။

ပင်ထောင်မြေပဲမှာ အသက် လျင်၍ ၃ လမှ ၃လခွဲအတွင် ရိတ်သိမ်းရသည်။ ယင်းကို မိုးအခါ၌ လည်းကောင်း၊ ဆောင်းအခါ၌ လည်းကောင်း၊ စိုက်ပျိုး နိုင်သည်။ သို့ရာတွင် အထူးသဖြင့် ဆောင်းရာသီတွင် ကျွန်းမြေ များပေါ်၌ ပိုမိုစိုက်ပျိုးကြသည်။

မြေပဲသည် ရေဝပ်သော မြေစေးမှ တစ်ပါး အခြားမည်သည့် မြေ၌ မဆိုဖြစ်ထွန်းသည်။

သို့ရာတွင် သဲဆန်သော မြေကားပင်ပြန့်မြေပဲ အတွက် အကောင်းဆုံးဖြစ်သည်။ ပင်ထောင် မြေပဲအတွက်မှာမူ အနည်းငယ် နုံးဆန်သောမြေသည် အကောင်းဆုံး ဖြစ် သည်။

မြေပဲစိုက်ပျိုးသည့်အခါ မြေကို ထယ်ထိုးဖို့ အရေးကြီးသည်။ သို့ရာတွင် မြေတိုင်းကို ထယ်ထိုးရမည်ဟု တထစ်ချမမှတ် ယူအပ်ပေ။ မြေသည်မွရွနေသော သဲမြေဖြစ်လျှင် ထယ်ထိုးဖို့မလိုဘဲ ထွန်နှင့်ပင် လုံလောက်ပေသည်။ မြေပဲသည် ပေါင်းကို အထူးကြောက်သော အပင် ဖြစ်သည်။ ပေါင်းရှိလျှင် မည်မျှပင် အပင် သန်သော်လည်းကောင်းစွာ ဥမအုချေ။ ထိုကြောင့် ပေါင်းပင်များကို တစ်ကြိမ်မက၊ နှစ်ကြိမ် သုံးကြိမ်ပေါင်းသင်ပေးရသည်။

မြေပဲပင်များကို အတန်းလိုက်စိုက် ပျိုးကြသည်။ အတန်းလိုက်စိုက်သည့်အခါ ပေါင်းစရိတ်သက်သာ သည်။ သက်သာခြင်းမှာ အတန်းများ အကြားအကြားတွင် ထွန်ဖြင့် ကြားလိုက်နိုင်သောကြောင့် ဖြစ်သည်။

မြေပဲကို စိုက်ပျိုးပြီး၍ ၇ ရက်မှ ၁ဝ ရက်အတွင်း အပင်ငယ်များ ပေါက်လာကြသည် ၅ သီတင်း ၆ သီတင်း အတွင်း၌ အပွင့်များ ပွင့်ကြသည်။ ထိုအပွင့်များမှာ သေးငယ်၍ ဝါသော အရောင်အဆင်းရှိလျက် စားတော်ပဲပွင့်များကဲသို့ လိပ်ပြာနှင့် ပုံသဏ္ဌာန်တူသည်။ အချိန်၍ အပွင့်များ ကြွေကျသွားသောအခါ ပွင့်တံများ ရှည်ထွက်လာသည်။ ထိုပွင့်တံများသည် မြေကြီးရှိရာ အောက်ဖက်သို့ ထိုးဝင်သွားပြီးနောက် ပွင့်တံ၏ ချွန်ထက်သော အဖျားများသည် အသီးအနှံအဖြစ်ဖြင့် ကြီးပွားလာကြသည်။

မြေပဲပင်သည် စိုက်ပျိုးပြီးနောက် ၅ လမှ ၇ လခန့် ကြာလျှင် အသီးများ ရင့်မှည့်၍လာသည်။

အပင်များရှိအရွက်များ ခြောက်သွေ့၍ လာသောအခါမြေပဲသိမ်းရန် အချိန်တန်ပြီ ဖြစ်၏။

တစ်ဧကလျှင် မြေပဲတင်းပေါင် ၃ဝ မှ ၄ဝ အထိ ထွက်လေသည်။ မြေပဲကို ဆီအတွက် အများဆုံးစိုက်ပျိုးကြသည်။ သို့ရာတွင် အချို့ကိုမူ သရေစာအဖြစ်ဖြင့် မြေပဲ အစေ့အတိုင်း လူတို့စား သုံးကြသေးသည်။

အနောက်နိုင်ငံများတွင် မြေပဲထောပတ်ခေါ် မြေပဲဆီမှ ပြုလုပ်သော ထောပတ်ကို ဟင်းချက်ရာ၌ အသုံးပြုကြ သည်။ မြေပဲမှော်များသည် ကျွဲစာ နွားစာအဖြစ် သုံးရန် အလွန်ကောင်း သည်။ မြေပဲဆီကို အမျိုးမျိုး အသုံးပြုနိုင်သောကြောင့် အမြောက် အမြားစိုက်ပျိုးကြသည်။

မြေပဲရိုးတံနှင့် အမြစ်များသည်ပင် မြေဩ ဇာအတွက် အသုံးပြုနိုင်သည်။ မြေပဲတွင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် အဆီများစွာ ပါရှိသဖြင့် အခြားမုန့်ပဲသရေစာများနှင့် အစာများတွင်ထည့်သွင်းသုံး စွဲနိုင်သော အဖိုးတန် အစာတစ်ခုဖြစ်သည်။

crd:Wikipedia(uploader)

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား================================= ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရ...
04/02/2022

ပဲဆီစစ်ရင် လုံး၀မခဲဘူး ဆိုတဲ့ အယူအဆမှား
=================================

ဆီတွေအားလုံးဟာ အခဲမှတ် (Titer/Cloud Point) တခုရောက်ရင် ခဲနိုင်တယ်ဆိုတာ သုတေသနပြုလုပ်သူတွေက ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ အဲ့ဒါကြောင့်

မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီတွေကလည်း Cloud Point ရောက်ရင် ခဲတတ်ကြပါတယ်။ ဒါပေမယ့် ..
ဆီအမျိုးအစား တခုနဲ့တခုရဲ့ Cloud Point ကတော့ မတူပါဘူး။ အဲ့ဒါအပြင်…..
ဆီရဲ့ အလေးချိန်ပမာဏနဲ့ ထုထည်ကိုလိုက်ပြီးတော့ ခဲစေတဲ့အချိန်တော့ ကွာပါတယ်။ ဆီတွေဘာကြောင့်ခဲလဲဆို…

မူလဆီထွက်သီးနှံအစေ့အပေါ်ယံမှာ ဖုံးအုပ်ထားတဲ့ ဖယောင်းပါးတွေက ဆီကြိတ်ခွဲတဲ့အခါ ပျော်၀င်ပြီး ဆီနဲ့အတူ ပါလာတာကြောင့် သာမာန်အခန်းအပူချိန်ထက် လျော့ကျပြီး အအေးဓာတ်လွန်ကဲတဲ့အခါမှာ ခဲတာ ဖြစ်ပါတယ်။ မြန်မာလူမျိုးအများစု စားသုံးလာကြတဲ့ မြေပဲဆီအစစ်က လုံး၀ မခဲတာမျိုး မဟုတ်ဘဲ ...

မြေပဲဆီရဲ့ Cloud Point (3˚C ~ 13˚C) ရောက်ရင် မြေပဲဆီလည်း ခဲပါတယ်။ သို့သော်လည်း မြေပဲဆီက ဆီအခဲပိုင်း (Stearin) မပါ၀င်တာ ဖြစ်တဲ့အတွက် အလွယ်တကူ မခဲတဲ့အပြင် သာမာန်အပူချိန်ရောက်ရင် အရည်ပျော်တာလည်း မြန်ပါတယ်။ စားအုန်းဆီလိုမျိုး ခဲလွယ်တဲ့ အခြားဆီတွေ ရောထားရင်တော့ ခဲလွယ်ပြီး အရည်ပျော်တာလည်း ကြာပါတယ်။ စားသုံးသူတွေအနေနဲ့ …

သာမာန် အခန်းအပူချိန်မျိုးမှာတောင် အလွယ်တကူခဲစေတဲ့ Stearin ပါ၀င်တဲ့ ဆီတွေကိုတော့ မစားသုံးသင့်ပါဘူး။ လုံး၀ မခဲအောင် ဓာတုပစ္စည်းထည့်ပြီး ပြုပြင်ထားတဲ့ဆီတွေကိုလည်း မစားသုံးသင့်ပါဘူးလို့ အသိပေးလိုပါတယ်။ မခဲတိုင်း ဆီကောင်းဆီသန့်လို့ သတ်မှတ်လို့မရဘဲ ဆီရဲ့တကယ့်အရည်အသွေးကို တိုင်းတာဖို့ဆို …

♦️Oil Properties
♦️Acid Value/ FFA (Free Fatty Acid)
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Titer/Cloud Point
♦️Saponification Value
♦️Rancidity
♦️Melting Point စတဲ့အချက်တွေကို ကြည့်ပြီး ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။

အခု ဖော်ပြထားတာတွေက …
ဆီတွေခဲနိုင်တယ်ဆိုတာကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာ ဖြစ်ပြီး လုံး၀ မခဲတိုင်း ဆီကောင်းဆီသန့် မဟုတ်ကြောင်း စားသုံးသူတွေကို သိစေလိုခြင်းပါ။

ကျန်းမာစေသောဆီကို ရွေးချယ်စားသုံးရင်း ပျော်ရွှင်ကျန်းမာသောနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

Credit:မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

စားသုံးဆီအရည်အသွေးတွေအကြောင်း သိသင့်သလောက်============================စားသုံးဆီဆိုတာ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှ...
04/02/2022

စားသုံးဆီအရည်အသွေးတွေအကြောင်း သိသင့်သလောက်
============================
စားသုံးဆီဆိုတာ အစားအသောက်များ ပြင်ဆင်ချက်ပြုတ်ရာမှာ သုံးစွဲနိုင်တဲ့ဆီတွေအားလုံးကို ဆိုလိုတာဖြစ်ပါတယ်။ ပဲဆီ၊နှမ်းဆီ၊ နေကြာဆီ၊ အသားငါးဆီ၊ စားအုန်းဆီ စသဖြင့် ဆီအမျိုးအစား​တွေများစွာ ပါဝင်ပါတယ်။ နေ့စဥ်သုံးစွဲနေတဲ့ ဆီတွေရဲ့အရည်အသွေးကို ဆုံးဖြတ်ဖို့အတွက်

ဆီရဲ့အရောင်၊အဆင်း၊အနံ့၊အရသာအပြင် …

ဓာတ်ခွဲခန်းမှာသာ စစ်ဆေးနိုင်တဲ့ အက်ဆစ်ပါ၀င်မှုတန်ဖိုးလိုမျိုး အချက်တွေကို ကြည့်ပြီးမှသာ ဆုံးဖြတ်နိုင်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီစက်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့

အောက်ဖော်ပြထားတဲ့ အခြေခံအချက်တွေကိုတော့ သိထားသင့်ပါတယ်။

ရောင်းချနေတဲ့ စားသုံးဆီတွေကို ကောင်းမွန်တဲ့ဆီအဖြစ် သတ်မှတ်နိုင်ဖို့အတွက် …

♦️Oil Properties
♦️Aflatoxin
♦️Moisture and Volatile Value
♦️Acid Value
♦️I.V (Iodine Value)
♦️P.V (Peroxide Value)
♦️Rancidity
♦️Melting Point
♦️Titer/Cloud Point
♦️Smoking Point
စတဲ့အချက်တွေမှာ သတ်မှတ်စံချိန်စံညွှန်းအတိုင်း ရှိနေရပါမယ်။ အဲ့ဒီအချက်တွေအကြောင်းကို နားလည်လွယ်အောင် ရှင်းပြလိုပါတယ်။

♦️ Oil Properties

Oil Properties ဆိုတာ သာမာန်သိနိုင်တဲ့ ဆီရဲ့ အရောင်အသွေး၊ အနံ့၊ အရသာ ပိုင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

♦️ Aflatoxin

Aflatoxin ဆိုတာကင်ဆာဖြစ်စေတဲ့ မှိုအဆိပ်တမျိုးဖြစ်ပါတယ်။ Aflatoxin ဓာတ်က ဆီမကြိတ်ခွဲခင် မူလသီးနှံမှာ ပါ၀င်လာတတ်ပါတယ်။ Aflatoxin ပါ၀င်မှုများတဲ့ဆီက ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါတယ်။ Aflatoxin က လုံးဝ မပါဝင်လေကောင်းလေ ဖြစ်ပါတယ်။

♦️ Moisture and Volatile Value

ဆီထဲမှာ ပါ၀င်တဲ့အစိုဓာတ်ဖြစ်ပါတယ်။ အစိုဓာတ်နည်းလေလေ ကိုယ့်ဆီရဲ့ အရည်အသွေးပိုကောင်းလေလေ ဖြစ်ပါတယ်။

♦️ Acid Value

ဆီတွေမှာ ပါ၀င်တဲ့ Acid Value (အချဉ်ဓာတ်ကိန်း) က နည်းလေ ကောင်းလေဖြစ်ပါတယ်။ ဆီမှာပါ၀င်တဲ့ အက်ဆစ်ဓာတ်ပမာဏက အများဆုံး (4) အထိသာ ရှိသင့်ပါတယ်။ နေကြာဆီ၊ မြေပဲဆီအစစ်မှာဆို AV က တော်တော်နိမ့်ပါတယ်။

♦️ I.V (Iodine Value)

ကိုယ့်ရဲ့ဆီက I.V မြင့်လေ ပိုကောင်းလေ ဖြစ်ပါတယ်။ ပဲပိစပ်ဆီတွေက I.V မြင့်ပါတယ်။ မူလဆီထွက်သီးနှံ ပဲပိစပ်မှာ ပါ၀င်တဲ့ အိုင်အိုဒင်းတန်ဖိုးက တခြားသီးနှံတွေထက် မြင့်တာကြောင့် ဖြစ်ပါတယ်။

♦️ P.V (Peroxide Value) and Rancidity

PV ကတော့ နိမ့်လေ ကောင်းလေဖြစ်ပါတယ်။ PV ဆိုတာ ဆီထဲမှာ ပါ၀င်တဲ့ Oxygen တွေ oxidation ဖြစ်ပြီး ဓာတ်ပြုပြိုကွဲခြင်းကို ဆိုလိုတာပါ။ အဲ့ဒါကြောင့် P.V နိမ့်လေ ဆီအရည်အသွေးကောင်းလေ ဖြစ်ပြီး ကြာရှည်လည်း အထားခံပါတယ်။ P.V မြင့်တဲ့ဆီတွေက အလွယ်တကူဓာတ်ပြု ပြိုကွဲလွယ်တာကြောင့် Rancidity (ဆီချေးနံ့ထွက်ခြင်း) ကို ဖြစ်စေပါတယ်။

♦️ Smoke Point

Smoke Point ဆိုတာ အကြော်ခံခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ မြေပဲဆီလိုမျိုး Smoke Point မြင့်တဲ့ဆီတွေက အပူချိန်ပျော့ပျော့လေးမှာ ပျက်စီးခြင်း မရှိတာကြောင့် အစားအစာများချက်ပြုတ်ရာမှာ အသုံးပြုသင့်တာဖြစ်ပါတယ်။

♦️ Cloud Point and Melting Point

အလွယ်ပြောရင် ဆီခဲမှတ်နဲ့ အရည်ပျော်မှတ်ပါ။ အခဲမှတ်ရော အရည်ပျော်မှတ်ရော နိမ့်တွေဆီတွေက ပြည့်၀ဆီမပါ၀င်တာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီလို့ပြောလို့ရပါတယ်။
အလွယ်တကူမခဲနိုင်သော်လည်း အလွယ်တကူ အရည်ပျော်စေနိုင်တဲ့ (လက်ရှိမြန်မာနိုင်ငံမှာ အဓိက သုံးစွဲနေကြတဲ့) နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ တွေကတော့ ကျန်းမာစေတဲ့ဆီလို့ ပြောလို့ရပါတယ်။

Credit:မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

အလှအပနဲ့  မြေပဲဆီအကြောင်း =========================တစေ့တစောင်းလေ့လာကြရအောင်! ဆောင်းရာသီအတွက် အသားရေခြောက်သွေ့ခြင်းကင်းပြ...
04/02/2022

အလှအပနဲ့ မြေပဲဆီအကြောင်း
=========================
တစေ့တစောင်းလေ့လာကြရအောင်!

ဆောင်းရာသီအတွက် အသားရေခြောက်သွေ့ခြင်းကင်းပြီး မှဲ့ခြောက်နဲ့ဝက်ခြံကင်းသောမျက်နှာလေးအပြင် နှုးညံ့သောနှုတ်ခမ်းသားတစ်စုံပိုင်ဆိုင်ဖို့ မီးဖိုချောင်မှာချက်ပြုတ်စားသုံး တဲ့မြေပဲဆီအစစ်လေးရှိရင် အဆင်ပြေပြီနော်။

၁။မှဲ့ခြောက်နဲ့ ဝက်ခြံလေးတွေရှင်းဖို့ဆိုရင် မြေပဲဆီအနည်းငယ်ထဲကို သံပုရာရည်၃စက်လောက် ထည့်မွှေပြီးလိမ်း ပေးလိုက်ပါနော်။

၂။နှုတ်ခမ်းသားလှဖို့ကတော့ ညဖက်အိပ်ခါနီးသွားတိုက်ရင်း သွားပွတ်တံလေးနဲ့ နှုတ်ခမ်းကိုလေးမိနစ်လောက် ပွတ်ပြီးရေနွေးနွေးဖြင့်ဆေးကြောပေးလိုက်ပါ။ပြီးရင် ဝါ ဂွမ်းလေးကို ပဲဆီဆွတ်ပြီး နှုတ်ခမ်းလေးကို လိမ်းပေးလိုက်ပါသင့်ရဲ့နံနက်ခင်းတိုင်းမှာ လှပနှုးညံ့တဲ့နှုတ်ခမ်းလေး ပိုင်ဆိုင်စေပါပြီ။

၃။ ပိုထူပြီး ကျန်းမာတဲ့ ဆံသားလေးပိုင်ဆိုင်ဖို့ ခေါင်း မလျှော်ခင် နာရီဝက်အလိုမှာ မြေပဲဆီရွှဲရွှဲလေး ဦးရေပြားနှင့်ဆံဖျားလေးတွေ လိမ်းပြီးနှိပ်ပေးလိုက်ပါ(ကိုယ်နှစ်သက်ရာခေါင်းလျှော်ရည်ဖြင့်ဆေးကြောလိုက်ပါ) ကပျက်စီးသွားသောဆံပင်ပြန်လည်ကျန်းမာလာပြီး ဦးရေပြားခြောက်သွေ့ခြင်းကင်းပါတယ်။

အားလုံးပဲ မြေပဲဆီစစ်စစ်လေးတွေသုံးပြီး လှနိုင်ကြပါစေ

Credit: uploader

မြေပဲဆီအကြောင်း==============မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပ...
02/02/2022

မြေပဲဆီအကြောင်း
==============

မြေပဲဆီက အစေ့အဆံကနေ ဆီဖြစ်အောင် လုပ်တာဖြစ်တဲ့အတွက် သဘာ၀ဟင်းရွက်ဟင်းရွက်ဆီ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်။

အရောင်
======
မြေပဲဆီရဲ့အရောင်က အရမ်း မနုမရင့်တဲ့ အဝါရောင် ဖြစ်ပါတယ်။

(ကြိတ်ခွဲမှုပုံစံမတူတာကြောင့် ပဲဆီအမျိုးအစားကိုလိုက်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။)

အရသာ
======
အရသာကတော့ အရမ်းပြင်းထန်ခြင်းမရှိဘဲ နှစ်လိုဖွယ်ကောင်းပြီး ဆိမ့်တဲ့အရသာ ဖြစ်ပါတယ်။

အနံ့
===
မြေပဲဆီရဲ့ အနံ့ကတော့ သဘာဝမြေပဲအနံ့မဟုတ်ပါဘူး။

မြေပဲဆီရဲ့ထူးခြားချက်များ
====================
မြေပဲဆီက Smoking Point မြင့်တာကြောင့် အကြော်ခံ၊ အချက်ခံပါတယ်။ Smoking Point ဆိုတာ ဆီတွေကို အပူပေးတဲ့အခါ ပြင်းထန်တဲ့အပူချိန်ကြောင့် ဆီမှာပါ၀င်တဲ့ဓာတ်တွေ ပြိုကွဲပျက်စီးပြီး ပြောင်းလဲသွားတဲ့အမှတ် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Smoking Point မြင့်တဲ့ဆီတွေက အကောင်းဆုံးလို့ သတ်မှတ်ကြတာပါ။

မြေပဲဆီက Cloud Point နိမ့်တာကြောင့် သာမာန်အခန်းအပူချိန်မှာ မအေးခဲနိုင်ပါဘူး။ Cloud Point ဆိုတာ အပူချိန် အရမ်းလျော့ကျတဲ့အခါ ဆီတွေ အေးခဲသွားတဲ့အမှတ်ကို ခေါ်တာဖြစ်ပါတယ်။ Cloud Point နိမ့်တဲ့ဆီတွေက ပြည့်၀ဆီပါ၀င်မှု နည်းပါတာကြောင့် ကျန်းမာရေးနဲ့ညီညွတ်တယ်။ စားသုံးဖို့သင့်တော်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

မြေပဲဆီမှာ ကိုလက်စထရောမပါ၀င်ပါဘူး။ အဲ့ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဆီအမျိုးအစား ဖြစ်တဲ့အပြင် Antioxidant ပါ၀င်တာကြောင့် ကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်တာလိုမျိုး အစွမ်းသတ္တိတွေ ရှိပါတယ်။

မြေပဲဆီကို စားသုံးဆီအဖြစ်သာမကဘဲ ဆေးဝါးများဖော်စပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေပဲဆီအမျိုးအစားများ

================

🥜 Refined Peanut Oil
🥜 Gourmet Peanut Oil
🥜 Cold Pressed Peanut
🥜 Roasted Peanut Oil
🥜 Peanut Oil Blends

နိုင်ငံတကာမှာတော့ မြေပဲကြိတ်ခွဲနည်းကို အမျိုးအစားခွဲခြားသတ်မှတ်ထားပြီး မြန်မာနိုင်ငံမှာတော့ ဆုံဆီ/နှင့် စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်သောဆီဆိုပြီး ၂ မျိုးပဲ ရှိပါတယ်။

ဆုံဆီက သဘာ၀ အနံ့အရသာနဲ့ပြည့်စုံသော်လည်း

ရေဓာတ်ပါ၀င်မှုများတာ၊ Aflatoxin လိုမျိုး မှိုဓာတ်ပါ၀င်နိုင်ချေမြင့်တာ၊ ကြာရှည်မခံတာတွေ ဖြစ်တတ်ပါတယ်။

စက်ဖြင့်ကြိတ်ခွဲထုတ်လုပ်တဲ့ဆီကတော့ …

FDA စံနှုန်းများအတိုင်း လိုက်နာပြီး နည်းစနစ်တကျထုတ်လုပ်ထားမယ်ဆိုရင် မှိုဓာတ်ပါ၀င်မှု မရှိဘဲ ကြာရှည်လည်း သိုလှောင်သိမ်းဆည်းထားနိုင်ပြီး ပဲဆီမှာ ပါ၀င်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ ရရှိနိုင်မှာဖြစ်ပါတယ်။

မြေပဲဆီမှာ ပါ၀င်သော အာဟာရဓာတ်များ
===============================

မြေပဲဆီမှာ သစ်သီးတွေလိုမျိုး Vitamin A,C,D တွေ မပါ၀င်ပေမယ့်

⭐Vitamin – E
⭐Potassium
⭐Carbohydrates
⭐Portein
⭐Sodium
⭐Omega 3, 6 အစရှိတဲ့

အကျိုးပြု အာဟာရဓာတ်တွေ ပါ၀င်ပါတယ်။

မြေပဲဆီကို ပုံမှန်မမာဏသာ ရေရှည်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်အ၀လွန်ခြင်းကို ကာကွယ်ပါတယ်။

Crd: မန္တလေးခရိုင်ဆီစက်ပိုင်ရှင်များအသင်း

BBG 100% Natural Peanut Oil🥜🥜🥜""""""””""""""""""""""""""""""""""""""""""""""""စစ်မှန်သောအရည်သွေးသည် သုံးစွဲသူကို စိတ်ကျေ...
22/11/2021

BBG 100% Natural Peanut Oil🥜🥜🥜
""""""””""""""""""""""""""""""""""""""""""""""""
စစ်မှန်သောအရည်သွေးသည် သုံးစွဲသူကို စိတ်ကျေနပ်မူ့အပြည့်အဝပေးပါသည်။

မေး။ မြေပဲဆီတွေ ဈေးအမျိုးမျိုးဘာကြောင့်ဖြစ်ရသလဲ? မြေပဲဆီဘယ်နှစ်မျိုးရှိသလဲ?

ဖြေ။ မြေပဲကို S1၊ ထိပ်စ၊ အလတ်စ၊ ခွဲခြမ်း၊ ဖြူ၊ အနီ လုံးဆန်အချော၊အသန့်၊ အရောအနှော၊ ရေနွေးပေါင်းခံခြင်း၊ နေရောင်ခြည်ဖြင့်အခြောက်ခံခြင်း စတဲ့ နည်းလမ်းအမျိုးမျိုး အပေါ်မူတည်လို့ အနံ့၊ အရသာကွာခြားကြပြီး မိမိစက်ရဲ့ ဆီထွက်နူန်း၊ လုပ်အားခ၊ မီတာခ၊အထွေထွေကုန်ကျစရိတ်ပေါ်မူတည်လို့ ဈေးအမျိုးမျိုးနဲ့ မြေပဲဆီအမျိုးမျိုးကွဲထွက်သွားကြပါတယ်။

မိမိတို့ BBG သဘာဝမြေပဲဆီသန့်မှာတော့
Premium Quality, High Quality, Normal Quality ဆိုပြီး အမျိုးအစား သုံးမျိုးကို ထုတ်လုပ်ရောင်းချပေးထားပါတယ်။

အရည်အသွေးအပေါ်မူတည်လို့ ကျန်းမာရေးအတွက် ရနိူင်တဲ့ အကျိုးကျေးဇူးတွေလည်း အနည်း၊ အများတော့ ကွာခြားသွားမှာပါ။

🟦Premium Quality
^^^^^^^^^^^^^^^^^
➡️ ၁ပိဿာ - ၁၀၅၀၀
➡️ ၃ပိဿာ - ၃၁၀၀၀
➡️ ၅ပိဿာ - ၅၂၀၀၀
➡️ ၁၀ပိဿာ -၁၀၀၀၀၀

🟦High Quality
^^^^^^^^^^^^^
➡️ ၁ပိဿာ - ၈၅၀၀
➡️ ၃ပိဿာ -၂၅၀၀၀
➡️ ၅ပိဿာ -၄၂၀၀၀
➡️ ၁၀ပိဿာ -၈၂၀၀၀

🟦Normal Quality
^^^^^^^^^^^^^^^^
➡️ ၁ပိဿာ - ၆၅၀၀
➡️ ၃ပိဿာ -၁၉၅၀၀
➡️ ၅ပိဿာ -၃၂၅၀၀
➡️ ၁၀ပိဿာ -၆၅၀၀၀

📱ဆက်သွယ်မှာယူလိုပါက📱

☎️09785176967
☎️09967115524

Page messenger (CB), What's app, We Chat, Telegram, Viber စသည် တို့မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ် ။

💰ငွေပေးချေမူ့ပုံစံ💰

ရန်ကုန်မြို့၊ မန္တလေးမြို့အတွင်း ပစ္စည်းရောက်‌ငွေချေ လက်ငင်းငွေချေစနစ်ဖြင့်လည်းကောင်း၊

Online Payment များဖြစ်တဲ့ (KBZ, AYA, CB Mobile Banking တို့အပြင် CB Pay, K Pay, AYA Pay, Wave Money) တို့နဲ့ လွယ်ကူစွာ ငွေပေးချေပြီး ဝယ်ယူနိုင်ပါတယ် ။

🚛 ကုန်စည်ပို့ဆောင်မူ့ပုံစံ 🚛🚂🚢✈️

🛵Order မှာယူထားပြီး (၂)ရက်မှ (၅)ရက်အတွင်း လိုက်လံပို့ဆောင်ပေးပါတယ်။

ရန်ကုန်မြို့တွင်းနှင့် မန္တလေးမြို့အတွင်း အခမဲ့ပို့ဆောင်ပေးမည်ဖြစ်ပြီး အခြားမြို့နယ်များသို့ အဝေးပြေးကားဂိတ်၊ ဘူတာရုံ၊ သင်္ဘောဆိပ်၊ လေဆိပ် သို့ ပို့ဆောင်ပေးပါမည်။

လမ်းကြောင်းပေါ်မူတည်ပြီး ဒီနေ့မှာ နောက်နေ့ရောက်အောင်လဲ ကြိုးစားစီစဉ်နေပါတယ်။

ဝယ်ယူအားပေးကြသော လူကြီးမင်းများ၊ အိမ်ရှင်မများ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

မြေပဲဆီ စားသုံးခြင်း အကျိုး(၈)မျိုး🥜^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^(1) Peanut oil aids weights loss.🥜မြေပဲ ဆီ စားသုံ...
22/11/2021

မြေပဲဆီ စားသုံးခြင်း အကျိုး(၈)မျိုး🥜
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

(1) Peanut oil aids weights loss.🥜
မြေပဲ ဆီ စားသုံး ခြင်းဟာ ကိုယ် အလေးချိန်ကို လျော့ကျစေပါတယ်

(2) Peanut oil inproves sentivity to insulin.🥜
မြေပဲဆီက အင်စူလင်ကို ခံနိင်ရည် တိုး
တက်စေပါတယ်

(3) Peanut oil is a great anti-ageing product.🥜
မြေပဲဆီသည် အိုမင်း ရင့်ရော် ခြင်းကို
ဆန့်ကျင်သော ထုတ်ကုန်ဖြစ်သည်

(4) It helps in hair growth.🥜
ဆံပင် ကြီးထွားမှုကို အထောက်ကူ ပြုသည်

(5) It prevents in inflammatory problem
like arthritis.🥜
အဆစ်နာကဲ့သို့ ရောင်ရမ်းသော ပြသနာများကို ကာကွယ်ပေးသည်

(6) Peanut oil helps in readucing
the risk of cancer.🥜
ကင်ဆာ ဖြစ်နိင်ချေကို လျှော့ချပေးသည်

(7) Peanut oil is great for those who have cardiovasular problem.🥜
နှလုံး သွေးကြောဆိုင်ရာ ပြသနာ ရှိသူများအတွက် အလွန် ကောင်းမွန်စေသည်

(8) It gives you acne-free skin.🥜
ဝက်ခြံ ကင်းစင်စေသော အသားအရေ ကိုပိုင်ဆိုင်စေပါသည်

ကောင်းကျိုးတွေက ဒီထက်မက ရှိနေပါသေးတယ်

Food Production Industry

ခရက်ဒစ်ပေးပါသည်။

ဆီအကြောင်းလေးတွေ့လို့ မျှဝေပါရစေ။ဆီအကြောင်းလေး ပြောချင်လို့ပါ ကျွန်တော် ဆီစက်ပိုင် တယောက်ပါ ကျွန်တော် စားသုံးဆီဆိုင်ဖွင်...
22/11/2021

ဆီအကြောင်းလေးတွေ့လို့ မျှဝေပါရစေ။

ဆီအကြောင်းလေး ပြောချင်လို့ပါ ကျွန်တော် ဆီစက်ပိုင် တယောက်ပါ ကျွန်တော် စားသုံးဆီဆိုင်ဖွင့်ထားသူ တယောက်ပါ။

🍀ပြောနေရင်း ဆီပုံးကြီးကိုင်ပြီး
အမကြီးတယောက်လာပြီ

စျေးဝယ် ။ ။"မောင်လေး ပဲဆီသန့်သန်လေး ဘယ်လောက်လဲ "
ကျွန်တော် ။ ။"ဟုပ်ကဲ့ အမကြီးရေ ပဲဆီသန့်သန့်လေးဆို ၁၀,၀၀၀ ပါ ခင်ဗျာ "
စျေးဝယ် ။ ။"အမလေးတော် မတရားသဖြင့် "
ကျွန်တော် ။ ။ " အင်...ဘာပုလို့ "
စျေးဝယ် ။ ။"ငါတို့ ရပ်ကွက်ထဲမှာတောင် ၃၅၀၀ ဘဲရှိတယ်။ ဆီစက်ဆိုလို့ သက်သာမလားမှတ်တယ် ဟွန်း "
ကျွန်တော် ။ ။"ဟာအမကြီး အဲ့ဒါရောင်းတန်းဆီပါ အသန့်ဆိုမရပါဘူး အမကြီးလိုချင်ရင် ၃၀၀၀ တန် ရှိပါတယ်"
စျေးဝယ် ။ ။" ၃၀၀၀ တန်က သန့်လား အာမခံလား"
ကျွန်တော် ။ ။"အင်း.အမကြီးရယ် ၄၅၀၀ တန်လောက်တော့မသန့်ဘူး အာမ မခံနိုင်ဘူးပေါ့ အမကြီးရယ် "
စျေးဝယ် ။ ။" တော်ပြီ အဲ့ဆို မဝယ်တော့ဘူး "

အင်..... ပြန်သွားပြီ။

🍀ဟော့ အဒေါ်ကြီးတယောက်
ပုံးနဲ့ ဝင်လာပြီ

ကျွန်တော် ။ ။"အန်တီ ဘာဆီယူမလဲ"
အဒေါ်ကြီး ။ ။"ပဲဆီလေး လိုချင်တာ ပြန်ရောင်းဖို့"
ကျွန်တော် ။ ။" ပြန်ရောင်းဖို့ဆို့ အန်တီ ရောင်းတန်း ၂၅၀၀ တန် ၃၀၀၀ တန် တွေရှိပါတယ် "
အဒေါ်ကြီး။။"အမလေးတော် ငါ့အိမ်ဆိုင်မှာတောင်၂၅၀၀ဘဲ ရောင်းတာ ဆိုင်ကြီးဖြစ်ပြီးတော့ စျေးကြီးတာ"

ဟင် ပြောပြီး ချာကနဲ့ လှည့်ထွက်သွားတယ်

🍀သိပ်မကြာလိုက် လူကြီးတယောက် ဆိုင်ကယ်ရပ် ပုံးနှစ်ပုံးဆွဲပြီး ဆိုင်ထဲဝင်လာတယ်

ကျွန်တော် ။ ။"ဦးလေး ဘာဆီယူမလဲ "
ဦးလေး။ ။"ငါ့တူရေ ဦးလေးပြန်ရောင်းဖို့ ပဲဆီ နှမ်းဆီအရော ရောင်းတန်းဆီလေး လိုချင်တာ"

ဒီတခါတွေ့ မယ် စျေးကိုမပြောတော့ဘူးကွ ... လို့တွေးပြီး

ကျွန်တော် ။ ။"ဦးလေးက ဘယ်လောက်တန်လို ချင်တာလဲ"
ဦးလေး ။ ။"ဦးက ပဲဆီ နှမ်းဆီကို ၂၀၀၀ တန်လောက်လိုချင်တာကွ ရက်ကွပ်ထဲမှာရောင်းရတာ အဆစ်ထည့်ပေးရတာနဲ့ ဘူးအပြည့် ထည့်ပေးရတာနဲ့ ၂၀၀၀ တန်လောက်မှ ကိုက်မှာကွ "
ကျွန်တော် ။ ။"အင် ...၂၀၀၀ တန်ပဲဆီ အဲ့ဒါဆို ဦးလေးရယ် စားအုန်းဆီ ၁၈၇၀ တန်ကို တရုတ်ကလာတဲ့ မြေပဲနံထည့်ပြီးရောင်းတာနေမှာပါ ဦးလေးရယ် ဦးလေးလိုချင်ရင် အနံဘူးသွားဝယ်ပြီးလုပ်ပေးမယ် ပဲဆီအနံလေးနဲ့ကို ၁၉၀၀ ဘဲ ပေး"
ဦးလေး ။ ။"အဲလို့ကြီးအနံထည့်ပေးတာလား "
ကျွန်တော်။ ။"အဲ့ဒီလိုအနံလေးဘဲထည့်ရောင်းမှ ဒီစျေးရောင်းလို့ ရမှာပေါ့ ဦးလေးရယ်ကျွန်တော်တို့က ကိုယ့်ဆီစက်နဲ့ကိုယ်မို့လို့
ဆီစက်နာမည် ပျတ်မှာစိုးလို့ သိက္ခာရှိရှိနဲ့
ဒီပဲဆီကဒီလို စသဖြင့် မှန်မှန်ကန်ကန် ပြောပြီးရောင်းတာပါ ဆီစက်မရှိတဲ့ ဆီဆိုင်တွေကတော့ ဘာမှပြောမှာ မဟုတ်ဘူးဘယ်လောက်တန် လိုချင်လည်း ရမယ် အာမခံလားမေးရင် အာမခံတယ်ပြောလိုက်မှာဘဲ ဆီကတခုခုဖြစ်လို့စျေးဝယ်က ပြန်လာပြီး ပြောရင် သူတိုက သူတိုဆိုင်ကလုပ်တာမဟုပ်ဘူး ဆီစက်တွေကလုပ်လိုက်တာဆိုပြီး သူတို့သိက္ခာမကျဖို့အတွက် ဆီစက်ကို လွဲချကြတယ် ကျွန်တော်တို့ကကျတော့ လွှဲချလို့ မရဘူးလေ အဲ့ဒီတော့ ဒီဆီက ဒီလိုလုပ်ထားတယ်
ဟိုဆီက ဟိုလိုရောထားတယ် အာမခံတယ် မခံဘူး စသည်ဖြင့် မှန်မှန်ကန်ကန်ပြောပြပြီးမှ ရောင်းတာပါ "

ဦးလေး ။ ။ " အဲ့ဒီလို မကောင်းမှန်းသိသိကြီးနဲ့တော့ ဆီတောင်မရောင်းချင်တော့ဘူး အိမ်ပြန်ပြောလိုက်အုန်းမယ်ကွာ"

ရှင်းပြလိုက်မှ ဆီမဝယ်ဘဲ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားတယ်
ဟင်းးးးး.....စိတ်ကြီးနဲ့ ငါနဲ့တော့ ညစ်တော့တာဘဲ...

🍀အမကြီးတယောက် လာပြန်ပြီ

စျေးဝယ် ။ ။"မောင်လေး ဆီဝယ်ချင်လို့"
ကျွန်တော် ။ ။"ဟုပ် အမကြီး ဘာဆီယူမလဲဗျ"
စျေးဝယ်။ ။"အမ ပြန်ရောင်းဖို့ နှမ်းဆီအရော ပဲဆီအရော လိုချင်တာ"
ကျွန်တော် ။ ။"အမက ဘယ်လောက်တန်လိုချင်တာလဲ"
စျေးဝယ် ။ ။" အမက ပဲဆီရော နှမ်းဆီရောကို ၁၈၅၀ တန်ဝယ်နေကျကွ အရင် ဝယ်နေကျဆိုင်က အပေါက်ဆိုးပြီးသွားရတာလမ်းကျပ်လိုမင်းတို့ဆိုင်စမ်းဝယ်ကြည့်မလိုဝင်လာတာ"
{ ငင့်...သောက်ကျိုးနည်း ပဲဆီ ၁၈၅၀ တန်တဲ့ }
ကျွန်တော် ။ ။" ပဲဆီ ၁၈၅၀ တန် ဟုတ်ပါ့မလား အမကြီးရယ်အနိမ့်ဆုံး စားအုန်းဆီတောင် ၁၈၇၀ ရှိတာကို "
စျေးဝယ် ။ ။"၁၈၅၀ တန် မရှိဘူးလား အမက ဝယ်နေကျ အမဝယ်ပြီးရင် မင်းကို ဘောင်ချာ လာပြမယ်"
ကျွန်တော် ။ ။"အဲ့ဒါဆိုရင်တော့ ကျေးဇူးပါ အမကြီးရယ် ကျွန်တော်လဲ ဆီ နမူနာ ကြည့်ရတာပေါ့"

ဆီပုံးတွေ ဆိုင်ကယ်ပေါ်တင်ပြီး ပြန်ထွက်သွားတယ် မကြာလိုက် ခဏနေတော့ ပြန်ရောက်လာတယ်
" မောင်လေးရော့ " ဆိုပြီး ဘောင်ချာပြတယ်
ဟုတ်တယ်ဗျာ ပဲဆီအရော ၁၈၅၀ နှမ်းဆီအရော ၁၈၅၀ တဲ့

"အမကြီး ဆီလေးကြည့်ချင်လို့ " ဆိုတော့
"ကြည့်လေ" တဲ့ အဲ့ဒါနဲ့ ဆိုင်ကယ်ပေါ်က ဆီပုံးကိုချဆီနည်းနည်းစီသွန်ပြီး နမ်းကြည့် လျှက်ကြည့်လိုက်တော့ခါးသက်သက် ပူစပ်စပ်နဲ့ ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့ ဝါစေ့ဆီတွေ ဖြစ်နေလို့ အမြန်ပလုပ်ကျင်းလိုက်ရတယ်

"ဟာ...အမကြီး ဒီဆီတွေရောင်းတာလား
ကော့စတစ်တွေနဲ့ ချွတ်ထားတဲ့ ဝါဆီတွေ
တော်တော်ဆိုးတယ်နော် " လိုပြောတော့

" မတက်နိုင်ဘူး ငါ့မောင်ရယ် အမတို့ရပ်ကွက်ထဲမှာကစျေးကလည်းမရ ရေသန့်တဘူးကို ၁၀၀၀ ဘဲရောင်းရတယ် ရေသန့်ဘူးခွံကလည်း ၅၅ ကျပ်သားဆံတယ် တချို့ဘူးခွံဆို ၆၀ ကျပ်သား ဆံတယ် ဒါပေမယ် ၅၀ကျပ်သားစျေးနဲ့ရောင်းပြီး ဘူးအပြည့်ပေးရတယ်

လူတွေက ဆင်းရဲ ကျန်းမာရေးအသိကမရှိတဲ့အပြင်သူတပါး ပစ္စည်းကို အချောင် ပိုပြီးလိုချင်တဲ့ စိတ်တွေရှိတဲ့ ရက်ကွပ်ထဲမှာ ဒီလို အနိုမ့်ဆုံးဆီမှ မရောင်းရင် ရောင်းလို့ မရဘူးငါ့မောင်ရယ် " တဲ့

ကျွန်တော် ဘာမှ ပြန်မပြောနိုင်တော့
" ဟင်းးး " လို့ သက်ပြင်းချပြီး
ဆီပုံးတွေ ပြန်တင်ပေးလိုက်တယ်

ဪ.... ဒုက်ခ ဒုက်ခ
သိတော့ သိတယ် မကောင်းမှန်းသိတယ်
သူများတွေ ရောင်းနေပေမယ့် ကိုယ်က မကောင်းမှန်းသိသိကြီးနဲ့ မရောင်းချင်

📌နှလုံးအထူးကု ဆရာဝန်ကြီးတဦးပြောတာ သတိရမိတယ်

"ဆီ ဆိုတာ အရေအတွက် နည်းနည်းနဲ့
သန့်သန့်ကောင်းကောင်းလေး စားသင့်တယ်
ဆီရဲ့ သဘာဝက အစားများရင် အသည်းကို ဝန်ပိစေတယ်။ အဲဒီကြားတဲ့ စားတဲ့ဆီကမသန့် ၊ ဆီကမသန့်ရတဲ့အထဲ့ ဆီပြန်ဟင်း ဆီမြုပ်ဟင်းတွေချက်ပြီးမဆင်မချင် စားနေသမျှတော့ အသဲခြောက် ၊ အသဲဆီဖုန်း၊ အသဲကင်ဆာ ၊ နှလုံးသွေးကြောကျဉ်း ၊ နှလုံးသွေးပိတ် ၊ အဝလွန် ၊ လေဖြတ် စတဲ့ ရောဂါတွေ တခုမဟုပ်တခုဖြစ်မှာဘဲ " တဲ့

ဟုတ်ပါတယ်
နေစဉ်စားနေကြ အစားအစာတွေမှာ မပါမဖြစ်တဲ့ ဆီကို အသိတရားမရှိ ပေါပေါချောင်ချောင်ညံညံတွေကို မဆင်မချင် ပောပောသောသောစားနေသမျှ တော့ မိသားစုရဲ့ ပညာရေး စီးပွားရေး လူမူ့ရေး စတဲ့
ဘဝ ဖွုံဖြိုး တိုးတက်ရေးတွေ အတွက်
သုံးစွဲရမယ့် ချွေးနည်းစာတွေကို ဆေးရုံ ဆေးခန်း တွေမှာ သူတို့ မညှာမတာတောင်းသမျှ စျေးဆစ်လို့မရဘဲ ပေးနေရအုန်းမှာပါဘဲ့

🚢ပြည်ပ နိုင်ငံပေါင်းစုံက ဝင်လာတဲ့
နေကြာဆီတွေ ၊ ပဲပိစပ်ဆီတွေ စတဲ့ဆီမျိုးစုံကို တွေရမှာပါ ဒါပေမယ် အဲဒီ နေကြာဆီ ၊ ပဲပိစပ်ဆီတွေမှာ နေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့သဘာဝအနံတွေ နေကြာစေ့ရဲ့ ၊ ပဲပိစပ်ရဲ့ သဘာဝအရောင်တွေ မရှိဘဲ သဘာဝအရောင်အဆင်း အနံအရသာတွေကို နည်းပညာနဲ့ ချွတ်ထားလို့ ဖြူဖတ်ဖြူရော်ဖြစ်နေတာကို
တွေ့ရမှာပါ

သဘာဝအရောင်အဆင်း သဘာဝအနံအရသာတွေကို ချွတ်ထားပြီဆိုကတည်းက
သဘာဝဆီတွေမှာပါတဲ့ ဆေးဖတ်ဝင်တဲ့ တချို့အာနိသင်တွေ ပျက်ပြယ်ကုန်ပြီဆိုတာ မမေ့ပါနဲ့ နေကြာဆီမိုလို့ ပဲပိစပ်ဆီမို့လို့ ဆိုပြီး ဝယ်နေလည်း ကျန်းမာရေးအတွက် မထူးခြားပါဘူး။

ပြည်တွင်းထုတ် သဘာဝ မြေပဲဆီသန့် ၊ နေကြာဆီသန့် ၊ နှမ်းဆီသန့် စတဲ့ ဆီသန့်သန့် စစ်စစ်တွေကို သုံးစွဲချင်ရင်တော့ ဆီစက်လိပ်စာ အပြည့်အစုံဆီအရောင်းဆိုင်လိပ်စာ အပြည့်အစုံ ဖုန်းနံပတ် အပြည့်အစုံနဲ့ သိက္ခာရှိရှိ အာမခံအပြည့် အိမ်တိုင်ယာရောက် ဝန်ဆောင်မူ့အပြည့် Supermarkets တွေမှာပါ အဆင့်ရှိရှိရောင်းချ နေတဲ့ ဆီစက်တွေ ဆီစက်ပိုင်တဲ့ ဆီဆိုင်တွေ အများကြီးရှိပါတယ်

အမျိုးကောင်းသားသမီးများ
အထူးသဖြင့် အိမ်ရှင်မကောင်းများ
မိမိရဲ့ ချစ်လှစွာသော မိဘ ၊ ခင်ပွန်း နှင့် သားသမီးများ၏ စီးပွားရေး လူမူ့ရေး ပညာရေး တို့ကို ပျော်ရွှင်စွာ ကြိုးစားပန်းစား လုပ်ဆောင်နိုင်ရန် အရေးကြီးသောကျန်းမာရေးအတွက် နေ့စဉ် စားသောက်နေရသော အစားအစာများမှာ မပါ မဖြစ်တဲ့ ဆီကို
ဓာတုဗေဒ ချွတ်ဆေးနှင့် အရောအနှောကင်းပြီးကျန်းမာရေး နှင့် ညီညွတ်သော သဘာဝဆီသန့်သန့်များကို ရွေးချယ် ဝယ်ယူ စားသုံးနိုင်ကြပါစေ။

ခရက်ဒစ်ပါ။

🥜မြေပဲဆီ စစ် မစစ်ကို ဘယ်လိုသိနိုင်မလဲ? ဘယ်လိုစမ်းသပ်ကြည့်ကြမလဲ?🪴လူတွေအပြောများနေတဲ့ မြေပဲဆီစစ်မစစ်ကို ဘယ်လိုသိနိုင်မလဲ? ...
22/11/2021

🥜မြေပဲဆီ စစ် မစစ်ကို ဘယ်လိုသိနိုင်မလဲ? ဘယ်လိုစမ်းသပ်ကြည့်ကြမလဲ?

🪴လူတွေအပြောများနေတဲ့ မြေပဲဆီစစ်မစစ်ကို ဘယ်လိုသိနိုင်မလဲ? ဘယ်လိုစမ်းသပ်ကြည့်ရမလဲ ဆိုတာကို အလွယ်နည်းလေး ပြောပြချင်ပါတယ်။

🥜 #မြေပဲဆီကို စျေးကြီးပေး ဝယ်စားနေကြရပြီး လက်ရှိစျေးကွက်ထဲမှာလည်း အရောအ‌‌နှောတွေ များပြားလာတော့ ကိုယ်ဝယ်လိုက်တဲ့ ဆီဟာ မြေပဲဆီမစစ်မှာကို အရမ်းစိုးရိမ်တတ်ကြပါတယ်။ ဒါဟာဖြစ်သင့် ဖြစ်ထိုက်တဲ့ စိုးရိမ်မှု တစ်ခုပါ။

အဲ့တော့ ကိုယ်စျေးကြီးပေးဝယ်ထားရတဲ့ မြေပဲဆီစစ်မစစ်ကို အောက်က နည်းလမ်းလေးတွေနဲ့ စမ်းသပ်ကြည့်ကြရအောင် . . .
မစမ်းသပ်ခင်မှာ မြေပဲဆီအကြောင်းလေးကို သိထားဖို့လိုပါတယ်၊

🥜 #မြေပဲဆီက အရသာနဲ့ အနံ့က ဘယ်လိုရှိသလဲ?

အရသာနဲ့ အနံ့ကို ခံစားကြည့်ရုံနဲ့ မြေပဲဆီ စစ်မစစ်ကို မသိနိုင်ပါဘူး၊ တစ်ချို့က ပြောကြတယ် မြေပဲဆီကို လျှာပေါတင်ကြည့်ရင် ရှတတနေမှတို့ ဘယ်လိုအရသာလေး ဖြစ်နေမှ မြေပဲဆီစစ်တယ်တို့ပေါ့။ တစ်ချို့ကလည်း အရောင်က ကြည်နေမှတို့ နောက်နေမှမြေပဲဆီစစ်တယ်တို့ပေါ့။ တကယ်တော့ ဒါဟာ ရာနှုန်းပြည့် မမှန်နိုင်ပါဘူး ဘာကြောင့်လဲဆိုတော့ မြေပဲအမျိုးအစား များစွာရှိလို့ပါပဲ။ လက်ရှိဆီလုပ်ငန်းမှာ ကြိတ်တဲ့မြေပဲအမျိုးအစားပေါ်မူတည်ပီး အရသာက ကွဲပြားပါတယ်။ အနံ့ပိုင်းမှာလည်း ထိုနည်း၄င်းပါပဲ။

တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဓာတု ပစ္စည်းတွေဟာလည်း အင်မတန်မှ အစွမ်း ထက်လှပါတယ်။

ယခုခေတ်မှာ စားအုန်းဆီကိုတောင် မြေပဲဆီအနံ့ ထွက်အောင်လုပ်ဖို့ဆိုတာ ခဲယဥ်းလှတဲ့ အရာတစ်ခုမဟုတ်ပါဘူး။

စက်နဲ့ကြိတ်တဲ့ မြေပဲဆီအနံ့နဲ့ ဆုံနဲ့ကြိတ်တဲ့ မြေပဲဆီအနံ့တောင် မတူပါဘူး။ ဆုံနဲ့ကြိတ်တဲ့ မြေပဲဆီအနံ့က ပိုမွှေးပါတယ်။

🥜 #မြေပဲဆီစစ်မစစ် အိမ်မှာအလွယ် စမ်းသပ်ကြည့်နိူင်ပါတယ်။

အတော်များများ သိထားကြတာက မြေပဲဆီဟာ မခဲဘူးလို့ သိထားကြတယ်။ ဒါဟာလည်း ရာနှုန်းပြည့် မမှန်ပါဘူး။

ဆီတွေတိုင်းမှာ သူ့ရဲ့သတ်မှတ်ထားတဲ့ အအေးမှတ်ကို ရောက်ရင် ခဲပါတယ်။

ပဲဆီ၊ နှမ်းဆီ မခဲဘူးဟူသော ထင်မြင်ယူဆချက်မှာလွဲမှားနေပါတယ်။

အရင်ဆုံး မြေပဲဆီကို ရေခဲသေတ္တာထဲမှာ ထည့်ပီး စမ်းကြည့်နိုင်ပါတယ်။ စားအုန်းဆီတွေဟာ အပူချိန် 8°C မှာစပီး ခဲပါတယ်။ မြေပဲဆီစစ်စစ်ကတော့ အပူချိန် 4°C ထိ မခဲပါဘူး။ ရေခဲသေတ္တာ အခဲခန်းဟာ အပူချိန် 0°C အောက်မှာရှိပါတယ်။

ရေခဲသေတ္တာထဲမှာ မြေပဲဆီဟာ စေးပျစ်သွားတဲ့ သဘောရှိပြီး သတ်မှတ်ထားသော အခဲမှတ်ရောက်လျှင် ခဲပါတယ်။ မြေပဲဆီစစ်ရင် ရေခဲသေတ္တာကနေ အပြင်ကိုထုတ်လိုက်တဲ့အခါမှာ (သို့) သာမန်အပူချိန်ကို ရောက်သွားရင် ခပ်မြန်မြန်ပျော်သွားပါတယ်။ ဒါဟာ အခြားဆီတွေနဲ့ မတူတဲ့ မြေပဲဆီရဲ့ အဓိက ထူးခြားချက်ပါ။

စားအုန်းဆီ ရောထားခဲ့မယ်ဆိုရင် အချိန်တော်တော်ကြာသည်အထိ ပျော်ဖို့အတွက် သိသိသာသာကို စောင့်ရပါတယ်။ ဒီနည်းလမ်းနဲ့ မိမိသုံးတဲ့ မြေပဲဆီ စစ်မစစ်ကို စမ်းသပ်နိုင်ပါတယ်။

ဗဟုသုတအနေနဲ့ ထုတ်လုပ်တဲ့ နည်းပညာပေါ်မူတည်ပီး အခဲမှတ်ကွာခြားချက်တွေကို အောက်မှာ လေ့လာကြည့်ပါ။

(Cloudy Point ကို
°C ဖြင့်ဖော်ပြထားပါတယ်။)

📌မြေပဲဆီ (4°C မှ 13°C)
📌နှမ်းဆီ (-3.9°C မှ -8.7°C)
📌နေကြာဆီ (-9.5°C မှ 7.2°C)
📌ပဲပုပ်ဆီ (-3.5°C မှ)
📌စားအုန်းဆီ (3°C မှ 18°C)

ဓာတုဆေးဝါးတွေဘယ်လောက်ခေတ်မှီနေပါစေ ကြော်တဲ့အခါ ညှော်နံ့ထွက်ပါတယ်

🥜 #မြေပဲဆီအစစ်ဟာ ကြော်တဲ့လှော်တဲ့အချိန်ထိ မြေပဲရနံ့သင်းနေရပါမယ်

နောက်တစ်နည်းကတော့ ဒီလိုမှမဟုတ်လို့ လုံးဝကို တိတိကျကျ သိချင်ပါတယ်ဆိုရင်တော့ ဓာတ်ခွဲခန်းကို ပို့ပြီး စမ်းသပ်နိုင်ပါတယ်။

📱လူကြီးမင်းတို့နဲ့ အိမ်ရှင်မများအတွက် သဘာဝမြေပဲဆီသန့်သန့်ကို ကျန်းမာရေးနဲ့ညီညွှတ်အောင် စားသုံးချင်တယ်ဆိုရင်တော့ BBG Best Food Production ကထုတ်လုပ်တဲ့ သဘာဝမြေပဲဆီသန့်ကို သတိရလိုက်ပါ။

💸ပေးရတဲ့ငွေကြေးနဲ့ ထိုက်တန်တဲ့ စိတ်ကျေနပ်မူ့ကို အပြည့်အဝခံစားရစေရမယ်ဆိုတာ 100% အသေအချာ အာမခံပါတယ်။🪴😍

Best Food Production
100% Natural Peanut Oil
Contact: +95 9 5176967,
+95 9 9677115524

Address

Yangon
11181

Website

Alerts

Be the first to know and let us send you an email when Big Billion Gain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category