Guide for You

Guide for You Art sharing

04/09/2022

Special Basic Class မှာ ရေးပြဖြစ်တဲ့ ကြောင်ပုံလေးပါ
အမွှေးအမျှင်တွေကိုရေးရတာလွယ်ကူစေတဲ့နည်းစနစ်နဲ့ရေးပြထားပါတယ်

Portrait Next Level မှာတက်ရောက်နေတဲ့ သင်တန်းသားတစ်ယောက် လက်ရာလေးပါနောက်ထပ်ပုံကောင်တွေဆက်လာဖို့ စောင့်မျှော်နေပါမယ်☺☺☺☺
18/08/2022

Portrait Next Level မှာတက်ရောက်နေတဲ့ သင်တန်းသားတစ်ယောက် လက်ရာလေးပါ
နောက်ထပ်ပုံကောင်တွေဆက်လာဖို့ စောင့်မျှော်နေပါမယ်☺☺☺☺

ပညာလိုအိုသည်မရှိတဲ့ ☺☺အသက် ၆၂ နှစ်အရွယ်ရောက်မှ ဝါသနာပါတဲ့ ပန်းချီပညာရပ်ကို အခြေခံကနေလူပုံတူ Freehand ရေးဆွဲနိုင်တဲ့ထိ ကျ...
30/07/2022

ပညာလိုအိုသည်မရှိတဲ့ ☺☺
အသက် ၆၂ နှစ်အရွယ်ရောက်မှ ဝါသနာပါတဲ့ ပန်းချီပညာရပ်ကို အခြေခံကနေလူပုံတူ Freehand ရေးဆွဲနိုင်တဲ့ထိ ကျွန်တော့ဆီမှာလေ့လာသင်ယူပီး ရေးဆွဲထားတဲ့ပန်းချီကားလေးတွေဖြစ်ပါတယ်
ကျွန်တော့အနေနဲ့လည်းများစွာဂုဏ်ယူပါတယ်
ကိုယ်တိုင်ကလည်းလေ့လာ​နေဆဲ ဖြစ်ပေမယ့် ကိုယ်သင်ပေးလိုက်တဲ့အရာတွေက အရာထင်ခဲ့လို့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူပါတယ် ☺☺☺☺
နောက်ထပ်လက်ရာကောင်လေးတွေစောင့်မျှော်နေပါမယ်💗💗💗💗💗

လူပုံတူကို Freehand ရေးဆွဲနိုင်လို သူများအတွက် ပညာဒါနအစီအစဥ်လေးလာပါပီ☺☺☺ဒီသင်တန်းမှာကတော့ လူပုံတူကို Freehand ရေးဆွဲနိုင...
23/06/2022

လူပုံတူကို Freehand ရေးဆွဲနိုင်လို သူများအတွက် ပညာဒါနအစီအစဥ်လေးလာပါပီ☺☺☺

ဒီသင်တန်းမှာကတော့ လူပုံတူကို Freehand ရေးဆွဲနိုင်ဖို့အတွက်အဓိကသင်ပေးသွားမှာဖြစ်ပါတယ်
လူပုံတူတန်းဖြစ်တဲ့အတွက် အခြေခံရထားဖို့တော့လိုပါမယ်
ဒီနေရာမှာအတော်များများက ပန်းချီအခြေခံရတယ်ဆိုတာကိုလွဲမှားပီးထင်မြင်နေကြတာရှိပါတယ်
ပုံတူကူးပီးရေးဆွဲနိုင်တာကိုပန်းချီအခြေခံရတယ်လို့ထင်နေတတ်ကြပါတယ်

ပန်းချီအခြေခံဆိုတာက အရာဝတ္ထုတွေရေးဆွဲပုံဖော်တဲ့အခါ နီးဝေးမြင်ခြင်းသဘောတရားဖြစ်တဲ့ Perspective တွေနားလည်ထားဖို့လိုပါတယ်
Contour line တွေကိုမြင်တတ်ထားဖို့လိုပါတယ်
ဒါမှသဘာဝကျတဲ့ပုံတွေကိုရရှိစေမှာပါ
Tone ခြယ်တာဘယ်လောက်ကောင်းကောင်း ကိုယ်ရေးတဲ့ပုံမှာ Perspective သဘောတရားတွေကိုနားမလည်ရင်ပုံကသဘာဝကျမှာမဟုတ်ပါဘူး
ဒါကြောင့် ပန်းချီအခြေခံကို မဖြစ်မနေတတ်မြောက်ထားဖို့လိုပါတယ်

လူတော်တော်များများကပန်းချီအခြေခံကိုကျော်ပီး ပုံတူကူးကြတဲ့သူတွေကများပါတယ်
ဒါတွေကအစပိုင်းမှာအဆင်ပြေပေမယ့် ရေရှည်မှာတော့မကောင်းပါဘူး
ဘယ်ပညာရပ်မဆိုအခြေခံကအဓိကမဖြစ်မနေတတ်မြောက်ထားဖိူ့လိုပါတယ်
ဒါကြောင့်မို့ ပန်းချီစိတ်ဝင်စားတဲ့သူတိုင်း လေ့လာရအဆင်ပြေအောင် ပန်းချီအခြေခံကို ဘာသင်တန်းကြေးတစ်ပြားတစ်ချပ်မှ မပေးရပဲ ပညာဒါနအနေနဲ့သင်ပေးထားတာဖြစ်ပါတယ်
ပညာဒါနအတန်းတက်ရောက်ပီးတကယ်ရေးဆွဲနိုင်ကြတဲ့သင်တန်းသားလက်ရာတွေကို အောက်က Link မှာဝင်ကြည့်နိုင်ပါတယ်
https://www.facebook.com/109717987574046/posts/465435975335577/

လူပုံတူတန်းမှာတော့ပညာဒါနဆိုပေမယ့် Member ကြေးအနေနဲ့
၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်

ပန်းချီအခြေခံမှာက လုံးဝ FREE ပေးထားတော့ လာJoin တဲ့သူတွေက အများကြီးဖြစ်ပေမယ့် တကယ်လိုက်နာလေ့ကျင့်တဲ့သူတွေကနဲပါတယ်
ဒါကြောင့်မို့အမှန်တကယ်သင်ယူလိုတဲ့သူတွေဖြစ်အောင်လူစစ်တဲ့အနေနဲ့ လုံးဝ 100% FREE မဟုတ်ပဲ
Member ကြေးအနေနဲ့ ၃၀၀၀ ကျပ်ပေးသွင်းရပါမယ်

လူပုံတူတန်းကသင်တန်းသားလက်ရာတွေကို အောက်က Link မှာ ဝင်ကြည့်နိုင်ပါတယ်
https://www.facebook.com/109717987574046/posts/498644195348088/

လူပုံတူတန်းကအမျိုးတွေရဲ့ Freehand လေ့ကျင့်ထားတဲ့ ပုံတွေဖြစ်ပါတယ် 😍😍😍😍😍ပုံတွေကအမိုက်စားတွေချည်းပဲ ကြိုးစားပေးကြလို့အားလုံ...
23/06/2022

လူပုံတူတန်းကအမျိုးတွေရဲ့ Freehand လေ့ကျင့်ထားတဲ့ ပုံတွေဖြစ်ပါတယ် 😍😍😍😍😍

ပုံတွေကအမိုက်စားတွေချည်းပဲ ကြိုးစားပေးကြလို့အားလုံးကိုကျေးဇူးပါ☺☺☺💪💪💪💪

လူပုံတူတန်းက အမျိုးတွေရဲ့ မျက်လုံးလေ့ကျင့်ခန်းတွေဖြစ်ပါတယ်😍😍😍😍😍😍နောက်ထပ်လက်ရာကောင်းလေးတွေစောင့်မျှော်နေပါမယ်💗💗💗💗
27/05/2022

လူပုံတူတန်းက အမျိုးတွေရဲ့ မျက်လုံးလေ့ကျင့်ခန်းတွေဖြစ်ပါတယ်😍😍😍😍😍😍
နောက်ထပ်လက်ရာကောင်းလေးတွေစောင့်မျှော်နေပါမယ်💗💗💗💗

ပုံတူတန်းမှာရေးပြဖြစ်တဲ့မျက်လုံးပုံတွေပါ ကဲခုလိုမျိုးရေးတတ်ချင်ရင်တော့ ပုံတူတန်းကိုလာရောက်အပ်နှံလို့ရပါတယ်နော်ခုလကုန်အတန...
22/05/2022

ပုံတူတန်းမှာရေးပြဖြစ်တဲ့မျက်လုံးပုံတွေပါ
ကဲခုလိုမျိုးရေးတတ်ချင်ရင်တော့ ပုံတူတန်းကိုလာရောက်အပ်နှံလို့ရပါတယ်နော်

ခုလကုန်အတန်းသစ်စပါမယ်နော်☺☺☺☺
Freehand ရေးနည်းတွေလည်းပါဝင်ပါမယ်
ခုလို Realistic ဆန်ဆန်ရေးဆွဲချင်တဲ့သူတွေအတွက်လည်းအဆင်ပြေပါတယ်

သင်တန်းအကြောင်းအသေးစိတ်သိရှိလိုပါတယ် Page Cb ကနေလာရောက်စုံစမ်းနိုင်ပါတယ်

လူပုံတူတန်းမှာရေးပြဖြစ်တဲ့ Freehand Sketch လေးပါခုလကုန်ရင်အတန်းသစ်စပါမယ်☺☺☺☺5.6.2022 နေ့စပါမယ်Freehand ရေးနည်းကိုအရင်သင်...
19/05/2022

လူပုံတူတန်းမှာရေးပြဖြစ်တဲ့ Freehand Sketch လေးပါ
ခုလကုန်ရင်အတန်းသစ်စပါမယ်☺☺☺☺
5.6.2022 နေ့စပါမယ်

Freehand ရေးနည်းကိုအရင်သင်ပါတယ်
နောက်ပိုင်းမှ Grid တို့ Light box နဲ့ရေးတာတွေသင်ပါမယ်
ခုနောက်ပန်းချီရေးတဲ့သူတော်တော်များများက ပုံတူကူးဖို့ပဲကြိုးစားနေကြပါတယ် အစပိုင်းမှာသိပ်ပြဿနာမရှိပေမယ့် ကြာလာရင်တော့အဆင်မပြေဘူးလို့အကြံပေးပါရစေ ပုံတူကူးတဲ့နေရာမှာပဲရပ်တန့်မသွားစေချင်ပါ ပန်းချီပညာရပ်ဟာပုံတူကူးတတ်ရုံနဲ့ပီးမသွားပါဘူး ဒါကြောင့်သင်တန်းသားတွေအလွယ်မလိုက်အောင် အရင်ဆုံး Freehand ကိုသင်ပါတယ် နောက်ပိုင်းမှသာပုံတူကူးရေးတဲ့နည်းတွေဖြစ်တဲ့ အကွက်ချတာတို့ Print out လုပ်ပီးကူးတာ မှင်ခံနဲ့ကူးတာ Lightbox ခံပီးကူးတာ စသဖြင့် ပုံတူကူးတဲ့နည်းစနစ်တွေကအများကြီးပါ 😁😁😁😁
အားလုံးကတော့လိုအပ်တဲ့အခါအသုံးပြုကြတာမှန်ပေမယ့် တကယ်တတ်မြောက်ထားပီးသားသူကကိစ္စမရှိပါဘူး ခုမှလေ့လာနေတဲ့သူတွေကအလွယ်တွေလိုက်နေတာကပြဿနာပါ တစ်ခုတော့ရှိတာပေါ့ ပုံတူကူးတဲ့နေရာမှာပဲပျော်မွေ့ပီး ပုံတူတွေရေးနေရတာပဲကြိုက်ရင်လည်းတစ်မျိုးပေါ့
သင်တန်းအကြောင်းလေးဆက်လိုက်ရအောင်

လူပုံတူတန်းဖြစ်တဲ့အတွက်အခြေခံကိုဆင်းပီးမသင်ပါ
အခြေခံအတန်းကိုက ပညာဒါနပေးထားတဲအ့တွက် အရင်ဝင်ရောက်လေ့လာလို့ရပါတယ် အခြေခံအတန်းမှာ လေ့ကျင့်ရမယ့်ရှေ့ပိုင်းကသင်ခန်းစာတွေက ပုံတူတန်းမှာလည်းအတူတူပဲမို့ပြန်မထည့်တာပါ
ခုလူပုံတူသင်တန်းအပ်ထားပီး ပညာဒါနမှာအရင်ဝင်ရောက်လေ့လာလို့ရပါတယ်နော် လကုန်မှသင်တန်းစမှာမို့ပါ အဲ့ချိန်လောက်ဆိုလေ့ကျင့်ခန်းတွေအတန်အသင့်ပီးလောက်ပါပီ လူပုံတူဘက်ဆက်ကူးဖို့လွယ်သွားပါမယ်
ဒီနေရာမှာတစ်ခုရှိတာကပုံတူကူးတတ်တာနဲ့ပန်းချီအခြေခံတတ်မြောက်တယ်လို့ယူဆလို့မရပါ တစ်ချို့ပုံတူတွေတော့ကောင်းကောင်းရေးနေနိုင်ကြပီး Still Life တွေရေးဆွဲတဲ့အခါ သဘာဝကျတဲ့ပုံမရတော့တာတွေ့ရပါတယ်
Tone ခြယ်တာဘယ်လောက်ကောင်းကောင်း အရာဝတ္ထုက Outline သဘောတရားတွေမှားနေရင် သဘာဝကျတဲ့ပုံမရနိုင်ပါ Still Life ကိုပါအကွက်ချဆွဲနေရင်တော့ပိုဆိုးပါတယ်🤗
စကားတွေလေရှည်နေပီမို့ သင်တန်းအကြောင်းလေးပြန်သွားပါမယ်😁

သင်တန်းကြေးအနေနဲ့ကတော့☺

မူလသင်တန်းကြေး ၃၀၀၀၀ကျပ်ကို
ခုချိန်မှာ အဖက်ဖက်က ကျပ်တည်းနေကြချိန်မို့
၅၀% လျော့ပေးထားပါတယ်
ဒါကြောင့် သင်တန်းကြေး ၁၅၀၀၀ကျပ် အပြတ်သွင်းပီးတက်ရောက်လို့ရပါတယ်နော်

ဘယ်လိုသင်မှာလဲဆိုရင်🤔

Facebook Private Group မှာ Video Lesson တွေကိုအစဥ်လိုက်တင်ပေးထားပါမယ် ကိုယ်အားတဲ့ချိန်ဝင်ရောက်လေ့လာနိုင်ပါတယ် ကိုယ်လေ့ကျင့်ထားတဲ့အိမ်စာတွေကိုလည်းလာပြလို့ရပါတယ် အိမ်စာတွေလည်းစစ်ပေးပါတယ် ဒါမှလိုတာတွေကိုပြောပြပေးလို့ရပါမယ်
လမကုန်ခင်အမြန်အပ်နှံပီး အခြေခံပညာဒါနကိုဝင်ရောက်လေ့လာလိုက်ပါ ပုံတူလည်းရ အခြေခံလည်းရ အားလုံးအဆင်ပြေနေပီနော်☺☺

Address

Yangon

Telephone

+959966069874

Website

Alerts

Be the first to know and let us send you an email when Guide for You posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category