Indierium

Indierium Music is the weapon of the future.

ဆယ်လီ​တွေနဲ့ကပ်ပြီး ဓါတ်ပုံလိုက်ရိုက်​​လေ့ရှိတဲ့ တက်သစ်စ Heavy Metal အဆို​​တော်​လေးတစ်​ယောက်
17/05/2026

ဆယ်လီ​တွေနဲ့ကပ်ပြီး ဓါတ်ပုံလိုက်ရိုက်​​လေ့ရှိတဲ့ တက်သစ်စ Heavy Metal အဆို​​တော်​လေးတစ်​ယောက်

"ငါ့ကိုမွေးတုန်းက ဒီဘယ်ဘက်မျက်လုံးက လုံးဝပိတ်နေခဲ့တာ။ အဲ့ဒါကြောင့် ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ အခုတော့ နည်းနည်း...
01/05/2026

"ငါ့ကိုမွေးတုန်းက ဒီဘယ်ဘက်မျက်လုံးက လုံးဝပိတ်နေခဲ့တာ။ အဲ့ဒါကြောင့် ခွဲစိတ်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ အခုတော့ နည်းနည်းပွင့်လာတယ်။ ဒါ​ပေမယ့် ဒီလိုမျိုးမျက်လုံးကိုဖွင့်ရင် ဖွင့်လို့မရဘူး။ ဒီဘက်မျက်လုံးလိုမျိုး ​ကောင်း​ကောင်းအလုပ်မလုပ်​ဘူး။ မင်းအရွယ်တုန်းကလည်း ​ကောင်မ​လေးတွေက ဒီမျက်လုံးကိုမကြိုက်​လောက်ဘူးလို့ ထင်ခဲ့တာပဲ။ ​နောက်​တော့ အရက်ဆိုင်တစ်ဆိုင်မှာ ငါအလုပ်ဝင်လုပ်ခဲ့တယ်။ အဲ့မှာ ​ပျော်တတ်တဲ့အမျိုးသမီးတစ်​ယောက်ရှိတယ်။ သူက ဆိုင်ကို အမြဲလာတယ်။ သူက ‘ဒီမျက်လုံးက မင်းရဲ့အကောင်းဆုံးအရာပဲ’ ဆိုပြီး ငါ့ကို ပထမဆုံးပြောခဲ့တဲ့သူပဲ။ ဘယ်သူမှ မပြည့်စုံဘူး။ ဘယ်သူ့မှာမှ အချိုးအစားကျတဲ့မျက်နှာမရှိဘူး။ ဘယ်သူ့ခန္ဓာကိုယ်ကမှ ​ခြောက်ပစ်ကင်းသဲလဲစင်မ​နေဘူး။ စိတ်မပူပါနဲ့"

~ Thom Yorke ~

Happy Birthday Mac DeMarco!ဒီ​နေ့က​တော့ လက်ရှိ indie ​လောကရဲ့မင်းသားတပါးအဖြစ် လူသိများလှတဲ့ ကနေဒါဖွား​အင်ဒီး​ရောခ့်ဂီတသမ...
30/04/2026

Happy Birthday Mac DeMarco!

ဒီ​နေ့က​တော့ လက်ရှိ indie ​လောကရဲ့မင်းသားတပါးအဖြစ် လူသိများလှတဲ့ ကနေဒါဖွား​အင်ဒီး​ရောခ့်ဂီတသမား Mac DeMarco ရဲ့ (၃၆)နှစ်ပြည့် ​မွေး​နေ့ပဲဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်​မှာ Makeout Videotape ဆိုတဲ့အမည်ဝှက်နဲ့ bandcamp မှာ သီချင်း​တွေစလုပ်ခဲ့တဲ့ Mac DeMarco ဟာ ၂၀၁၂ခုနှစ်မှာ indie label တစ်ခုဖြစ်တဲ့ Captured Tracks နဲ့စာချုပ်ချုပ်ပြီး​နောက် သူ့ရဲ့ပထမဆုံး mini album ဖြစ်တဲ့ Rock and Roll Night Club ကိုထုတ်​ဝေခဲ့ပြီး​တော့ ​​ဝေဖန်​ရေး​အများစုရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ အဲ့ဒီ​နောက် 2 နဲ့ Salad Days အယ်လ်ဘမ်​တွေကိုထပ်မံထုတ်ခဲ့ပြီး​ Another Day အယ်လ်ဘမ်ထွက်ရှိချိန်မှာ​တော့ ​ငွေ​ကြေးအရ​​ရော ​ဝေဖန်​ရေး​အရပါ အောင်မြင်လာခဲ့ပါတယ်။

Mac DeMarco ရဲ့သီချင်း​တွေမှာ ၇၀ခုနှစ်ရဲ့ soft rock, psychedelic pop အ​ငွေ့အသက်​​တွေကိုခံစားရ​လေ့ရှိပြီး အဓိကအားဖြင့် သူဟာ ပြီးပြည့်စုံဖို့ထက် စစ်မှန်မှုကိုအသား​ပေးတဲ့ lo-fi production နဲ့ချည်းကပ်ဖန်တီး​လေ့ရှိတာကို​တွေ့ရမှာပါ။ ဒါကြောင့် သူ့ရဲ့သီချင်းတွေမှာ ​ခေတ်ဟောင်းအ​ငွေ့အသက်​တွေကိုခံစားရပေမယ့် တစ်ချိန်တည်းမှာပဲ ပြန်လည်ဆန်းသစ်လာတဲ့အသံ​တွေကိုလည်း ကြားရမှာပါ။ Steely Dan, John Lennon, Jonathan Richman, Haruomi Hosono တို့လို ဂန္ထဝင်ဂီတသမား​ကြီးတွေရဲ့လွမ်းမိုးမှု​ကိုလည်း သူ့သီချင်း​တွေမှာ ခံစားရမှာပါ။ စိတ်ထဲရှိသလို​အေး​အေး​ဆေး​ဆေးပေါ့​ပေါ့ပါးပါးနေတတ်တဲ့ဟန်ပန်ကလည်း သူ့ကိုလူချစ်လူခင်များရတဲ့အ​ကြောင်းရင်း​တွေထဲက တခုပါပဲ။

Mac DeMarco ဟာ ဒီ​နေ့အသက်(၃၆)နှစ်ပြည့်ပြီးချိန်ထိတစ်ကိုယ်​တော်အယ်လ်ဘမ် (၆)ချပ်နဲ့ mini LP (၂) ချပ်ထိထွက်ရှိထားပြီးပါပြီ။ ​မွေး​နေ့အမှတ်တရအ​နေနဲ့ ခင်ဗျားတို့အကြိုက်ဆုံး Mac DeMarco သီချင်း​တွေရှိရင်လည်း ​ပြော​ပေးသွားကြပါဦး။

Beef စီးရီးရဲ့အသက်ဟာ credit scene မတိုင်ခင်လာတဲ့ သီချင်း​တွေပါပဲ။ ဒီသီချင်း​တွေကပဲ စီးရီးရဲ့အရှိန်ကိုတင်​ပေးပြီး တပိုင်း...
28/04/2026

Beef စီးရီးရဲ့အသက်ဟာ credit scene မတိုင်ခင်လာတဲ့ သီချင်း​တွေပါပဲ။ ဒီသီချင်း​တွေကပဲ စီးရီးရဲ့အရှိန်ကိုတင်​ပေးပြီး တပိုင်းပြီးတပိုင်းဆက်တိုက်ကြည့်ချင်စိတ်ဖြစ်လာ​အောင် ဆွဲ​ဆောင်ထားတာပါ။ Season 1 မှာတုန်းက​ ၁၉၉၀/၂၀၀၀ ခုနှစ်ဝန်းကျင်က alternative rock သီချင်း​​ကောင်းတွေနဲ့ပရိသတ်အကြိုက်​တွေ့ခဲ့တဲ့ Beef ဟာ ​ Season 2 မှာ​တော့ မတူညီတဲ့အရသာသစ်တခုနဲ့ ၂၀၁၀ ခုနှစ်ဝန်းကျင်က electronic အသား​ပေး indie သီချင်း​ကောင်း​​တွေကို မြိုင်မြိုင်ဆိုင်ဆိုင်သုံးသွားပါတယ်။

Episode တစ်ခုချင်းစီရဲ့အဆုံးသတ်သီချင်း​တွေက Season 1 တုန်းကလိုပဲ ပရိသတ်ကိုဆွဲ​ဆောင်ထားနိုင်တုန်းပါပဲ။ အထူးသဖြင့် ၂၀၁၀ ဝန်းကျင်က dance သီချင်း​တွေကို ​သေချာ​ရွေးသုံးသွားတာက ကြည့်ရှုသူပရိသတ်ကို ​ဒီဇာတ်လမ်းတွဲရဲ့အ​ငွေ့အသက်တခုကို ​​ကောင်း​ကောင်း​ပေးနိုင်ခဲ့ပါတယ်။ ကျွန်​​တော်အတွက်​တော့ Yeah Yeah Yeahs ရဲ့ Heads Will Roll, Low Roar ရဲ့ Nobody Loves Me Like You, Father John Misty ရဲ့ Real Love Baby နဲ့ Phoenix ရဲ့ Love Like A Sunset သီချင်း​တွေက​တော့ ဒီစီးရီးရဲ့ခံစားချက်ကို ပိုပြီးအသက်ဝင်သွား​စေတယ်လို့ ခံစားရတယ်။ နောက်ဆုံးခန်းမှာ Phoenix ရဲ့ Love Like A Sunset သီချင်းကို Part I ​ရော Part II ပါတဆက်ထဲသုံးသွားတာက ဇာတ်သိမ်းကို ဒီသီချင်းအတွက် သီးသန့်ဖန်တီး​ပေးထားသလို​တောင် ထင်ရတယ်။ အ​ကောင်းဆုံးဇာတ်သိမ်းမဟုတ်ရင်​တောင် သီချင်းက အ​ကောင်းဆုံးဇာတ်သိမ်းတစ်ခုလို့ခံစားရ​အောင် ပံ့ပိုး​ပေးသွားခဲ့တယ်။
​အောက်မှာ​တော့ Beef Season 2 မှာပါခဲ့တဲ့ indie သီချင်း​တွေကို မကြည့်ခင်နား​ထောင်လို့ရ​အောင် ​ဖော်ပြ​ပေးထားပါတယ်။ ​

- Beef season 2 soundtrack
1. Heads Will Roll – Yeah Yeah Yeahs
2. Midnight City – M83
3. Boy From School – Hot Chip
4. New Person, Same Old Mistakes (cover) -Tame Impala
5. Ready for the Floor – Hot Chip
6. Over and Over – Hot Chip
7. Real Love Baby – Father John Misty
8. It Takes Time to Be a Man – The Rapture
9. Nobody Loves Me Like You - Low Roar
10. Love Like A Sunset, Pt. II - Phoenix

မန့်မှာ ဒီသီချင်း​တွေကို Playlist လုပ်​ပေးထားပါတယ်။

20/04/2026

တကယ်လို့
သီချင်းတစ်ပုဒ်က အသစ်လည်းမဟုတ်ဘူး
နား​ထောင်လိုက်တိုင်းလည်း
ဘယ်​တော့မှရိုးမသွားဘူးဆိုရင်
အဲ့ဒါ​​​ဖောခ့်ဂီတပဲ

■ Inside Llewyn Davis


Folk ဂီတရုပ်ရှင်အညွှန်း
18/04/2026

Folk ဂီတရုပ်ရှင်အညွှန်း

16/04/2026

နောက်ပိုင်းပြည်တွင်းဝိုင်းများအ​ခြေအ​နေ

Coachella ပွဲ​မှာ Jack White ကိုလာအား​ပေးတဲ့ Bob DylanPhoto from Jack White's fb
15/04/2026

Coachella ပွဲ​မှာ Jack White ကိုလာအား​ပေးတဲ့ Bob Dylan

Photo from Jack White's fb

အသက်(၇၈)နှစ်ဆိုပေမယ့် Coachella ပွဲမှာ အင်္ကျီချွတ်ပြီး ခင်ဗျားတို့ရဲ့​ခွေးကြီးဖြစ်ချင်နေဆဲ Iggy PopIggy Pop at Coachell...
13/04/2026

အသက်(၇၈)နှစ်ဆိုပေမယ့် Coachella ပွဲမှာ အင်္ကျီချွတ်ပြီး ခင်ဗျားတို့ရဲ့​ခွေးကြီးဖြစ်ချင်နေဆဲ Iggy Pop

Iggy Pop at Coachella - 2003 (55) vs 2026 (78)

13/04/2026

မ​နေ့က Coachella ပွဲမှာ Justin Bieber ရဲ့ Baby သီချင်းကို ကာဗာပြန်ဆိုသွားတဲ့ Indie rock ဝိုင်း Geese

Address

Nanai Road
Yangon
83150

Website

Alerts

Be the first to know and let us send you an email when Indierium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Indierium:

Share