21/08/2026
❗️[ အသိပေး အကြောင်းကြားစာ ]❗️
#ချစ်ခင်လေးစားရပါသော မိတ်ဟောင်း၊ မိတ်သစ် အားလုံးမင်္ဂလာပါရှင်…🙏🏻
#ကျွန်မတို့၏ "Sweet Honey Fish & Accessories Shop" ကို အစဉ်တစိုက် အားပေးကူညီခဲ့ကြသော လူကြီးမင်းတို့အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
#ယခုအခါ Sweet Honey Fish & Accessories Shop တွင် နေရာအခက်အခဲ /လတ်တလော ပစ္စည်းတွေ ဝယ်မရတဲ့ အခက်အခဲတွေကြောင့် ရောင်းချပေးနေသော ငါးကန်နှင့် ပတ်သက်သည့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုကို အပြီးသတ် ပိတ်သိမ်းတော့မည် ဖြစ်ပါကြောင်း စိတ်မကောင်းစွာဖြင့် အသိပေး အကြောင်းကြားအပ်ပါသည်။
#အရည်အသွေးကောင်းမွန်သော ပစ္စည်းများကို အစဉ်အမြဲ ယုံကြည်စိတ်ချစွာ အားပေးခဲ့ကြသည့်အတွက် အထူးပင် ဝမ်းမြောက်ကျေးဇူးတင်ရှိပါသည်။
#မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်း Sweet Honey Fish & Accessories Shop မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
#ယခု ဆိုင်လေးမှာ Fish Tank/ Terrarium/ အပင်ကန်/ ရေပေါ်ရေအောက် ကန်လေးများအား အပီးအစီး အဆင်သင့်အလှကြည့်ရုံကန်လေးတွေ သာရောင်းချမည် ဖစ်ပါသည်ရှင့်။ Order များလက်ခံပီး အလှဆုံး ဖန်တီးပေးပါမည်ရှင့်။
လေးစားစွာဖြင့်
Sweet Honey Fish & Accessories Shop