07/01/2024
ရန်ကုန်မှာဆိုရင် ဖိနပ်အမျိုးစုံလိုအပ်ခဲ့ရင် ၂၉လမ်း
ပရဆေးနဲ့ပါတ်သက်တာမှန်သမျှ ကုန်ဈေးတန်းမှာရတယ်
မွှေးပွအရုပ်ကြီးတွေ၊ကော်ရုပ် ကလေးကစားစရာအစုံအလင်လိုချင်ရင် ၂၄ လမ်းအပေါ်ဘလောက်မှာရတယ်
မျက်မှန်နဲ့ပါတ်သက်ရင် ရွှေဘုံသာအလယ်မှာ အများကြီးပါ
ရွှေအတိုအစကစ ရွှေတုံးအထိလိုချင်ရင် ရွှေဘုံသာအောက်ဘလောက်ကိုသွား။
ဆိုးဆေး၊ဆပ်ပြာဆီ/အနံ့အရသာနဲ့ပါတ်သက်လာရင် ၂၇လမ်းမှာရတယ်
စက္ကူဂျပ်ပုံးဆိုက်အစုံ လိုသလောက်ဝယ်ချင်ရင် ၂၈လမ်းအပေါ်မှာရတယ်
လျှပ်စစ်ပစ္စည်းအစုံအလင်လိုရင် လမ်း၃၀အလယ်ကိုသွား။
စာရေးကိရိယာနဲ့ပါတ်သက်ရင် ၃၁ လမ်းအလယ်ကိုသွား။
ငါးကင်ကောင်းကောင်းစားချင်ရင် လှည်းတန်းကိုသွား။
🐷ဝက်သားကောင်းကောင်းစားချင်ရင် ဝက် 🐷စပါယ်ရှယ်လစ် ဆင်မလိုက်သုံးတောင်ကွေ့ကိုသွား။
မာလာမောက်ချိုင် စားချင်ရင် စဉ်းအိုးတန်းအပေါ်ဘလောက်ကိုသွား မာလရှမ်းကောလဲရတယ်။
ပင်လယ်စာအကင်ပစ္စည်းအစုံအလင်လိုရင် ၁၈လမ်းအပေါ်ထိပ် ရွှေငါးမောင်မောင်ရတယ်။
စပါယ်ပန်း ခရေပန်းကုံးသီးပီးသား များများလိုရင် လှိုင်ဘတ္တာကိုသွား။
အီလက်ထရောနစ်နဲ့ပါတ်သက်သမျှ ချစ်ပြား ထရန်စစ္စတာ နဲ့ မိုက်ခရိုပစ္စည်းအစုံလိုရင် မောင်ခိုင်လမ်းအပေါ်ဘလောက်မှာရတယ်။
ဘေထုပ်နဲ့ပါတ်သက်ရင် ကြည့်မြင်တိုင်ညဈေးကိုသွား branded တွေ ဈေးချိုချိုနဲ့ရပါတယ်။
ဘုရားတည် ဘုန်းကြီးကျောင်းလှူ တိုက်ပေါ်မှာ ပေါ့ပေါ့ပါးပါးစေတီတည်လိုသူတွေ ပန်းဒင်းတန်း/ကြည့်မြင်တိုင်ကိုသွား။
အောင်ဘာလေထီလက်လီလက္ကားလိုရင် ၂၇လမ်းအပေါ်ဘလောက်ကိုသွား။
ကွန်ပြူတာနဲ့ပါတ်သက်သမျှ အစုံရတာက ဆိပ်ကမ်းသာအလယ်ဘလောက်ပါ။
သီတင်းကျွတ်ဆီမီးထွန်း မီးပုံးလှလှလိုချင်ရင် မဟာဗန္ဓုလလမ်း ၂၃လမ်းနဲ့၂၄လမ်းအကြားမှာအစုံရတယ်။
အမှန်တော့ ဒီပစ္စည်းတွေကမြို့နယ်တိုင်းမှာလက်လီဝယ်လို့ရပါတယ်။
တဆင့်ပြန်ရောင်းချင်သူ/များများဝယ်လိုသူတွေအတွက်သာ တင်ပြထားတဲ့နေရာတွေက ဒိုင်သဘောနဲ့အများဆုံးရနိုင်ပါတယ်။
#မူရင်းရေးသားသူကိုခရစ်ဒစ်ပေးပါတယ်
#အခုချိန်ခေတ်ကာလမကောင်းတော့လိုအပ်ချက်လေးတွေတော့ရှိမှာပါ...